အရင်ဂ ရီးစားစာ

အရင်က ရီးစားစာ ကဗျာ ...
အရင်က ရီးစားစာ ကဗျာ …

+++++++++++++++++++++++++++

အလင်းမဲ့တဲ့ညမှာ အရာရာဟာဝိုးတဝါး
ကြိုးစားပြီး အိပ်နေပေမယ့်လည်း
သူ့အကြောင်းတွေက
အတွေးတွေထဲမှာ စိုးမိုးထားတယ် …

အဲဒီစိတ်တွေက
အိပ်မက်တွေကို အသက်သွင်း
မိုးစင်စင်လင်းလို့ နိုးထလာခဲ့ချိန်မှာတောင်
သူ့ပုံရိပ်တွေက ငါ့အတွေးထဲက
ထွက်မသွားခဲ့ပါဘူး …

ဒီလောက်ထိ စွဲလမ်းနေမိတယ်
ချစ်ရသူရယ် ….

အရင်တုန်းက
အချစ်ဆိုတာ
ရင်မှာ စကားလုံးသက်သက်သာ
ရှိခဲ့ပေမယ့်လည်း
သူနဲ့ဆုံတွေ့ပြီးနောက်မှာ
အသက်ဝင်လာခဲ့တယ် …

အမြင်အာရုံတွေထဲမှာလည်း
သူပဲ ရှိနေတယ်
သူ့ကို တွေ့လိုက်တိုင်းလည်း
ရင်ခုန်လှိုက်မောရပါတယ် …

သူ မသိပေမယ့်
ရင်ထဲမှာ အမြစ်တွယ်နေတဲ့ အချစ်တွေက
တစ်ခါတစ်လေမှာ
စိတ်ကူးနဲ့ ရူးနေစေတတ်တယ် …

ငါ့ရဲ့ အတွေးတွေထဲမှာ
မင်းပဲ အမြဲရှိနေခဲ့တယ်
ချစ်ရသူရယ် ….

ဖြစ်နိုင်ရင်
ရင်ကိုဖွင့်လို့ နှလုံးသားစကားကို
နည်းနည်းလေး နားထောင်ကြည့်ပေးပါလား ..
‘သိပ် ချစ်နေမိတယ်’ လို့
တိုးတိုးလေး ပြောနေပါလိမ့်မယ် …

သူ မမြင်တဲ့
တိတ်တိတ်လေး ဖြစ်တည်လာတဲ့
အချစ်တွေကို
အသိတရားက မောင်းထုတ်ဖို့
ကြိုးစားပေမယ့်လည်း
နှလုံးသားက တယုတယနဲ့
မလွတ်တမ်း ဖက်တွယ်ထားခဲ့တယ် …

ပြီးတော့ ပြောသေးတယ်
‘သူ မချစ်ရင် အသက်မရှင်နိုင်ဘူး’ …. ဆိုပဲ ။

မောင်ရွာ
(နှလုံးသား စာစဉ်များ)

+++++++++++++++++++++++++++

အဟမ်းးးး ဟမ်းးး

ဒါလေးဂဒေါ့ .. အရင်တုန်းက တောင်မလေးတီယောက်အတွက်

ခံစား ရေးဖွဲ့ခဲ့ဒါပေါ့ဗျာ ….

ဖွဲ့ခဲ့တယ် ဆိုနိုင်ရုံပါပဲ … တစ်ယောက်တည်း ခံစား ဆိုသလိုပေါ့ ….

