လည်လည်ထွက်ရင်း ငါးစာကျွေးကြရအောင် …..

etoneDecember 18, 20123min16631
အရင်ကလို အလုယှက်ဈေးလိုက်ရောင်းတဲ့ ကလေးတွေမရှိတော့ စိတ်ချမ်းချမ်းသာသာနဲ့ အခုလို ငါးစာကျွေးလို့ရတယ် ။
အရင်ကလို အလုယှက်ဈေးလိုက်ရောင်းတဲ့ ကလေးတွေမရှိတော့ စိတ်ချမ်းချမ်းသာသာနဲ့ အခုလို ငါးစာကျွေးလို့ရတယ် ။

 

မြေနီလမ်းကနေ ကွန်ကရစ်လမ်းအဖြစ်ပြောင်းထားတဲ့ အပြင် ၊ သစ်ပင်လေးတွေပါ စိုက်ထားလို့ ၊ အရင်ကအတော်လေး လမ်းလျှောက်လို့ အဆင်ပြေသွားတယ် ။
မြေနီလမ်းကနေ ကွန်ကရစ်လမ်းအဖြစ်ပြောင်းထားတဲ့ အပြင် ၊ သစ်ပင်လေးတွေပါ စိုက်ထားလို့ ၊ အရင်ကထက်အတော်လေး လမ်းလျှောက်လို့ အဆင်ပြေသွားတယ် ။

 

 

ပြန်ပြုပြင်ထားတဲ့ အုတ်လှေခါးက ကျယ်လည်းပိုကျယ်သွားသလို ၊ ခိုင်ခိုင်ခံ့ခံ့လည်းရှိလို့ ပိုလို့အဆင်ပြေလှပါတယ် ။
ပြန်ပြုပြင်ထားတဲ့ ကွန်ကရစ်လှခါးက ကျယ်လည်းပိုကျယ်သွားသလို ၊ ခိုင်ခိုင်ခံ့ခံ့လည်းရှိလို့ ပိုလို့အဆင်ပြေလှပါတယ် ။
အခုပေါင်မုန့်ရောင်းတဲ့ ဆိုင်လေးဆိုင် ရှိပေမယ့် ၊ ဘယ်ဆိုင်ကဝယ်ဝယ် ... အတူတူပါပဲတဲ့ ... ဘုရားက ဝန်ထမ်းတွေကို ပြန်ခန့်ပြီး ရောင်းနေတာကြောင့်ပါ ။
အခုပေါင်မုန့်ရောင်းတဲ့ ဆိုင်လေးဆိုင် ရှိပေမယ့် ၊ ဘယ်ဆိုင်ကဝယ်ဝယ် … အတူတူပါပဲတဲ့ … ဘုရားက ဝန်ထမ်းတွေကို ပြန်ခန့်ပြီး ရောင်းနေတာကြောင့်ပါ ။ ပေါင်မုန့်တွေကလည်း လတ်လတ်ဆတ်ဆတ်ပါပဲ ။
ငါးစာကျွေးမယ့် ပေါင်မုန့်က အရင်ကလို မဲခြောက်နေတာမျိုးမဟုတ်တော့တဲ့အပြင် ၊ အစာကျွေးသူတွေ သယ်ရလွယ်အောင် စကာလေးတွေနဲ့ ထည့်သယ်ဖို့ စီစဉ်ပေးထားပါတယ် ။
ငါးစာကျွေးမယ့် ပေါင်မုန့်က အရင်ကလို မဲခြောက်နေတာမျိုးမဟုတ်တော့တဲ့အပြင် ၊ အစာကျွေးသူတွေ သယ်ရလွယ်အောင် စကာလေးတွေနဲ့ ထည့်သယ်ဖို့ စီစဉ်ပေးထားပါတယ် ။

 

အရင်ကတော့ ကြိုက်ရာယူလာကျွေးနိုင်ပါတယ် ။ အခုလို ကန့်သတ်လိုက်တဲ့အတွက် ၊တွေ့ကရာ အစာ ချလို့မရတဲ့အခါ ၊ ပတ်ဝန်းကျင်နဲ့ ရေပြင်ညစ်ညမ်းမှု အတော်လေး သက်သာသွားတယ် ။
အရင်ကတော့ ကြိုက်ရာယူလာကျွေးနိုင်ပါတယ် ။ အခုလို ကန့်သတ်လိုက်တဲ့အတွက် ၊တွေ့ကရာ အစာ ချလို့မရတဲ့အခါ ၊ ပတ်ဝန်းကျင်နဲ့ ရေပြင်ညစ်ညမ်းမှု အတော်လေး သက်သာသွားတယ် ။

 

ငါးခူတွေ ၊ ငါးကျီးတွေ နဲ့ ငါးကြင်းတွေ ငါးမြစ်ချင်းတွေ အစာလုစားတဲ့အခါ ပါးစပ်ပေါက်ကျယ်တဲ့ကောင်တွေက ပိုစားရပါတယ် ။
ငါးခူတွေ ၊ ငါးကျီးတွေ နဲ့ ငါးကြင်းတွေ ငါးမြစ်ချင်းတွေ အစာလုစားတဲ့အခါ ပါးစပ်ပေါက်ကျယ်တဲ့ကောင်တွေက ပိုစားရပါတယ် ။

 

အကောင်ရေ များလွန်းတော့ ၊ အစာကို လုစားကြရပါတယ် ။
အကောင်ရေ များလွန်းတော့ ၊ အစာကို လုစားကြရပါတယ် ။

 

စိမ်းစိမ်းစိုစိုရေပြင်ကိုကြည့်ပြီး ၊ တဝကြီး အသက်ရှုလိုက်ရတဲ့ ဖီလင်ကလည်း တမျိုးလေးပဲ ။
စိမ်းစိမ်းစိုစိုရေပြင်ကိုကြည့်ပြီး ၊ တဝကြီး အသက်ရှုလိုက်ရတဲ့ ဖီလင်ကလည်း တမျိုးလေးပဲ ။

 

