ဘာပြောသေးလဲ

ဆုျမတ္မိုးDecember 19, 20121min13014

သူငယ်ချင်းတွေက ဘာပြောသေးလဲ
ကျောင်းမှာဘာပြောသေးလဲ ဆိုတဲ့ စကားကို ကျမငယ်စဉ်တောင်ကျေးကလေးဘဝတည်းကနေ ယဉ်ပါးခဲ့ဖူးပါတယ်။ အထူးသဖြင့် မတည့်အတူနေ ကျမရဲ့ မာတာမိခင် ကျေးဇူးရှင်ဆီကပေါ့..။
ဘဝမှာ နားလည်မှု ၊ ပေးကမ်းမှု ၊ သက်ဆိုင်မှုဆိုတာ ရှိလာတဲ့အချိန်မှာ ကျမလည်း ဘာပြောသေးလဲဆိုတဲ့စကားနဲ့ စတင်ရင်းနှီးလာခဲ့ပါတယ်။
ဟေမာနေဝင်းသီချင်းထဲကလို အမေ့အိမ်ကိုလည်းချစ်သမီးလွမ်းပါတယ်လို့ပြောရမလားဘဲ..။ အမေ က ကျမကိုအကျီအသစ်ကလေးတွေဆင်ပေးရင်…အမြဲတမ်းမေးပါတယ်.. သမီးကိုသူငယ်ချင်းတွေကဘာပြောလဲ ဆရာမကဘာပြောလဲ…သမီးလက်ရေးတွေကိုဆရာမဘာပြောလဲဆိုရင်..ကျမစိတ်ထဲမှာအမေ့ကိုအင်မတန်ရှုပ်တယ်..စပ်စုတယ် ဆိုပြီး..အမြဲတမ်း ဘာမှမပြောဘူးဆိုပြီးဘူးခံငြင်းတတ်ပါတယ်။ သူငယ်ချင်းတွေကလှတယ် ၊ ဆရာမက လက်ရေးလှတယ်ပြောပေမယ့်လည်း အမေ့ရှေ့မှာရှက်တာရော ၊ မပြောချင်တာရယ်ပါ ကျမဘယ်တုန်းကမှပြောလေ့မရှိဘူး ။ဘယ်သူတွေဘာပြောလဲမေးရင်…အမြဲတမ်းဘာမှမပြောဘူးဆိုပြီး စိတ်ပျက်လက်ပျက်အမေဖြစ်သွားမြဲ ။ အမေ့ကိုစပ်စုတယ်ဆိုပြီးမျက်မှောင်ကြီးကြုံ့ပြီးစိတ်တိုတတ်မြဲပါပဲ..။ တကယ်လည်း ကျမအတွက်ကိုယ်တိုင်ရေးတဲ့ဘဝပြဇာတ်ထဲကိုလည်းရောက်ရော..အနီးဆုံးမှာရှိတဲ့တစ်ယောက်သောသူကိုအမြဲတမ်းမေးဖြစ်ခဲ့တယ် ။ ဘယ်သူတွေဘာပြောလဲ……………

သူ့ရုံးမှာ သူ့အလုပ်များတာနဲ့ပက်သက်ပြီးမန်နေဂျာဘာပြောလဲကျမသိချင်ပြန်တယ်
သူ့ရုံးကလူတွေအတွက်ပေးလိုက်တဲ့လက်ဆောင်ကိုရုံးကလူတွေဘာပြောလဲသိချင်
သူအကျီအသစ်လေးဝတ်သွားတဲ့နေ့မှာရုံးကလူတွေက လှတယ်ပြောလားမပြောဘူးလား ကျမသိချင်တယ်
သူ့ပတ်ဝန်းကျင်က တစ်ခုခုအပြောကို ကျမတကယ်ပဲ သက်ဆိုင်စွာနဲ့ပဲသိချင်နေခဲ့တယ်။ ဒါဟာ ဘာလို့လဲ……။

ကျမယဉ်ပါးခဲ့တဲ့ အမေ့ရဲ့…သမီးအကျီအသစ်ဝတ်တော့ကျောင်းမှာဘာပြောလဲ…သမီးစိန်ခွက်ကလေးကိုသူငယ်ချင်းတွေဘာပြောသေးလဲ.. သမီး အမှတ်အများဆုံးရတာ ဆရာမတွေဘာပြောလဲ……စတဲ့စကားတွေပြန်မြင်ယောင်လာမိပါတယ်..။ ပြီးတော့အမေ့ရင်ထဲက ကျမအပေါ်ထားတဲ့ စေတနာ ၊ မစ်တာကို မြင်ယောင်မိသလို မျက်မှောင်ကြီးရှုံ့ပြီးဘူးခံငြင်းတတ်တဲ့ ကိုယ့်ပုံကိုယ်လည်းပြန်မြင်လာမိတယ်..။ နောက်တစ်ခါအိမ်ပြန်လို့……အမေက ကျမကို…ငါ့သမီးလေးကိုရုံးကလူတွေဘာပြောလဲလို့ မေးလာရင် ကျမ ဒီတစ်ခါတော့စီကာပတ်ကုံးပြောဖြစ်လိမ့်မယ်ထင်ပါတယ် ။ ။

14 comments

  • ပို့စ်နဲ့တော့ မဆိုင်ဘူးးး
    အောက်က profile ထဲက စာလေးတွေကို ဖတ်ပြီး
    ဟောဒီလိုလေး မေးလိုက်ပါတယ် …
    “အလေ့ကျ ပေါက်သော မြက်ရိုင်းတစ်ပင် … “ ပေါ့နော် ..

