အဘဖေါ ရဲ့ ဥရောပသွား ပေါ်တာ တောလား ( ၁၂ ) ( D – 18 – ASSISI – POMPEII – SORRENTO )

Foreign ResidentDecember 20, 201218min15620

အဘဖေါ ရဲ့ ဥရောပသွား
ပေါ်တာ တောလား ( ၁၂ )

( D – 18 – ASSISI –
POMPEII – SORRENTO )

 

စက်တင်ဘာ ၂၈ ရက်နေ့ ။

 

ဒီနေ့ မနက် မှာတော့ ၊

Assisi မြို့ ကနေ ၊

Sorrento မြို့ကို သွားမှာပါ ၊

ကြားမှာ Naples မြို့

ကိုဖြတ်ပြီး ၊ အနားက ၊

နာမည်ကျော် Pompeii ကို ၊

ဝင်ကြည့်ကြဦးမှာပါ ။

 

တကယ့် ခရီး အဝေးကြီး မိုင် ၂၀ဝ လောက်ကို ကားစီးရမှာပါ ။

ဒါကြောင့် ၊ ဟိုတယ်မှာ ဘူဖေး Breakfast စောစော စားပြီး ၊

မနက်စောစော ရ နာရီလောက် ကတည်းက ထွက်လာခဲ့ပါတယ် ။

နေ့ခင်း ၁၁ နာရီလောက်မှာ လမ်းဘေးက Auto Grill ဆိုင်တစ်ဆိုင် မှာဝင် ၊

နေ့လည်စာစားပြီး ဆက်ထွက်လာခဲ့တာ ၊

နာမည်ကျော် Pompeii ကို နေ့လည် ၁ နာရီလောက်မှာ ရောက်ပါတယ် ။

Assisi မြို့ ကနေ Sorrento မြို့ကို အသွား လမ်း ရှုခင်း ။
Assisi မြို့ ကနေ Sorrento မြို့ကို အသွား လမ်း ရှုခင်း ။
လမ်းဘေးက Auto Grill ဆိုင်တစ်ဆိုင် မှာဝင် နေ့လည်စာစား
လမ်းဘေးက Auto Grill ဆိုင်တစ်ဆိုင် မှာဝင် နေ့လည်စာစား

 

 

ရာသီဥတုက ( 40 C လောက် ) အရမ်း ပူနေတဲ့အတွက် ၊

Pompeii မြို့ပျက်ထဲ မှာလဲ ဘာအမိုးအကာမှ မရှိတဲ့အတွက် ၊

Pompeii မြို့ပျက်ထဲကို တစ်ချို့ ခံနိုင်ရည်နည်းတဲ့ လူကြီးတွေ ဝင်မကြည့်ကြပါဘူး ။

လူတိုင်း ၊ Sun Block တွေလိမ်း ၊ ဦးထုပ်ဆောင်း ၊ ရေဘူးလေးတွေကိုင်ပြီး ဝင်ခဲ့ကြပါတယ် ။

 

Pompeii မြို့ကြီးဟာ AD 79 ခုနှစ်လောက်က Mount Vesuvius မီးတောင် ပေါက်ကွဲမှုကြောင့်

ချော်ရည်တွေ ပြာတွေ ရဲ့အောက် ၁ဝ – ၂ဝ ပေ လောက် ရောက်သွားပြီး မြို့ပျက်သွားပါတယ် ။

နောက် နှစ်ပေါင်း ၁၇၀ဝ လောက်ကြာပြီးမှ ၊ 1748 ခုနှစ်ကျမှ ပြန်လည်တူးဖေါ် တွေ့ရှိခဲ့တာပါ ။

 

အဲဒါကြောင့် အဘ က Pompeii မြို့ကို မြေကြီးအောက်ဆင်းပြီး သွားကြည့်ရမယ်လို့ ထင်နေတာ ၊

( အဘ တရုတ်ပြည်သွားတုန်းက Terra Cotta Army က

မြေကြီးအောက်ဆင်းကြည့်ရတာလေ )

တကယ့် တကယ်လည်း ရောက်ရော Pompeii မြို့က တောင်ကုန်းပေါ်မှာ ရှိနေတာပါ ။

Pompeii မြို့က တောင်ကုန်းပေါ်မှာ ရှိနေတာပါ ။
Pompeii မြို့က တောင်ကုန်းပေါ်မှာ ရှိနေတာပါ ။

 

