ကံကံ၏အကျိုးနှင့်ဝဋ်ဆိုတာ

Yin Nyine NwayJuly 17, 20101min1061

ဝဋ်ဆိုတာလည်တတ်တယ်ဆိုတာလက်ခံပါသလား။ တနေ ့တနေ ့ကိုယ်လုပ်ခဲ့တဲ့
အလုပ်တွေထဲမှာ သူတပါးပေါ် မကောင်းကြံမိခဲ့တာလေးတွေ သိလို ့ပဲဖြစ်စေ၊
မသိလိုက်ပဲဖြစ်စေရှိနေတတ်ပါတယ်။ ကာယကံ၊ ဝီစီကံ၊ မနောကံဆိုတဲ့
ကံသုံးပါးမှာ မနောကံမြောက် ကာယကံနဲ ့၊ မနောကံမြောက် ဝီစီကံတို
့ဟာကြောက်ဖို ့အကောင်းဆုံးပါ။ ဒါကြောင့်အမှုတမှု
ကိုဆုံးဖြတ်တော့မယ်ဆိုရင်တောင် ကြိုတင်ကြံစည်မှုဆိုတာ
ပိုပြီးကြီးလေးတတ်ပါတယ်။ ပြောချင်တာကတော့ ဘယ်အမှုကိုပဲ ပြုပြုပါ။
စိတ်ပါလက်ပါနဲ ့ သူတပါးကိုမကောင်းမကြံမိပါစေနဲ ့။ သိပ်ကြောက်ဖို ့
ကောင်းပါတယ်။

ကံဆိုတာအလုပ်ပါ ကိုပြုခဲ့တဲ့ အလုပ်ပေါ်မူတည်ပြီး တချိန်ကိုပဲပြန်ခံစား၊
စံစားရမှာပါ။ အဲ့တော့ ကိုဘယ်လမ်း လျောက်ခဲ့လဲ ကိုယ်လျောက်ခဲ့တဲ့လမ်းကို
ပဲရောက်မှာပါ။ ဒါက နိယာမတခုပါပဲဆိုတာမမေ့ဖို ့လိုပါတယ်။
လူပေါ်လူဇော်လုပ်ပြီး ကိုယ်ကကောင်းစားသွားတော့ကော ကိုယ်၏ချမ်းသာခြင်းတော့
ပြည့်စုံမယ်၊ စိတ်၏ချမ်းသာခြင်း မပြည့်စုံဘူးဆို တာသင်တို ့လက်ခံလား။

တူသောအကျိုးပေးဆိုတာ မြင်တတ်ရင်တွေ ့ပါတယ်။ ကိုယ်တွေ ့ကော၊
ပတ်ဝန်းကျင်မှာပါ ရှိနေတာပါ။ ယုတ်စွအဆုံး တိရိစာ္ဆန် လေးတွေအပေါ်မှာ
မတရားလုပ်မိခဲ့ရင်တောင် ဝဋ်လိုက်တတ်ပါတယ်။ ငယ်ငယ်က အဖိုးတွေအဖွားတွေ
ပြောနေတဲ့ စကားတခွန်းပေါ့။ အယ်ဒီကောင်လေးတော့ ဝဋ်လိုက်တော့မှာပဲဆိုတာလေ။
ဝဋ်မှာအမြဲ ငရဲမှာအပပါ။ ငရဲ ဆိုတာ ကိုယ်ပြုခဲ့ တဲ့ ကုသိုလ်အဟုန်ကြီးနေရင်
တောင်လွတ်နိုင်ပါသေးတယ်။ ကျော်သွားနိုင်ပါသေးတယ်။ ဝဋ်ဆိုတာတော့ မိမိ
သံသရာတလျောက် နိဗ္ဗာန် မရောက်ခင်စပ်ကြား အကြားအလပ်မရှိ လိုက်လာတတ်တာပါ။

