ကြီးမိုက် နှီးဘုရားဖူးခဲ့သည်..Bamboo Thread Buddha Image

16-12-12 တနင်္ဂနွေနေ့က ရွာအလှူ ကပြန်လာတဲ့ ကိုဘလက်၊အမတ်မင်း၊ရွှေတိုက်တို့နဲ့
ချိန်ပြီး မတော်တဆ ထိခိုက်ဒဏ်ရာရနေတဲ့ ဗိုက်ကလေး ကိုသွားတွေ့ပီး သတင်းမေး
အားပေးခဲ့ကြပါတယ်..အဲဒီကအပြန် ၉မိုင် ရွှေနှင်းဆီလမ်းကထွက်တော့ ရှေ့တည့်တည့်
မှာရှိနေတဲ့ ရှမ်းဘုန်းကြီးကျောင်းဝန်းကြီးကိုမြင်တော့ တစ်ခါက ဖူးခဲ့ဘူးတဲ့ နှီးဘုရားကြီးကို
သတိရသွားပါတယ်..ဒါနဲ့ အမတ်မင်းကို ရောက်ဖူးလားမေးတော့ မရောက်ဖူးဘူးပြောလို့
လာ..ဒါဆိုတခါတည်း လမ်းသင့်တုန်းဝင်ဖူးလိုက်ကြရအောင်ဆိုပြီး ဝင်ဖူးဖြစ်ခဲ့ပါတယ်…
ရန်ကုန်မြို့လယ်မှာရှိနေပေမဲ့ အမှတ်တမဲ့ ဖြတ်သာသွားပြီး မရောက်ဖူးသေးသူများ
အတွက် ရှမ်းဘုန်းကြီးတွေ လက်မှု့ပညာနဲ့ ပြုလုပ်ကိုးကွယ်ထားတဲ့
နှီးဘုရား(ရှမ်းအခေါ်..“ဖရားအင်းဆံ”)ရုပ်ပွားတော်ကြီးပုံလေးတွေ မျှဝေလိုက်ပါတယ်ဗျို့….ရောက်ပီးသား..ဒီရွာထဲတင်ပီးသား
ဆိုရင်တော့လည်းခွင့်လွှတ်ပြီးထပ်ဖူးမျှော်ကြပါအုံးလို့…..

CIMG2585ဒီစာလေးတွေက ဘုရားပုံတော်ဓါတ်ပုံနောက်ကျောမှာရေးထားတာပါ။

နှီးဘုရားကြီးရက်လုပ်ရန် ဝါးနှီးထွင်ကြပုံ မှတ်တမ်း
နှီးဘုရားကြီးယက်လုပ်ရန် ဝါးနှီးထွင်ကြပုံ မှတ်တမ်း
နှီးဘုရား ရုပ်ပွားတော်မြတ်
နှီးဘုရား ရုပ်ပွားတော်မြတ်အနီးကပ်
နှီးဘုရားကြီးရက်လုပ်ဖို့ ကျိုက်ထီးရိုးတောင်မှာဝါးသွားခုတ်ပုံ မှတ်တမ်း
နှီးဘုရားကြီးယက်လုပ်ဖို့ ကျိုက်ထီးရိုးတောင်မှာဝါးသွားခုတ်ပုံ မှတ်တမ်း
နှီးဘုရားကြီး ယက်လုပ်ပုံ အဆင့်ဆင့်ကို မှတ်တမ်းတင်ထားပုံ
နှီးဘုရားကြီး ယက်လုပ်ပုံ အဆင့်ဆင့်ကို မှတ်တမ်းတင်ထားပုံ
နှီးဘုရားကြီး
နှီးဘုရားကြီး
ရှမ်းဘုန်းကြီးကျောင်းဝန်းအတွင်းတွေ့ရသော စေတီငယ်
ရှမ်းဘုန်းကြီးကျောင်းဝန်းအတွင်းတွေ့ရသော စေတီငယ်
ရှေးမူလက်ရာ ကျောင်းတော်ကြီး
ရှေးမူလက်ရာ ကျောင်းတော်ကြီး
အောင်ရွှေဘုံသာ ဓမ္မဗိမာန်ကျောင်းတော်ကြီးဆိုပဲ(ယိုယွင်းနေပြီဖြစ်သည့်ကဗည်း)
အောင်ရွှေဘုံသာ ဓမ္မဗိမာန်ကျောင်းတော်ကြီးဆိုပဲ
(ယိုယွင်းနေပြီဖြစ်သည့်ကဗျည်းစာသားများ)
ရှေးဟောင်းလက်ရာကျောင်းတော်ကြီးကို ခုတော့ စာကြည့်တိုက်လုပ်ထားသတဲ့
ရှေးဟောင်းလက်ရာကျောင်းတော်ကြီးကို ခုတော့ စာကြည့်တိုက်လုပ်ထားသတဲ့
ရှေးမူလက်ရာ လှေကားကြီး
ရှေးမူလက်ရာ လှေကားကြီး