Pompeii မြို့ထဲမှာ ရောမ ထုံးစံအတိုင်း Gladiator ကွင်းတွေလည်း ရှိတယ် ။

တစ်ချို့ နံရံ / မျက်နှာကျက် ဆေးရေး ပန်းချီတွေလည်း ကျန်ခဲ့သေးတယ် ။

ရောမ ထုံးစံအတိုင်း Gladiator ကွင်း ကတော့ရှိတယ် ။
ရောမ ထုံးစံအတိုင်း Gladiator ကွင်း ကတော့ရှိတယ် ။
Pompeii မြို့ပျက်ထဲ က ရှုခင်းလေးတွေ ။
Pompeii မြို့ပျက်ထဲ က ရှုခင်းလေးတွေ ။
နံရံ မျက်နှာကျက် ဆေးရေး ပန်းချီတွေလည်း ကျန်ခဲ့သေးတယ် ။
နံရံ မျက်နှာကျက် ဆေးရေး ပန်းချီတွေလည်း ကျန်ခဲ့သေးတယ် ။

 

 

 

 

AD 79 သာဆိုတယ် ၊ အဲဒီခေတ်က လမ်းတွေက မဆိုးဘူးပဲ ။ ပလက်ဖေါင်းတောင် ရှိတယ် ။

ညအမှောင်ထဲမှာ လမ်းကို မြင်ရအောင် လမ်းခင်း ကျောက်တုံး အကြီးကြီးတွေရဲ့ ထောင့်စွန်းကြားမှာ ၊

အဖြူရောင် ကျောက်တုံး သေးသေးလေးတွေကိုပါ ထည့်ခင်းပေးထားတယ် ။

AD 79 သာဆိုတယ် ၊ အဲဒီခေတ်က လမ်းတွေက မဆိုးဘူးပဲ ။ ပလက်ဖေါင်းတောင် ရှိတယ်
AD 79 သာဆိုတယ် ၊ အဲဒီခေတ်က လမ်းတွေက မဆိုးဘူးပဲ ။ ပလက်ဖေါင်းတောင် ရှိတယ်
Pompeii မြို့ထဲက အိမ်ပျက် တစ်လုံး ။
Pompeii မြို့ထဲက အိမ်ပျက် တစ်လုံး ။
ကျောက်တုံး အကြီးကြီးတွေရဲ့ ထောင့်စွန်းမှာ အဖြူရောင် ကျောက်တုံး သေးသေးလေးတွေ ။
ကျောက်တုံး အကြီးကြီးတွေရဲ့ ထောင့်စွန်းမှာ အဖြူရောင် ကျောက်တုံး သေးသေးလေးတွေ ။

 

 

 

ဒါတွေကတော့ ၊ သေဆုံးသွားတဲ့လူတွေရဲ့ ကျောက်ဖြစ် ရုပ်ကြွင်းတွေပါ ။

အိပ်နေတုန်း ကာဗွန်မိုနောက်ဆိုဒ် မီးခိုး ရှုမိပြီးသေကြပုံ ရပါတယ် ။

ဒါကြောင့် မျက်နှာတွေမှာ ဝေဒနာ ခံစားရပုံ မပေါက်ပါဘူး ။

သေဆုံးသွားတဲ့လူတွေရဲ့ ကျောက်ဖြစ် ရုပ်ကြွင်းတွေပါ ။
သေဆုံးသွားတဲ့လူတွေရဲ့ ကျောက်ဖြစ် ရုပ်ကြွင်းတွေပါ ။
အိပ်နေတုန်း မီးခိုး ရှုမိပြီးသေကြပုံ ရပါတယ် မျက်နှာတွေမှာ ဝေဒနာ ခံစားရပုံ မပေါက်ပါဘူး ။
အိပ်နေတုန်း မီးခိုး ရှုမိပြီးသေကြပုံ ရပါတယ် မျက်နှာတွေမှာ ဝေဒနာ ခံစားရပုံ မပေါက်ပါဘူး ။

 

 

Mount Vesuvius မီးတောင် နောက်ခံ နှင့် Pompeii မြို့ကြီး ။
Mount Vesuvius မီးတောင် နောက်ခံ နှင့် Pompeii မြို့ကြီး ။

 

 

AD 79 သာဆိုတယ် ၊ ခေတ်မှီသလား မမေးနှင့် ၊ မာမာစံ အိမ် ( Brothel ) တောင် ရှိတယ် ။

ခေတ် အဆက်ဆက် အဲဒီလုပ်ငန်း လုပ်စားတဲ့သူတွေဟာ သူဋ္ဌေးဖြစ်ကြပုံရတယ် ။

မာမာစံ အိမ် ( Brothel ) က ပွန်ပေမှာ ရှားရှား ပါးပါး နှစ်ထပ် ။

 

မာမာစံ အိမ် ( Brothel ) ကိုလာသူတွေက လူမျိုးပေါင်းစုံ ဘာသာစကားပေါင်းစုံ ပြောကြတဲ့အတွက် ၊

( AD 79 ထဲက ရောမ မှာ Multi-cultures စံနစ် ထွန်းကားခဲ့တဲ့ သဘောပေါ့ )

စကားမပေါက် မရှိရလေအောင် ၊ စားသုံးသူ အဆင်ပြေစေဖို့အတွက် ( Customer Convenience ) ၊

