ဂေါ်ရခါးတောင်တွင် ရှူးရည်ယိုဗုံးများပေါက်ကွဲသဖြင့် တစ်တောင်လုံးသေးစော်နံ နေခြင်း အမှု အမိန် ့ချသောနေ ့

moonpoemDecember 18, 20121min995

ဇန်နဝါရီလ ၄ရက်နေ ့သို ့ရောက်ရှိလို ့လာပါ ပြီ။ ဝိတိုရိယ အထူးကု ဆေးရုံကြီး အဲမှားလို ့ဝိတိုရိယ ဘုရင်မကြီး Moon Poem ဧ။် အိမ်ပြာတော်ရှေ ့တွင် ထုတ်ပြန် ချမှတ်မည့် အမိန် ့ကို ပြည်သူပြည်သားများ ရင်ခုန်စွာစောင့်စားလျက်ရှိကြသည်။

အထူးသဖြင့် အဆနပါတီဝင်များ(ရည်းစားရှိသဖြင့် အေးဆေးနှပ်နိုင်ကြသူများ)တို ့က မင်္ဂလာဘယ်မှာဆောင်ကြမှာလဲ ဆန်ဒိုးနားလား အိုငိုရယ်တယ်မှာလား
စသဖြင့် ချမှတ်မည့် အမိန် ့နှင့် မသက်ဆိုင်သည်များကို တောင်စဉ်ရေမရာ ပြောခြင်းဖြင့် လည်းကောင်း၊

လတပပါတီဝင်များ(ရည်းစားမရှိသဖြင့် မိန်းကလေးလှလှလေးများကို လုတင်ပြေးချင်သူများ)တို ့မှလည်း
တို မှလည်း အားကျမခံ ရည်းစားဘယ်လိုရွေးမလဲ နန်းခင်ဇေယျာနဲ ့တူတာရွေးမလား မိုးဟေကို်နဲ ့ဆို အဆင်ပြေပါ့မလား စသဖြင့် မဖြစ်နိုင်သည်များကို ငြင်းခုံကာ စောင့်ဆိုင်းလျက်ရှိကြသည်။

ဒီတစ်ခါ ချမှတ်ရန်အမိန် ့အတွက် ပြန်မကြားနိုင်ဝန်ကြီး မှာ တော်တော်သတိထားနေရသည်။ နဂိုကတည်းကာ မျက်မှန်တစ်ဖက် ပါဝါ၁၀၀ဝ ဖြစ်သည့် အားလျော်စွာဒီဖြစ်စဉ်ကို အထူးအာရုံစိုက်နေရသည်။

ဒီတစ်ခေါက်ဖြစ်သွားသည့် အဖြစ်က တရားခံ အဖွဲ ့ကို ဒဏ်ပေးရမည်လား၊ ဆုချရမည်လား ဝေခွဲရခက်သည့်
ဖြစ်စဉ်တစ်ခု ဖြစ်ပါဧ။် ။ အခင်းဖြစ်ပွားပုံက ဒီလို…….

ခုနှစ်ကိုင်းတိုင်းဒေသ ဂေါ်ရခါးတောင်တွင် အေးချမ်းစွာ တရားအားထုတ်ကာ နေကြသော မယ်သီလရှင်များ
နှင့် အညိုရောင်ဝတ် ယောဂီများကို ဆမူဆာရိုင်းဂျပန်သူပုန်များအဖွဲ ့မှ ရှူးရည်ယိုဗုန်းများခွဲကာ တိုက်ခိုက်သဖြင့် တစ်တောင်လုံးသေးစော်နံနေသည့် ဖြစ်စဉ်ဖြစ်ဧ။် ။

ဖြစ်စဉ်အရကြည့်မည်ဆိုလျှင် ဆမူဆာရိုင်းဂျပန်သူပုန်အဖွဲ ့ကို ပြစ်ဒဏ်ချရမည်ဖြစ်သော်လည်း လက်တွေ ့တွင်မူ ထိုကဲ့သို ့ရှူးရည်ယိုဗုန်းများခွဲခြင်းကြောင့် အိမ်သာ သိပ်မသွားဘဲ
တရားအားထုတ်ရာကာ ဖြစ်ပေါ်နေသော ဆီးပူ၊ဆီးအောင့်ရောဂါများ ပျောက်ကင်းသွားလေဧ။်
အကျိုးဆက်အနေဖြင့် တစ်တောင်လုံးမှာ သေးစော်နံနေသည်က လွဲပြီး ဘာမှ မဖြစ်ပေါ်ခဲ့။

