21.12.2012

Khaing KhaingDecember 20, 20121min45069

(12.12.2012) တုန်းက လူတွေက ဟိုဟာဖြစ်မယ် ဒီဟာဖြစ်မယ်နဲ့ အမျိုးမျိုးတွေပြောကြဆိုကြတယ် …

အခုလည်း (21.12.2012) ဟာ မာယာပြက္ခဒိန်မှာ သက်တမ်းကုန်ဆုံးပြီး ကမာ္ဘကြီးက ဘာဖြစ်မယ် … ညာဖြစ်မယ်ပြောနေဆိုနေတဲ့ စကားတွေကြားရပြန်တယ် …… ဇဗ္ဗူဒီပါ လက်ယာတောင်ကျွန်း ဩဘာနမိတ်ထွန်းတဲ့ ဟောဒီကျွန်မတို့နေတဲ့ ကျွန်းမှာ အဲဒီလိုပြောနေဆိုနေတာကို ကျွန်မကတော့ မကြိုက်ဘူး …. ဖြစ်တာမဖြစ်တာထက် စကားနောက်တရားပါ …. ပြောနေဆိုနေတာတွေဟာ လူတွေရဲ့စိတ်ကို အနှောင့်အယှက်ဖြစ်စေတယ် ….

တစ်ချို့သော ပုဂ္ဂလိက အလုပ်ရုံတွေတောင် သူတို့နားလည်မှုနဲ့သူတို့ ပိတ်ကြတယ်လို့လည်း သတင်းရရှိပါတယ် ……

ကျွန်မရဲ့ အတွေးတိမ်တိမ်နဲ့တွေးတာတော့ ပြက္ခဒိန်တစ်ခုရဲ့ သက်တမ်းကုန်ဆုံးသွားတယ်လို့ပဲ ထင်မှတ်ထားမိပါတယ် ……

ကဲ ဒီတော့ … မနက်ဖြန် ဘာတွေဖြစ်မလဲ စောင့်မျှော်ရင်း …. ဒီပို့စ်လေးကို အမှတ်တရတင်ထားမိတယ် ……….

ကျွန်မကတော့ ဘုရားတရားကိုအရင်နေ့တွေထက်ပိုလုပ်မယ် … စိတ်ကိုကောင်းကောင်းလေးနဲ့ကုသိုလ်စိတ်တွေထားမယ် …. ကောင်းမှုတွေလုပ်မယ် … သတ္တဝါတွေကို မေတ္တာပို့မယ်လို့ စိတ်ကူးထားမိပါကြောင်း …………

69 comments

  • Thuyazaw

    December 20, 2012 at 11:54 am

    ကျုပ်ကဒေါ့ လကမ္ဘာပေါ်မှာ သွားနှပ်တော့မှာမို့ အားလုံးတာ့တာဗျာ……

    • Khaing Khaing

      December 20, 2012 at 12:58 pm

      အဲဒီ လကမာ္ဘကိစ္စလည်း ရှိသေးတယ် … ပိုက်ဆံချမ်းသာတဲ့လူအချို့ လကမာ္ဘပေါ်မှာ သွားနေမယ်လို့ သတင်းကြားတယ် … ဒီလိုသာ လုပ်ချင်တိုင်းလုပ်နေရင် လူသားတွေနေထိုင်တဲ့ ကမာ္ဘကို အနည်းနဲ့ အများမထိခိုက်ဘူးလို့မဆိုနိုင်ဘူး ………

    • THE MOON

      December 21, 2012 at 11:36 pm

      မာယာပြက္ခဒိန်မှာ သက်တမ်းကုန်ဆုံးပြီမို ့မြန်မာပြက္ခဒိန်ဆက်သုံးဘို ့အကြံပြ ုလိုက်ပါသည်။

  • မောင့်ကျက်သရေ ဂီ့

    December 20, 2012 at 11:56 am

    နက်ဖန် ကမာ္ဘပျက်မှာဆိုတော့ ဒီနေ့
    ကမာ္ဘမပျက်ခင် အွန်လိုင်းက ရဲဇားမချိသေးတဲ့ မိန်းမချောလေးဒွေကို
    လှည့်ပတ် ရဲဇားဇဂါးပြောမလား တွေးထားပါတယ်..

