ကောင်းသောည ပါ

ムラカミDecember 18, 20127min24327
1
1

 

 

၂။

 

2
2

အိပ်စက်ခြင်းဟာ သင့်အတွက် ထိပ်တန်းဦးစားပေးတော့ ဖြစ်ချင်မှဖြစ်မှာပေမယ့်

လိုအပ်ရင် ပြုပြင်ပြောင်းလဲ သင့်ပါတယ်။ အိပ်ဆစက်ဖို့ ဘာကြောင့်လိုအပ်သလဲ

ဆိုတာရဲ့ နောက်ကွယ်ကကိစ္စကိုတော့ ရှာဖွေဖော်ထုတ်ဆဲဖြစ်ပြီး စမ်းသပ်မှုတွေကတော့

အိပ်ချိန် နည်းတာဟာ မဖြစ်သင့်ဘူး လို့ ဆိုပါတယ်။ ညဘက်မှာ လုံလောက်စွာ အိပ်စက်

အနားယူခြင်းကြောင့်ရတဲ့ ကျန်းမာရေး အကျိုးကျေးဇူးတွေက အများအပြားရှိပါတယ်။

အိပ်ချိန်မလုံလောက်တာကြောင့်ဖြစ်ရတဲ့ နောက်ဆက်တွဲဆိုးကျိုးတွေဟာလည်း တပုံတခေါင်းပေါ့။

 

၃။

3
3

 
ကျနော်တို့ အိပ်စက်မှုကို အမှန် တကယ်လိုအပ်ပါတယ်။

၂၄နာရီလုံးလုံး အိပ်မထားတဲ့လူတယောက်ရဲ့ အခြေအနေဟာ သွေးထဲမှာ အရက် ဝ.၁% ရှိနေတဲ့

အခြေအနေနဲ့ အတူတူပါပဲတဲ့ .. (ဒါဟာ ဥပဒေအရ အရက်မူးနေတယ် ပြောနိုင်တဲ့ ပမာဏဖြစ်ပါတယ်)

 

၄။

4
4

ဟားဗတ်တက္ကသိုလ် ကရှာဖွေတွေ့ရှိမှုတခုကတော့ တပါတ်တာ တနေ့ ၅နာရီသာ အိပ်စက်ထားသူဟာ

Sleep Drunk အခြေအနေပါတဲ့။ ယနေ့ခေတ်မှာ လူတွေဟာ လွန်ခဲ့တဲ့ နှစ် ၁၀ဝ ထက် အိပ်ချိန် ပျမ်းမျှ

၂၀% နည်းပါးပါသတဲ့။ (၁နာရီ ၁နာရီခွဲလောက် ရှိမပေါ့)

 

၅။

5
5

ဖြစ်သမျှသော ကားမတော်တဆမှုတွေရဲ့ ၅ပုံ၁ပုံဟာ အိပ်ချိန် မလုံလောက်မှု အကြောင်းခံပါတဲ့။

ဆောင်းရာသီ Daytime Saving လုပ်တဲ့အခါ (တနာရီ ရှေ့ရွှေ့တဲ့အခါ) အိပ်ချိန် တနာရီပိုထွက်လာလို့

ယာဉ်မတော်တဆမှုတွေ လျှော့ချနိုင်ပါတယ်။

 

၆။

6
6

အမေရိကန် ကန်ပနီ ၄ခုမှာ မကြာမီက လုပ်ခဲ့တဲ့ စတာဒီအရ အိပ်ချိန် မလုံလောက်တဲ့

ဝန်ထမ်းတယောက် ချင်းစီကြောင့် တနှစ်ကို ဒေါ်လာ ၂၀၀ဝ လောက် ဆုံးရှုံးပါသတဲ့။

ဆေးဘက်မှာလည်း အလုပ်ဝင်-၁နှစ် တွေဟာ အယောက်၂ဝမှာ ၁ယောက် သေလောက်တဲ့

အမှားမျိုးကျူးလွန်တတ်မိကြပါတယ်။ အိပ်ချိန်မလုံလောက်တဲ့ ဝန်ထမ်းတွေကြောင့်ပဲ

အင်မတန် ကျော်ကြားတဲ့ မတော်တဆမှု ကပ်ဘေးဆိုးကြီးတွေ ဖြစ်ခဲ့ဘူးပါတယ်။

 

၇။

 

7
7

 

လူပေါင်း ၆သိန်းလောက်ကို ကင်ဆာဖြစ်စေနိုင်ခဲ့ပြီး ဒေါ်လာ ၂၃၅ဘီလျံ လောက်

ထိခိုက်မှုရှိခဲ့တဲ့ ချာနိုဘိုင်လ်း အနုမြူ ဓါတ်ပေါင်းဖို ပေါက်ကွဲခဲ့မှုဟာ (၂၅နှစ်ကျော်ကြာ)

ယနေ့တိုင် ပြန်လည် ရီကာဗာ ဖြစ်နေရဆဲ ဖြစ်ပါတယ်။

Exxon-Valdez ဟာလည်း နောက်ထပ်ကျော်ကြားတဲ့ ကပ်ဘေးတစ်ခုဖြစ်ခဲ့ပါတယ်။ ဆီပေပါပေါင်း

၂၅၈၀၀ဝ လောက်

ဖိတ်စင်ခဲ့တာဖြစ်ပြီး သဘာဝပတ်ဝန်းကျင်ကို ၃ဘီလီယံ ဖိုးလောက်အထိ ပျက်စီးဆုံးရှုံးစေခဲ့ပါတယ်။

 

၈။

 

8
8

 

 

Three Mile Island ရဲ့ ထင်ရှားတဲ့ ဆုံးရှုံးနစ်နာမှုပါ။

 

 

၉။

 

9
9

 

ကျနော်တို့ အိပ် စက်နေစဉ် ဘာတွေ ဖြစ်ပျက်ခဲ့ပါသလဲ..