သဂျီးနဲ့ တကွ ရွာသူ၊ရွာသား … မင်္ဂလာပါနော် ။ နှစ်ကုန်ခါနီး အချိန် ၊အလုပ်တွေ နှစ်ဆ၊ သုံးဆ တိုးလုပ်နေရတာကြောင့် အရင်ကလို ရွာရိုးကိုးပေါက်ခြေကျင်မလျှောက်နိုင်ခဲ့ပါဘူး ။ တစ်ချို့ပို့စ်လေးတွေ အရမ်းကောင်းပေမယ့် ကော့မန့် မပေးနိုင်ခဲ့တာလည်း အားနာမိပါတယ် ။ လတ်တလောမှာ ရွာပြင်ကတောင်ရစ်သီ ရစ်သီမလုပ်နိုင်တဲ့ နေ့တွေမျိုးလည်းရှိနေပါသေးတယ် ။ကျွန်မအခုလို နေ့စဉ်နေ့တိုင်း အလူးအလဲ ရုန်းကန်ရင်း အလုပ်လုပ်ရတဲ့အခါ ၊ စိတ်ဖိစီးမှုတွေ ၊ စိတ်အလိုမကျမှုတွေ ကြီးစိုးလာခဲ့ပြီး စိတ်မကျန်းမာတဲ့ အနေထားမျိုးရင်ဆိုင်ခဲ့ရပါတယ် ။ လက်လုပ်လက်စား အခြေခံ လူတန်းစား ဘဝမို့ ၊ သင့်တော်ရာနေရာမှာ ၊ သင့်တော်တဲ့ အလုပ်လုပ်ရတာ ၊ ငြင်းဆန်ရွေးချယ်ခွင့်မရှိတဲ့ အနေထားမျိုးပါ ။ ဒါကြောင့်လည်း လူကြီးမိဘတွေကို ကန်တော့လို့ ဆုပေးတဲ့အခါ ပြောလေ့ပြောထရှိတဲ့ ဆုတောင်းစကားလေးအတိုင်း စိတ်ဧ။် ကျန်းမာခြင်းတို့နဲ့ ပြည့်စုံဖို့ မျှော်လင့်ခဲ့မိပေမယ့် ၊ လတ်တလောအလုပ်ကပေးတဲ့ stress တွေကြောင့်  depression ဝင်ချင်သလို ဖြစ်နေခဲ့မိတယ် ။ စိတ်ထောင်းလို့ ကိုယ်ကြေဆိုတဲ့ စကားပုံလည်း ရှိခဲ့ဖူးတာကြောင့် ၊ depression ဝင်ပြီး လဲပြိုကာ အရာရာကို ကျရှုံးမသွားခင် ၊ စိတ်ခွန်အားမြင့်တင်ဖို့ နည်းလမ်းရှာရပါတော့တယ် ။ ကြားဖူးနားဝ ရှိခဲ့ဖူးတဲ့ ၊ စိတ်ကျရောဂါဖြေဖျောက်နည်းတွေအတိုင်းလိုက်လုပ်ကြည့်မလား၊ တွေးမိခဲ့ပေမယ့် ၊ စကားများများလည်းမပြောချင် ၊ သီးခြား နေလိုစိတ်ဖြစ်နေချိန်ကြောင့် ၊ ဘယ်နည်းကိုမှ လိုက်မလုပ်ဖြစ်ခဲ့ပါဘူး ။ဒီတိုင်းနေရင်း စိတ်ဖိစီးမှုတွေ အလုံးရင်းတိုးသည်ထက်တိုးလာတဲ့အခါ ပွက်ပွက်ဆူနေတဲ့ ရေနွေးအိုးတစ်အိုးလိုပါပဲ ၊ ဘယ်နေရာရောက်ရောက် ၊ ဘာကိုပဲလုပ်လုပ် ဒေါသခိုးတွေ တထောင်းထောင်းနဲ့ပါ ။ ကိုယ့်ဒေါသနဲ့ကိုယ် ပူလောင်ရတာကြောင့် ၊ ဘုရားသွားပြီး ၊ ပုတီးစိပ် တရားထိုင်ရင်း ၊ တက္ကသိုလ်တက်စဉ်ကတည်းက သွားလေ့သွားထရှိတဲ့ နေရာလေးကို ပြန်လည်အမှတ်ရမိကာ ၊ ခဏတာရောက်ဖြစ်ခဲ့ပါတော့တယ် ။

ထိုနေရာလေးကတော့ ၊ ကမာ္ဘအေးဘုရားဝင်း၊ သိမ်တော်ကြီး အနောက်မှာရှိတဲ့ ငါးကန်ပါပဲ ……. ။  သိပြီးသား ၊ ရောက်ဖူးပြီးသား လူတွေရှိပေမယ့် တချို့တွေ ရန်ကုန်မှာ နေပါလျှက် ဒီနေရာလေးကို မသိတဲ့ လူတွေလည်း ရှိကြတာကြောင့် ….. ခဏတာ မွမ်းကြပ်မှုတွေကို ပြေလျော့ဖို့ ပို့စ်ဖတ်ပြီး ပုံတွေကြည့်ရင်း ၊ ကျွန်မနဲ့အတူ ငါးကန်လေးကို  လည်ပတ်ကြရအောင် ဖိတ်ခေါ်လိုက်ပါတယ် ။