    ဘာပဲဖစ်ဖစ် အဖတ်တင်တာပေါ့ …နော့်…

    :kwi:

    ဒက်ဂလောက် ..ဒက်ဂလောက်

  • kai

    December 20, 2012 at 12:06 pm

    မြန်မာပြည် ၂၁ရက်နေ့က… ယူအက်စ်မှာ.. မနှစ်ဆယ့်တရက်သေးဘူး…
    ဆိုတော့…
    လွန်ခဲ့တဲ့.. ၁နှစ်ကျော်လောက်က.. ကမ္ဘာပျက်ရင်ဘာတွေလုပ်ကြမလည်း.. မေးခွန်းမေးဖူးတယ်..
    အဲဒါလေး ပြန်မေးချင်သား..။
    မနက်ဖြန် ကမ္ဘာပျက်မယ်ဆိုပါစို့..

    လူသားအားလုံး.. မသေကြခင်.. ရတဲ့.. ၂၄နာရီလေးမှာ.. ဘာလုပ်ကြ..ဘာလုပ်ချင်ကြသလည်း.. ဟင်င်င်.. :528:

    • Thuyazaw

      December 20, 2012 at 12:09 pm

      ၂၄ လေးနာရီ တစ်ရက်ဆိုတဲ့ အချိန်လေးမှာ…. ဘာလုပ်ချင်ကြမလဲဆိုတာမှာ ယောက်ျားလေးအများစု ဘာလုပ်ချင်သလဲ……မိန်းကလေးအများစု ဘာလုပ်ချင်ကြသလဲ ခွဲခြားမေးသင့်ကြောင်းပါ…… နောက်တစ်ခု မိန်းမလျာ….ယောက်ျားလျာများလဲရှိသဖြင့် သူတို့ကိုပါ ဘာလုပ်ချင်ကြသလဲမေးကြည့်ပါ…… သူကြီးမှာ တာဝန်ရှိဘာတယ်……. မေးပလိုက်စမ်းဘာာာ……

    • မောင့်ကျက်သရေ ဂီ့

      December 20, 2012 at 12:15 pm

      I have looked in the mirror every morning and asked myself:
      “If today were the last day of my life, would I want to do what I am about to do today?”
      And whenever the answer has been “No” for too many days in a row,
      I know I need to change something.

      Stay Hungry. Stay Foolish.

      Steve Jobs
      http://news.stanford.edu/news/2005/june15/jobs-061505.html

      :byae:

    • Khaing Khaing

      December 20, 2012 at 12:54 pm

      ဘာလုပ်ချင်လဲ ပြောရရင် စိတ်ထဲဘာမှမရှိဘူး … အခုလို မိသားစု တစ်ကွဲတစ်ပြားဖြစ်နေချိန် ဒီလို စိုးရိမ်သောကရောက်စရာတွေ ဘာမှ မကြားချင် မကြုံချင်ဘူး …. လောလောဆယ်တော့ ခေါင်းတစ်ခုလုံး အုံခဲမီးတောက်နေတာအမှန်ပဲ …….

  • နွယ်ပင်

    December 20, 2012 at 12:10 pm

    ဟယ် …… ဟုတ်လား မမခိုင် မနက်ဖြန်ဂယ်ကြီးလား
    အဲတာဆို ဒုတ်ကောက်ပဲ ဘယ်လိုလုပ်ရမလဲ မသိတော့ဘူး
    အမလေး မတွေးရဲဘူး ဟင်းးးးးးးးးး စိတ်ပျက်လိုက်တာနော် …
    တကယ့်ကိုပဲ မတွေးရဲဘူး ဒုတ်ခ ဒုတ်ခ ဒါပင်မယ့် ဘယ်တက်နိုင်ပါ့မလဲလေ …
    မနက်ဖြန် သူငယ်ချင်းမွေးနေ့ မုန့်0ယ်ကျွေးမယ် ပြောထားတာ
    အဲတာဆို ဘယ်လိုလုပ်ရမလဲ ဘယ်လိုလုပ်ရမလဲ ခိခိ :kwi: (ချိလို့စတာနော်…. )

    • Khaing Khaing

      December 20, 2012 at 1:02 pm

      နွယ်ပင်တို့လို့ တိုက်အမြင့်တွေမှာ အလုပ်လုပ်တဲ့သူတွေသတိထားဦး … အဲဒီတိုက်က တစ်ချို့ကုမ္ပဏီတွေ ပိတ်မယ်ဆိုလား သတင်းကြားတယ် …..