(ကျုပ်ဘွဂ ကံဆိုးလှဘာဒယ်ဂျာ .. ကြိုက်သူ မချိ၊ ခိုက်သူ မချိ၊ ပြောဒေါ့လည်း မရနဲ့ … အင်းးး အဲ့လိုဘဲ … :mrgreen: )

+++++++++++++++++++++++++++

49 comments

  • Shwe Tike Soe

    December 18, 2012 at 11:20 am

    ဟယ် သနားလိုက်ထာအေ……..
    အားမငယ်ပါနဲ. ကိုကိုအံ ကိုကိုချစ်ချစ် ဘီအီး အနှစ်ကလေးချိပါတယ်.. တစ်ဘဝစာ သူက ချစ်သွားမှာပါ……
    ခိခိခိ

    • မဟာရာဇာ အံစာတုံး

      December 18, 2012 at 11:30 am

      စိတ်ညစ်လို့ အရက်ကို သောက်တယ်
      အရက်သောက်တော့ သိပ်စိတ်ညစ်တယ်
      အကြောင်းရှာတော့ ဂေါင်းဘာ ချာချာလည် .. အေ့ .. ဂေ့ ..

      ဦးဆုံး လာအားပေးတဲ့ တိုတိုတိုက်ကို ကျေးကျေး အကြီးကြီးပါ ..

      • Mobile

        December 18, 2012 at 12:21 pm

        ကိုအံစာဂျီးရဲ့ မိန်းမ အိမ်သူခင်ထား မရွှေချော ဒေါ်ညွှန့်စိန် ကြီးတော့
        ကံကောင်းတာပဲဗျာ အိမ်မှုကိစ္စ အကုန်တာဝန်ကျေရုံမက ကဗျာစပ်
        စာစပ်လေးက ကောင်းလိုက်သေးတယ် ဒီလို ကိုအံစာဂျီးကို ရထားတဲ့ ဒေါ်ညွှန့်စိန် ရေ
        ဂုဏ်ယူမိပါကြောင်းးးးးးးးးးးးးးးးးးးးး
        :harr:

  • ဘဲဥ

    December 18, 2012 at 11:22 am

    ဟိတ် …. အံချာဒုံး သများကို ရည်းစားစာ ပေးတာလား
    စဉ်းစားပရစေအုံးနော် လူဂျားဒဲ အဲ့လိုဂျီးပေးတော့ ရှက်ထာပေါ့လို့ :opps:

  • Novy

    December 18, 2012 at 11:39 am

    မျက်နှာခြောက်ခုရှိတာတောင် မစွံဘူးဆိုတော့ကာ
    စဉ်သားသရာပဲပေါ့ :harr:

    • မဟာရာဇာ အံစာတုံး

      December 18, 2012 at 11:44 am

      ဟုတ်ဒယ်ဗျာ ..
      ဘွဂ ကျမ်းဘာဒယ် ….
      မစွံဒါလည်း ပျောနေနဲ့ဒေါ့ ..
      ချိန်လိုက်တိုင်း လွဲလွဲနေတတ်တယ် ..
      ဂယ်ဘာဘဲ .. ချိတ်ကုန်ဒယ် ..
      မနိုဗွီ ကျေးကျေးပါနော့ ..

  • ဗုံဗုံ

    December 18, 2012 at 11:50 am

    အံချာတုံးမ နင်က ဦးနှောက်လေးကသာ မကောင်းရှာတာ ကဗျာလေးကတော့ ကောင်းရှာတယ်ဟဲ့
    ဒီဘွကြီးကို စိတ်ကုန်နေလဲ စစ်ကိုင်းချောင်သွားပြီ သီလရှင် ဝတ်ရအောင်ဟယ် နာဒို့ မန်းဒလေးကို လာခဲ့ပါလား :harr: :harr: :harr:

    • Mobile

      December 18, 2012 at 12:17 pm

      နင်ဂ တီလှရှင် ဝတ်သွားရင် နာဂ ဘာလုပ်ရမှာလဲဟင်းးးးးးးးးး
      တီလှရှင်တော့ ဝတ်ပါနဲ့ကွယ် ဗြဲးးးးးးးးးးးးးးးးးးးးးးးးးးးးး
      နင်မကြိုတ်တာတွေ မလုပ်တော့ပါဝူးးးးးးးးးး ဗြဲးးးးးးးးးးးးးးးးးးးးးးးးးးး
      နာကြိုတ်တာတွေ ပဲနာလုပ်တော့မှာပါးးးးးးးးး ဗြဲးးးးးးးးးးးးးးးးးးးးး
      :528: :eee: :byae:

      • ဗုံဗုံ

        December 18, 2012 at 1:05 pm

        နာက တီလရှင် ဝတ်တော့ နင်ကနောက်ကနေ ဆန်အိတ်ထမ်းလိုက်ပေါ့ မိုင်းဘိုရဲ့
        ပြီးရင် ဘောလုံးပွဲ လောင်းမယ်လေ :harr:

      • ဂျီးဒေါ်ဗုံ …
        အနော်ဂ လူဂျိုချောချောလေး ချိသေးတာဂျ ..
        ဂျီးဒေါ်ဘဲ စစ်ကိုင်းချောင်တွား ..
        ကျုပ်ဂဒေါ့ တွားဘူး ..
        နဖူးစာဆိုတာ ကြောလို့ ရဒါမှ မီဟုတ်ဒါ .. ငွင်းး ငွင်းး
        :kwi:

  • မောင်ပေ

    December 18, 2012 at 12:15 pm

    နှလုံးသား စာစဉ်
    လုံးထား ဝါမဝင်
    တစ်လုံးနား စာတင်
    ကြုံးဝါး တစ်ခါပြင်
    ဖုံးစား ဏှာဘုရင်

  • Mr. MarGa

    December 18, 2012 at 1:09 pm

    လူကသာ ခြောက်မျက်နှာရှိတာ
    တစ်မျက်နှာမှ မစွံပါလား
    ဦးမာဃနဲ့ များ ကွာပါ့
    ဒါများ ယှဉ်ချင်သေးတယ် :mrgreen:
    မောင်အံရေ
    မတူရင် မတုနဲ့ ကွဲ့

    • အေးဗျာ ..
      ဘွဂ ကျမ်းဘာဒယ် ..
      မစွံဒါလည်း အမှန်ဘာဘဲ ..
      ခညားနဲ့လည်း ယှဉ်ချင်ဒေါ့ဘာဘူး …
      ခညားဆီဂလည်း မတောင့်တပါဘူး … :mrgreen:
      (ကြိုပြောထားရဒါ ..)

    • Mobile

      December 18, 2012 at 2:23 pm

      ဘယ်ဂလာ မစွံရမှာလဲ Miss.Mar Ga အယှဉ် သကြားမင်ရ
      ဇယားဆရာဂျီးကိုအံစာ ကမစွံဘူး မစွံဘူးသာပြောတာ တဂယ်ဃ တူ့မှာစွံလွန်းလို့
      ခက်နေတာဗျ။ ဒေါ်ညွှန့်စိန် ဆိုတာ တရာဝင်မယားဂျီးဗျ ။ ပြီးတော့
      အလန်းဇယားလေးဒွေ အများဂျီးကိုလဲ တူဂ အုထားတာဗျ။ ဒေါ်လှ နဲ့မှရမှာ
      Miss အူးမာဂ နတ်ပြည်မှာ မပျော်လို့ များဂတော့ လာခဲ့စမ်းပါ့ လူ့ပြည်ကို
      ကိုအံစာ ဆီက အလန်းဇယား လေးတွေနဲ့ ကျုပ်က ဒေါ်လှ အကုန်ခံပြီးတော့
      ပြုစုဧည့်ခံပါမယ်။ ဇယားလေးတွေကို တူဂဆွဲးရင်းဆွဲးရင်နဲ့ ကြာလာဒေါ့
      မျက်နှာများတယ်ဆိုပြီး ဇယားလေးဒွေဂ တူ့ကို ၆ မျက်နှာလို့ခေါ်တာဂျ။
      ဒါ့ကြောင့် ကိုအံချာ ကြီးဆိုပြီး နာမည်ကြီးသပေါ့ဂျာ။ ဇယားမှာ ဘီလောက်ကျွမ်း
      ကျင်တယ်ဆိုတာကတော့ Posts collection တောင်မှ တစ်ရွာလုံးမှာ ကိုအံချာ
      တစ်ယောက်ပဲ ဆွဲးနိုင်တာလက်တွေ့ပဲဂျာ။