လွန်ခဲ့တဲ့ ဆယ်နှစ်လောက်ကတည်းက မွမ်းကြပ်မှုတွေ စိတ်ထဲရှိလာတိုင်း ငါးစာ သွားကျွေးတတ်တဲ့ အကျင့်မျိုး စွဲကပ်ခဲ့ပါတယ် ။ ချသမျှ အလေလွင့်မဖြစ်ပဲ ၊ လုစားကြတဲ့ ငါးတွေကို ကြည့်ရင်း အားရမိတာကြောင့်ရယ် ၊ အစာစားရဖို့ ရုန်းကန်ကူးခတ်နေတဲ့ သူတို့ အားစိုတ်ထုတ်မှုကို သဘောကျတာရယ် ၊ လူမြင်သာအောင် ရေပေါ်ထိတက်ပြီး ပါးစပ်ဟပြတဲ့ ပရိယာရ်ရယ်ကို သဘောကျမိလို့ပါပဲ။ ပါးစပ်ဟပြီး အစာတောင်းတဲ့ ငါးအုပ်က ပစ်ချလိုက်သမျှ အစာကို စက္ကန့်ပိုင်းအတွင်း အပြောင်စားကြတဲ့အခါ ၊ အစာကျွေးရတဲ့ လူက ပီတိဖြစ်ရပါတယ် ။ ဘယ်လောက်ကျွေးကျွေး ချသမျှအစာအကုန်အားပေးတဲ့ ငါးအုပ်ကတော့ ဝတယ်လို့ မရှိပါဘူး ။ အရင်ကတော့ ၊ ငါးစာအနေနဲ့ သတ်သတ်မှတ်မှတ်မရှိပဲ ၊ ပေါင်မုန့်နဲ့ ရောင်စုံဝေဖာချောင်းတွေကို ဆိုင်လေးငါးဆိုင်ခင်းပြီး ၊ ရောင်းချခဲ့ပါတယ် ။ သူ့ထက်ငါ ရောင်းအားတက်ချင်စိတ်ကြောင့် ၊ နယ်ဘက် ၊ တောဘက်မှ နွမ်းပါးသူ(မူလတန်းအရွယ်)ကလေးတွေကို လုပ်ခလစာနည်းနည်းပေးပြီး အပြိုင်ဆိုင် ရောင်းချစေခဲ့ပါတယ် ။ ကလေးတိုင်းလိုလို ကျောင်းနေခွင့်မရပဲ ၊ နေ့စဉ်နေ့တိုင်း ငါးစာရောင်းကြရပါတယ် ။ အမှတ်မထင် အင်တာဗျူးခဲ့စဉ်က ၊ မျက်လုံး အဝိုင်းသား တအံ့တဩအမူယာနဲ့ ပညာသင်တယ်ဆိုတဲ့ ကိစ္စ ဘာမှန်းတောင် မသိရှာတဲ့ သူတို့လေးတွေရဲ့ဘဝ တစိတ်တပိုင်းကို သိခွင့်ရခဲ့ပါတယ် ။ မနက်ငါးနာရီခန် ့အိပ်ရာမှ ထကြရပြီး ၊ ညနေငါးနာရီခွဲခြောက်နာရီအထိ ၊ ငါးကန်ဘေးမှာသာ ငါးစာရောင်းရပါတယ် ။တနေ့ကို သတ်မှတ်နှုန်းထားအတိုင်း မကုန်ကုန်အောင် မဖြစ်မနေရောင်းပေးရပေမယ့် ၊ လူအလာနည်းတဲ့ မိုးတွင်းကာလတွေမှာ အရောင်းထိုင်းလို့ အဆူခံရကြောင်းလည်းပြောပြကြရှာတယ် ။  လုပ်ခ လစာ အနေဖြင့် တစ်လလျှင်တစ်ဦး 8000ကျပ်(ရှစ်ထောင်ကျပ်)ရပြီး ၊ တစ်နေ့ ထမင်းသုံးနပ်ကျွေးပါသတဲ့ ။ စာမတတ်ပေမယ့် ပိုက်ဆံတော့တွက်တတ်ကြောင်းလည်း သိခွင့်ရခဲ့ပါတယ် ။ အရင်ကတော့ ၊ နားပူနားဆာလုပ်ရင်း ငါးစာအတင်းရောင်းတဲ့ ကလေးတွေကို အနားကပ်လာရင် ဟောက်လွှတ်တတ်ပေမယ့် ၊ သူတို့ဘဝတစိတ်တပိုင်း သိခဲ့ပြီး ချိန်မှာ ၊ မဖြစ်မနေရောင်းရဖို့အတွက် ကြိုးစားကြတယ်လို့ ဖြည့်တွေးပြီး သနားမိပြန်တယ် ။ ကလေးတွေကို ထမင်းသုံး နပ်သာ ကျွေးထားပေမယ့် တကိုယ်ရည်သန့် ရှင်းမှုအပိုင်းမှာ အားနည်းလို့ သူတို့ကိုယ်တွေမှာ အနာတွေရှိပြီး ၊ ခေါင်းလည်း စုတ်ဖွား ၊ လက်သည်းကြေးတွေနဲ့ ၊ အမြဲချွေးနံ့နံနေတတ်တယ် ။ တဂျီဂျီနဲ့ ငါးစာရောင်းဖို့ အနားကပ်မှာလည်းကြောက်တာကြောင့် အရင်အခေါက်တွေတုန်းက ငါးကန်သွားတိုင်းအပြင်ကပဲ ခပ်များများ ဝယ်သွားဖြစ်ခဲ့တယ် ။ အခုနောက်ပိုင်းတော့ ပြင်ပက အစာတွေယူသွားလို ့မရတဲ့ အပြင် ငါးစာရောင်းသူတွေက ဘုရားမှာအလုပ်လုပ်တဲ့ ဝန်ထမ်းတွေဖြစ်တာကြောင့် ဘယ်ဆိုင်ဝယ်ဝယ် ကြိုက်သလို ဝယ်လို့ရတာကြောင့် အဆင်ပြေလှပါတယ် ။

ငါးကန်မရောက်တာ လေးငါးလလောက်ရှိပြီး …. ဒီတခေါက်ငါးကန်ရောက်တော့ အရာရာက ဆန်းသစ်နေသလိုပါပဲ ။ ယခင်က မညီမညာမြေနီလမ်းနေရာမှာ ကွန်ကရစ်လမ်း နဲ့ သစ်ပင်စိမ်းစိမ်းစိုစိုနဲ့ သပ်ရပ်နေပါတယ် ။ လှေခါးကိုလည်း ယခင်ထက် အများကြီး ပိုကျယ်ထားတဲ့ အပြင် ခပ်ပြေပြေ လှေခါးထစ်လေးတွေလုပ်ထားတာကြောင့် သက်ကြီးရွယ်အိုတွေအတွက်တက်ဆင်းရလွယ်ကူစေပါတယ် ။ အစာကျွေးတဲ့ နေရာလေးမှာလည်း ယခင်က လူလမ်းလျှောက်လျှင်တောင် ယိမ်းချင်နေတဲ့ ခလော်နီ ခလော်နဲ့ သစ်သားကြမ်းခင်းတွေအစား ၊ တောင့်တင်းခိုင်ခံတဲ့ သစ်တွေတန်းတွေထိုးခင်းပေးထားတာ သွားလာရအတော်လေး အဆင်ပြေစေပါတယ် ။ ကွန်ကရစ်လှေခါးရဲ့ ဝဲယာမှာတော့ ၊ အမှိုက်ပုံးတွေ ထားပေးထားပေမယ့် ၊ အချို့သော အသိတရားခေါင်းပါးသူတွေက အမှိုက်တွေ ပြီးစလွယ်ပစ်ချကြတာမျိုး အမှိုက်ပုံးမဖွင့်ပဲ အဖုံးပေါ်တင်သွားတာမျိုးတွေ ရှိနေပါသေးတယ် ။ အရင်အချိန် ကျွေးချင်ရာကျွေးခွင့်ရှိတုန်းက ငါးစာထုတ်လာတဲ့ပလက်စတစ်အိတ်တွေ ပလူပျံနေတာထက်စာလျှင်တော့ အများကြီးတော်သေးတယ် ဆိုရမယ် ။ ဘယ်သူပစ်ပစ်မပစ်ပစ် ၊ အခုလို အမှိုက်ပုံးတွေ ချထားပေးတော့ …. လူတွေရဲ့စိတ်ဓါတ်နဲ ့ လုပ်လေ့လုပ်ထအကျင့်တွေလည်း ၊  နောက်ပိုင်း တဆင့်ချင်းဆီ ပြောင်းလဲကောင်း ပြောင်းလဲ လာပါလိမ့်မယ် … ။

ငါးကန်နဲ့ အနီးတဝိုက်က အခြေနေတွေ ပြောင်းလဲရုံတင်မကပဲ …ငါးကန်အနီးမှာပြောင်းလဲ လာတဲ့ နေရာတစ်ခုလည်း ရှိပါသေးတယ် ။ အိမ်သာပါပဲ ။ :mrgreen:  နေရာစုံရောက်တိုင်း အိမ်သာတွေကို သတိထားမိတတ်တဲ့ ကျွန်မအကျင့်ကြောင့် ၊ အသစ်စက်စက် အိမ်သာလေးထဲ အလည်ပတ်ရောက်ခဲ့ပြန်တော့ ၊ အနံ ့သက်ကင်းပြီး ၊ သန့် ရှင်းနေတာကိုလည်း တွေ့ခဲ့ရပြန်ပါတယ် ။