သူတို့ပေးမယ့် service ကို ၊ အခန်းဝ အပေါ်မှာ ပန်းချီဆွဲပြီးပြထား ပါတယ် ။

( ဟုတ်တယ် ၊ နောက်မှ လာ မငြင်းနှင့် ၊ မဝင်ခင်ကတည်းက သေချာကြည့် ၊

ကိုယ်ကြိုက်တဲ့ Service ဆိုတာ သေချာမှ ဝင်ပေါ့ ၊ ဟီ ဟိ )

 

ဒါပေမယ့် အဲဒီခေတ်က ကုတင်တွေရဲ့ပုံစံကတော့ သက်တောင့် သက်သာ မဖြစ်လောက်ဘူး ထင်တယ် ။

( Convenience ဖြစ်အောင် စီစဉ်ထားသော်ငြားလည်း Comfortable တော့ မဖြစ်ရှာဘူးပေါ့ကွယ် )

မာမာစံ အိမ် ( Brothel ) က ပွန်ပေမှာ ရှားရှား ပါးပါး နှစ်ထပ် ။
မာမာစံ အိမ် ( Brothel ) က ပွန်ပေမှာ ရှားရှား ပါးပါး နှစ်ထပ် ။
သူတို့ပေးမယ့် service ကို ၊ အခန်းဝ အပေါ်မှာ ပန်းချီဆွဲပြီးပြထား ပါတယ် ။
သူတို့ပေးမယ့် service ကို ၊ အခန်းဝ အပေါ်မှာ ပန်းချီဆွဲပြီးပြထား ပါတယ် ။
ကုတင်တွေရဲ့ပုံစံကတော့ သက်တောင့် သက်သာ မဖြစ်လောက်ဘူး ။
ကုတင်တွေရဲ့ပုံစံကတော့ သက်တောင့် သက်သာ မဖြစ်လောက်ဘူး ။

 

 

 

အဝေးက လာတဲ့ သင်္ဘောသားတွေ အတွက် လည်း အဆင်ပြေအောင် ၊

သင်္ဘောဆိပ် ကနေ မာမာစံ အိမ် ကို လမ်းညွှန် အမှတ် အသားတွေလည်း လုပ်ထားပေးတယ် ။

အဘ တို့ Local Guide ကတော့ အဲဒါကို Roman GPS System လို့ခေါ်တယ် ၊ ဟီ ဟိ ။

အဲဒါကို Roman GPS System လို့ခေါ်တယ် ၊ ဟီ ဟိ ။
အဲဒါကို Roman GPS System လို့ခေါ်တယ် ၊ ဟီ ဟိ ။

 

ပွန်ပေက ရဲအဖိုးကြီးက တိုးရစ်တွေကို အရမ်း ကူညီတာ / ဦးစားပေးတာ ကို တွေ့ရတယ် ။

အေးလေ သူတို့ တစ်မြို့လုံးလဲ အဲဒီ Tourist လုပ်ငန်းကနေပဲ ထမင်းစားနေတာကိုး ။

ပွန်ပေက တိုးရစ်တွေကို အရမ်း ကူညီတဲ့ ရဲအဖိုးကြီး ရဲ့ ကား ။
ပွန်ပေက တိုးရစ်တွေကို အရမ်း ကူညီတဲ့ ရဲအဖိုးကြီး ရဲ့ ကား ။

 

ညနေ ၃ နာရီခွဲလာက်မှာ အဘတို့ Pompeii ကနေ Sorrento ကိုထွက်လာခဲ့ပါတယ် ။

နောက် တစ်နာရီခွဲလောက် လှပတဲ့ ပင်လယ် ကမ်းရိုးတန်း တောင်ကမ်းပားကြီးတွေပေါ်မှာ ၊

မေါင်းပြီးတဲ့အခါမှာတော့ အဘတို့ တည်းရမယ့် Johanna Park Hotel ကိုရောက်ပါတယ် ။

ကမ်းရိုးတန်း တောင်ကမ်းပားကြီးတွေပေါ်က အဘတို့ ဖြတ်ခဲ့တဲ့ တောင်ပေါ်လမ်း ။
ကမ်းရိုးတန်း တောင်ကမ်းပားကြီးတွေပေါ်က အဘတို့ ဖြတ်ခဲ့တဲ့ တောင်ပေါ်လမ်း ။
တောင်ကမ်းပားကြီးတွေပေါ်ကနေ အောက်ဖက် ပင်လယ် ကမ်းရိုးတန်း ကိုမြင်ရတာ ။
တောင်ကမ်းပားကြီးတွေပေါ်ကနေ အောက်ဖက် ပင်လယ် ကမ်းရိုးတန်း ကိုမြင်ရတာ ။

 

 