သို့သော်လည်း ထုံးစံအတိုင်း ပြစ်ဒဏ်ပေးသင့်သည်ဟု တိုင်ကြားသည် က တစ်အုပ်စု၊ ဆုတော်ငွေချသင့်သည်ဟု တစ်အုပ်စု ဖြစ်နေသဖြင့် စပ်စပ်စုစုစစ်စစ်ပေါက်ပေါက် ကော်မတီမှ
စစ်စစ်စီစီ စုံစမ်းလျက်ရှိသည်။

ယနေ ့ကတော့ ပြန်မကြားနိုင်ဝန်ကြီး၊ ၉၉ မျိုးဆက်သစ်လူပျိုကြီးခေါင်းဆောင်များမှ အခြေအနေအရပ်ရပ်ကို တရုတ်ကားများထဲမှအတိုင်း မုတ်ဆိတ်မွှေးကိုင်ကာ သုံးသပ်ပြီး ဘုရင်မထံ
သတင်းပို ့ပြီးကြပြီ ဖြစ်သည်။

သတင်းထုတ်ပြန်မည့် နေ ့ဖြစ်သည့် အားလျော်စွာ အိမ်ပြာတော်တွင် လုံခြုံရေးများ၊ ဟန်ရေးပြ စစ်သားများဖြင့် အထူးကြပ်မတ်လျက်ရှိဧ။် ။ မျက်မှန်တပ် ဟန်ရေးပြ စစ်ဖွဲ ့မှ မျက်မှန်များကို ပင့်ကြည့်ခြင်း၊မျက်မှောင်ကြုံ ့ခြင်း၊ မျက်ခုံးပင့်ခြင်း၊ မျက်ခုံးမွှေးဆွဲခြင်းစသည့် စစ်ရေးများကို ပြလျက်ရှိကြဧ။် ။

အဆနပါတီဝင်များ၊ လတပ ပါတီဝင်များ သည် သိပ်ကဲလွန်းနေသဖြင့် လုံခြုံရေးတပ်ဖွဲ ့မှ အားကောင်းမောင်းသန် စစ်သားများမှ အရိုးများကို ပြခြင်း၊
ဖော့တုံးများကို မ ပြခြင်း၊ ငှက်ပျောသီး စားပြခြင်းတို ့ဖြင့် ခြိမ်းခြောက်လျက်ရှိကြသည်။

ထိုအချိန်မှာပင် မြန်မာ စံတော်ချိန် မနက်၁ဝနာရီခွဲ ရုံးတက်ချိန်စပြီ ဖြစ်သဖြင့် ဘုရင်မကြီး Moon Poemမှ
အဲငုတ်တုတ်လေကြောင်းလိုင်းမှ ပိန်းဥပေးထားသော စက်ဘီးကို စီးကာ အိမ်ပြာတော်ရှေ ့သို ့ထွက်လာသည်။
အမိန် ့စာလွှာမှာ ရေသန် ့နှစ်ဘူးဖြင့် လိပ်ထားသည့် စာရွက်ဖြစ်သဖြင့် အမိန် ့စာကိုင် အမတ်
မှာ လေးလံစွာ မထားရသည်။

အမိန် ့စာလွှာကို မျက်လုံးတစ်ချက်ဝေ့ကြည့်လိုက်ပြီး အမိန် ့ချမှတ်လိုက်သည်။ ဝယ်…ဝူ(ဘော်တယ်ကုလား အော်သံမဟုတ်ပါ)။
ဆမူဆာရိုင်းဂျပန်သူပုန်အုပ်စုဧ။် လုပ်ရပ်သည် သာသနာတော်အကျိုးကို ဆောင်ရွက်လျက်ရှိသော
မယ်သီလရှင်နှင့် ယောဂီများအတွက် သာမန်မျက်စိဖြင့် ကြည့်လျှင် အဖျက်လုပ်ရပ် ဟု ပြည်သူ ့ငပေါများ
ကော်မရှင်မှ သတ်မှတ်လိုက်သော်ငြား ရှယ်မျက်စိဖြင့် သုံးသပ်ကြည့်လျှင်
အားလုံးအတွက် ခံစားနေရသော ဆီးပူဆီးအောင့် ရောဂါများ ပျောက်ကင်းသွားသည့်အတွက်
ဆုပင် ပေးထိုက်လေသည်။

