အရင်က ရီးစားစာ ကဗျာ ...

အရင်က ရီးစားစာ ကဗျာ …

+++++++++++++++++++++++++++

အလင်းမဲ့တဲ့ညမှာ အရာရာဟာဝိုးတဝါး
ကြိုးစားပြီး အိပ်နေပေမယ့်လည်း
သူ့အကြောင်းတွေက
အတွေးတွေထဲမှာ စိုးမိုးထားတယ် …

အဲဒီစိတ်တွေက
အိပ်မက်တွေကို အသက်သွင်း
မိုးစင်စင်လင်းလို့ နိုးထလာခဲ့ချိန်မှာတောင်
သူ့ပုံရိပ်တွေက ငါ့အတွေးထဲက
ထွက်မသွားခဲ့ပါဘူး …

ဒီလောက်ထိ စွဲလမ်းနေမိတယ်
ချစ်ရသူရယ် ….

အရင်တုန်းက
အချစ်ဆိုတာ
ရင်မှာ စကားလုံးသက်သက်သာ
ရှိခဲ့ပေမယ့်လည်း
သူနဲ့ဆုံတွေ့ပြီးနောက်မှာ
အသက်ဝင်လာခဲ့တယ် …

အမြင်အာရုံတွေထဲမှာလည်း
သူပဲ ရှိနေတယ်
သူ့ကို တွေ့လိုက်တိုင်းလည်း
ရင်ခုန်လှိုက်မောရပါတယ် …

သူ မသိပေမယ့်
ရင်ထဲမှာ အမြစ်တွယ်နေတဲ့ အချစ်တွေက
တစ်ခါတစ်လေမှာ
စိတ်ကူးနဲ့ ရူးနေစေတတ်တယ် …

ငါ့ရဲ့ အတွေးတွေထဲမှာ
မင်းပဲ အမြဲရှိနေခဲ့တယ်
ချစ်ရသူရယ် ….

ဖြစ်နိုင်ရင်
ရင်ကိုဖွင့်လို့ နှလုံးသားစကားကို
နည်းနည်းလေး နားထောင်ကြည့်ပေးပါလား ..
‘သိပ် ချစ်နေမိတယ်’ လို့
တိုးတိုးလေး ပြောနေပါလိမ့်မယ် …

သူ မမြင်တဲ့
တိတ်တိတ်လေး ဖြစ်တည်လာတဲ့
အချစ်တွေကို
အသိတရားက မောင်းထုတ်ဖို့
ကြိုးစားပေမယ့်လည်း
နှလုံးသားက တယုတယနဲ့
မလွတ်တမ်း ဖက်တွယ်ထားခဲ့တယ် …

ပြီးတော့ ပြောသေးတယ်
‘သူ မချစ်ရင် အသက်မရှင်နိုင်ဘူး’ …. ဆိုပဲ ။

မောင်ရွာ
(နှလုံးသား စာစဉ်များ)

+++++++++++++++++++++++++++

အဟမ်းးးး ဟမ်းးး

ဒါလေးဂဒေါ့ .. အရင်တုန်းက တောင်မလေးတီယောက်အတွက်

ခံစား ရေးဖွဲ့ခဲ့ဒါပေါ့ဗျာ ….

ဖွဲ့ခဲ့တယ် ဆိုနိုင်ရုံပါပဲ … တစ်ယောက်တည်း ခံစား ဆိုသလိုပေါ့ ….

(ကျုပ်ဘွဂ ကံဆိုးလှဘာဒယ်ဂျာ .. ကြိုက်သူ မချိ၊ ခိုက်သူ မချိ၊ ပြောဒေါ့လည်း မရနဲ့ … အင်းးး အဲ့လိုဘဲ … :mrgreen: )

+++++++++++++++++++++++++++

About မဟာရာဇာ အံစာတံုး

has written 306 post in this Website..

အချို့သော အရာတွေဟာ "ပြောင်" ပြီးရင် ပြန်ကောင်းဖို့ မလွယ်ဘူး။ အချို့အရာတွေ ကျတော့ တစ်မျိုး။ "ပြောင်" ပြီးရင် ပိုပို ကောင်းလာတတ်တဲ့ အမျိုး။ နှုတ်ခမ်းမွေး ပြောင်အောင်လို့ ရိတ်တယ်။ ရိတ်လေ .. သန်လေပဲ။ ထိပ်ပြောင်လို့ ဆံပင် သန်အောင် လုပ်တယ်။ မလွယ်ပြန်ဘူး။ ဒီသဘော .. ဒီသဘော။