ကဲ ..ကဲ..ဘုရားဖူးကြရပြီမဟုတ်လား….

ရွာသူားအားလုံးကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေသော်…

ဘာရယ်မဟုတ်ပါဘူး..ပို့စ်မတင်နိုင်တာကြာပီမို့…သတိတရ ရှိအောင်ကြံဖန်တင်လိုက်တာပါ။

အားလုံးကိုခင်တဲ့…

ကြီးမိုက်။  :hee:

 

 

 

 

 

 

 

 

30 comments

  • မဟာရာဇာ အံစာတုံး

    December 19, 2012 at 12:26 pm

    ကျုပ်လည်း ဖြတ်သွားဖြတ်လာသာ ရှိတာ ..
    ဝင်ပြီး မဖူးမြော်ဖူးဘူးဗျ ..
    ခု ဥကြီးမိုက်ကြီး တင်လိုက်တော့ …
    မရောက်ဖူးပေမယ့် ဖူးမြော်ဖူးသွားပြီ …
    ကျေးဇူးပါဗျို့ …

  • Thuyazaw

    December 19, 2012 at 12:34 pm

    ဒီအမတ်က တစ်နေ့တည်း ကုသိုလ်နှစ်မျိုးလုပ်သွားတာပဲ……. လေးမိုက်ရေ ပြန်လည်မျှဝေခြင်းအတွက် ကျေးဇူးပါ….. ဝင်ရောက်ကြည်ညိုသွားပါတယ်ဗျာ…..

  • ခိုင်ဇာ

    December 19, 2012 at 12:36 pm

    ကျနော်က ခေါင်းစဉ်ကြည့်ပြီး ကိုကြီးမိုက် မေမြို့ရောက်နေပြီမှတ်လို့။
    မေမြို့နားက နှီးဘုရားက ဉာဏ်တော်ပိုမြင့်တယ်ထင်တယ်။
    ရန်ကုန်က နှီးဘုရားတော့ မရောက်ဖူးလို့ ခု ဖူးမျှော်သွားပါတယ်။ :hee:

  • မောင်ပေ

    December 19, 2012 at 12:53 pm

    သပ္ပါယ်လိုက်တာဗျာ
    သာဓုသာဓုသာဓု ပါ ဦးမိုက်ရေ

  • Shwe Tike Soe

    December 19, 2012 at 12:54 pm

    ဟို အပြာရောင်နဲ. ဘွားဒေါ်ကြီးက ပုံတိုင်းမှာပါနေပါလား.. ဥစ္စာစောင့်များလား ဖလား ဖလား…………………….
    ဦးမိုက်ကြီးတော့ ဥစ္စာစောင့်နဲ.တွေ.ခဲ့ပီနဲ.တူဒယ်..
    ဒါကြောင့် ဦးမိုက်နဲ.ကိုမတ် ကား ဘယ်ပျောက်သွားပါတယ်မှတ်တာ… ဘုရားဝင်ဖူးနေတာကိုး

  • ခင်ခ

    December 19, 2012 at 12:56 pm

    အရင်ရောက်ခဲ့ဘူးပေမယ့် မရောက်တာကြာလှမို့
    ပြန်လည်ပြီး ဖူမျှော်ခွင့်ရလို့ ကျေးဇူးပါ ကိုကြီးမိုက်ရေ။

  • kyeemite

    December 19, 2012 at 1:02 pm

    အရင်ဦးဆုံး ဘုရားဝင်ဖူးသွားသူ
    မောင်အံစာတုံး ရေ..မဖူးဘူးသေးတာသိရလို့တင်ရကျိုးနပ်ပါတယ်ဗျာ…
    သူရနဲ့ ခိုင်ဇာတို့လည်းဘုရားဝင်ဖူးအားပေးလို့ ကျေးကျေးနော..
    မေမြို့သွားလည်ဖို့ကြံစည်ထားတယ်…သွားဖြစ်ရင်တော့
    ခိုင်ဇာပြောတဲ့ မေမြို့ကနှီးဘုရားလည်းဖူးရမယ်ဗျို့… :hee:

    • ဟ ..
      ခညား တင်ရကျိုး နပ်ရုံနဲ့ ပြီးမတဲ့လား …
      အရင်ဆုံး လာအားပေးတာ ..
      နည်းနည်းပါးပါးတော့ ပြုစုသင့်တာပေါ့ ..
      အနည်းဆုံး ကွမ်းလေးဖြစ်ဖြစ် ဝယ်ကျွေးသင့်ပါတယ် …
      ငွင်းး ငွင်းးး :mrgreen:

  • kyeemite

    December 19, 2012 at 1:17 pm

    ကိုပေနဲ့ ကိုခင်ခ
    ဖူးရတာဘဝင်ကျသမို့
    ဝမ်းသာပီတိဖြစ်ပါ၏။
    ~~~~~~~~~~~~~~
    ရွှေတိုက်ရေ…နင်တို့ကိုဖုန်းနဲ့လှမ်းခေါ်သေးပါသကော…
    ကိုဘလက်က ကားပြန်ကွေ့မလာတာကိုးကွ…
    အဲဒီ အပြာရောင်နဲ့ မမ က(ရွာထဲကမမ မဟုတ်ပါ)အဲဒီဝန်းထဲနေရာအနှံ့
    ဓါတ်ပုံလိုက်ရိုက်နေတာပဲ..နယ်ကလာလည်တာနဲ့တူပါရဲ့…

  • kyeemite

    December 19, 2012 at 1:24 pm

    အောင်မြတ်လေး..အံစာတုံးရဲ့..
    ကွမ်းဆက်ရအောင်..နင်က “နတ်”လား“မူလီ”လား?????

    • ဟေ့လူ ….
      အံစာတုံးပါ ဆိုနေမှ …
      နတ်လား မူလီလား လာမေးနေရသေးတယ် …
      ခညားက ဘာဒုံးဂျ …
      မကျွေးချင် မကျွေးချင်ဘူးလို့ ချင်းချင်းပေါဘာ .. ငွင်းး ငွင်းး

  • မင်းနန္ဓာ

    December 19, 2012 at 1:44 pm

    ရှေးရှေးတုန်းက ဘုရားဆင်းတု ရက်လုပ်နေတုန်း ကိုယ်တိုင်ဝင်ကူခဲ့ရပေမယ့်
    ဒီတကြိမ် မပါလိုက်ရလို့တဲ့ ခုမှ သိကြားမင်းက မိန်းမယောင်ဆောင်ပြီး ဓာတ်ပုံလိုက်ရိုက်နေနေမှာ
    အပြာရောင် ဝမ်းဆက်လေးနဲ့
    ဘုရားဝင်ဖူးသွားပါတယ် အူးကြီးမိုက်ရေ

  • မိုချို

    December 19, 2012 at 1:46 pm

    ကိုယ်တွေ လည်း ဖြတ်သွား ဖြတ်လာ လုပ်နေပြီး တခါ မှ မရောက်ဖူးဘူး။တင်ပေးတဲ့ ရှိ မှပဲ ဖူးရတော့ တယ်။ ကျောင်း ဝန်း က အကျယ်ကြီးပဲ။ ကား မတော် တဆ ဖြစ်တာဗိုက်ဗိုက် လား ၊ ခုကော ဘယ်လိုနေသေးလဲ။

  • MaMa

    December 19, 2012 at 1:59 pm

    အဲဒီနှီးဘုရားလည်း ကပ်ကျော်ဘုရား ဖြစ်နေတယ်။
    ဖြတ်သွားရင်း တွေ့ပေမယ့် တခြားကိစ္စနဲ့ဆိုတော့ မဝင်ဖြစ်ဘူး။
    ရွှေချထားတော့ အပြင်ပန်း ကြည့်ရတာ ဘာမှ မထူးခြားသလိုပဲ။
    ယက်ထားတဲ့အတိုင်းထားရင် တမူထူးခြားပြီး ပိုကြည်ညိုစရာ ဖြစ်မလားလို့။
    ရှေးဟောင်းကျောင်းတော်ကြီးကို သဘောကျတယ်။ :hee:

  • နွယ်ပင်

    December 19, 2012 at 2:01 pm

    လေးမိုက်ရေ … အခုလို ပုံနှင့်တကွ ဖူးမြှော်ခွင့်ရတဲ့ အတွက် ကျေးကျေးပါနော် …
    နှီးဘုရားကို နာမယ်သာ ကြားဖူးပြီး တစ်ခါမှ ဖူးခွင့်မကြုံသေးပါဘူး ….