    • ဆုမြတ်မိုး

      December 21, 2012 at 7:30 am

      ဟီးဘယ်လိုလုပ်ပြီးအဲလိုနာမည်ပေးမိမှန်းမသိဘူးဗျဒါပေမယ့် မြက်ရိုင်းဖြစ်ရတာ သဘောကျပါတယ် 😀

  • mobile (mandalay)

    December 19, 2012 at 7:32 pm

    အားပေးသွားပါဂျောင်းဗျာ …………………….

  • မောင်ပေ

    December 19, 2012 at 8:10 pm

    ဆုမြတ်မိုး
    အမည်- ဆုမြတ်မိုး မွေးရက် – မေ ၊ ၁၉၈၈ ဇာတိ – ရခိုင် ဝါသနာ – စာဖတ်ခြင်း ၊ စာရေးခြင်း ၊ သီချင်းဆိုခြင်း အသက် ၁၃ နှစ်အရွယ်တွင် ကဗျာစရေး ၊ မဂဇင်းဂျာနယ် တစ်စောင်မှာမျှဖော်ပြမခံရ ၊ စာရေးစာဖတ်ဝါသနာကြီး ။ ကဗျာတွေစာတွေရေးပေမယ့် ကဗျာအကြောင်းစာမကြောင်းကိုမသိ ။ သိတာရှိပေမယ့် နားမလည် ။ နားမလည်ပေမယ့် ကဗျာတွေစာတွေကိုချစ် ။ ဟိုက်ကူကဗျာကိုအထူးနှစ်သက် ။ ၂၀ဝ၇-၂၀ဝ၈ တွင် အွန်လိုင်းလောက ကိုရောက်ရှိ ၊ ဖိုရမ်ဘလော့များတွင် ဝင်ရောက်သောင်းကျန်းတတ် ။ သူငယ်ချင်းများနှင့်ပေါင်းပြီးဘလော့ရေးဖြစ်ရာကနေ ကိုယ်ပိုင်ဘလော့ (www.hsumyatmoe88.blogspot.com)ကို ၂၀ဝ၉ တွင်တည်ထောင်။ ဒီလိုနဲ့စိတ်ကူးပေါက်ပြီး မန်းဒလေးဂေဇက်ကိုရောက်ရှိ ။
    ညီမလေးက အချစ်ကို ကိုးကွယ်သတဲ့လားကွယ်
    မောင်ပေ့ထက် ၅ နှစ်ကျော်ငယ်တဲ့ ဆုလေးကို
    ဘာပြောသေးလဲ လို ့မေးလာခဲ့မယ်ဆိုရင်
    ခြစ်ပါတယ်လို ့
    ဟီဟိ

  • နွယ်ပင်

    December 20, 2012 at 12:28 pm

    …………….. ဘာပြောလဲဟင်
    …………….. ဘာပြောလဲဟင်
    …………….. ဘာပြောလဲဟင်
    …………….. ဘာတဲ့လဲဟင်
    …………….. ဘာတဲ့လဲဟင်
    …………….. ဘာတဲ့လဲဟင်

  • aanyar thar

    December 20, 2012 at 9:57 pm

    ပြောပါတယ် အညာသားကတော့ စာလုံးပေါင်းလေးပဲဗျ (မစ်တာ အကျီ) စတာလေးတွေပါ ဘလော့ပိုင်ရှင်လေးရေ…ဒါလေးယူထားဗျ http://myanmarwords.pikay.org/.

    • ဆုမြတ်မိုး

      December 21, 2012 at 7:35 am

      ကျေးဇူးပါကိုအညာသားရယ်..ရုံးမှာပေါ်လစီအရ…..မြန်မာစာကီးဘုတ်တင်လို့မရလို့ ဝင်းအင်းဝ ကနေ ဇော်ဂျီပြောင်းတဲ့ကွန်ဗက်တာလေးနဲ့သုံးရပါတယ်..။ ဝင်းအင်းဝလို ပတ်ဆင့်မရိုက်တတ်လို့ ပါ .. း) လင့်ခ်လေးပေးတာကျေးဇူးပါနော်..ကိုအညာသား

      http://burglish.my-mm.org/latest/trunk/web/fontconv.htm

  • kai

    December 21, 2012 at 5:30 am

    အခု..”ဘာပြောသေးလဲ” ပို့စ်တင်တာကိုရော..ဘာပြောမလည်းမသိဘူးနော… :kwi:

    • ဆုမြတ်မိုး

      December 21, 2012 at 7:36 am

      ဟီး……ဘာပြောသေးလဲဆိုတော့ တိုပေမယ့်ကောင်းတယ်တဲ့..ခစ်ခစ် 😛

Leave a Reply