ဘယ်ရမလဲ ဒီလိုလာကြောလို့

Yin Nyine NwayJuly 17, 20101min561

ကျွန်တော်ရွာမှာနေရတာပျော်ပါတယ်။ကျွန်တော.်မှာသူငယ်ချင်းတွေအမျ

ားကြီးရှိတယ်။

ယောက်ျားလေးတွေကော မိန်းကလေးတွေရောပေါ့။သူငယ်ချင်းတွေထဲမှာကျွန်တော်က

အညံ့ဆုံးပါပဲ။အရွယ်ရောက်တဲ့အခါသူတို့တွေက တော်ကြတော့နိုင်ငံခြားမှာပညာသွား

သင်ကြတယ်။ ကျွန်တော်တစ်ယောက်တည်းရွာမှာကျန်ခဲ့တာပေါ့။ သူတို့ဆီကစာလာတယ်

သူတို့နဲ့ပြောချင်ရင်အင်တာနက်ကနေပြောလို့ရတယ်တဲ့ရေးထားတယ်။ နောက်ပြီးအင်တာ

နက်ကအားကိုးရတယ်သိချင်တာမေးလို့ရတယ်လို့ရေးထားတယ်။ ကျွန်တော်သိတာ၃ရမင်း

နတ်ပဲသိတာလေ။သူကအားကိုးရတယ်သိချင်တာမေးလို့ရတယ်ဆိုတော့နတ်မင်းတစ်ပါးလား

မသိပါဘူး။သူတို့လိပ်စာပေးရင်အင်တာဆိုတဲ့နတ်ကဝင်ပူးပြီးပြောတာနေမယ်။ ရန်ကုန်မှာပေါ

တယ်လို့လဲရေးထားသေးတယ်။ ရန်ကုန်မှာနတ်ပွဲတွေပေါပုံရတယ်။ကျွန်တော်လည်းရန်ကုန်

ရောက်တော့စုံစမ်းတာထင်တားတာနဲ့လွဲနေတယ်လေ။အင်တာနက်ကဆိုင်ဖြစ်နေတယ်။

နိုင်ငံခြားကိုဖုန်းခေါ်လို့ရတယ်ဈေးပေါတယ်ဆိုတာနဲ့ သူတို့ပေးတဲ့ဖုန်းနံပါတ်နဲ့ အဲ့ဒီဆိုင်ကို

သွားခဲ့တယ်။ဆိုင်နားမရောက်ခင်ကောင်မလေးနှစ်ယောက်ကဝက်ဆိုင်သွားကြည့်မယ်

ဆိုပြီး ရှေ့ကအင်တာနက်ဆိုင်ထဲဝင်သွားတယ်။ ကျွန်တော်လည်းအဲ့ဒီဆိုင်ကဝက်တွေပါ

ရောင်းတယ်ထင်နေတာ။ရွာမှာဆိုရင်ဝက်တွေကိုကြည့်မဲ့သူတောင်မရှိဘူး။ သူတို့မို့လို့တစ်ကူး

တစ်ကသွားကြည့်ရတယ်လို့။ဆိုင်ထဲဝင်လိုက်တော့စောစောကကောင်မလေးနှစ်ယောက်က

TVရှေ့မှာထိုင်ပြီးTVကြည့်နေတယ်။ သူ့အပြင်တခြားလူတွေလည်းTVကိုတစ်ယောက်တစ်လုံး

ကြည့်နေကြတယ်။ ရွာမှာဆိုရင်TVတစ်လုံးကိုလူတွေဝိုင်းပြီးကြည့်တာလေ။ရန်ကုန်ဆိုတော့

တစ်ယောက်တစ်လုံးကြည့်တာနေမယ်။ ဝက်တွေကိုအနောက်မှာထားတာနေမယ်။ ကျွန်တော်လည်း

ဆိုင်ကကောင်လေးကိုနိုင်ငံခြားဖုန်းခေါ်ချင်တယ်ပြောတော့ကောင်လေးကနံပါတ်ယူပြီးTVရှေ့ကို

သွားနေတယ်။ဖုန်းဆက်ပါမယ်ဆိုမှဒီကောင်လေးTVရှေ့သွားပြီးငါ့ကိုဂရုမစိုက်ဘူးပေါ့။အဲ့ဒီအချိန်မှာ

နောက်နားဆီကနေအသံကြားရတယ်။ ဝက်ကမ်းပေးပါဆိုပြီးအော်ဝက်အရောင်းအဝယ်ဖြစ်သွားပြီနေ

မယ်လို့။ကောင်လေးကရပြီအစ်ကိုဆိုပြီးဘီးကုတ်လိုဖော့တုန်းပါတဲ့ဟာနဲ့နားနားကိုလာကပ်ပေးတယ်။

ကျွန်တော်လည်းကြောက်အားလန့်အားနဲ့ဟယ်လိုခေါ်ကြည့်လိုက်တော့ သူငယ်ချင်းရဲ့အသံကြားရတယ်။

ကျွန်တော်လည်းအရမ်းဝမ်းသာသွားတယ်။ ဟာ.သူငယ်ချင်းနေကောင်းလား။အဆင်ပြေလား စသည်ဖြင့်

သာကြောင်းမာကြောင်းရွာအကြောင်းပြောကြတာပေါ့။ငါရန်ကုန်ကအင်တာနက်ဆိုင်ကဆက်နေတာပေါ့

စကားတွေအများကြီးပြောပြီးမင်းအခုဘာလုပ်နေလဲလို့မေးလိုက်တယ်။သူကသူမအားဘူးလေEbookကို

ဖတ်နေတယ်လို့ဖြေတယ်။သူ့စကားကြောင့်ကျွန်တော်တော်တော်နားရှက်သွားတယ်။ဒါပေမဲ့ဂုဏ်ယူပါ

တယ်သူငယ်ချင်းလို့ပြောလိုက်တယ်။ရွာကသွားတဲ့အထဲမှာအီးဘုတ်လည်းပါသွားတယ်လေ။သူနဲ့အီးဘုတ်

နဲ့ရည်းစားဖြစ်နေတာကိုငါ့ကိုကြွားတယ်ပေါ့။ကျွန်တော်လည်းနှုတ်ဆက်ပြီးဆိုင်ကထွက်လာခဲ့တယ်။

ဪ..သူတောင်အီးဘုတ်နဲ့ရည်းစားဖြစ်နေတယ်။ငါလည်းဘယ်ရမလဲရွာရောက်ရင်ရွာသူတစ်ယောက်

ရအောင်ယူအုန်းမှပဲဆိုပြီးပြန်လာခဲ့လိုက်တယ်။

ကြိုးစားပါအုန်းမည်။

One comment

  • kopauk mandalay

    July 17, 2010 at 12:09 pm

    သူက အီးဘုတ်နဲ့ရီးစားဖြစ်ရင်
    ကျနော်ကလည်း ဒေါ်ကွမ်းသမီးကိုရအောင်ယူလိုက်မှာဘဲ။
    သူတို့က ဒေါ်ကွမ်းဒေါ်ကွမ်းနဲ့ ခေါ်နေတာကြားတယ်လေ နာမယ်ကြီးနေမှာပေါ့။

Leave a Reply