ကဲ … ရွာသူ ၊ ရွာသားတို့ရေ …. ငါးကန်လည်း ရောက်ပြီးပြီ ၊ငါးစာလည်းကျွေးပြီးပြီဆိုတော့ …. ပြန်ကြတာပေါ့နော် … အိမ်သာကိုပါ ဆက်လေ့လာချင်တယ်ဆိုတဲ့ လူကတော့ ၊ အိမ်သာဝင်ကြေးပေးပြီး လေ့လာရင်းနေခဲ့ကြပါတော့ ….. ကျွန်မတော့အလုပ်ပြန်သွားပြီး တောက်တိုမယ်ရပြန်လုပ်လိုက်ပါဦးမယ် ။ အားလုံးပဲ .. စီးယူ တနေ့နေ့ပါ … ။   😆

 

 

 

 

 

 

 

31 comments

  • ko ဝီစကီ

    December 18, 2012 at 5:17 pm

    ဖတ်နေရင်းနဲ့ ဗိုက်ဆာနေတာ အဲ့ပေါင်မုန့်တွေမြင်တော့ပိုတောင်ဆာသွားတယ် 🙂
    တစ်ရက်မှ အဲ့နေရာကို ငါးသွားဖမ်း .. အဲ့လေ ငါးစာသွားကျွေးအုန်းမယ် :mrgreen:

  • မောင့်ကျက်သရေ ဂီ့

    December 18, 2012 at 5:28 pm

    ကျက်သရေရှိလိုက်ပါဘိ တုန်စိန်ရယ်

    :harr:

  • နွယ်ပင်

    December 18, 2012 at 5:32 pm

    တစ်ခါမှ မသွားဖူးဘူး အခုလို ပြောပြပေးတဲံ အတွက်
    သွားစရာနေရာ တစ်ခုရသွားတာပေါ့ ကျေးဇူးပါ အိတုန်းရေ …

  • Mobile

    December 18, 2012 at 6:07 pm

    ၅ ၄ တွေအစား သာဓုပါဗျာ။
    ဖတ်ရှု့အားပေးသွားပါကြောင်းဗျာ။

  • ဗုံဗုံ

    December 18, 2012 at 6:29 pm

    စိမ်းစို အေးချမ်းနေလိုက်တာနော် ငါးတွေကလည်း အများကြီးဘဲ မမအိတုန် ကုသိုလ်တွေ အတွက်သာဓုခေါ်ပါတယ်ရှင် 🙂

  • မအိတုံဂျီးးးး
    ဒီတခါ စိတ်တွေ မွန်းကြပ်လာရင် ..
    ကျုပ်ကို မုန့်တွေ အားဂျီး ဝယ်ကျွေးလှည့်ဘာ ..
    ကျုပ် မုန့်ဒွေဂို အမုန်းကြိတ်နေဒါတွေ့ပြီး ပီတိ ဖြစ်လိုက်ဘာ ..
    ငွင်းးး ငွင်းးး

    နောက်ဒါဘာနော့ ….
    ကျနော်လည်း ရန်ကုန်မှာသာနေသာ အဲ့ဒီနေရာလေးကို မသိဘူး ခင်ဗျ ..
    ကြုံတဲ့အခါ သွားရဦးမယ် ..
    ခုလည်း မအိတုံ ခေါ်လို့ ငါးစာ လိုက်ကျွေးရင်း ကုသိုလ် ယူလိုက်ပါပြီလို့ ..
    ရှဲရှဲ သိုင်းကျူး ……။

  • Mr. MarGa

    December 18, 2012 at 7:37 pm

    အီးတုန်းရေ
    ငါးကန်လေး မြင်တော့ ဘုရာကြီးက ငါးကန် သွား သတိရသကွယ့်
    အဲဒီမှာတော့ အခုလောက် မသန့်သေးဘူး
    အင်းးးးးးးးးးးးးတစ်နေ့နေ့တော့ ဖြစ်လာလောက်ပါတယ်နော်

    • mobile (mandalay)

      December 18, 2012 at 9:11 pm

      ဖြစ်မလာတော့ဝူးးးးးးးးးးတဲ့ဗျာ
      because
      miss.mar ga လာပြီး ငါးမျှားမှာ စိုးလို့တဲ့ဗျာ….
      ခွိ ခွိ ။

  • မောင်ပေ

    December 18, 2012 at 8:53 pm

    စတရက်စ်ဝင်နေတယ်ဆိုတော့
    ဒေါက်တာ့ဆီကနေ နွေးထွေးတဲ့ကုသမှုတွေလိုနေတယ်ဆိုပါတော့
    ဒေါက်တာရေ…. ထူးမခြားနားပတ်ပျိုးနဲ ့ပို ့ဗျာ

  • မင်းနန္ဓာ

    December 18, 2012 at 9:24 pm

    ငါးကန်တစ်ပတ်ပတ်ရင်း ငါးစာလည်း ဝင်ကျွေးသွားပါတယ် မအိတုန်ရေ

  • uncle gyi

    December 18, 2012 at 10:12 pm

    အင်းအတော်ကံကောင်းတဲ့ငါးတွေပဲအိတုန်ရဲ့
    ကိုဖက်တင်ပေးတဲ့ရွာအလှူထဲကကလေးတွေတောင်အဲလိုပေါင်မုန့်မျိုးနေ့တိုင်းစားနိုင်မယ်မထင်
    ပေါင်မုန့်ရောင်းတဲ့ကလေးတွေထဲလူကုန်ကူူးခံရတဲ့ကလေးမပါလို့ဘယ်သူပြောနိုင်မလဲနော်

  • pooch

    December 19, 2012 at 12:14 am

    ပါမုန့်လေးတွေက သန့်ပြီး စားချင်စဖွယ်ပဲ ။ ဒီလောက်ဆို မဆိုးဘူးပြောရတော့မှာ ။ ဘုရားကြီးငါးကန်ကတော့ နည်းနည်းတော့ ညစ်ပတ်နေသေးတယ်။ တနေ့တော့ ဒီလိုလေး သန့်လာမှာပါ။

  • မိုက်ကယ်ဂျော်နီအောင်ပု

    December 19, 2012 at 12:36 am

    ( ရွာရိုးကိုးပေါက် ) ဆိုတာ ဘယ်လိုအဓိပ္ပါယ်ရသလဲသိဘူးနော
    ငါးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးဆိုတာကိုပြောမယ်ဆိုရင်
    ငါးရစ်ဆိုတာလည်းအမှတ်ရမိပါရဲ့ဗျာ
    အဲ့သည်ငါးကန်ကြီးက အခြားချောင်းမြောင်းတွေနဲ့ဘယ်လို ချောင်းပေါက်မြောင်းပေါက်ရှိသလဲသိဘူးဗျာ
    ကုသိုလ်တော့ရကြမှာပါ
    ငါးမျိုးပြုံးတီးမှု့ကိုကာကွယ်ထားတဲ့သဘောကြောင့်ပါ :mrgreen:
    ကြည့်ရတာ လက်ရှိအချိန်မှာ မိုးမရွာတော့ ချောင်းပိတ်မြောင်းပိတ်ဆိုတော့ ကန် လည်းဖြစ်တော့ကာ
    ရေသေအိုင်လို့ဆိုနိုင်မလားနော
    နွေရာသီကိုလွန်ပြီး မိုးများရွာလိုက်တာနဲ့ ဆက်စပ်ရာချောင်းမြောင်းတွေကနေ
    ငါးရစ်ငါးတွေ ဝင်ချီထွက်ချီ သားပေါက်ငါးမျိုးပွားကြတာဘဲဗျို့
    အဲ့သည်ငါးတွေ မျိုးပွားတာကိုအကြောင်းပြုပြီး
    လူတွေငါးဟင်းကောင်းကောင်းစားရတော့ကုသိုလ်ရတာပေါ့ ဟုတ်ဘူးလား :mrgreen:
    တကယ်ဆို မြန်မာပြည်မှာ ငါးတွေကို ဘေးမဲ့ပေးတဲ့ ကန်တွေများများရှိသင့်တယ်
    ချောင်းမြောင်းတွေနဲ့စက်ဆပ်နေပါစေပေါ့