အိပ်စက်ခြင်းဟာ အဆင့် ၅ဆင့် ပါဝင် ဖွဲ့စည်းနေပါတယ်။

အဆင့်-၁ (ကြာချိန်-၅မိနစ်မှ ၁ဝမိနစ်)

အလွန်ပေါ့ပါးတဲ့ အိပ်စက်မှုပါ။ အလွယ်တကူ နိုးနိုင်ပြီး

ကြွက်သားတွေ လှုပ်ရှားမှု နှေးကွေးလေးလံသွားပါတယ်။

တခါတလေမှာ အာရုံသိရှိမှု လည်း ရှိနေနိုင်သေးတဲ့ အခြေအနေပါ။

 

၁၀။

10
10

အဆင့်-၂ (ကြာချိန် မိနစ်၂၀)

ခန္ဒာကိုယ်အပူချိန်တွေ ကျဆင်းလာပါတယ်။ နှလုံးခုန်နှုန်းလည်း နှေးကွေးလာပြီး

ဦနှောက် အလုပ်လုပ်ပုံနှေးလာပြီး Sleep Spindle လို့ခေါ်တဲ့ လှိုုင်းတွေ ဖြစ်ပေါ်လာပါတော့တယ်။

အဆင့်-၃ (နက်နက်ရှိုင်းရှိုင်း အိပ်မောကျခြင်း)

ဦးနှောက် လှိုင်းတွေ အလွန် နှေးကွေးလာပါတော့တယ်။

ပိုမိုခြားနားသော သေးကွေးပြီး မြန်ဆန်သော လှိုင်းတွေ ကို မြင်ရမှာဖြစ်ပါတယ်

 

၁၁။

11
11

အဆင့်၄ (ကြာချိန်- နာရီဝက်)

Delta Sleep လို့ ခေါ်တဲ့ နက်ရှိုင်းစွာ အိပ်မောကျခြင်းပါ။ သည်အဆင့်ဟာ

နိုးထလာဖို့ ခက်ပါတယ်။ မျက်လုံး လှုပ်ရှားမှု မရှိသလောက်နည်းပါးပြီး

အိပ်ပျော်နေစဉ် လမ်းထလျောက်မှု ဖြစ်ပေါ်စေတတ်တဲ့ အဆင့်လို့လည်း ပြောပါတယ်။

အဆင့်၅ (ကြာချိန် ၁ဝမိနစ်မှ ၁နာရီခန့်)

REM Sleep လို့ ခေါ်ပါတယ် (Rapid Eye movement ပါ)

လျင်မြန်သော တိုတောင်းပြီး ပုံမှန်မဟုတ်သော အသက်ရှူမှု ဖြစ်ပေါ်တဲ့အချိန်ပါ။

ကြွက်သားတွေ ခေတ္တခန အကြောဆိုင်းသလိုဖြစ်သွားပြီး ဦးနှောက်လှိုင်းတွေ

ပြန်လည် မြင့်တက်လာကာ နိုးထနိုင်မှုလည်း မြင့်တက်လာပါတယ်။ နှလုံးခုန်သံ

မြန်ဆန်ခြင်း သွေးဖိအား တိုးခြင်းနဲ့ ခန္ဒာကိုယ် လှုပ်ရှားမှုတွေဖြစ်ပေါ်တတ်ပြီး

ဒါဟာ အိပ်မက်မက်တဲ့ အခိုက်အတံ့လို့ ဆိုပါတယ်။

လူအများစုဟာ တညမှာ ၃ခါကနေ ၅ခါအထိ REM ကာလတွေကို ကြုံကြိုက်ကြလေ့ရှိပါတယ်

အိပ်ချိန်စက်ဝိုင်းဟာ အထက်ပါအဆင့်တွေအတိုင်း လှည့်လည်တယ်လို့ ဆိုပါတယ်။

 

၁၂။

12
12

REM အိပ်စက်မှုဟာ စုစုပေါင်း အိပ်စက်ချိန်ရဲ့ ၂၅% လောက် ရှိပါတယ်

ဒါဟာ တနာရီခွဲကနေ ၂နာရီလောက် ကြာမြင့်တတ်ပါတယ်။

REM စတင်တာကတော့ အိပ်ပျော်အပြီး ၁နာရီကျော်ကျော်ကနေ ၁နာရီခွဲလောက်အတွင်းပါ။

 

 