ဟိုတယ်မှာ ခဏတာပဲ အနားယူခွင့်ရပြီး ပြန်ထွက်ရပါမယ် ။

အဘတို့ အပိုထပ်ဝယ်ထားတဲ့ Optional Excursion တစ်ခုဖြစ်တဲ့ ၊

La Sorgente Farm ကိုသွားလေ့လာပြီး အီတလီ ညစာ စားကြမှာဖြစ်ပါတယ် ။

La Sorgente Farm ဟာ မိသားစုပိုင် နွား ဘဲ တိရိစာ္ဆန် တွေနှင့်

သံလွင်ပင်တွေ စိုက်ထားတဲ့ Farm တစ်ခုပါ ။

အဲဒီ Farm မှာ ရိုးရာသံလွင်ဆီ ထုတ်လုပ်ပုံတွေ ၊

နွားနို့ကနေ Cheese ထုတ်ပုံတွေကို ရှင်းလင်း ပြသ ပါတယ် ။

 

ပြီးတဲ့ အခါမှာ Pizza တွေဖုတ်ပုံ ကို ပြသတဲ့အခါမှာတော့ ၊

Cheese လုပ်ပြတဲ့ အဖွားကြီး Maria က အဘတို့ အဖွဲ့ထဲက ၄ ယောက် ကို ၊

Pizza တွေ ကိုယ်တိုင်ဖုတ်ကြဖို့ ရွေးပါတယ် ။

အင်း ထုံးစံအတိုင်းပါပဲ ၊

အဘက ပါရမှာစိုးလို့ အနောက်မှာ ကွယ်နေပေမယ့် အရွေးခံရပြန်ပါတယ် ။

အင်း ၊ အဘကိုမှ ဟင်းလာချက်ခိုင်းတယ် ၊

စားရမယ့် အဖွဲ့သားတွေ ကံ ဆိုးရှာတော့မယ် ။

နွားနို့ကနေ Cheese ထုတ်ပုံတွေကို ရှင်းလင်း ပြသ ပါတယ် ။
နွားနို့ကနေ Cheese ထုတ်ပုံတွေကို ရှင်းလင်း ပြသ ပါတယ် ။

 

ပထမတော့ လက်ကိုရေစင်အောင် ဆေးကြပါတယ် ။

အဲဒီမှာ ရယ်သံတွေ ကြားရလို့ လှည့်ကြည့်ကြတော့ ၊

အဘတို့ အရွေးခံရတဲ့ အထဲက တစ်ယောက်ကို ၊

ဟင်းချက်တဲ့အခါသုံးတဲ့ ခါးပတ် Apron ဝတ်ပေးနေတာပါ ။

ခါးပတ် Apron ဝတ် တာများ ၊ ဘာလို့ ရယ်ကြတာလဲ သေချာ ကြည့်လိုက်တော့ ၊

လားလား ၊ သူ့ Apron မှာက ဒေးဗစ် ပုံနှင့်ကိုး ( သေးနေလို့များ ရီကြသလား မသိ ) ။

 

သူပြီးတော့ နောက် မိန်းမရွယ် တစ်ယောက်ကို ဝတ်ပေးတော့လည်း ၊ ဟာသ ပါပဲ ။

အင်း ၊ အဘ အလှည့်တော့ ရောက်ပြီ ၊ သိပ် ပုံမဆိုးပါစေနှင့် ဆုတောင်းတာပဲ ။

Apron ဝတ်ပေးမယ့် အဖွားကြီးက အဘကို လက်ညှိုးလေးတွေ ကွေးပြီး ခေါ်နေပါပြီ ၊ ဘုရား ၊ ဘုရား ။

သူက အဘ ကိုယ်နားကပ်ပြီး ၊ Apron ပေါ်ကပုံ ကို အဘ သေချာ မမြင်ရအောင် ဝတ်ပေးပြီး ၊

အဘကို လူတွေဖက် ဆွဲလှည့်ပြလိုက် ပါတယ် ။

ဒီတစ်ခါ လူတွေက ဝိုင်း မရီကြပဲ ၊ ဝိုး အိုး ဆိုပြီး အာမေဋိတ် သံတွေ ထွက်လာတယ် ။

 

ကြည့်လိုက်တော့မှ ၊ လားလား ၊ အဘ Apron ပေါ်ကပုံက နည်းတာကြီးမှ မဟုတ်တာပဲကိုး ။

ဒေးဗစ်ပုံ သေးသေးလေးရထားတဲ့ ဆရာသမား ကတော့ အဘ ပုံ ကို မနာလိုဖြစ်နေပုံပါပဲ ။

လူတွေကတော့ ၊ ဘေးမှာ တဟားဟား နှင့်ပေါ့ ။

ဒေးဗစ်ပုံ သေးသေးလေးရထားတဲ့ ဆရာသမား ကတော့ အဘ ကို မနာလိုဖြစ်နေပုံပါပဲ ။
ဒေးဗစ်ပုံ သေးသေးလေးရထားတဲ့ ဆရာသမား ကတော့ အဘ ကို မနာလိုဖြစ်နေပုံပါပဲ ။

