၉၅နှစ်မြောက်ဗိုလ်ချုပ်မွေးနေ့ အထိမ်းအမှတ်အဖြစ် မန ္တလေးမြို့ ကံတက်ကုန်း ဘုန်းတော်ကြီးကျောင်းတွင် စုပေါင်းသွေးလှူဒါန်း

DaveFebruary 13, 20101min600

မြန်မာ့အမျိုးသားခေါင်းဆောင်ကြီးဗိုလ်ချုပ်အောင်ဆန်း၏ (၉၅)နှစ်မြောက်မွေးနေ့အထိမ်းအမှတ်အဖြစ် မန ္တလေး မြို့ သစ်ရှိ ကံတက်ကုန်း ဘုန်းတော်ကြီးကျောင်းတွင် ဖေဖော်ဝါရီ ၁၃ရက်နေ့နံနက်ပိုင်းက စုပေါင်း သွေးလှူဒါန်းခြင်း လှုပ်ရှားမှုပြုလုပ်ခဲ့သည်။

မြန်မာနိုင်ငံတစ်ဝန်းလုံးတွင် ဗိုလ်ချုပ်မွေးနေ့ကို အစိုးရက အများမေ့ပျောက်အောင် ကြံစည်လုပ်ဆောင် နေဆဲ ဖြစ်သော်လည်း တိုးတက်သောကျောင်းသားလူငယ်များနှင့် နိုင်ငံရေးနိုးကြားသူများက ကိုယ်ကျိုး စွန့်ကာ တိုင်းပြည်နှင့် လူမျိုးအတွက် အသက်ကိုပဓာနမထားဘဲ ကြိုးပမ်းလုပ်ဆောင်ခဲ့သည့် ဗိုလ်ချုပ် အောင်ဆန်းကို ယနေ့ထက်တိုင် အမှတ်တရ ရှိနေကြပါသည်။

ဗိုလ်ချုပ်မွေးနေ့အမှတ်တရအဖြစ် ရှားပါးဓာတ်ပုံ တစ်ပုံကို မျှဝေလိုက်ပါသည်။