အချိန်မနှောင်းမှီ

ခင္ခDecember 19, 20121min14718

အချိန်မနှောင်းမှီ

 

ကြယ်တာရာတွေ စုံလင်စွာနဲ့

လင်းလက်တောက်ပ ထိုနေ့ညဝယ်

ကောင်းကင်တခွင် ကြည်လင်အရောင်ထွက်

ထွန်းလင်းခဲ့ရာ လပြည့်ညပါ။

 

ကြယ်တာရာတွေ ပြိုးပြိုးပြက်ပြက်

လင်းအားလျော့လျှက် လမင်းကြီးက

တဝက်ကယ်ပုန်း တစ်ခြမ်းပြုံးနဲ့

ကြည့်သည့်အလား ထင်မှတ်မှားသည်

လဆုတ် ၈ ရက် ဆိုရမည်၊

 

ကြယ်တာရာတွေ ဘယ်ဆီကိုပျောက်

ကောင်းကင်းယံလည်း မှောင်ရီနေမြဲ

လမင်းကြီးရှာ မတွေ့ပါကော

မှောင်ထုစိုးမိုး လကွယ်မျိုးက

ငိုချင်လှပြီ ထိုညသည်။

 

ကြယ်တာရာတွေ မှေးမှိန်ကာလင်း

ကောင်းကင်းအလင်းအား ဖျော့တော့သွားလည်း

တင်စား စာဆို ဆိုကြပုံက

သုံးရက်လနယ် ခုံးမျက်စသဖွယ်တဲ့။

 

ကြယ်တာရာတွေ လင်းလက်လင်းလက်

ကိုယ်စီခတ်တော့ လမင်းကြီးကမနေသာ

တခြမ်းလေးထွက် ချောင်းကြည့်တတ်ပြီ

လဆန်းလလည် ဆိုရမယ်။

 

ကြယ်တာရာတွေ

ပြိုင်ကာလင်းအား ထွန်းလင်းထားပြီး

ကောင်းကင်ယံမှာ လင်းလက်စွာသာ

ထွန်းလင်းတောက်ပ လပြည့်ည။

 

အလင်းမှဆီ အမှောင်ထံသို့

အမှောင်မှဆီ အလင်းထံသို့

လှည့်ကာလည်ပတ်

မရပ်မနား သွားသည်များတော့

ငါ့တို့အရွယ်လည်း အိုခဲ့ပြီပေါ့။

 

လမိုက်ဘဝ ရောက်ရှိကြရင်

ဘဝချုပ်ပြီး လောကကြီးကို

တာ့တာလည်းပြ ထွက်ကြရမည်

လူဘဝတစ်ခု ဆုံးရှာမည်မို့

လမိုက်ဘဝလေး မရောက်မှီအတွေး

ကိုယ့်အတွက် ပါစရာယူဆောင်ဖို့ရာ

တရားဘဝနာ ပြုကျင့်ပါလို့

ဆိုရေးရှိက ဆိုလိုက်ချင်သည်

အချိန်မနှောင်းမှီ ပြုကြကုန်ရ၏။

 

 

ဖတ်ရှု့သူအပေါင်းကျေးဇူးပါ။

ခင်ခ။

18 comments

  • ခိုင်ဇာ

    December 19, 2012 at 9:11 am

    “ရုပ်ဝတ္ထု တို့ ဆီ လိုက်ရင်း ပြေးရင်း ဖိနပ်လည်း ပါးတော့မယ်”

    ဖိနပ်ပါးတာကမှ မြင်ရသေး။ ကုသိုလ်စိတ်တွေ ပါးပါးသွားတာက မသိလိုက်မသိဘာသာ။
    လပြည့် လကွယ် ဆိုတာတွေလည်း သတိပေးမဲ့သူမရှိရင် မသိတော့တဲ့ဘဝ။
    ၂၀၁၃ သံဓိပ်ဌန်ထဲတော့ ကုသိုလ်ရေးလေး ပိုလုပ်ဖို့ ကိုယ့်ကိုယ်ကို သတိပေးထားတာပဲဗျာ။
    အဲ ကုသိုလ်ရေးလေးမလုပ်ရခင် ကမ္ဘာပျက်တဲ့ အထဲပါတော့လည်း ………..
    နောက်ဆုံးက သတိပေးစာလေးအတွက် ကျေးဇူး။ :hee:

  • ခင်ခ

    December 19, 2012 at 9:19 am

    ဦးဆုံးခံစားကာ ကွန်မန့်သူလေး မခိုင်ဇာရေ ကျေးဇူးနော်။
    ကမ္ဘာပျက်တော့မယ်ဆိုပါလား မလုပ်လိုက်ပါနဲ့အုံးဗျာ ဘာဆိုဘာမှ အဆင်သင့်မဖြစ်သေးလို့ဗျို့။

  • amatmin

    December 19, 2012 at 9:36 am

    မိုက်တယ်ဗျို့..လေးခင်ခရေ..
    လပြည့် လကွယ် နဲ့ နှိုင်းပီးသတိပေးရေးထားတာလေး ကြိုက်ပါ့…
    ကိုယ်တိုင်တော့ လပြည့်တာကို သေချာမကြုံသေးပေမဲ့..
    လမိုက်ညထဲဝင်ဖို့တော့ ဒေါင်ချာစိုင်းပီး
    ဒလကြမ်းချီတက်နေတာပဲ 🙂

    • ခင်ခ

      December 19, 2012 at 10:11 am

      ဆရာမတ်ကြီးရေ ဓာတ်အားသွင်းထားတဲ့ ဓာတ်မီးတွေ ထွန်းနေရင်းနဲ့ဘဲ တဖြေးဖြေးမှေးမှိန် မှောင်သွားတတ်တယ်လေ၊ ဒါပေမယ့် အဲဒီဓာတ်မီးတွေက အားပြန်သွင်းလို့ရသလို ဘက်ထရီမကောင်းရင် စပယ်ယာပတ်ရှိလို့ လဲပြီး ဆက်သုံးရတယ်ပေါ့ဗျာ။
      အဲဒီမှာတွေးမိတာက လူအသက်များ စပယ်ယာပတ်လေး ရှိရင်ဘယ်လိုဖြစ်မလဲလို့ပေါ့ဗျာ။
      ကွန်မန့်အတွက် ကျေးဇူးဆရာမတ်ရေ။

  • MaMa

    December 19, 2012 at 10:08 am

    ၂၁-၁၂-၁၂ က ဥပုသ်နေ့နော်။
    ကြုံတုန်း ဝင်သတိပေးလိုက်တာ။ :hee:

    • ခင်ခ

      December 19, 2012 at 10:32 am

      အမ မမ ရေ မန်းမှာက အရောင်းဆိုင်တွေနဲ့ ဈေးချိုတော်က လပြည့်၊ လကွယ်၊ ဥပုသ်နေ့တွေမှာ ဆိုင်ပိတ်တတ်ကြလို့ ဥပုသ်နေ့ကို သိကြတာများသလိုပါဘဲဗျ။

  • Mon Kit

    December 19, 2012 at 11:43 am

    ကိုခင်ခရေ…
    လမင်းလေးကို ပင်တိုင်ထား.. လပြည့်၊ လကွယ်၊ လဆန်း၊ လဆုတ် ရက်လေးတွေနဲ့ တရားပြသွားတာ ကောင်းလိုက်တာရှင်.. ကျေးဇူးနော်…..

  • မဟာရာဇာ အံစာတုံး

    December 19, 2012 at 11:59 am

    ဦးလေးဂျီး …

    သားသားဂ မိန်းမတောင် ရသေးဝူးး
    လူဂျိုလေး ချိဒေးဒါ ..
    အိုက်ဒါ …. အဟီးးးးး :mrgreen:
    ထပ်နောက်တော့ပါဘူး …

    လပြည့်လပြည့်ကို ကဗျာစပ်ထားတာ
    မိုက်တယ်ဗျာ ……
    နာရီ စက္ကန့်နဲ့အမျှ သေခြင်းတရားက ဘေးနားမှာ …
    ဒါကြောင့် .. နက်ဖြန်ဆိုတာ အသာထား ..
    ပေါက်တဲ့အခါ ပေါက်သလို လုပ်ထည့်လိုက်တာ
    အကောင်းဆုံးလို့ ထင်မိပါတယ်ဗျားးးးး
    (ကျုပ်တော့ ပေါက်သေးဝူးးးး) :mrgreen:

  • မောင်ပေ

    December 19, 2012 at 12:39 pm

    အချိန်မနှောင်းမှီ
    အိုဘယ့် အချိန်လေးရယ်မှ မနှောင်းမှီ
    လေးခ ရေ
    အဝေရာလေး အရင်ဆွဲလိုက်ကြရအောင်ကလား