      • ဘာရဲ ..
        ဒေါ်ညွန့်စိန် ဆိုဒါ ခညားဂျီးဒေါ်လားးးး :mrgreen:
        နောက်ဒါဘာ …

        ဒါ့ထက် ဇယား ဆွဲတယ်ဆိုတာ ..
        ဇယားကွက်ကိုပဲ ကြောဒါ မီဟုတ်လား …
        ရှင်းရှင်းပြော .. ငွင်းး ငွင်းးး

        လာရောက် အားပေးတာ ကျေးကျေးဘာ ..

  • kyeemite

    December 18, 2012 at 2:51 pm

    ရီးစားလေးထားရတာလဲ…ဇီးပြားလေးစားရသလိုပဲ
    နံပါတ်တစ် ချစ်ချစ်ဟာလဲ
    နံပါတ်နှစ်ချစ်ချစ်လိုပဲ
    ချစ်ပီးရင်မုန်း
    ခဏထားအုံး
    လူပျို အပျို ချစ်ကြ ကြိုက်ကြ ညားကြတာပဲ………ကျနော့ ရီးစားးးးးးး
    တတိယမြောက်………….နင်ဘယ်လိုလဲ????
    :528: :eee: :kwi:

    • ဟေ့လူ ..
      ကျုပ်ကို ခညားလိုများ မှတ်နေဒလားးး
      တစ်သက်မှာ တစ်ယောက်တည်းပဲဗျ …
      မရရင် ယူဘူးးး ရရင်လည်း တစ်ယောက်တည်းဘဲ ..
      ဒါဘဲ .. ဟိုဟာ ကြက် ..

  • blackchaw

    December 18, 2012 at 3:49 pm

    မိန်းမဟူဘိ ထိုအိတ်ထိကား
    မရှိမကောင်း ရှိမကောင်း
    မပေါင်းလည်းခက် ပေါင်းလည်းခက် တဲ့ ညီလေးရေ…။
    အဲဒီတော့ မရှိဘူးဆိုတော့ ငါးဆယ်ရာခိုင်နှုန်း ကောင်းပြီး…
    ငါးဆယ်ရာခိုင်နှုန်းမကောင်းဘူးပေါ့…။
    :mrgreen:

    • ဦးဘလက်ဂျီး ကြောဒလိုဆို ..
      ငါးဆယ်/ငါးဆယ် ဖြစ်နေဒါပေါ့နော် ..
      ဂလိုဆို …
      ရှိတဲ့လူဖြစ်ဒဲ့ ….
      ဦးလေးဂျီးလည်း ငါးဆယ် မကောင်းဘူးလို့ ..
      ပေါလို့ ရဒလားဟင်င် .. 🙄 :mrgreen:
      နောက်ဒါဘာ ခညာ …

      ခုလို ဝင်ရောက် အားပေးသွားလို့ ကျေးကျေးဘာ ခင်ဗျာ …

  • Khaing Khaing

    December 18, 2012 at 3:55 pm

    မာမီနဲ့ဆိုင်လို့ မာမီဖတ်တော့ဝူးနော် …… အဲ့လာလေးသိအောင် ဝင်ပြောလိုက်တာ ……

    • အော်ရယ် …
      ဒို့မာမီနှယ် ..
      မဖတ်မှန်း သိရအောင်ဂို ဝင်ပေါတွားဒေးဒါဂိုးးး
      အိုက်ဒါဂျောင့် မာမီကို ယောက္ခမ တော်ချင် .. အဲလေ ..
      ရောကုန်ပီ .. :mrgreen:

  • Shwe Ei

    December 18, 2012 at 4:05 pm

    ဒီလိုနဲ့ မဟာဘာဂျာတျောက် ငှက်ပျောတုံး ဖက်ပြီး ကျန်ခဲ့လေတော့သတဲ့
    ခေးတို့ရယ် :mrgreen:

    • အော် .. အော် ..
      ကျုပ်ကို ပေါဒါလားဂျ ..
      ငှက်ပျောတုံး ဖက်ရမယ်ဆိုဒါ …
      ပြန်ပြောလိုက်ရ .. မကောင်းဘဲ နေဒေ့ါမယ် .. ငွင်းး ငွင်းး
      မမဂျီးမို့ ရှော်ပေးလိုက်ဒယ် မှတ်ဘာ ..