 

ကဲ ၊ Pizza စ လုပ်ပါပြီ ။

အောက်ခြေ ဂျုံ ဝိုင်းပြား Base စလုပ်ကတည်းက ကွဲတာပါပဲ ။

အဘ ဂျုံ ပြားက မဝိုင်းပဲ လေးထောင့် ဆန်ဆန် ဖြစ်နေတာပါပဲ ။

နောက်ဆုံး အဖွားကြီး Maria လာပြင်ပေးလို့သာပေါ့ ။

 

ကျန်တာကတော့ သူတို့ပေးထားတဲ့ ခရမ်းချဉ်သီး အနှစ်ရည် ဆမ်း ၊ 

ခုနလေးတင် အဘတို့ကို လုပ်ပြထားတဲ့ Mozzarella Cheese ဖြူး ၊

သံလွင်ဆီ ကို အပေါ်က ထပ်ဆမ်းပြီး ၊ နံပြားဖိုထဲ ထည့်လိုက်တာပါပဲ ။

 

အားလုံး Pizza လုပ်ပြီးသွားတဲ့ အခါမှာတော့ ၊

အဖွားကြီးက ဒေးဗစ်ပုံ ( သေးသေးလေး ) Apron ရထားတဲ့သူကို ၊

နှစ်သိမ့်ဆု အနေနှင့် သခွားသီး အကြီးကြီး ဆုချပါတယ် ။

အဲဒီမှာ နောက်တစ်ခါ ရယ်ရသေးတာပေါ့ ။

Mozzarella Cheese ဖြူး ၊ သံလွင်ဆီ ကို အပေါ်က ထပ်ဆမ်း ။
Mozzarella Cheese ဖြူး ၊ သံလွင်ဆီ ကို အပေါ်က ထပ်ဆမ်း ။
ဒေးဗစ်ပုံ ( သေးသေးလေး ) Apron ရထားတဲ့သူကို နှစ်သိမ့်ဆု အနေနှင့် သခွားသီး အကြီးကြီး ဆုချပါတယ် ။
ဒေးဗစ်ပုံ ( သေးသေးလေး ) Apron ရထားတဲ့သူကို နှစ်သိမ့်ဆု အနေနှင့် သခွားသီး အကြီးကြီး ဆုချပါတယ် ။

 

 

အဲဒါပြီးတော့ အဘတို့ တစ်ဖွဲ့လုံး ညစာ ဆက်စားကြပါတယ် ။

ဆိုင်ရှင်ကတော့ ပြောရှာပါတယ် ။

အဘတို့ လုပ်ထားတဲ့ Pizza တွေကို ကျွေးတာ မဟုတ်ပါဘူးတဲ့ ။

ကျွေးကြည့်ပါလား ၊ ဆိုင် တစ်ခါတည်း နှင့် နာမည်ပျက်သွားမှာပေါ့ ။

အဘ က Pizza ကို လေးထောင့်ပုံ လုပ်ထားတဲ့ အပြင် ၊ အဆာတွေကို စပ်ချင်သလို စပ်ထားတာလေ ။

 

ညစာထဲမှာပါတဲ့ Limon cello ဆိုတဲ့ အီတလီ အရက်ကလည်း ပြင်းသလား မမေးနှင့် ၊

တစ်ပက် လောက်မော့လိုက်တာနှင့် ပူထူ ဆင်းသွားတာပဲ ။

ညစာပြီးတော့ ဈေးရောင်းတဲ့အခါ အဖွဲ့သားတွေကတော့ ၊

အဲဒီ Limon cello ကို ဝိုင်းဝယ်နေကြတာတော့ တွေ့တာပဲ ။

 

ည ၉ နာရီမှာတော့ La Sorgente Farm ကနေ ပြန်မလို့ ၊

အီတလီ အဖွားကြီး Maria ကို အပြန်မှာ နှုတ်ဆက်တဲ့အခါ ၊

ရိုးစင်းတဲ့ တောသူ အဖွားကြီး Maria က ပွေ့ဖက်ပြီးကို နှုတ်ဆက်ရှာတာပါ ။

အဘကတော့ မလျှော်တာကြာပြီဖြစ်တဲ့ အဘ အင်္ကျ ီ အတွက် အားနာတာပါပဲ ။

ပြီးနောက် ၊ Sorrento မြို့ရဲ့ ညအလှကို လှည့်ကြည့်ကြပြီးနောက် ၊

တည်းတဲ့ ဟော်တယ်ကို ပြန်ပြီး အနားယူကြပါတယ် ။

 

တော်သေးဘီ ။

 