၁၃။

13
13

လူတွေဟာ REM အချိန်မှာ နိုးထလာခဲ့မယ်ဆိုရင် သူတို့ ဘာတွေ အိပ်မက်မက်ခဲ့တယ်ဆိုတာ

သတိရနေမှာဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ နိုးထနေစဉ်နဲ့ REM အခြေအနေ အိပ်စက်နေစဉ်

ဦးနှောက်ရဲ့ အလုပ်လုပ်ဆောင်ပုံက အတူတူပဲဖြစ်နေလို့ပါ။

 

၁၄။

14
14

ခန္ဒာကိုယ်က ကြွက်သားတွေဟာ ခေတ္တခန အကြောသေသလို ဖြစ်သွားပါတယ်

ဘာကြောင့်လဲဆိုတော့

Norepinephrine

Serotonin

Histamine

ဆိုတဲ့ Chemical ၃မျိုးထုတ်လုပ်မှုကို ပိတ်ဆို့ထားလို့ပါပဲ

ဓါတ်ခွဲခန်းတွေဟာ ကြွက်တွေနဲ့ စမ်းသပ်တော့ REM အခြေအနေမှာ

အရာရာကို မေ့လျော့ နေတတ်ပါသတဲ့ … ထိုနည်းတူစွာ

ဒဏ်ရာ အနာတရတွေကို ပြန်လည်ကုသ ဖြည့်တင်းနိုင်စွမ်းလည်း ကျဆင်းနေပါသတဲ့

 

၁၅။

15
15

နေ့အချိန်တွေမှာ လူတွေဟာ အသစ်အသစ်သောအရာတွေကို သင်ယူကြပါတယ်။

အဲ့သည့်လို သင်ယူနေတဲ့အချိန်တွေနဲ့ တူညီတဲ့ ဦးနှောက် လျှပ်ပြက်မှု ဖြစ်စဉ်တွေဟာ

အိပ်စက်နေစဉ်မှာ တဖန်ပြန်လည်ပေါ်ပေါက်လာပြီး နေ့ဘက် သင်ယူခဲ့သမျှကို

ပြန်လှန်လေ့ကျင့်ခန်းမျိုး လုပ်လေ့ရှိပါတယ်။

ဒါကြောင့် အိပ်စက်နေချိန်ဟာ ဆက်လက်သင်ယူမှုပြုလုပ်နေသော အချက်အလက် ခွဲခြမ်းစိတ်ဖြာမှုကို

ပြုလုပ်နေသော ကာလအပိုင်းအခြား လို့ ဆိုနိုင်ပါတယ်။
၁၆။

16
16

အိပ်မက်သိပ္ပံပညာရှင်တွေကပြောပါတယ်

အိပ်မက်မက်ရတဲ့အကြောင်းတွေထဲကတခုကတော့ ဦးနှောက်ရဲ့ အာရုံသိမှု အစိတ်အပိုင်းဖြစ်တဲ့

Cerebral Cortex ဟာ အိပ်ပျော်နေစဉ် ဦးနှောက်ရဲ့ အနားယူမှုအကြောင်းကို

ဘာသာမပြန်တတ်တဲ့အတွက် ပါတဲ့။

ကျနော်တို့ဟာ ဘဝ တသက်တာမှာ ၆နှစ်ကြာ အိပ်မက်မက်ရင်း ကုန်ဆုံး ခဲ့တာပါ။ ဒါပေမယ့်လည်း

အိပ်မက်တွေရဲ့ ၉၅% လောက်ကို ကျနော်တို့ မေ့ပစ်ကြသတဲ့လေ။

 

၁၇။

17
17

၅။ ပိုမိုကောင်းမွန်သည့် အိပ်စက်ခြင်း

သင်ဟာ အိပ်ချိန်ကောင်းကောင်းမရရှိဘူးဆိုရင် စိတ်မပျက်ပါနဲ့ သင်တယောက်တည်း မဟုတ်ပါဘူး။

သန်းချီတဲ့ အမေရိကန်လူမျိုးတွေလည်း အိပ်ချိန်မလုံလောက် ကြပါဘူး။

အိပ်ချိန်ကောင်းကောင်းရရှိခြင်းဟာ အလုပ်ချိန်မှာ ကောင်းကောင်း အလုပ်လုပ်နိုင်ခြင်း နဲ့

ဆက်နွယ်ပါတယ်။

နေ့အချိန်မှာ သင်အကောင်းဆုံး ရှိနေနိုင်ဖို့ ဟာ ညဘက်ကောင်းစွာအိပ်စက်နိုင်ဖို့ ဖြစ်လို့

အောက်ကအချက်တွေကို ရေးသားလိုက်ပါတယ်။

၁၈။

18
18

အလင်းရောင်ဟာ ခြားနားကွဲပြားမှုကိုပေးပါတယ်။

သဘာဝအလင်းရောင်ကို တတ်နိုင်သလောက် ရအောင် လုပ်ပါ။ ပြတင်းပေါက် တွေကိုဖွင့်ပါ။

ပြင်ပနှင့် ထိတွေ့မှု ရနေပါစေ။

တီဗီ ဒါမှမဟုတ် ကွန်ပြူတာကို ပိတ်ထားပါ။ မထင်မှတ်ထားဘဲ တီဗီကြည့်ဖြစ်သွားရင်း

အိပ်မရတာတွေ ကမ္မဇီဝ သဘောအရ စကရင်ကထွက်တဲ့အလင်းဟာ အိပ်ပျော်စေနိုင်ခဲတာတွေ

ဖြစ်တတ်ပါတယ်။ ခန္ဒာကိုယ်က မယ်လစ်တိုနိုင် ထုတ်လုပ်မှုကို ဖိနှိပ်ထားသလို ဖြစ်လို့ပါပဲ။