    • etone

      December 19, 2012 at 4:27 pm

      ko ဝီစကီ ရေ … အကြံကြီးပါပေ့ရှင် .. … ဝီစကီသောက်ရင်း ဖိနပ်မပျောက်ပါစေနဲ့နော် .. အဟီး

      ဂီစိန် …ကျက်သရေရှိလိုက်ပါဘိအေ .. နာမည်လေးကိုက … ခိခိခိ …

      ဟယ်တော့ .. မနွယ်ပင် တစ်ခါမှ မရောက်ဖူးဘူးတဲ့ …. အဟီး … အဲ့နေရာကမှာ အရင်က အတွဲလေးတွေ လာကြတယ် … သစ်ရိပ်ဝါးရိပ်ကောင်းတာကိုးလေ … အထူးသဖြင့် ဆယ်ကျော်သက်အရွယ်လေးတွေပေါ့လေ … ဘုရားလည်းဖူး.. လိပ်ဥလည်း တူး…. ဟီး 😉

      Mobileရေ … ၅ ၄တွေက … အခု၅Gတွေ ဖြစ်ကုန်တာမို့ … ငါးပေါက်စ အရှင်လွှတ်လျှင်တော့ … အဆင်မပြေတော့ဘူးလေ ….

      ဗုံဗုံရေ .. ငါးစာကျွေးတာ ကုသိုလ်ရမရတော့ မတွေးမိပေမယ့် … ကိုယ်ကျွေးသမျှ အလေလွင့် မဖြစ်တာမြင်ရတော့ … ကြည်နူးမိပါတယ် ။ ကျွေးပြီးရင်း ထက်ကျွေးချင်စိတ်ပေါက်အောင်ကို … အားရပါးရ စားကြတယ် … ။

      ကိုခြောက်ညက်နာရေ …. အားရပါးရစား ၊ ပလုပ်ပလောင်းစား ၊ အမုန်းစားလို့ကတော့ …ကျွေးချင်ပါတယ်အေ …
      ……..
      ……….
      …………. မုန့်ဟင်းခါး :mrgreen:

      အူးမာဂရေ … ဘုရားကြီး ငါးကန်က …ရေသိပ်မကြည်ဘူးဆိုတာထက် …ကန်ထိန်းသိမ်းတဲ့ လူတွေ … စနစ်မမှန်ဘူးလို့ ထင်တယ် … ။ ရန်ကုန်မှာလဲ … ဗိုလ်တထောင်ဘုရားမှာ ငါးကန်အဲ .. လိပ်ကန်ရှိတယ် … လိပ်တွေကတော့ အများကြီး နှစ်ချို့ လိပ်တွေ ထားထားပေမယ့်… ကန်သန့် ရှင်းမှု မရှိတော့ .. လိပ်တွေကစားချင်လျှင် စားတယ် ..မစားချင်လျှင် မစားဘူး… အစာတွေက ဘောလောပေါ်လို့ပေါ့ ။ တချို့ ဝေဖာတွေဆို ဆီတွေ ပါပြီး …. ရေပေါ်ဝေ့တက်နေတာမျိုးကြောင့် .. ကန်ညစ်ပတ်စေပါတယ် … ။

      ချစ်ကိုကြီးကပေရေ …. အလုပ်ကြောင့်ဖြစ်လာတဲ့ stress ကို ပါးစပ်ပိတ်ပြီး ငြိမ်ငြိမ်နေခြင်းက .. အကောင်းဆုံး ကုသနည်းဆိုတာ …သူသိလို့ .. အဲ့နည်းနဲ့ ကုစားပေးနေပါတယ် .. အဟီး ။

      ကိုရွာစားကျော်ရေ ….. အစ်ကို့သားအရွယ် ကလေးတွေဆို … အရမ်းပျော်တဲ့ နေရာပေါ့ ။ ငါးကန်နားက မပြန်ချင်လို့ ..အမေတွေ ဂျိုင်းက မပြီးတရွတ်ဆွဲ ပြန်ခေါ်သွားရတာလည်း မြင်ခဲ့ဖူးတယ် … 😆

      အန်ကယ်ကြီးရေ …. ငါးတွေက … ကံကောင်းလားဆိုတော့… အင်း … ပွင့်လင်းရာသီလောက်ပဲ အူစိုကြမယ်ထင်ပါတယ် …. မိုးတွင်းလို လူလာနည်းတဲ့ ရက်တွေဆို သူတို့လည်း ရေပဲ သောက်ကြလား မသိ … အဟိ :kwi:
      ကိုဖက် ပို့စ်ထဲက ကလေးတွေက …. လူဖြစ်နေလို့ကို ငါးတွေထက် ..အများကြီး ကံကောင်းပါတယ် အန်ကယ်ရေ … ငါးကန်က ကလေးတွေ လူကုန်ကူးမှု ရှိမရှိဆိုတာတော့ အတပ်မပြောနိုင်ပေမယ့် … တကယ်သာ လုပ်ဖို ့ကြံရွယ်လျှင် ဖြစ်နိုင်တဲ့ အနေထားမျိုးရှိနေပါတယ် … ။ ထမင်းသုံးနပ်နဲ့ လုပ်ခလစာ 8000ဆိုတဲ့ ငွေကမများပေမယ့်… တဖက်လူ ပိုပေးနိုင်လျှင် ထွက်ပြေးဆိုလည်း ထွက်ပြေးလာမယ့်အနေထားမျိုးလို့ ထင်ပါတယ် … ။ (အခုတော့..ရောင်းတဲ့ ကလေးတွေလည်း မရှိတော့ဘူး ) … ။

      အစ်မပုချ်ရေ … ဟုတ်ပါတယ် ပေါင်မုန့်လေးတွေက … လတ်လတ်ဆတ်ဆတ်နဲ့မို့ ငါးမပြောနဲ့ လူတောင် စားချင်စရာပါ … ။ ငါးကန်ကပဲ ကျယ်လို့လား မသိဘူး …ရေကတော့ အဆီတွေဝေ့ပြီး မညစ်ပတ်ဘူး … ။ တခြား ဘုရားက ငါးကန်က ငါးတွေ .. သိပ်ပဲများတယ် ..ကျွေးတိုင်းလည်း မစားဘူးအစ်မရဲ့ …. ။ ဟီး .. ဘုရားကြီးရောက်တုန်းက … ငါးစာတော့ မကျွေးခဲ့ပါဘူး ..ကန်ကို အပြင်ကနေပဲ..ကြည့်ခဲ့ပါတယ် ။