တန်ခိုးတော်အရာမှာ ဧတဒဂ် ဘွဲ ့ရတော်မူထားတဲ့ ရှင်မောဂ္ဂလန်
ရဟနာ္တကိုယ်တော်မြတ်ကြီးတောင် ဝဋ်ကိုမကျော်နိုင်သွားပါဘူး။ ပရိနိဗ္ဗာန်
စံခါနီး ဒိဌိ တွေလွှတ်လိုက်တဲ ့ လူမိုက်ငါးရာရဲ့ ရိုက်နှက်မှုနဲ
ပရိနိဗ္ဗာန် ပြုခဲ့ရတာပါ။ တန်ခိုးတော်နဲ ့ဒီဟာကို ရှောင်လွှဲလို ့ရရဲ့သားနဲ
့ ပြုခဲ့ဖူးတဲ့ အမူကိုဆင်ခြင်ပြီး ဒီဝဋ် ကိုပြန်လည်ပေးဆပ်ခဲ့ တာပါ။
အတိတ်ဘဝတခုတုန်း က မယားရဲ့ အလိုဆန္ဒကိုလိုက်ကာ မျက်မမြင် မိခင်ဖခင်တို
့ကို တောထဲခေါ်ကာ ခိုးသားကြီးယောင်ဆောင်ပြီး ရိုက်နှက်ခဲ့ ဖူးတဲ့
အတိတ်ဝဋ်ကြွေးကြောင့်ပါ။

ဝဋ်ကြွေးကို မြတ်ဗုဒ္ဓ ဘုရားရှင်တောင် ရှောင်လွှဲလို ့မရခဲ့ပါဘူး။
တခုသောဘဝတွင် ညီငယ်နှင့်စည်းစိမ် ခွဲရာတွင် ခိုင်ရန်ဖြစ်ပွားပြီး
ညီငယ်အား ကျောက်ဖြင့် ထုသတ်ခဲ့ဖူးသောအတိတ်ကံ၊ ပစ္စေကဗုဒ္ဓာ အား
ကလေးဘဝတခုတွင် ခြေမတော်ကို ကျောက်ဖြင့်အပျာ်သဘော ပြစ်ခတ်ခဲ့
ဖူးတဲ့အတိတ်ကံ၊ ပဒေသရာဇ်မင်း ဘဝတခုတွင် လူယုတ်မာနှင့် ပေါင်းမိသဖြင့်
အပြစ်မရှိသူအား ဓါးဖြင့်ခွဲစိတ်ခဲ့ဖူးတဲ့ အတိတ်ကံ တို ့ကြောင့်
ဗုဒ္ဓဘုရားရှင်ဖြစ်တော်မူသောအခါ ဒေဝဒတ် ၏ကျောက်မောင်းဆင် လုပ်ကြံမှု
ကိုခံရခြင်း၊ ထိုမှကျောက်လွှာတခု ပဲ့စင်၍ ခြေမတော်၌ သွေးစိမ်း တည်ခြင်း၊
၎င်းဒါဏ်ရာ ကိုဆေးဆရာ ဇိဝက က ဓါးဖြင့်ခွဲစိပ် ကုသ တာကို ခံရခြင်း
စတဲ့ဝဋ်ကြွေးတွေကို အစဉ်လိုက ်ပြန်လည် ပေးဆပ်ရပါတယ်။

ဒါကြောင့်ကျတော်တို ့လိုပုတုဇဉ်များအတွက်တော့ အထူးသတိထားစရာပါ။ ဝဋ်ဆိုတာ
သူကတော့ ရဟနာ္တ၊ သူကတော့ ဘုရားရှင်ဖြစ်တယ်ဆိုပြီး မျက်နှာလိုက်ရိုးထုံးစံ
မရှိပါ။ ဒါကြောင့် မိမိပြုခဲ့ဖူးတဲ့ အလုပ်တွေကို အထူးဆင်ခြင်သင့်ပါတယ်။
ငါသူ ့ကိုတခုလုပ်ထားတယ် တနေ ့ငါ့လဲ ငါလုပ်ထားသလိုပြန်ဖြစ်မှာပါလား

ဆိုတဲ့
သတိသံဝေဂ အမြဲရှိနေဖို ့လိုပါလိမ့်မယ်။ လုပ်ရဲရင်ခံရဲ
ရမယ့်သတ္တိတော့လိုမှာပေါ့ဗျာ။ အလှည့်ကျတော့ မနွဲ ့စတမ်းပေါ့။
အဲ့လိုစိတ်မျိုးလေးထားလို ့ အရာရာကိုဆင်ခြင်နိုင်ရင်တော့
အကောင်းဆုံးပေါ့။