အဘ ဖေါ ( F R ) ။

အဘတို့ လုပ်ထားတဲ့ Pizza တွေကို ကျွေးမှာ မဟုတ်ပါဘူးဆိုမှပဲ ပြုံးနိုင်တော့တယ် ။
အဘတို့ လုပ်ထားတဲ့ Pizza တွေကို ကျွေးမှာ မဟုတ်ပါဘူးဆိုမှပဲ ပြုံးနိုင်တော့တယ် ။
အဖွဲ့သားတွေကတော့ Limon cello ကို ဝိုင်းဝယ်ကြတာတော့ တွေ့တာပဲ ။
အဖွဲ့သားတွေကတော့ Limon cello ကို ဝိုင်းဝယ်ကြတာတော့ တွေ့တာပဲ ။

 

 

20 comments

  • သကြားလုုံးကြော်

    December 20, 2012 at 5:31 am

    ဟင် Rome ကိုုကျော်သွားတာလား။ တောင်ဘက်မြို့တွေပြီးမှ Rome ကိုုဝင်မှာလား။

    • Foreign Resident

      December 21, 2012 at 2:25 am

      ဟုတ်တယ် သကြားလုုံးကြော် ရေ ။

      တောင်ဘက်မြို့တွေပြီးမှ Rome ကိုုဝင်မှာ ။
      အဘ သွားမယ့် ခရီးစဉ် ကို ၊
      အဘ ရဲ့ “အဘဖေါ ပေါ်တာ အဆွဲခံရခြင်း” Post မှာ ကြိုရေးထားတယ်လေ ။
      —https://myanmargazette.net/147998—

  • ဦးကြောင်ကြီး

    December 20, 2012 at 11:45 am

    တောလား
    ပေါများ
    ကျောယား
    ထောသွား..

  • မောင်ပေ

    December 20, 2012 at 7:39 pm

    တောလားမှာ
    ဘောထွားခဲ့တဲ့
    ရေငန်ပိုင်အဘဖောပါကလား
    ဟီဟိ
    ခရီးသွားပို ့စ်တွေထဲမှာ သည်ပို ့စ်ကို သဘောအကျဆုံးပဲဗျို ့
    ကျောက်ကုတင်ပုံကိုကြည့်ပြီး ၊ မဆီမဆိုင် ဒူးတွေနာလာသလိုပဲ
    ဟီဟိ

  • မိုက်ကယ်ဂျော်နီအောင်ပု

    December 20, 2012 at 7:45 pm

    အဲ့သည်ဂလက်ဒီယေဒါတွေဆိုတာ ရောမခေတ်ရဲ့ပြယုတ်တစ်ခုလို့ဆိုနိုင်မလားသိဘူးနော
    ရုပ်ရှင်တစ်ခုထဲက စကားလေးတစ်ခုသတိရမိတယ်
    အိုင်အမ်နော့ပရော်ဖက်ရှင်နယ် အိုင်အမ်အ ဂလက်ဒီယေဒါ
    ဆိုတာလေးပါ
    ဇာတ်ကားနာမည်ကိုကလည်း ဂလက်ဒီယေဒါဘဲလားမပြောတတ် ( မသေခြာ )
    အဲ့သည်ခေတ် ကျေးကျွန် တွေကို တစ်ဦးနဲ့တစ်ဦးသတ်ခိုင်းတာကို
    ဘာသာရေးဘုန်းတော်ကြီးတစ်ပါးက အသက်အသေခံပြီး ကန့်ကွက်လို့ အဲ့သည်စနစ်ပပျောက်သွားတယ်လို့လည်း
    ကြားဘူးဒါဘဲ ( ဟုတ်လားမဟုတ်လားမသိ )
    ( တောလားမှာ ဘောထွားခဲ့တဲ့ ရေငန်ပိုင်အဘဖောပါကလား ) ခရက်ဒစ် မောင်ပေ

  • mobile (mandalay)

    December 20, 2012 at 9:25 pm

    ဘဂျီးဖောရေကျေးဇူးပါဗျ။
    ပုံလေးဒွေကူးယူထားလိုက်ပါဒယ်ဗျ။
    ရောမကလူဒွေက တော်တော်အမျှော်အမြင်ရှိတာပဲနော်။

  • အရီးခင်လတ်

    December 21, 2012 at 4:09 am

    ရှက်ရှက် နဲ့ ဝန်ခံရရင် ရောမ က အဲဒီ မြို့ပျက်ကြီး အကြောင်း အခုမှ ကြားဖူး မြင်ဖူးပါတယ်။
    အဘဖော ခရီး ထွက်တာ တစ်ရွာလုံး အတူတူ သွားရသလို ပါဘဲ။
    virtual tour လိုမျိုးပေါ့။
    တကယ်ကျေးဇူး တင်ပါတယ်။
    ပုံထဲက ကျောက်ခုတင်ကြီး က သုံးတဲ့ အချိန်မှာတော့ မွေ့ယာလို မျိုး အခုအခင်းတော့ ပါမှာပါလေ။
    သူများနိုင်ငံတွေက တိုးရစ်တွေ လာအောင် ဆွဲဆောင်တာများ အားကျစရာပါဘဲ။
    ကျွန်မတို့ မြန်မာပြည်မှာ လဲ စစ် အတွင်းက အကြောင်းမျိုးတွေ/ နေရာမျိုးတွေ ကို သာ ပြနိုင်ရင် အင်္ဂလိပ် တွေ အတော်လာမှာ။
    ကျွန်မ အသိတစ်ချို့ တွေ ရဲ့ အဘိုး တွေက စစ်အတွင်း မြန်မာပြည်ကို ရောက်ကြလို့ ဘားမား ဆို သိကြတယ်။
    တစ်ချို့ အရမ်းသွားချင်ကြတယ်။