  • San Hla Gyi

    December 18, 2012 at 4:22 pm

    ကိုမဟာရာဇာအံစာတုံး
    ကြုံတုန်းလေး ဝင်ကြိတ်လိုက်အုံးမှ။ ကျနော်ကျတော့ ရည်းစားစာ မဟုတ်ဖူးဗျ။ အရင်တုန်းက မိန်းမချင်း ငေးကြည့်ရလောက်အောင် လှလွန်းတဲ့ လှလွန်းဆွေ မိန်းကလေးတယောက်က ချစ်ရှာလွန်းလို့ သီချင်းတောင် စောင်းဆိုပြီး အခွင့်အရေးပေးခဲ့တာ။ မယူလိုက်မိဘူးဗျာ။ အခု စဉ်းစားရင် နှမြောလို့ကို မဆုံးဘူး။(ပြောရတာ အရသာ ရှိလိုက်တာ)
    အဲဒါဗျာ။ ကျနော့် အဖြစ်ပြောပါတယ်။ ကျုပ် သူငယ်ချင်းတယောက်ဆို တဖျစ်ဖျစ်တောက်တောက်နဲ့ ပြောလို့ မဆုံးဘူး ဟီး ဟီး။
    ကြုံလို့ ပါစင်နယ် ထည့်လိုက်ပါတယ်။ မကြည်ရင် မမြင်ချင်ယောင် ဆောင်သွားကြပါ။ ကြွားတယ်တို့ အသားယူတယ်တို့ ဘာမှထပ်မပိုကြပါနဲ့ ဟဲ ဟဲ။

    • ဟာ .. ကိုစံလှကြီးပါလား ..
      ခုလို ထူးထူးခြားခြား လာရောက် အားပေးတာ ကျေးဇူးပါဗျို့ …
      ဒီနေ့ ပြန်ရင် အောက်ကို သေချာ ကြည့်သွားရမယ် ..
      ပိုက်ဆံလေးများ ကောက်ရလေမလားလို့ … :mrgreen:
      (နောက်တာပါဗျ)
      ဒါနဲ့ ကိုစံလှကြီး ပြောတဲ့ အကြောင်းက
      အဟုတ်ကြီးလားဗျ ..