 
၁၉။

 

19
19

အိပ်ပျော်စေနိုင်တဲ့ အပ္ပလီ သုံးပါ။

သင့်မှာ Smartphone ရှိတယ်ဆိုရင် ကောင်းမွန်စွာ အိပ်ပျော်စေနိုင်ဖို့

အထောက်အကူပေးတဲ့ အပ္ပလီတွေ ရှိပါတယ် တေးသံသာတွေကနေစလို့

အိပ်ချိန်ကို စီမံခန့်ခွဲ ပေးမယ့် အပ္ပလီတွေ အဆုံးပေါ့။

တရေးတမော အိပ်ပါ သို့သော် ခနသာကြာပါစေ။

နေ့လည်နေ့ခင်း တရေးတမော အိပ်စက်တာဟာ ကောင်းမွန်တယ်လို့ ဆိုနိုင်ပေမယ့်..

၁၅မိနစ် မိနစ် ၂ဝ ထက်ပိုကြာတဲ့ အိပ်စက်မှုမျိုးကတော့ အိပ်ချိန်စက်ဝန်းကို

ထိခိုက်လာနိုင်ပြီး ကောင်းကျိုးထက် ဆိုးကျိုးသာ ပိုမယ် လို့ ဆိုပါတယ်။

၂၀။

20
20

ကဖိန်း သုံးစွဲမှု ကိုလျှော့ချပါ။

ကဖိန်းသုံးစွဲမှု ကို ပမာဏတခု သတ်မှတ်ထားရှိပြီး ထိုအလေ့အထကို စွဲမြဲနေအောင်လုပ်ပါ။

အလျှင်အမြန် လျှော့ချတာမျိုးထက်စာလျင် တနေ့ကို ကော်ဖီ ခွက်ဝက်ခန့်လောက် လျှော့ချ

သောက်သုံးခြင်းဟာ လုပ်ရကိုင်ရလွယ်ကူစေပါတယ်။

ပုံမှန် အိပ်ချိန်သက်မှတ်ပါ။

ပုံမှန် အချိန်သတ်မှတ် အိပ်-ထ လေ့ရှိတာ အလေ့ကျင့် ကောင်းတခုဖြစ်ပါတယ်။

 

၂၁။

 

21
21

တကယ်တော့ အိပ်စက်ခြင်းဆိုတာ ထူးဆန်းတဲ့ အရာတခုဖြစ်ပြီး အရေးကြီးတယ် လို့

ကောလိပ်ကျောင်းသားတွေ ပရော်ဖက်ရှင်နယ် အလုပ်သမားတွေက သတ်မှတ်ထားခြင်း

မခံရလေ့ရှိတဲ့အရာ ဖြစ်ပါတယ်။ ကောင်းမွန်တဲ့ အိပ်စက်ခြင်းဟာ ကောင်းမွန်တဲ့ ကျန်းမာရေးကို

ထိန်းသိမ်းခြင်း လို့လည်း မည်ပါတယ်။ လုံလောက်တဲ့ အိပ်ချိန် နဲ့ အိပ်မက်များဟာ သင့်ကို

ကောင်းမွန်တဲ့ကျန်းမာရေးကို ဆောင်ကျဉ်းပေးနိုင်ပါရဲ့..။

Good Night, sounds Sleep ..
ZzzzzZzzzzzZ

 

22
22

 

 

 

27 comments

  • Mon Kit

    December 18, 2012 at 11:15 am

    ဗဟုသုတ ကောင်းမွန်စွာရရှိလို့ ဖတ်ရူရင်း ကျေးဇူးတင်သွားပါတယ်….
    မွန်ကစ်တော့ နှစ်ခြိုက်စွာ အိပ်စက် အနားယူခြင်းကို တခြားသော အပျော်အပါးများထက် ပိုခုံမင်ပါတယ်…
    တစ်နေ့ကို ပျမ်းမျှ ၈နာရီလောက် အိပ်ချိန်ယူထားတယ်…
    အစားပျက်ရင်နေပါစေ… အအိပ်တော့ အပျက်မခံနိုင်လို့ပါ…… :kwi:

    • မောင့်ကျက်သရေ ဂီ့

      December 18, 2012 at 11:25 am

      ကနဦး စာဖတ်သူအနေနဲ့ ကျေးကျေးပါ

      ၂၄နာရီလုံးလုံး အိပ်မထားတဲ့လူတယောက်ရဲ့ အခြေအနေဟာ သွေးထဲမှာ အရက် ဝ.၁% ရှိနေတဲ့
      အခြေအနေနဲ့ အတူတူပါပဲတဲ့ .. (ဒါဟာ ဥပဒေအရ အရက်မူးနေတယ် ပြောနိုင်တဲ့ ပမာဏဖြစ်ပါတယ်)

      စကားမစပ်
      သုသေသန တွေနဲ့ ယှဉ်ထိုးကြည့်မယ်ဆိုရင်
      အအိပ်အနေ အင်မတန်နည်းတယ်လို့ ကိုယ်တိုင် ဝန်ခံထားတဲ့ သဂျီးဟာ
      အဲဗား မူးနေတယ် လို့ ဆိုလိုရာရောက်တယ် လို့ … မဆိုလို ဘူး မဟုတ်ပါဂျောင်း..