  • ဗုံဗုံ

    December 19, 2012 at 12:46 pm

    လေးခရေ လစာထုတ်ချင်လို့ ရက်တွေမြန်မြန်ကုန်ပါစေဆုတောင်းရတာ တစ်ရက်ကုန်သွားတိုင်း သေဖို့တစ်ရက်နီးလာတာကို သတိမထားမိဘူး
    ကွန်ပျုတာရှေ့မှာဆိုရင် အချိန်ကုန်လို့ကုန်မှန်းမသိဘူး ဘယ်နှနာရီထိုင်ရထိုင်ရ
    တရားထိုင်လို့ ငါးမိနစ်လောက်နေရင် ညောင်းကိုက် ကျင်ထုံလာတော့တာ
    လေးခ သတိပေးမှ ဆင်ခြင်ရတော့မယ် ကျေးဇူးတင်ပါတယ်ရှင်

    • mobile (mandalay)

      December 19, 2012 at 5:31 pm

      နှိပ်ပေးချင်လှသကွယ် . . . . . .
      တစ်ရက်ကုန်ရင် သေဖို့တစ်ရက်နီးတယ်လို့လဲမှန်တယ်
      မိမိ မျှော်လင့်ချက် အကောင်အထည်ပေါ်ဖို့ တစ်ရက်နီးလာတာဆိုရင် ပိုသင့်တော်တယ်။
      :harr:

  • Novy

    December 19, 2012 at 12:56 pm

    ဘဝချုပ်ပြီး လောကကြီးကို တာ့တာပြ မထွက်ခင် သယ်လို့ရတာတွေသယ်နိုင်အောင်
    ကြိုးစားနေပါတယ် ကိုခင်ခရေ.
    သတိပေးကဗျာလေးကိုလည်း သဘောကျမိပါတယ်ရှင်

  • ခင်ခ

    December 19, 2012 at 1:06 pm

    ဝင်ရောက်အားပေးကာ ကွန့်ကြကုန်သော
    မွန်ကစ် ဗုံလေး မနိုဗွီ ဆရာပေ နဲ့ မဟာအံစာ တို့ကို
    ကျေးဇူးပါနော်။

  • mobile (mandalay)

    December 19, 2012 at 5:39 pm

    ဖတ်ရှု့အားပေးသွားပါတယ် ကိုခင်ခ ရေ…….
    လူတွေအတွက် မမြဲးခြင်းသဘောကို ကဗျာလေးနဲ့ဖွဲ့ ဇာပ်ပို့ ဇာပ်ရံ ကြယ်တာရာ
    လမင်း၊ အလင်းအမှောင်များ သုံးနှုန်းထားပုံကို သဘောကျမိပါသည်။
    ကျနော် တို့အသက်အရွယ်အရ ဆယ်ကျော်သက် သာရှိသေးတယ်ဆိုသော်လည်း
    ဆန့်သောလက်မကွေးမှီ ကွေးသောလက်မဆန့်မှီဆိုတော့ သတိသံဝေဂ
    ယူသွားပါကြောင်းးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး

    • ခင်ခ

      December 19, 2012 at 8:00 pm

      ထုံးတန်းစဉ်လာအရတော့ အသက်အရွယ်လေးရလာရင် ကုသိုလ်လေးလုပ်ကြစေလိုတာပေါ့ဗျာ။
      ငယ်ရွယ်တဲ့အချိန်တွေကစပြီး လုပ်လာနိုင်ရင်တော့ ပိုကောင်းတာပေါ့ ကိုမိုဘိုင်းရေ။

  • uncle gyi

    December 19, 2012 at 10:25 pm

    လပြည့်ညလိုလည်းအမြဲမလင်းနိုင်ပါဖူး
    လမိုက်ညလိုလည်းအမြဲမမှောင်နိုင်ပါဖူး
    အမှားမဖက်ဖို့တရားဖက်ကာနေ
    အသေတတ်အောင်
    ဘဝနာဖက်ကာနေရမတဲ့
    ကိုခရဲ့
    လုပ်နိုင်ရင်ကောင်းတာချည်းပါပဲ
    မြင်နိုင်ရင်လင်းတာချည်းပါပဲ
    သတိလေးကိုကပ်ပါလို့မသေခင်
    ကောင်းမှုလေးနဲ့နေသွားကြပါစို့

    • ခင်ခ

      December 20, 2012 at 10:38 am

      ဟုတ်လေပ အန်ကယ်ကြီးရေ။
      အန်ကယ်ကြီးရေးသလို
      ကောင်းမှု့လေးတွေနဲ့ နေကြရင် ကောင်းမယ်နော်။

Leave a Reply