      • San Hla Gyi

        December 18, 2012 at 8:12 pm

        ဟာ ကိုမဟာရာဇာအံစာတုံးနဲ့ ကို Mobile ကလဲ အဟုတ်ကြီးပေါ့ဗျ။ သူဖတ်မိရင်တောင် စိတ်မကောင်း ဖြစ်နိုင်တယ် ဟီး ဟီး။ လှလိုက်တာကလဲ အသားအရေက ဖြူတဲ့အရောင်မှာ ဝင်းတာလေးပါ စွက်ထားလိုက်သေး။ ဆံပင်လေးကလဲ နက်မှောင်ပြီး မျက်ခုံး မျက်လုံးဆိုတာတော့ ပြောမနေနဲ့ဗျို့။ အမှန်တော့ အဲဒီတုန်းက ကျုပ်ကလည်း ကြိုက်ပါတယ်။ ဒါပေမယ့် လူကြီးတွေနဲ့ သူနဲ့က သိလို့ သွားတိုင်ရင် ကိုယ်ကျိုးနည်းဆိုပြီး ကြောက်တာရယ် အတွေ့အကြုံက မရှိသေးတော့ စိတ်ပူတာရယ်နဲ့ အချိန်ဆွဲလိုက်တာ သူက အရွဲ့တိုက်ပြီး အခြားတယောက်နဲ့ တွဲပြပါလေရောဗျို့။ နောက်တော့ နှစ်ယောက် မဆုံနိုင်တော့ပြီဆိုမှ သူက ငိုရှာတယ်တဲ့။ အတွင်းသိက သတင်းပေးတာ။ ကျုပ်စိတ်ချမ်းသာအောင် ညာတာလည်း ဖြစ်နိုင်တယ်ဗျ။ အခုတောင် ခင်ဗျားတို့ကို ပြန်ပြောရင်းနဲ့ အဟောင်းတွေက အသစ်ဖြစ်လာပြန်ပြီ။(အရသာ အရသာ ပြောရတာ အရသာ ရှိလိုက်တာ)
        အရင်တုန်းက အချိန်မဟုတ်ပဲ အခုဆိုရင်တော့ ဘယ်ရလိမ့်မလဲဗျာ။ လွန်ခဲ့ပါပြီဗျာ ဒါတွေ မပြောတော့ပါဘူး။ အခုတော့ သူ့မှာကလည်း ကလေးတွေနဲ့ ကိုယ့်မှာကလည်း အကြွေးတွေနဲ့ပါ။

        • မဟာရာဇာ အံစာတုံး

          December 18, 2012 at 10:01 pm

          အဟိ ….
          ဟိုကတော့ ကလေးတွေနဲ့ …
          ကိုစံလှကြီးမှာတော့ အကြွေးတွေနဲ့ပေါ့ ….
          အတော် ပျော်တတ်တာပဲဗျ ….. နော့ ….
          ကျုပ်တော့ ဒီအကြောင်းကို တကယ် ယုံလိုက်ပြီဗျို့ ………။

    • Mobile

      December 18, 2012 at 7:09 pm

      ကိုစံလှကြီး ရေ ဟိုသီချင်းလေးကိုသာ ညည်းနေလိုက်တော့ဗျာ
      “မောင့်အပြစ်နဲ့ မောင်သာ ရှိပါစေတော ့မေရေ ” ကြားဖူးတာလေး
      အတွေးထဲ ဝင်လာလို့ဗျ။

      • San Hla Gyi

        December 18, 2012 at 8:15 pm

        မဟုတ်ဘူးဗျ။ သူ့အပြစ်လဲပါတယ်။ သူ့ရဲ့ အရွဲ့တိုက်ပြချင်စိတ်ကြောင့် ဖြစ်ခဲ့ရတာ ဟဲ ဟဲ။(ဒီစာကို မဖတ်မိပါစေနဲ့ဗျာ)

        • mobile (mandalay)

          December 18, 2012 at 8:31 pm

          ဟဲ ဟဲ ကိုစံလှကြီးကလဲဗျာ အမှန်ကို ဝန်ခံပါ့ဗျ။
          ရှက်ရမယ့် အလုပ်တွေမှ မဟုတ်တာဗျာ။
          ဘာဖြစ်လဲ ဘာဖြစ်လဲ ပြောပစ်လိုက် ပြောပစ်လိုက် ကိုညံရင်
          ညံ့တယ်ပေါ့။ ဟဲ ဟဲ ဟဲ ကိုစံလှကြီး ရှက်ကိုရှက်ကန်းနဲ့ ပြောနေတာလေး
          ဖတ်ရတာ ရယ်ချင်လှသဗျာ။ ကျုပ်တို့ နဲ့ညားကတော့ ကွာဘဂျာ …….
          :harr:

  • MaMa

    December 18, 2012 at 6:38 pm

    အရင်က ရီးစားစာဆိုတော့…
    အဟမ်း အဟမ်းးးးး
    ခု ရီးစားစာ ရှိသေးတယ်လို့ ဆိုလိုတာပေ့ါ။ :harr:

  • ခင်ခ

    December 18, 2012 at 9:18 pm

    ကိုအံစာတုံးရဲ့ အရင်က ရည်းစာကို ဆက်သိမ်းထားဗျာ။
    နောင်အချိန် ပညာရှိကဝိ အကျော်တစ်ဦးရဲ့ အန်းတိတ် ရည်းစားစာဆိုပြီး
    လေလံတင်ရောင်းမယ်ဗျာ။ ရောင်းရငွေကိုတော့ အချိုးကျလေးပေါ့နော်။

    • mobile (mandalay)

      December 18, 2012 at 9:39 pm

      $ 100 ပေးမယ်ဗျို့
      :harr:

    • မဟာရာဇာ အံစာတုံး

      December 18, 2012 at 10:06 pm

      ဦးခင်ခကြီးကတော့ နောက်ပြီ …
      နောက်နောက် မနောက်နောက်
      တဂယ်ဂျီး သိမ်းထားလိုက်တော့မယ် …
      ကျုပ် အဖိုးဂျီး ဖြစ်ဒဲ့ အခါကျရင်
      ဦးခင်ခ ပြောသလို လေလံတင် ရောင်းပလိုက်မယ် ..
      အိုက်ဒါ ကောင်းဘူးလား …

      • ခင်ခ

        December 19, 2012 at 12:52 pm

        အကောင်းလည်း အကြံပေးရသေးတယ် နောက်တယ်လေးဘာလေးနဲ့
        စိတ်မဆိုးတတ်တော့ လဘက်ရည်ဝယ်တိုက်ခိုင်း ပလိုက်မှာ ဒါဘဲ။

  • လုံမလေးမွန်မွန်

    December 18, 2012 at 11:25 pm

    ကအံစာရေ..
    ကျုပ်တော့ ညည်းကဗျာဖတ်ပြီး မျက်လုံးထဲမယ့် ကျုပ်ကော်ဖီခွက်ကိုပဲ မြင်လာပါလား..
    ဘာမှတော့ မဆိုင်ဝူးထင်တယ်နော်… :mrgreen:

    • ဆိုင်ဘာဒယ် ….
      ဆိုင်ဘာဒယ် …..
      ဒါပေမယ့် …
      ကော်ဖီကိုသာ ကျုပ် ကဗျာထဲကလို စွဲလမ်းလို့ကတော့
      မြန်မြန် သေမှာဘဲ … ငွင်းးး ငွင်းးး :mrgreen:
      လာအားပေးတာ ကျေးကျေး …

  • pooch

    December 19, 2012 at 12:25 am

    သူငယ်အံတို့များ မတော်လိုက်ရတဲ့ ရည်းစားတွေကို အမြတ်ထုတ်ပြီး ကဗျာတွေ ရေးပြလိုက် အသဲတွေ ကွဲပြလိုက်နဲ့ ။

    အရင်ရော အခုရော နောက်ရော သူ့ဟာက ပြီးမဲ့ပုံမပေါ်ဘူး။ ဘယ်နှစ်ယောက်များ ချိန်ပါဖြစ်ခဲ့တယ် မသိဘူး။ :mrgreen:

    • ဂျီးဒေါ်ပုချ် …

      ဒီကမယ် …
      ဘယ်နှစ်ယောက် ချိန်ပါ ဖြစ်ခဲ့လဲ မမေးပါနဲ့ ..
      မေးတိုင်းလည်း မှန်မှန် ဖြေလိမ့်မယ်တော့ မထင်ပါနဲ့ ….