      အဘပုရေ ….. ကန်က ရေသေကန်ပါ …ဘယ်ချောင်းမြောင်းနဲ့မှ ဆက်စပ်ဘူးတဲ့ တော်ရေ … ။ ဧရိယာက အတော်ကျယ်လို့ … တကယ်မဆက်ဘူးလား .. ဆက်သလား ….. ကျွန်မလည်း မတိဘူး … ။ ဒါပေမယ့်လည်း လစ်သလို ခိုးဖမ်းတဲ့ လူလည်း ရှိမပေါ့အေ …. ။ ကုသိုလ်ရချင်လို့ ရည်ရွယ်ပြီးကျွေးတာတော့ မဟုတ်ဘူး … ဂလိုပဲ .. ပါးစပ်လေးတွေ ဟနေတာ သဘောကျလို့ ကျွေးမိပါတယ် … ။ အလိုလို ကုသိုလ်ရတယ်ဆိုလျှင်တော့ အမြတ်ပေါ့လေ … ခိခိ … ။ :mrgreen:

  • MaMa

    December 19, 2012 at 7:04 am

    ရောက်တော့ ရောက်ဖူးတယ် အီတုံးရေ။
    ဒါပေမယ့် မရောက်တာကြာလို့ ဒီလို တိုးတက်နေတာ မသိလိုက်ဘူး။
    ရွှေတိဂုံဘုရား ရှင်ဥပဂုတ္တဝင်းထဲက ငါးကန်ကတော့ ကျွေးတဲ့သူတွေ များလွန်းလို့ ကန်ထဲမှာ ပေါလောပေါ်နေတာတွေ အများကြီးပဲ။
    အဲဒီက ငါးစာပေါင်မုန့်ဆိုတာကလည်း ကျောက်တုံးလို မာခဲနေတာပဲ။
    ဈေးကလည်း ကြီးသေး။
    နောက်တခါဆိုရင်တော့ အဲဒီသွားဖို့ သတိရသွားပြီ။

  • ခိုင်ဇာ

    December 19, 2012 at 7:52 am

    ကြည်နူးစရာပါပဲ Etone ရေ။
    ဒီလို အခြေအနေ ဆိုရင်တော့ ငါးစာကျွေးတဲ့သူတွေ စိတ်ရှင်းပြီး ကြည်နူးနိုင်တာပေါ့လေ။
    အင်း ဘုရားကြီး ငါးကန်/လိပ်ကန်က ဒီလို အခြေအနေဖြစ်ဖို့ လိုသေးတယ် ပြောရမယ်။
    ငါးတွေ မစားတဲ့ ပေါက်ပေါက်တွေက လည်း ရေပေါ်မှာ ပေါလော။ ရက်ကျန်ပေါင်မုန့်တွေက လည်း မာမာကြီးတွေ။

    မိုးကုတ်မြို့က ကန်ကတော့ သန့်ရှင်းတယ်။ ရန်ကုန်တော့ မရောက်ဖူးဘူး။ :hee:

  • kyeemite

    December 19, 2012 at 8:55 am

    စိတ်အပန်းဖြေစရာနည်းလမ်းကောင်းလေးပါဗျာ…
    ထူးဆန်းတယ်ပြောရမလားမသိ..ကျနော်တခါမှမရောက်ဖူးဘူးဗျို့
    အင်း..များသောအားဖြင့်တော့ ဘုရားကျောင်းကန် အရောက်အပေါက်
    နည်းတယ်ဆိုရမလားပဲ…ကြီးမိုက် ပေကိုးးးး :hee:
    ဒီတစ်ပါတ် ပိတ်တော့မှ…ကလေးတွေလိုက်ပို့လိုက်အုံးမယ်
    ပုံလေးတွေအတွက် ရှဲရှဲပါဗျာ…

  • ခင်ခ

    December 19, 2012 at 9:14 am

    အဲဒီနေရာကို မှတ်မှတ်ရရ တစ်ခါတစ်ခေါက် ရောက်ခဲ့ဖူးပါတယ်၊ ဒါပေမယ့် ဆယ်စုမက ကြာခဲ့ပါပြီလေ။
    ပုံလေးတွေနဲ့ စာလေးတွေဖတ်ရင်း လွမ်းမိပါတယ် မအိတုန်ရယ်။

  • ဦးကြောင်ကြီး

    December 19, 2012 at 9:51 am

    ငါးကန် အုပ်ချုပ်ရေးကို ဘုရားဂေါပက ကိုယ်တိုင်လုပ်သလား၊ ပုဂ္ဂလိက ကန်ထရိုက်လား ဘယ်သူဖြစ်ဖြစ် ချီးကျူးထိုက်သူ ချီးကျုးခြင်းသည် မင်္ဂလာတပါးပါပဲ။ ဆိုးတာတွေကို ထောက်ပြဖို့ မီဒီယာတွေမှာ တာဝန်ရှိသလို ဂုဏ်ပြုထိုက်သူကို ဂုဏ်ပြု၊ ကောင်းသတင်းဖြန့်ဖို့လည်း အရေးကြီးပါကြောင်း….။

  • Novy

    December 19, 2012 at 10:18 am

    အဲဒီ့ကန်ကိုမရောက်တာ ၂နှစ်လောက်ရှိပြီ
    အရင်ကနဲ့ မတူပဲသန့်ရှင်း သာယာနေတာကိုတွေရလို့
    သွားလည်ဖို့နေရာလေးတစ်ခုရသွားပြီတုန်တုန်ရေ..

    • etone

      December 22, 2012 at 11:58 am

      အန်တီမမရေ … သမီးနောက်ဆုံးရောက်တုန်းကတော့ သူတို့ ပြုပြင်နေတာ တွေ့တယ် …
      ဒီလောက်ကြီး ခိုင်ခံအောင် ပြုပြင်မယ်လို့ မထင်တာ အမှန်ပါ
      ..ခုလိုပြင်လိုက်တော့လည်း … သွားရ လာရ ပိုအဆင်ပြေသွားတယ် .. ရွှေတိဂုံဘုရား
      ရှင်ဥပဂုတ္တဝင်းထဲက ငါးတွေကတော့ … ပဲများတယ်လား …ဘာလားပဲ .. သိပ်မစားကြဘူး
      … ငါးအမျိုးစားကွာတာကြောင့်လည်းပါမယ်ထင်တယ် … ။ ဟိုကန်ထဲမှာ ..ရေညှိစားတဲ့
      စုပ်ခွက်ငါးကြီးတွေ အများကြီးတွေ့ရတယ် … ။