သို ့သော် ၂ဖက်လုံးကျေနပ်သွားစေရန် ဆမူဆာရိုင်းဂျပန်သူပုန်အုပ်စုသည် ဂေါ်ရခါးတောင်တွင်
သေးနံ ့ပျောက်စေရန် တာဝန်ယူသွားရမှာ ဖြစ်ပြီး မယ်သီလရှင် နှင့်ယောဂီအုပ်စုများအတွက်ကို တစ်လတိတိ
ဆန်ခံထွက်ပေးရမည်။တစ်လပြည့်သောနေ ့တွင် ဆမူဆာရိုင်းဂျပန်သူပုန်အုပ်စုအတွက် ဆုချီးမြှင့်ပွဲ အခမ်းအနားကို မန်းတလေးမြို ့အောင်ပင်လယ်တွင် သိုက်မြိုက်စွာ ကျင်းပပေးသွားမည်ဖြစ်သည်။

ဆုချီးမြှင့်ရန်အတွက် မော်ဒယ်လ်ဂဲများကို စတားနှင့်စတွတ် အေဂျင်စီမု ငှားရမ်းထားပြီး အဆိုတော် အိန်အိန်း၊ဗီဗာဟိန်းတို ့မှ သီချင်းသီဆိုဖျော်ဖြေပေးမှာ
ဖြစ်ပါတယ်။ဆုအနေနဲ ့ကပေးအပ်မှာကတော့ တိုက်ကား၂စီး၊ ငှက်လှောင်အိမ်၊စာကလေးခွေနှင့်ခြင်ဆေးခွေပဲ ဖြစ်ဧ။်

အမိန် ့တော်
ပုံ
ဝိတိုရိယ Moon Poem
စမာကဒါ နိုင်ငံတော်

အမိန် ့ချအပြီးတွင် ပြည်သူပြည်သားတို ့မှ အားရကျေနပ်လွန်းသဖြင့် ဟေး ခနဲ အော်ကာ အုခနဲ မော်ကာ
ဖွတ်ခနဲ ပျော်ရွှင်လျက် အိမ်ပြာတော်ရှေ ့တွင် ကခုန်လျက်ရှိပေတော့ဧ။် ။ ငှဲလျောင်းညှင်းသွပ် ပြီးပါပြီ။

5 comments

  • ဘဲဥ

    December 18, 2012 at 1:11 pm

    အိန်အိန်းက အိပ်ရာပေါ်က မဆင်းတဲ့ သီချင်းနဲ့ ဖျော်ဖြေပေးမှာလား ပွဘီ

  • မောင်ပေ

    December 18, 2012 at 1:45 pm

    အိမ်ပြာတော် ဆိုလို ့
    ကလင်တန် နဲ ့ မိုနီကာ တို ့ထက် ပိုကဲမယ့် ဖြစ်ရပ်လေးတွေ ရှိနိုင်တယ် ဆိုတာ
    ကောက်ချက်ချမိပါကြောင်း
    အဲဒါအဲဒါ

  • Mr. MarGa

    December 18, 2012 at 1:48 pm

    ဘုရင်မကြီး ခညား
    အောင်ပင်လယ်မှာ စုပေးဖို့ ရွေးရတဲ့ အကြောင်းရင်းကို ပြောပြပါလားးးးးးလို့

  • Mobile

    December 18, 2012 at 2:08 pm

    ဘာတဲ့ နွား၁၁ ကန်မှာ ပြုလုပ်လို့ရှိရင် လုံခြုံရေး ပိုမိုစိတ်ချရမည်ဟု
    ထင်မိပါကြောင်းးးးး
    ဂျောက်ဂျက် အနုပညာလောကသို့ စဝင်ခါစမှ သီချင်းအေးအေးလေးများဖြင့်
    ဖျော်ဖြေမည်ဆိုပါကလဲ ပရိတ်သတ်ပိုမို အကြိုတ်တွေ့နိုင်ဖွယ်ရှိပါကြောင်းးးးးးးးး

  • ဘုရင်မဂျီး Moon Poem ဖလားးးး
    သမီးဒေါ်ဂလေး တစ်ပါးလောက်များ စွန့်ကြဲပေးဘာ ဖလားးး
    သမီးဒေါ် မစွန့်ရင် ..
    ဘုရင်မဂျီးကိုယ်တိုင် စွန့်လှူသင့်ဘာဒယ် ဖလားးး
    ဤကား ပြည်သူ့ဆန္ဒ ဖြစ်ပေဒေါ့ဒဒီးးးး

Leave a Reply