  • amatmin

    December 19, 2012 at 2:12 pm

    တော်သေးတာပေါ့ အူးလေးမိုက်ရာ..
    ဘုရားဖူးခဲ့တဲ့ အထဲ ကျနော့ကို ဆွဲထည့်ပေးလို့ပဲ…
    နို့မို့ဆို.ရွာ့အလှူ ပြီးတာနဲ့ တွံတွေးမလိုက်ဘဲ တက်သုတ်ရိုက်ပြန်လာတဲ့..
    ကျနော့ကို အရက်ဆိုင်ပြေးပီဆိုပီး တွေးနေခဲ့ကြတဲ့
    ဟိုအပေါ်ကသူရဇော်လို လူဒွေအမြင်ရှင်းသွားတာပေါ့ ဗျာ.. 🙂
    ဒါနဲ့ အဲ့ကျောင်းက ဦးဇင်း.ကိုရင်တွေက
    ဗမာစကား နားမလည်သလိုပဲ ရယ်..
    အူးလေးနဲ့ ကျနော် ဘုရားပျောက်နေလို့ လှည့်ပတ်မေးနေတာကို.
    စကားနဲ့တင်မရဘဲ လက်အုပ်ချီပြမှ သူတို့က နားလည်သလားလို့.. 🙁

    • Thuyazaw

      December 19, 2012 at 3:25 pm

      ဖြစ်ရလေခြင်း အမြင်ဘဲ ရှင်းရဒယ်ရှိသေး…… မက်စိန်မ ညည်းအေ… ဘောက်နှယ်ဖြစ်လို့ ကျုပ်က အမြင်ရှုပ်ရပြန်ဒါဒုံးး….. ညည်း မက်စိရရင် အကြောင်းပြန် ဒါဘဲ

      • amatmin

        December 19, 2012 at 3:37 pm

        မရဘူးဗျ..
        ဘာကြောင့်တုန်း ဟင်..
        မေးလ်ထဲကို..ဘာဆိုဘာမှကို မဝင်တာပဲ.. 🙁

  • Shwe Ei

    December 19, 2012 at 4:09 pm

    စိန်ဗိုက်ဗိုက် အခြေနေလေး သိပါရစေ အူးမိုက်ရေ။
    သတင်းလဲမေးချင်တာ။

  • etone

    December 19, 2012 at 4:52 pm

    အူးမိုက်ရေ … တကယ့်ကို ကပ်ကျော်ဘုရားပဲ .. ကပ်ကပ်ပြီးကျော်သွားလို့ ..တစ်ခါမှကို မရောက်ဖူးဘူး .. ဟီး :mrgreen:
    ရုပ်ရှင်ရိုက်လျှင် ပါနေကြနေရာက … အဲ့ဒီမှာကိုး …. အစကတော့ … ညွှန့်မြန်မာ ခြံထဲမှာလို့ ထင်တာ .. ဒါပေမယ့် .. အဲ့က .. ကျောင်းက .. ဒီလောက် မကြီးဘူးလေ … ။

  • mobile (mandalay)

    December 19, 2012 at 8:06 pm

    အူလူမိုက်ကြီးရေ
    ဝင်ရောက်ဘုရားဖူး အားပေး ကူးယူ သွားပါကြောင်းဗျာ……………………

  • koaung

    December 19, 2012 at 8:12 pm

    ကိုကြီးမိုက်ရဲ့အကျော် အဲလေ နှီးဖုရားဖူးသွားပါကြောင်း

  • uncle gyi

    December 19, 2012 at 10:39 pm

    မြန်မာ့လက်မှုပညာစစ်စစ်တခုအဖြစ်တကယ်ကိုဂုဏ်ယူစရာပါဗျာ
    အခုတော့မြန်မာပြည်နေရာအတော်များများမှာဖူးတွေ့နေရပါပြီ