      မမခိုင်ဇာရေ … ငါးစာကျွေးတဲ့ အချိန်တော့… တကယ့်ကို ကြည်နူးရပါတယ် …
      ပါးစပ်လေးတွေ ဟပြီးတောင်းနေတာမြင်ရတာရော .. ၊ ချပေးလိုက်လျှင်
      အလုယှက်စားကြတာရောက … အစာကျွေးတဲ့ လူကို … အတော်နဲ့ အတောမသပ်နိုင်အောင်
      ကျွေးချင်စိတ်ကို ဖြစ်စေပါတယ် ။ အရင်ကတော့ ပေါင်မုန့်တွေ ဒီလောက် မလတ်ဘူး …
      အခုမှ … အရင်ထက်အများကြီး အစစရာရာကောင်းလာတယ်လို့ ဆိုရမယ် … ။
      မိုးကုတ်ကိုတော့တခါမှ မရောက်ဖူးသေးဘူး … ။

      ဦးမိုက်ရေ … ကလေးတွေကို လိုက်ပို့လျှင် .. အရမ်းသဘောကျမယ့်နေရာလေးပါ…
      အရင်ကတော့ … ကာထားတဲ့ ဘောင်က နိမ့်လို့ ကလေးတွေ အရှိန်လွန်ရေဆင်းကူးသလို
      အဖြစ်မျိုးတွေရှိကြပါတယ် .. အခုတော့ ….ဘောင်ကို ပိုမြင့်ထားလို့ ..
      အရင်လိုတော့ စိတ်မပူရတော့ဘူး .. ဒါပေမယ့် ..ငါးတွေ အုံလိုက် အစာကို လုတဲ့အခါ
      … တကိုယ်လုံး ရေစင်တဲ့ ဒဏ်လေးတော့ရှိပါတယ် … ။ ဟီး 😉

      အန်ကယ်ခင်ခ ပြောသလိုပါပဲ .. … အတိတ်မှာတုန်းက .. ဒီလောက်ကြီး ..
      မသာယာတဲ့အပြင် …ပတ်ဝန်းကျင်လည်း သန့်ရှင်းမှု အားနည်းခဲ့တယ် .. မိုးတွင်းဆို
      ခြုံထူပြီး.. လူသွားလူလာ .. နည်းပါတယ် .. သမီးကတော့ … ကျွတ်တွယ်မှာ
      စိုးလို့ပါ .. .။

      ဦးကြောင်ရေ…

      ဆိုးတာတွေကို ထောက်ပြဖို့ မီဒီယာတွေမှာ
      တာဝန်ရှိသလို ဂုဏ်ပြုထိုက်သူကို ဂုဏ်ပြု၊ ကောင်းသတင်းဖြန့်ဖို့လည်း
      အရေးကြီးပါကြောင်း….။

      ဆိုတဲ့စကားလေး အကြွင်းမဲ့ မှန်တယ်လို့
      ယူဆတာကြောင့် BCပေးပါတယ်ချင့် …။ကျွန်မတော့
      ငါးကန်အုပ်ချုပ်ရေးအကြောင်းကိုတော့ … (ထဲထဲဝင်ဝင်မသိတာမို့) ထင်မြင်ချက်
      တစ်စုံတရာ မပေးချင်သော်လည်း …. ဗိုလ်မှူးက …. ဒီလိုရောင်းခိုင်းလို့ ….
      ဒီလိုရောင်းတာပါ လို့ ငါးစာရောင်းတဲ့အမျိုးသမီးလေးတွေက ပြောပါတယ် .. ဒါ့ပြင်
      …ရောင်းတဲ့ လူကိုလည်း ပုံသေမဟုတ်ပဲ … ဘုရားက တာဝန်ကျဝန်ထမ်းတွေ အလှည့်လိုက်
      ရောင်းရတယ်လို့လည်း သိထားပါတယ် … ။ ဟိုးအောက်ဆုံးက အစ်မ
      မိုချိုကော့မန့်ရေးသလိုနဲ့ .. ငါးစာရောင်းတဲ့ ဝန်ထမ်းတွေရဲ့ … စကားအသွားလာအရ
      ဆက်စပ်နေမလားတောင် တွေးမိတယ် … ။

      မနိုရေ … အရင်ထက်သန့်ရှင်းနေတာ ..ပြင်ပြီးခါစမို့လားတော့မသိဘူး … ။
      ပတ်ဝန်းကျင် သန့် ရှင်းစေဖို့ … အမှိုက်ပုံးထားပေးလည်း … လဒူတွေက ..
      အမှိုက်ကိုပုံးထဲရောက်အောင် မထည့်နိုင်ကြဘူးလေ … ။ငါ့လက်က လွတ်လျှင်
      ပြီးရောဆိုပြီး တာဝန်မဲ့လွန်းကြတယ် … ။

      (ကျန်တဲ့လူတွေကိုလည်း ကော့မန့် ပြန်ပေးပါ့မယ် ..အချိန်ယူနေရလို့ပါ .. )

  • Mon Kit

    December 19, 2012 at 11:08 am

    “လတ်တလောအလုပ်ကပေးတဲ့ stress တွေကြောင့် depression ဝင်ချင်သလို ဖြစ်နေခဲ့မိတယ် ။ စိတ်ထောင်းလို့ ကိုယ်ကြေဆိုတဲ့ စကားပုံလည်း ရှိခဲ့ဖူးတာကြောင့် ၊ depression ဝင်ပြီး လဲပြိုကာ အရာရာကို ကျရှုံးမသွားခင် ၊ စိတ်ခွန်အားမြင့်တင်ဖို့ နည်းလမ်းရှာရပါတော့တယ် ။”

    ညလေး အိတုန်းကလဲ ကိုကိုဒေါက်တာ တစ်ယောက်လုံး ချိတယ်ရေ.. အကောင်းဆုံး ဆေးတွေ နဲ့ ကုသပေးမှာပေါ့နော……….. :kwi:

  • Shwe Ei

    December 19, 2012 at 11:43 am

    နောက်တခါသွားရင် သများကိုလဲ ခေါ်ဘာ ဒေါ်etone ချင့်။
    သများလဲ stress များနေပါတယ်။ :byae:

    • etone

      December 19, 2012 at 11:56 am

      သများကို ခေါ်မတွားဘူး … တော်ကြာ ငါးတွေ လန့်ပြီး ပြေးကုန်မှာ စိုးလို့ …. အာပွား … ခိခိ … :kwi:

  • ်ချစ်သူကိုတောင် ပုံထဲမှာတွေ့လို်က် သလိုလို
    ဒီတစ်ခါရန်ကုန်ရောက်ရင်သွ ားမယ်ဗျို

    • etone

      December 19, 2012 at 12:30 pm

      wooooooooow !!! sharp eyes တွေရှိတဲ့ လေးပေါက်ပဲ … ။ ဟုတ်ပါတယ် … ပုံတွေထဲ သူပါပါတယ် … ။ အရင်ကတော့ ၊ ဘုရားသွား ပုတီးစိတ်ဘာညာဆို တစ်ယောက်တည်း သွားတတ်ပေမယ့် …. နောက်ပိုင်း စိတ်နဲ့ လူနဲ့ မကပ်ဖြစ်ချင်နေတဲ့ သမီးကို ဘယ်သွားသွားလိုက်စောင့်ကြည့်ပေးပါတယ် ။