ဒီဘဝတော့ ငါကောင်းစားရင်ပြီးတာပဲ နောက်ဘဝမှ အကုန်ခံမယ်ဆိုတဲ့
လူစားမျိုးတွေလဲသတိထားစေချင်ပါတယ်။ တချို ့က အခုဖြစ်မှာမှမဟုတ်တာ
ပျော်ပျော်နေတယ်ဘာဖြစ်လဲ ဆိုတဲ့ လူတန်းစားကလဲ တမျိုးရှိကြပြန်ပါသေးတယ်။
အထူးသတိထားစေချင်ပါတယ်။ အဲ့လိုလူမျိုးတွေ အသေမကောင်းကြပါဘူး။ ဘဝနီဂုံး
တွေကိုကြည့်လိုက်ရင် မလှပကြပါဘူး။ မျက်စိရှေ့မှာတင် ဝဋ်လည်တယ်ဆိုတာ
ဒါမျိုးတွေကို ပြောတာပါ။ မိတ်ဆွေတို ့ကြုံဖူး ကြားဖူးကြ မှာပါ။ ဒါတွေကို
မြင်တတ်အောင် ကြည့်သင့်ပါတယ်။ ဥပမာယူသင့်ပါတယ်။ ဘာလုပ်လုပ် သူ
့နေရာမှာငါသာဆိုရင် ဆိုတဲ့ စိတ်ကိုအမြဲမွေးသင့်ပါတယ်။ ဒါမှလဲလောကကြီးမှာ
ဗြဟ္မစိုရ် ၄ပါး ဖြစ်တဲ ့ မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာ တို ့ထွန်းကားပြီး
သာယာပြည့်စုံ မှာဖြစ်ပါတယ်။

တရားထူးမရလို ့ အရိယာယ် ပုဂိ္ဂုလ် မဖြစ်နိုင်သေးရင်တောင်
သူတော်ကောင်းတရားလေးတွေ ပွားများနိုင်ဖို ့လိုပါတယ်။ ဒါမှသာ
ရောက်ရာဘဝတိုင်းမှာ ပါရမီ တဖြည်းဖြည်းဖြည့်နေရာရောက်ပါမယ်။ အဲ့ကတဆင့်
ပါရမီပြည့် လို ့ကိုကလဲ ကျင့်ကြံနိုင်မယ်ဆို အရိယာယ်
ပုဂိ္ဂုလ်တောင်ဖြစ်နိုင်ပါသေးတယ်။ ဒါကြောင့် ကံကံ၏ အကျိုးကိုလဲ ယုံ၊
ဝဋ်ဆိုတာလည် တတ်တဲ့သဘောတရားရှိ တယ်ဆိုတာလက်ခံတဲ့ လူကောင်းလူမွန်
လူသူတော်ကောင်းများဖြစ်စေခြင်ကြောင်းပါ။>>>>>L>>>L

One comment

  • jjqqyy

    July 17, 2010 at 9:54 am

    ဟုတ်ပါတယ်။ ဝဋ်ဆိုတာ လည်တတ်တယ်။
    မနောကံမြောက် ကာယကံနှင့် မနောကံမြောက် ဝစီကံ ဆိုတာထက် ကံသုံးပါးမှာ အသီးသီးစီ ကြီးလေးတဲ့ အပြစ်တွေ ရှိကြတယ်။
    ကာယကံမှာ ဘုရား၊ ရဟန္တာကို သတ်ရင် ကာယကံကကြီးတယ်။
    ဝစီကံမှာ ဘုရားလောင်းဟာ ပါရမီဖြည့်စဉ်ကာလအတွင်း မကျူးလွန်ခဲ့လို့ ကြီးလေးတဲ့ကံအဖြစ်သတ်မှတ်နိုင်တယ်။
    မနောကံမှာ မိစ္ဆာဒိဋ္ဌိ အယူကို ယူမိရင် မနောကံက ကြီးလေးတယ်။

Leave a Reply