  • kyeemite

    December 20, 2012 at 9:29 am

    မိုချို နဲ့ ရွှေအိရေ…
    ဗိုက်ကလေးတစ်ယောက်လန်းလန်းဆန်းဆန်းပါပဲ
    ရီရီမောမော နဲ့ စကားတွေပြောခဲ့ကြတယ်…
    ညာဖက်လက်က လက်မောင်းကနေ လက်ဖဝါးထိ ကျောက်ပါတ်တီးစည်းထားတော့
    လှုပ်မရဘူး ၊ ကြိုးသိုင်းပေးထားတယ်
    ဘယ်လက်ကတော့ တံတောင်ဆစ်အောက်နားကနေ လက်ဖဝါးထိ
    ကျောက်ပါတ်တီးစည်းထားတာမို့ တံတောင်ကွေးလို့ရတော့ လှုပ်လို့ရတယ်ဆိုပါတော့
    ခုလောလောဆယ်တော့ သူ့ကောင်မလေးထမင်းချက်ပီး ခွန့်နေတယ်လို့ပြောပြတယ်…
    ကျောက်ပတ်တီးဖြည်တဲ့ရက်စောင့်ရုံပါပဲ..

    • မင်းနန္ဓာ

      December 20, 2012 at 4:39 pm

      ခုလိုကြားရတာ စိတ်အေးရပါတယ် အူးကြီးမိုက်ရေ
      ဗိုက်ကလေး အမြန် သက်သာ ပျောက်ကင်းပါစေ..
      သူ့ခမျာ ဘီအီးခွက် မမြှောက်နိုင်ရှာ ဖြစ်နေမှာပေါ့

  • ဦးကြောင်ကြီး

    December 20, 2012 at 11:30 am

    ဘန်ဗူး
    ကံထူး
    စံဦး
    ပျံမြူး..

    ဒါနဲ့ စကားအစပ်.. ဗိုက်ကလေးဆိုတာ ကျနော်တို့ စိန်ဗိုက်ဗိုက် ထင်တယ်နော်။ အမြန်ကျန်းမာ ချမ်းသာ လန်းဖြာပါစေဗျာ..။

  • kyeemite

    December 20, 2012 at 1:28 pm

    ဟုတ်ပါတယ်..ရွာသား စိန်ဗိုက်ဗိုက်ပါ…ကားအက်ဆီးဒင့်ဖြစ်တာ…

  • အရီးခင်လတ်

    December 21, 2012 at 3:55 am

    ကကြီးမိုက်

    Oxford မှာ ဘုန်းကြီးကျောင်း တစ်ကျောင်း ရှိတယ်။
    ဆရာတော် က ရှမ်းပြည်ဖက်က ဖြစ်ပြီး မိုင်းဖုန်းဆရာတော် ရဲ့ တပည့်ရင်းပါ။
    အဲဒီ ရှမ်းဘုန်းကြီးကျောင်း နဲ့ လဲ အဆက်အသွယ်ရှိတယ်။
    နှီးဘုရား ကို ကြားဖူး ပေမဲ့ တစ်ခါမှ မဖူးဘူး ပါဘူး။
    အခုမှ ဖူးဘူး တာမို့ အထူးဘဲ ကျေးဇူးတင်ပါ၏။
    ကျောင်းတော်ကြီး ကလဲ အတော်လေး ခန့်ညားတာဘဲနော်။
    ထိန်းသိမ်း ဖို့ တော့ လိုနေသလားဘဲ ။ရှေးမူမပျက် အောင် တော့ ဂရုစိုက် ပြီး ပြုပြင်သင့်တယ်။

  • kyeemite

    December 21, 2012 at 8:40 am

    ကိုခင်လတ်ကြီး….
    မအားလပ်တဲ့ကြားက တကူးတက ကွန်မင့် လာပေးတဲ့အတွက်
    ကျေးကျေးပါ…နှစ်သစ်ကူးအခါသမယမှာ မိသားစုနဲ့အတူ
    စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းတို့ပြည့်ဝပြီး
    ပျော်ရွှင်ချမ်းမြေ့နိုင်ပါစေဗျား…. :hee:

  • Ma Ei

    December 21, 2012 at 9:25 am

    ရှမ်းကျောင်းကြီးထဲ နှီးဘုရားကြီးရှိမှန်း
    လှပတဲ့ ကျောင်းဟောင်းကြီးရှိမှန်း
    သိရတဲ့ အတွက် ကျေးဇူးတင်ပါတယ်…
    အချိန်ရရင် သွားရောက်ဖူးမျော်ပါဦးမည်…

Leave a Reply