      ဟော .. မွန်မွန် ကိုပဲ ကြည့် …
      သူက ကိုကိုအံရယ် .. အရင် ဘယ်လောက်ရှိခဲ့လဲ ဆိုပြီး
      ချွဲချွဲနဲ့ အတင်းအကြပ် မေးလို့ ကျုပ်က ကိုယ့်အသက်ထက် ကျော်ဒယ်ဆိုပြီး ဖြေပေးခဲ့တာ ..
      အိုက်ဒါလည်း ဂယ် မမှတ်ပါနဲ့ …. :mrgreen:

      ပြီးတော့ ဂျီးဒေါ်ပုချ်ကို ကြောလိုက်ဘာအုံးမယ် …
      သူညား လုပ်စားနေတဲ့ ခွင်ကို မနာလို မချိဘာနဲ့ …
      အိုက်ဒါ ..
      နာ့ဂို ကြောချင်ဒဲ့လူဒွေ မှတ်ကရော … ငွင်းး ငွင်းးး :mrgreen:

    • ခိုင်ဇာ

      December 19, 2012 at 7:42 am

      ခြောက်မျက်နှာဆိုတော့ တစ်ခါ ချိန် ၆ ယောက်နဲ့ တစ်ခါ သူများနောက်ပါသွားတာလည်း ၆ ယောက်ပဲ နေမှာ။
      ဒါနဲ့ ဒီစာ/ကဗျာ ကရော “သူမ” က မဖတ်ဖြစ်လိုက်ဘူးထင့်။ :harr:


      • ” ….
        ချစ်သူရဲ့ အပြုံးတွေက
        အမုန်နွေအဖြစ်
        ပြောင်းလဲသွားခဲ့ချိန်ကစလို့
        ဝေဒနာ ဒဏ်ချက်တွေနဲ့
        နှလုံးသားငယ် တစ်ခုဟာ
        ရင်တွင်းလှိုင်း ကဗျာရိုင်းတွေကို
        ပေါက်ဖွားစေတတ်ခဲ့တယ်လေ …..
        ဒါနဲ့ပဲ .. “သူမ မဖတ်ခဲ့သော ကဗျာများ” ဟာ
        ဒီကမ္ဘာပေါ်မှာ ရှင်သန်လာခဲ့ရတယ် …….။
        …….”

        မျက်နှာခြောက်ဖက်မရှိတဲ့ ….
        တကယ် ရင်နဲ့ ချစ်တတ်ခဲ့တဲ့ …..
        ခပ်ချာချာ ….
        မောင်ရွာ

        • ခိုင်ဇာ

          December 19, 2012 at 8:29 am

          “သူမ” က လည်း မဖတ်ဖြစ်ခဲ့လို့နေမှာ ပါ။
          ဖတ်ဖြစ်ရင် ညည်း စကားလုံးတွေက ကြွေစင် တွေပါအေ။
          တကယ် ရင် ထဲက ထွက်လာမှန်းသိသာပါတယ် ဟဲ့။

          :hee:

        • ဘဲဥ

          December 19, 2012 at 10:36 am

          ဟေ့… ဒို့ဂိုပေါဒါလားလို့[♥]

          _________________________
          I added cool smileys to this message… if you don’t see them go to: http://s.exps.me

        • မဟာရာဇာ အံစာတုံး

          December 19, 2012 at 11:03 am

          ဒီဘဲဥမ ကတော့လေ …
          မသိချင်ယောင် ဆောင်နေဒါလည်း မရဘူး .. :mrgreen:

          ညည်းလို တောင်မဂို
          နာဂ စိတ်ကူးထဲတောင် ချိဘူးအေ့ …
          ကိုင်း .. ဂလောက်ဆို သိဒေါ့ …
          ဒါဗျဲ …. ငွင်းး ငွင်းး

        • ဘဲဥ

          December 19, 2012 at 11:18 am

          ညည်း နည်းနည်းဒေါ့ ရင်ခုန်သံမြန်တွားဒယ်မို့လား
          အချင်းချင်းဒွေဘဲအေ နည်းနည်းဒေါ့ စဉ်းဇားပေးဇမ်းဘာအေ့

  • ဦးကြောင်ကြီး

    December 19, 2012 at 11:52 am

    ရည်းဇားစာ
    ပြီးသွားတာ
    ချီးငှားကာ
    လှီးစားညာ
    ဇီးနွားရှာ
    မီးဖွားလာ
    ကြီးပွားမှာ
    အနီးနားပါ..

Leave a Reply