      Stress ကြောင့် ဘာကိုမှ .. အာရုံကောင်းကောင်းစိုက်လို့ မရပဲ … အမှတ်မှားတဲ့ ကိစ္စတွေ .. တနေ့ကို နှစ်ခါ သုံးခါလောက်ထိ ဖြစ်တယ် … ။ဇဝေဇဝါတွေလည်းဖြစ်တယ် … ။ ကိုယ့်စိတ်တိုင်းကျမဟုတ်လျှင် စိတ်လည်း အရမ်းတိုတတ်တော့ .. ဂေါက်သွားမှာ စိုးလို့ … အပြင်ထွက်မယ်သိတာနဲ့ သူ အဖော်လိုက်လိုက်လာတတ်တယ် ။ ဒါတောင် သူမသိပဲ အပြင်ထွက်လမ်းလျှောက်..အလုပ်ကိစ္စခေါင်းထဲရောက်၊ ငေးချင်ရာငေးတွေးချင်ရာတွေးလို့ .. ဘေးက ကားတွေ အော်သွားတဲ့ အဖြစ်က ဘယ်နှစ်ခါမှန်းတောင် မသိ … 🙁
      အခုတော့ … stress ကမရှိဘူးမဟုတ်ဘူး ရှိတယ် .. ဒါပေမယ့် .. စိတ်ခွန်အား ခံနိုင်ရည်နည်းနည်းတက်လာတော့ .. ဒီလောက်ကြီး ဖိစီးမှု မများတော့ဘူး … ။

      အဲ ..ကိုတူရလည်း မြင်သတဲ့တော် .. ဟီး :mrgreen:

  • Thuyazaw

    December 19, 2012 at 12:28 pm

    အိတုန် ရှင် အဲဒီမှာငါးအစာရောင်းတဲ့ လူကြီးတစ်ယောက်ယောက်နဲ့များ သိသလားအေ့…. သာယာပါတယ်ဗျာ…..

  • Hnin Hnin

    December 19, 2012 at 2:30 pm

    ဒီနေရာလေးက သာယာလို့ရောက်ဖူးချင်မိတယ်…ကျေးဇူးပါ..ညီမလေးရေ..
    ပုံလေးတွေကြည့်ပြီး စိတ်အပန်းပြေ၊ စိတ်သက်သာရာ ရလို့ပါ….

    ငါးစာကျွေးဖို့ အဓိကဖြစ်တဲ့ပေါင်မုန့်လေးတွေက ကြည့်ရတာ လတ်ဆတ်ပြီး လူတောင်
    စားချင်မိတယ်..ပုံတွေမှာ စားနေကြတဲ့ ငါးတွေကတော့ အလုအယက်..
    ကန်ကလည်းသန့်နေလို့ ကျွေးတဲ့သူတွေတော့ အတော် ပီတိဖြစ်ကြမယ်…

    မဟာမြတ်မုနိမှာ ငါးစာကျွေးတုန်းက..အဲဒီအချိန်တုန်းက ပေါင်မုန့်တစ်လုံး ၅ဝတောင် မရှိတဲ့
    အသေးလေး ၄လုံးကို လက်တစ်ဝါးစာ ပလတ်စတစ်ခြင်းသေးလေးထဲ ထည့်ထားတာ
    တစ်ခြင်း ၅၀၀။ တစ်ခြင်းဝယ်ပြီး စမ်းကျွေးကြည့်တာ..ပေါင်မုန့်က မကောင်းလို့လား မသိ..
    ငါးက တစ်ကောင်စ၊နှစ်ကောင်စ တစ်ပွက်၊နှစ်ပွက်ပဲ ပွက်ပြီး ငြိမ်သွားတော့ ကျွေးခဲ့သမျှ
    ငါးစာထဲမှာ ပီတိ မဖြစ်ခဲ့ရတာ မှတ်မှတ်ရရပဲ..ကန်ရေပြင်ကပါ ငါးစာဟောင်းတွေနဲ့ မသန့်ရှင်း
    တော့ ငါးက အစာဟောင်းပဲထင်ပြီး ဝတ်ကျေတမ်းကျေပဲ ပွက်လိုက်တာ ထင်ပါရဲ့..

  • မိုချို

    December 19, 2012 at 3:20 pm

    ဟယ် .. အမ တို့ သွားကြွေးနေကျ ငါး ကန် ကြီး က အဲ လို ဖြစ်သွား ပြီ လား ။ ကောင်း ပါ တယ် ၊မဟုတ်ရင် အဲဒီနား တွေ က သာယာ သလောက် သွား ရတာ အဆင် မပြေဘူး ၊ တံတား ကလည်း ဘယ်တော့ များ ကျိုး မလဲ လို့ ထိတ် နေတာ။
    အမလည်း အဲ ကလေးတွေ ကို ဗျူး ဖူးတယ်။ သားတော် မောင် ကတော့ ငါး စာ ကြွေး ရ တာ အကြိုက် ဆို တော့ ကလေးတွေ စုံအောင် အားပေး ရ တယ်။
    အကုသိုလ် ဖြစ်စရာ ပြော ရရင် အဲဒီ ငါးတွေ ကြီး လာ ရင် ကန်ကြပ် လို့ ဆိုပြီး ဂေါ ပက နဲ့ အဲ နား က စစ်တပ်က ကန် ဖေါ် ရောင်း ပစ်တာ ။ အမ တို့ တခါ ကြုံ ဖူးတယ်။ ကိုယ် ပထမ တစ်ရက် သွားတော့ ငါးတွေအများ ကြီး နောက် ၂ ရက်လောက် ခြား ပြီး သွားတော့ ငါးတွေ မရှိ တော့ ဘူး ၊ မေးကြည့် တော့ မှ ဖော် ထား တာ တဲ့ ၊ ကန် ဖော်ရင် ညဘက် ကို မီး ဆလိုက်တွေ ထိုး ပြီး ဖေါ်တာတဲ့ ။အခုတော့ အဲလို လုပ်သေးလား မသိတော့ ဘူး။

  • အရီးခင်လတ်

    December 21, 2012 at 3:42 am

    တုန်တုန်ရေ
    အလုပ်တွေများလွန်းချိန် ကမ္ဘာပျက်ချင်လဲပျက် ဟယ် လို့ မတွေးမိဘူးလား။
    အလုပ်ရှုပ်နေတဲ့ ကြားက တင်ပေးတဲ့ ငါးကန် နဲ့ ငါးလေး တွေ ကို ကြည့်ပြီး ကြည်နူးသွားပါတယ်။
    အဲဒီကို မရောက်ဖူးဘူး လို့ ထင်တာပါဘဲ။
    ဒီလို သိလို့ ရလို့ ကျေးဇူးပါ။

  • Foreign Resident

    December 22, 2012 at 2:56 pm

    etone ညွှန်းတဲ့ ကမာ္ဘအေး ဘုရားဝင်းထဲက ငါးကန်ဟာ ၊
    အဘ တစ်သက် ငါးစာကျွေးဘူးသမျှ ငါးကန်တွေထဲမှာ ၊
    ပျော်စရာ ကြည်နူးစရာ အကောင်းဆုံး ငါးကန် ဖြစ်ကြောင်း ၊
    ထောက်ခံလိုက်ပါတယ် ။

Leave a Reply