      ဟီဟိ..

      :harr:

  • မဟာရာဇာ အံစာတုံး

    December 18, 2012 at 11:23 am

    အို … အိပ်စက်ခြင်း
    သာယာ ညှင်းတွဲ့လှပါဘိ
    ကမ္ဘာ့မြောက်ဖျားမှ တောင်ဖျားအထိ
    မချစ် မနှစ်သက်သောသူ မရှိ ……..။
    အိပ်တာနဲ့ ပတ်သက်တဲ့ ဒီကဗျာလေးကို
    ကျနော် အရမ်းကြိုက်ခဲ့တာပေါ့ဗျာ …….။

    ဖတ်ရှု အားပေးသွားပါတယ် ကိုဂီရေ ……။
    ဒီထဲမှာ မသိတဲ့ အချက်ဆိုလို့ အကုန်လုံးပါပဲလို့ .. အဟီးး :mrgreen:

  • kai

    December 18, 2012 at 11:43 am

    တရက်.. ၈နာရီအစား.. ၅နာရီပဲအိပ်ရင်.. တရက် ၃နာရီ..
    တလ.. နာရီ၉၀
    တနှစ် ၁၀၈ဝ နာရီ
    ၁ဝနှစ် ၁၀၈၀ဝ နာရီ..
    လူ့သက်တမ်း ၇၅မှာ အရွယ်ရောက်ပြီးချိန် ၂ဝနှစ်ကနေ…. တွက်ရင်..၅၅နှစ်..
    ဆိုတော့..နာရီပေါင်း ၅၉၄၀ဝ = ၂၄၇၅ရက် = ၆.၈နှစ်… လူဘဝမှာအချောင်ရပါကြောင်း..

    ကွမ်ကွမ်…ကွမ်… :kwi:

    • မောင့်ကျက်သရေ ဂီ့

      December 18, 2012 at 12:11 pm

      အငြင်းမသန်ပါနဲ့ သဂျီးရာ..

      တနေ့ ၆နာရီ အနည်းဆုံးအိပ်ပါ တို့
      ပျမ်းမျှ အိပ်ချိန်သည် ၈နာရီ ဖြစ်သည်တို့

      ဆေးပညာရှင်တွေ အလကားလျောက်ပြောခဲ့တာမဟုတ်ပါဝူး…

      အိပ်ရေးမဝလို့ မူးရိပ်မူးရိပ်ဖြစ်မှာက
      တနေ့ကို ၁၉ နာရီ
      တနှစ်ကို ၆၉၃၅ နာရီ
      ၅၅နှစ်ဆိုတော့ ၃၈၁၄၂၅ နာရီ
      ဆိုတော့
      ရက်ပေါင်း ၁၅၆၉၂ ရက်
      နှစ်အားဖြင့် ..၄၃နှစ်ခွဲလောက်
      (ဒါတောင် အိပ်ရေးမဝလို့ ဖြစ်လာမယ့် သက်တမ်းမစေ့မှု ထည့်မစဉ်းစားထားသေး..)

      ကွီ ကွီ …

      • Mon Kit

        December 18, 2012 at 12:25 pm

        ကျောပစ်လိုက်…ကျောပစ်လိုက် မိဂီရေ…
        သဂျီးဆိုတဲ့ လူကြီးကို…
        မိဂီဘက်က အပြည့်အဝထောက်ခံတယ်… တိလား…
        ကွန် ကွန်… :kwi:

      • kai

        December 18, 2012 at 3:01 pm

        ဒါဆိုလည်း.. ရသလောက်(ကိုယ့်ပစ္စည်းကိုယ်) ပြန်ခိုးပေါ့ကွယ်..
        ၆နာရီအစား.. ၅နာရီခွဲလောက်အိပ်ပေါ့…
        အကျင့်ရရင်..၅နာရီပေါ့..

        တရက်နာရီဝက်ရလည်း..မနည်းဘူး..