    ဒါထက် အိမ်မှာရော အဲဒီလို ပီဇာ ကို ပြန်လုပ်ကြည့်ဖြစ်သေးလား။ 😉

    • Foreign Resident

      December 22, 2012 at 9:38 am

      ” ရှက်ရှက် နဲ့ ဝန်ခံရရင် ရောမ က အဲဒီ မြို့ပျက်ကြီး အကြောင်း အခုမှ ကြားဖူး မြင်ဖူးပါတယ် ”

      အရီးလတ် ရေ ။
      ပွန်ပေ အကြောင်းက ငယ်ငယ် အထက်တန်းတုံးက ၊
      ကျောင်းစာထဲမှာ ပါတယ် ထင်ပါတယ် ။

  • kai

    December 21, 2012 at 5:20 am

    အမှတ်မမှားရင်.. အဲဒီချော်ရည်..ပြာပူအောက်ရောက်သွားတဲ့..မြို့အကြောင်း.. နေရှင်နယ်ဂျီအိုဂရပ်ဖစ်ချာနယ်မှာ.. ပြဖူးတယ်..
    အဲဒီမြီု့က.. ပြည့်တန်ဆာမြို့လို့တောင်ခေါ်လို့ရတာပါ…။
    အဲဒီခေတ်က.. မိန်းမဆိုတာ.. ကလေးမွေးပေးတဲ့..သတ္တဝါလောက်သဘောထားသူတွေရှိတာမို့.. ယောကျာ်းအချင်းချင်း.. ပျော်ပါးကြတဲ့မြို့လည်းဖြစ်ပါတယ်..။

    ဆိုတော့… အဲဒါနဲ့.. ဘုရားသခင်က..
    .. ဒဏ်ခတ်လိုက်တယ်ဆိုတာပဲ..။ :harr:

    • pooch

      December 24, 2012 at 1:16 pm

      ဘုရားသခင် ဒဏ်ခတ်တယ်ဆိုတာဟုတ်လောက်တယ်။ :mrgreen:

      ကျမတို့ ဆီမှာလည်း မန်း ရွှေစက်တော်ရာဘုရားမှာ တနှစ်က ဘုရားလူကြီးများ မကောင်းတဲ့မိန်းမတွေ ထားပေးလို့ ညကြီးသန်းခေါင် တောင်ကျရေတွေ တဝေါဝေါနဲ့ စီးလာပြီး တဲတွေရော လူတွေ ရောအကုန်တိုက်ချ သွားတာ ကြားဖူးတယ်။ အကုန်သေတာပဲတဲ့။
      သန့်ပေးတာ ပြောတယ်။

      အခုနောက်ဆုံး အခေါက် ရောက်ဖြစ်ခဲ့တုန်းကတော့ အမူးသမား အရူးသမားတွေနဲ့ ပွဲဈေးတွေ ပြွတ်သိပ်ပြီး တဲတွေကလည်း ပြွတ်နေတာပဲ ။ ရေတွေလည်း နောက်နေပြီ။ စီးပွားရေး ပိုဆန်လာသလို ညစ်ပတ်လာတယ်။

      နောက်ဆို လုံးဝ မသွားတော့ဘူးလို့ ဆုံးဖြတ်မိတဲ့ အထိပဲ ။ မသာယာတော့ဘူး။ စောင်းတန်းက လည်း ဈေးဆိုင်တွေ အများကြီးနဲ့ ။

      ငယ်ငယ်က ရောက်ဖူးတဲ့ မန်းစက်တော်ရာလေးများ လွမ်းစရာ ခုများတော့ 🙁

  • ခိုင်ဇာ

    December 21, 2012 at 8:55 am

    ကျောက် ကုတင် ဟုတ်လို့လားဟင်။
    ကျောက်ဖြစ်သွားတဲ့ ကုတင် (အော်) ကျောက်ဖြစ်ရုပ်ကြွင်း ကုတင် များလား။ :harr:

    ဒီ ဂလက်ဒီအေတာ ကွင်းက ရောမမှာ ကနဦး/အစောဆုံး ဆိုလား ကြားဖူးတယ်။
    ဘဖောရယ် ရပ်စယ်ခရိုးလို ဝတ်စုံပြည့် ဝတ်ပြီးတော့ ကွင်းထဲဆင်းပြီး ဘာလို့ မရိုက်ခဲ့တုန်း။ :mrgreen:

    သူကြီးပြောတဲ့ အကြောင်းတော့ ခုမှ ကြားဖူးရဲ့။ မှတ်ဖွယ်မှတ်ရာပဲ။ :kwi:

    • မောင့်ကျက်သရေ ဂီ့

      December 21, 2012 at 9:00 am

      သူတို့ပေးမယ့် service ကို ၊ အခန်းဝ အပေါ်မှာ ပန်းချီဆွဲပြီးပြထား ပါတယ် ။

      ဆိုတဲ့ ပုံကို သက်သေတည်လို့ ..အခုအခင်း ပါမှာ မြေကြီးလက်ခတ်မလွဲဖြစ်ပီး
      သက်သောင့်သက်သာ ဖြစ်မှာ ဧကန်မုချ ၁၀၀% အာမခံပါဂျောင်း…..။

      တော်သေးဘီ
      (ဆက်ဆွဲရင် ညှီလော့မည်)

      :harr:

      • ခိုင်ဇာ

        December 21, 2012 at 9:18 am

        ဒီလို ဆက်စပ်မိတော့လည်း ဟုတ်သားကလား။ :hee:

  • Mr. MarGa

    December 21, 2012 at 12:32 pm

    အင်းးးးးးးးးးးးးးအဲဒီမြို့ကတော့ စံပဲနော်
    မိုက်ဒလယ်
    ခရီးသွားတွေကို ဆွဲဆောင်နိုင်သား

  • Hnin Hnin

    December 21, 2012 at 1:13 pm

    အမြင့်ကြိုက်လို့လားတော့ မသိဘူး…
    တောင်ကမ်းပါးယံဘေးက ဖြတ်သွားတဲ့ တောင်ပေါ်လမ်းကြီးတော့ သဘောအကျဆုံးပဲ…
    အောက်ကိုကြည့်လိုက်တော့ ကမ်းခြေလား မသိ…ရေကူးကန်လိုလို..ဝါဝါလေးတွေက
    ထီးတွေများလား…
    ဘ ပြောတဲ့ ” Limon cello ” ဆိုတာ ” Lemon cello ” များလား…
    ပုလင်းလှလှ၊ ဝါတာတာလေးနဲ့ သံပယိုနဲ့များ မွှေးနေမလား…

    • Foreign Resident

      December 22, 2012 at 9:36 am

      ” Lemon cello များလား… ”

      Hnin Hnin ရေ ။
      အမှန်ကတော့ Lemon ပါ ။
      ဒါပေမယ့် Wiki ထဲမှာကြည့်လိုက်တော့ ၊
      အီတလီလို Limon cello လို့ရေးတယ် ဆိုပြီး တွေ့ရတယ်လေ ။
      အဲဒါကြောင့် ။

  • koaung

    December 21, 2012 at 6:29 pm

    ဆရာဖောရဲ့တောလားတွေထဲမှာ ဒီတောလားကိုတော့တော်တော်သဘောကျမိပါတယ်ဗျာ မြို့ဟောင်းပျက်ကြီးကိုမြင်ရလို့ပါ မြင်ဘူ:တာတွေကသဘာဝ ကျောက်
    တန်းတွေမျိုးဘဲ တိုးရစ်တွေလာလိုက်မဲ့ဖြစ်ခြင်း ဓတ်ပုံတွေအတွက်ကျေးဇူးပါ

    • Foreign Resident

      December 22, 2012 at 9:32 am

      ” ဒီတောလားကိုတော့တော်တော်သဘောကျမိပါတယ်ဗျာ မြို့ဟောင်းပျက်ကြီးကိုမြင်ရလို့ပါ ”

      အင်း ၊ လူများစုကတော့ ပုံလှလှလေးတွေ ကြိုက်ကြောင်း ပြောကြတယ်ဗျ ။
      koaung ရဲ့ Comment ဖတ်ရတော့လည်း ၊
      လူတစ်ကိုယ် အကြိုက်တစ်မျိုး ဆိုတာ သေချာသွားတာပေါ့ ။
      Comment အတွက် ၊ ကျေးကျေးပါ ခမျ ။

  • MaMa

    December 22, 2012 at 7:22 am

    အခုဘယ်ရာစု ရောက်ပြီလဲ မသိဘူး။
    ဒီကလမ်းမှာ ပလက်ဖောင်း မရှိသေးဘူး။ :buu:

  • ရောက်ဖူးသွားသလိုခံစားရပါတယ်။
    အရှေ့တောတွေစုံအောင်လိုက်မလားခဲ့ဖူးတော့ မမန့်တတ်ပေမယ့်
    တော်တော်တော့ဗဟုသုတရပါတယ်အဘရေ…မန်းဂေဇက်ရဲ့အာဟာရတွေထဲကတစ်ခုပါပဲ။

Leave a Reply