MYANMAR DEVELOPMENT RESOURCE INSTITUTE ( MDRI ) THE CENTER FOR STRATEGIC AND INTERNATONAL STUDIES ( CSIS ) မှ POST GRADUATE CERTIFICATE PROGRAM အတွက် သင်တန်းသားလျှောက်လွှာခေါ်ယူခြင်း

အာဂDecember 18, 20121min905

၁။ မြန်မာ့ဖွံ့ဖြိုးတိုးတက်ရေး အရင်းအမြစ်အဖွဲ့အစည်း (MDRI) သည် မြန်မာနိုင်ငံ၏ နိုင်ငံရေး၊ ဥ
ပဒေရေး၊ လူမှုရေး၊ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုများအတွက် လိုအပ်သော အရင်းအမြစ်များ တည်ထောင်နိုင်ရေးကို ရှေ့ရှုဖွင့်လှစ်ဖွဲ့စည်းထားသော အစိုးရမဟုတ် သည့် အဖွဲ့အစည်း ( NGO ) တစ်ခု ဖြစ်ပါသည်။

၂။ မြန်မာ့ဖွံ့ဖြိုးတိုးတက်မှုအရင်းအမြစ်အဖွဲ့အစည်း ( MDRI ) ၏ မဟာဗျူဟာနှင့် နိုင်ငံတကာ လေ့လာရေးဌာန ( CSIS ) မှ တတိယအကြိမ် ဖွင့်လှစ်မည့် ( Post-Graduate Certificate in Peace, Democracy and Development ) သင်တန်းကို ( ၁ – ၁ -၂၀၁၃ ) နေ့တွင် စတင်ဖွင့်လှစ်မည် ဖြစ် သ ည်။
၃။ အဆိုပါသင်တန်းကို ပြည်တွင်း/ ပြည်ပမှ နိုင်ငံရေးပညာရှင်များ ၊ စီပွားရေး ပညာရှင်များ၊ ဖွံ့ဖြိုးရေးဆိုင်ရာ ကျွမ်းကျင်ပညာရှင်များနှင့် တက္ကသိုလ်များမှ ဝါရင့်ပါမောက္ခ များမှ ပို့ချပေးမည် ဖြစ်ပါသည်။

၄။ သင်တန်းတွင် အောက်ပါဘာသာရပ်ကြီး ( ၃ ) ခုကို ပို့ချမည်ဖြစ်ပြီး၊ သင်တန်းသားသည်
သင်တန်းကို ပြီးဆုံးသည် အထိတက်ရောက်ရန် လိုအပ်ပါသည် –
( ၁ ) Peace Building and Conflict Resolution
( ၂ ) Democracy and Human Rights
( ၃ ) Sustainable Human Development

၅။ သင်တန်းကျင်းပမည့် နေရာနှင့်နေရက်များမှာ အောက်ပါအတိုင်းဖြစ်သည်-
နေရာ – MDRI Office ( ရန်ကုန် )
သင်တန်းဖွင့်မည်ရက် – ( ၁ – ၁ -၂၀၁၃ )
သင်တန်းကာလ – ( ၈ )ပတ်
သင်တန်းချိန် – နံနက် ၉းဝဝ မှ ညနေ ၃း၃၀
(တနင်္လာနေ့မှ သောကြာနေ့အထိ)

၆။ သင်တန်းတက်ရောက်မည့်သူသည်-
(၁) တက္ကသိုလ်တစ်ခုခုမှ ဘွဲ့ရရှိသူဖြစ်ရမည်။
(၂) အသက်( ၂၅ ) နှစ်မှ ( ၅၅ )နှစ် အတွင်းဖြစ်ရမည်။
(၃) နိုင်ငံရေးပါတီများ၊ တိုင်းရင်းသားအဖွဲ့အစည်းများ၊ လူမှုရေး အဖွဲ့အစည်းများနှင့် နိုင်ငံတည်ဆောက်ရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများတွင် တက်ကြွစွာ ဆောင်ရွက်လိုသူ၊ စိတ်ပါဝင်စားသူ ဖြစ်ရမည်။

၇။ သင်တန်းသားဦးရေကို အယောက် ( ၁၀ဝ ) သာလက်ခံမည်ဖြစ်ပါသဖြင့် ( ၂၄ – ၁၂ -၂၀၁၂ ) ရက်နေ့ နောက်ဆုံးထား လျှောက်ထားရပါမည်။
၈။ သင်တန်းလျှောက်လွှာများကိုယနေ့မှစတင်ပြီး၊ အောက်ဖော်ပြပါလိပ်စာအတိုင်း ဆက်သွယ်စုံစမ်း လျှောက်ထားနိုင်ပါသည်။

MDRI Office – အမှက် ( ၂ရ ) ၊ ၆-မိုင်ခွဲ ၊ ပြည်လမ်း ၊ ရန်ကုန်မြို ့။
ဖုန်း- ဝ၉-၄၉၂၄၂၅၆၉ ၊ ဝ၉ – ၄၂၁၀၀၅၃၄ရ (ရုံးချိန်အတွင်းသာ)

(မှတ်ချက်) အဲဒီမှာအလုပ်လုပ်နေတဲ့ သူငယ်ချင်း က တင်ပေးခိုင်းပါသဖြင့် တင်ပေးလိုက်ပါသည်။)

5 comments

  • Mobile

    December 18, 2012 at 6:37 pm

    မဟာအကျော်ဇေယျသင်္ခ (ဘီယာ) သရေစည်သူမင်းကြီး မဟာ မောင်အာဂ ရေ
    တစ်ခုလောက်မေးချင်လို့ပါခင်ဗျ။ Online ကနေ သင်တန်းတက်လို့ရပါသလားခင်ဗျ။

  • kai

    December 19, 2012 at 4:16 am

    CSIS ဆိုတာ… http://csis.org/ ကလား..
    အဲဒီကသာဆိုရင်တေ့ာ.. ကျုပ်တောင်လာတက်ချင်သား…

  • မောင်ပေ

    December 19, 2012 at 9:40 pm

    ကိုအာဂရေ စီအိုင်အေ က သင်တန်းလာပေးမယ်ဆိုရင်တော့ တက်ချင်မိတယ်ဗျို ့

    • kai

      December 20, 2012 at 1:06 am

      CSIS … http://csis.org/ ဆိုရင်.. စီအိုင်အေကိုခိုင်းစားနေတဲ့.. သင့်တန့်တွေပါခင်ဗျ…။ :kwi:

Leave a Reply