        ဂွမ်း..ဂွမ်း.. :kwi:

    • Mobile

      December 18, 2012 at 12:47 pm

      မောင်ကြက်သရေ “ဂီး” ကျေးဇူးပါဗျ အိပ်စက်ခြင်းနဲ့ ပတ်သက်လို့
      အသေးစိတ်ရှင်းပြ ပုံလေးတွေပါ ထပ်မံအးဖြည့်ခဲ့လို့ မှတ်သားထားလိုက်ပါတယ်ခင့်ည။
      ++++++++++++++++++++
      သူကြီးပြောတာကိုတော့ဖြင့် လက်ခံကြောင်းပါခင်ည။
      ကျနော်သည်လဲ အအိပ်အနေ နည်းတဲ့လူတစ်ယောက်ဖြစ်ပါတယ်ခင်ည။
      မော်ပေါက်ကျိုင်း စကာပုံလေးအတိုင်းပေါ့ဗျာ
      မေးပါ့များ စကားများ
      သွားပါ့များ ခလုပ်တိုက်
      မအိပ်မနေ အသက်ရှည် ဆိုတာလေးပါခင်ည။

  • ဗုံဗုံ

    December 18, 2012 at 12:05 pm

    ရှင်ဘုရင် ကနေ သူတောင်းစား အထိ တန်းတူညီမျှ အနားယူ အပန်းဖြေနည်းဟာ အိပ်စက်ခြင်းပါတဲ့
    မိဗုံတို့လည်း အအိပ်နဲ့ အစား ဘယ်ဟာကို ရွေးမလဲဆိုရင် နှစ်ခုလုံးကို ရွေးမည်ဖြစ်ပါကြောင်း 🙂

    • Mobile

      December 18, 2012 at 1:00 pm

      တန်းတူမညီပါဘူးခင်ည
      ရှင်ဘုရင် ဆိုတာမျိုးက အိပ်စက်တဲ့အချိန်မှာ ခီညားတို့ မန်းလေးကပါပဲခင်ည
      မင်းတုန်းမင် ဆိုရင် မိဖုရား အပါးဘယ်လောက်ရှိတယ်တော့မတိ တော်တော်တော့
      များတယ်လို့ကြားဖူးပါတယ်ခင့်ည။ စီပါယ်ရှယ် အီကောင်းဂျား မွေ့ယာကြီးပေါ်မှာ
      ဇယားကွပ်လေးတွေ ဘာတွေနဲ့ အိပ်လို့ရတာ ရှင်ဘုရင်ပါခင်ည။
      သူတောင်းစား မကျေားနဲ့ခီည ဆင်းရဲးတား ဆိုလျှင်ပင် ကြမ်းပြားပေါ် ဖျာမပါဘဲအိပ်ရတာတွေ
      ချမ်းသာတဲ့လူထားပါတော့ မီးမလာလို့ အဲယာဂွန်း မဖွင့်ရပဲ အိုက်စပ်စပ်နဲ့ အိပ်ရတာတွေ
      တီချို့ တီချို့ ငှက်ပြော တုံးဖတ်အိပ် ရတာတွေ (ဟုက်မဟုက် အူးမာဂ မေးကြည့် သူ့ကိုယ်တွေ့)
      ခြင်ဘုရင်တွေမှာ ဒါမျိုးမချိပါဝူးဗျ … တူဒို့မှာ ငှက်ပျောတုံး ဇယားကွပ်လေးတွေ ရှိဒယ်ချိုလားးးးးးးးးး
      :buu: :kwi:

      • ဗုံဗုံ

        December 18, 2012 at 1:26 pm

        အို ဘယ်လိုဘဲ အိပ်အိပ် အိပ်တာဟာ အိပ်တာဘဲ မင်းတုန်းမင်းခေတ်တုန်းက အဲယားဂွန်းလည်းမရှိပါဘူး မနာလိုမရှိပါနဲ့ ကမိုဘိုင်းရယ် နာတို့ မန်းလေးသားတွေက သမိုင်းနဲ့ ရာဇဝင်နဲ့ပါ ကွယ် နင့်မှာငှက်ပျောတုံးလေးတောင် မရှိရှာတဲ့ ဘွ သနားလိုက်ထှာ (အူးမာဂ က မှ ငှက်ပျောတုံး ရှိရှာသေးတယ် ) :kwi:

        • Mr. MarGa

          December 18, 2012 at 1:34 pm

          ဟဲ့ ဗုံကလေးရဲ့
          ဦးမာဃ က ငှက်ပျောတုံး မလိုဘူးကွယ့်
          နတ်သမီး တစ်ဖက် တစ်ထောင်(မနေ့ကမှ update လုပ်ထားတာ :mrgreen:) နဲ့ အားရပါးရ အိပ်ရေးဝဝ အိပ်ရပါ့
          စကားမစပ် တစ်ဖက် တစ်ထောင်ပြည့်အောင် ဖြည့်နေလို့ ဗုံကလေးရော စိတ်ဝင်စားလားလို့
          အာဟိ :hee:

        • Mobile

          December 18, 2012 at 2:40 pm

          Dမှာ Miss.Mar Ga ကြုံတုန်းမို့လို့ နှစ်ခုလောက်တော့ သတိပေးချင်ပါတယ်
          တစ်ခုက ခီများလဲ သကြားမင်ပဲဗျာ ပိုနားလည်မှာပါ ဒုသနသော တဲ့။
          နောက်တစ်ခုက ပုဒ်မ — အရ ဗုံကလေးကို နတ်သမီး တစ်ဖက်တစ်ထောင်
          နေရာမှာ ဖြည့်စွက်ဖို့ သွေးဆောင်ဖျားယောင်းမှု။ ———-ရှိတဲ့ ဗုံကလေးကို
          ခီညားသိမ်းသွင်း ကြည့်ပါလား။ — ခိုးပုဒ်မ မြောက်သွားပေမပေါ့။
          မြန်မာနိုင်ငံတော်၏ မတရားအူးပဒေ စိုးမိုးရေးအရ ဘုန်းကြီးတောင်
          ချမ်းသာမပေးတာ ခီညားလဲ အိမ်သာပျက် အသုံးပြု့နေတော့ သိမှာပါ။
          သီကြားမင်းလဲ ချမ်းသာပေးလိမ့်မယ်တော့ မထင်လေနဲ့ဗျာ
          မြန်မာနိုင်ဂံတော်၏ တီယားအူးပဒေ စိုးမိုးရေးဂျ ဘာမှတ်တလဲ။
          :harr:

  • ခိုင်ဇာ

    December 18, 2012 at 12:18 pm

    အံစာပြောသလိုပဲ ဘယ်အချက်မှ သိထားတာ မပါဘူး။
    ကြားဖူးနားဝ တစ်ခုက ဘာတဲ့။ အိပ်ရေးမဝရင် လူပို ဝ ဆို?
    အဲ့ဒါ ဟုတ်သလား ဆရာ ဂီ ? :hee:

  • ဇမ္ဗူ့လောကပါလကြောင်ဝတုတ်

    December 18, 2012 at 1:12 pm

    အာ…………….
    ပြန်အိပ်တာပဲကောင်းပါတယ်ကွီ….

    အိမ်ပြန်အိပ်သွားသူ…
    ကြောင်ဝတုတ်

  • Mr. MarGa

    December 18, 2012 at 1:19 pm

    အင်းးးးးးးးးးးး
    မောင့်ကျက်သရေ ဂစ် ရေ
    ဦးမာဃတို့ အဲဒီ အိပ်စက်ခြင်း ဆိုတာကို ဆယ်တန်း အင်္ဂလိပ်မှာ သင်ခဲ့ရသကွယ့်
    အိပ်စက်ခြင်း အကြောင်းမို့လား မသိဘူး အဲဒါသင်တော့ အိပ်ငိုက်လို့ ကောင်းလိုက်တာ :mrgreen:
    ဘာပဲဖြစ်ဖြစ်ပါ
    လူတစ်ယောက်ဟာ အိပ်ချိန် ပြည့်ပြည့်ဝဝ ရှိသင့်တာကိုတော့
    သဘောတူလိုက်ပါကြောင်း

  • kyeemite

    December 18, 2012 at 2:39 pm

    ဖတ်ရင်းနဲ့အိပ်ချင်လာသကွာ…ဝါး….ဟားးး…ဝါးးးး :mrgreen:

  • Shwe Ei

    December 18, 2012 at 3:35 pm

    အိပ်သင့်ဘာဒယ် အိပ်သင့်ဘာဒယ်
    တွမ်တီဖိုးအာဝါ အွန်လိုင်းဂျလေဘီ လုပ်နေတဲ့အချိန်ထဲက
    ၈နာရီလောက်သပ်သပ်ဖယ်ထားပြီးတော့ကို အိပ်သင့်ဒါဘာ။ :mrgreen:

    • မောင့်ကျက်သရေ ဂီ့

      December 18, 2012 at 9:50 pm

      လိုရင်းကိုစွဲကိုင်မိတာကတော့ မောင့်ကြက်သေကြည် ပါပဲကြည်
      ဟုတ်ပါတယ်.
      ဂီ
      အအိပ်အနေနည်းလို့ ကိုယ့်ကိုက်ုယါ ဆုံးမစစာရှာဖတ်ရင်းကောင်းတာလေးတွေ့လို့
      မျှဝေလိုက်တာပါ.
      မစ္စတာသဂျိုင်ခီး လုပ်လို့ရသပျက်တာလည်း အပါအဝင်ပေါ့ကွယ်.
      (ဂွင်ဝင်တုန်း. ဟီဟိ)

      ဟုတ်ပါတယ်. အိပ်သင့်ပါတယ်.
      အဲ့သည့်အကြောင်းပြချက်ကိုတော့ မပြောလိုတော့ပေမယ့်. ကျန်းမာရေးထိခိုက်ခံပြီး.
      အိပ်ချိန်ကနေ အချိန်ခိုးမယ့်အစား နိုးနေချိန် ကျနော်တို့ ပိုကြိုးစားခြင်းနဲ့
      ဆက်လျှောက်နိုင်ပါကြောင်းခင်ဗျား.

      တော်သေးဘီ
      ခင်တဲ့
      ဂီ

  • blackchaw

    December 18, 2012 at 3:44 pm

    မအိပ်မနေ အသက်ရှည် ဆိုတဲ့ ဆိုရိုးစကား ကလည်း ရှိနေပြန်သေးတယ်…။
    တရေးနိုးသော် အကြံပေါ် ဆိုတာလည်းရှိသေးဗျ…။
    ဆိုတော့…
    စောစောအိပ် လို့ စောစောထလို့ စောစောလမ်းလျှောက်ကြပါစို့ ဆိုတဲ့
    သီချင်းလေးအတိုင်း…
    အချိန်မှန်အိပ် အချိန်မှန်ထ ဆိုတာကပဲ…
    အကောင်းဆုံးထင်မိပါတယ် မောင့်ကျက်သရေဂီရေ…။
    လေးစားခင်မင်တဲ့…
    ဘဘဘလက်…။
    :mrgreen:

  • pooch

    December 18, 2012 at 11:29 pm

    ခုတောင် ၁၁ နာရီခွဲတော့မယ်။ မနက် ၅ နာရီပြန်ထရအုန်းမှာဆိုတော့ အိပ်သင့်ပြီပေါ့လေ။

    အိပ်ရေးပျက်ရင် ဝရုံသာမက မျက်နှာမှာ အဖုပါ ထွက်တတ်တယ်။ (ကိုယ်တွေ့ )

  • သကြားလုုံးကြော်

    December 19, 2012 at 1:41 am

    iphone တိုု့ အန်းဒရိုုက်ဖုုန်းတိုု့ အတွက် sleep tracker apps တွေရှိတယ်။ အိပ်နေတုုန်း လှုပ်ရှားမှုကိုု တိုုင်းပြီး ကိုုယ် ဘယ်အချိန်မှာ ဘယ်အိပ်ခြင်းအဆင့်ရောက်နေလဲ ဆိုုတာ ပြန်ကြည့်လိုု့ရတယ်။ တော်တော်မှန်တယ်လိုု့ပြောကြတာပဲ။ နေ့စဉ်အိပ်ဆင့်တွေ track လုုပ်ပြီး ကော်ရီလေးရှင်းတွေ လုုပ်ရရင်တော့ စိတ်ဝင်စားစရာကောင်းတယ်။ ဥပမာ အများထင်သလိုု အရက်သောက်ရင် ကောင်းကောင်းအိပ်ပျော်တယ်ဆိုုတာ တကယ်မမှန်ဘူးတဲ့၊ ရောက်သင့်တဲ့ stage ၃- ၄ deep sleep ထဲ အရက်သောက်တဲ့ ညတွေမှာရောက်လေ့မရှိဘူးဘဲ ရှေ့ပိုုင်းတိမ်တိမ် အဆင့်တွေမှာပဲ အိမ်ပျော်နေကြတဲ့။ ကိုုယ်ဘယ်လိုုအိပ်လဲ သိချင်သူတွေ စမ်းကြည့်ကြပါ။

    • မောင့်ကျက်သရေ ဂီ့

      December 19, 2012 at 6:56 am

      ဗယာကြော်ပါ သကြားလုံးကြော်ရေ…
      အိပ်ဖို့ ရေးထားတဲ့ပိုစ့် နိုးဖို့ပဲ ဆော်ဩနေတဲ့ ဟိုလူဂျီးနဲ့များကွာပ….
      လိုရင်းအချက် ဒုတ်ဒုတ်ထိတာမို့ BC ပါဗျာ ..

      စကားမစပ် ဒဇင်ဘာပိတ်ရက်မှာ ဒါလေး တေ စမ်းကြည့်မလားလို့…

      http://digital-photography-school.com/25-wonderful-christmas-light-painting-images?utm_source=feedburner&utm_medium=feed&utm_campaign=Feed%3A+DigitalPhotographySchool+%28Digital+Photography+School%29

      :hee:

      • သကြားလုုံးကြော်

        December 19, 2012 at 5:19 pm

        ဟိုုက်ရှားဘား အစိမ်းရောင်လေးပေးထားပါလား။ ဟီဟိ။ ကျေးဇူးပါချင့်။

        လိုုက်ပိန့်တင်းကတော့ stick figure လောက်ပဲဆွဲတတ်တာမိုု့ ဘာမှ လှလှပပ မဆွဲနိုုင်ဘူး။ ကိုုဂီ့ စမ်းသပ်ချက်လေးတွေ မကြာခင်ကြည့်ရတော့မယ်ဟေ့။ အခမဲ့ ကြေငြာထိုုးပေးလိုုက်မယ်။ မကြာမီလာမည်၊ မျှော်….
        ခရစ်စမတ်နဲ့မဆိုုင်တဲ့ ဒီလင့်က လိုုက်ပိန့်တင်း တချို့လည်း တော်တော်လှတယ်။ http://digital-photography-school.com/25-spectacular-light-painting-images

        • မောင့်ကျက်သရေ ဂီ့

          December 21, 2012 at 7:57 am

          ဒီနှစ် ဒဇင်ဘာ ၉ရက်ပိတ်တာမှာ မပြန်နိုင်သူမို့ …
          အိုဆာကာ ၊ နာဂိုယာ နဲ့ ဂီဖု ကို ဒိုးမှာ ဖြစ်ပါတယ်…
          ကျိကျိကိုပဲ ..ပေါ့ထလိပ် ရိုက်ဖြစ်မှာပါ….

          ခွီအေးတစ်ဗ် ရှော့ တွေ လုပ်နိုင်မယ်လို့ မမျှော်လင့်ထားပါကြောင်း..

          :kwi
          :

  • ကြည်ဆောင်း

    December 19, 2012 at 8:50 am

    ယေဘူယျခြုံပြောရရင် လူ့ဘဝသက်တမ်း တစ်ခုလုံးမှာနှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နိုင်တဲ့ အချိန်တွေတော်တော်နဲမယ်ထင်ပါရဲ့…

Leave a Reply