  • Ma Ei

    December 20, 2012 at 12:10 pm

    စိတ်အနှောင့်အယှက်ဖြစ်ရတာတော့ အမှန်ပါဘဲ ခိုင်ခိုင်ရေ…
    ဘာဖြစ်မယ်မှန်းမသိ၊ ဖြစ်ချင်မှလဲ ဖြစ်မယ်ပေါ့နော်…
    စိတ်ဝင်စားစရာ ကောင်းတော့ကောင်းသား…

    • Khaing Khaing

      December 20, 2012 at 1:05 pm

      ဘာမှမဖြစ်လေ ကောင်းလေပါပဲ မအိရယ် …. ဘေးဒုက္ခဆိုးတွေကို မခံစားချင်တော့ဘူး ….. ကိုယ့်သားသမီး တွေက ငယ်သေးတယ် …. သူတို့လေးတွေ လူ့လောကထဲခေါ်ထားပြီး ဒုက္ခမရောက်စေချင်ဘူး … အေးအေးချမ်းချမ်းနဲ့ကြီးပြင်းစေချင်တယ် ……..

  • မဟာရာဇာ အံစာတုံး

    December 20, 2012 at 12:52 pm

    မာမီ …
    ယောကခ တော်ချင်ရို့ …

    စိတ်ကို ….
    အရင်ထက် ကောင်းကောင်း ထားဒယ် ဆိုလို့ဘာ ..
    ခွီ … ခွိ …. :mrgreen:

    • Khaing Khaing

      December 20, 2012 at 1:13 pm

      မနက်ဖြန်မှ စိတ်ထားကောင်းမှာ … ဒီနေ့တော့ မရသေးဘူး … မောင်မောင်အံ တေဖို့သာပြင် နာ့ကိုများ ယောက္ခမတော်ချင်တယ်ဟုတ်ရား … ရာရာစစ …. ကိုယ့်အတက်အရွယ်ကိုမှ အားမနာ …..

      • အန် … မာမီဂလည်း ..
        စိတ်ကောင်း ထားမှာတောင်
        စနေ အင်္ဂါရွေးနေသေးတယ် ..

        ရှိစေတော့ …
        နက်ဖြန်မှဘဲ တော်ဒေါ့မယ် ..
        ခုဒေါ့ ဘွာတေးနော် .. :mrgreen:

  • Shwe Ei

    December 20, 2012 at 1:00 pm

    ပျော်ဒယ် ပျော်ဒယ် :harr:
    နက်ဖျင်ခါ ဂဘာ ပျက်ရင် ရုံးတက်စရာလို်တော့ဝူး :mrgreen:

    • Khaing Khaing

      December 20, 2012 at 1:22 pm

      ငယ်ငယ်ကဆို ပျော်စရာကောင်းပါတယ် … အပူအပင်မရှိ တစ်ခုခုဖြစ်ရင် ကျောင်းမတက်ရတော့ဘူးလေ …. မရွှေအိ … သိပ်မပျော်နဲ့ဦး … အခုအလုပ်လုပ်ထားတာ ရက် (20) စာ လစာလည်းမရသေးဘူး … ခရစ်စမတ် နယူးရီးယား ဘောနပ်စ်လည်းမရသေးဘူး … အဲဒါလေးတွေရပီးမှဆို ဟုတ်တုတ်တုတ် ….

  • ခိုင်ဇာ

    December 20, 2012 at 1:11 pm

    ကမ႓ာကလည်း ပျက်ချင်းပျက် စနေနေ့မှ ပျက်တာဟုတ်ဘူး။
    နက်ဖြန်မနက် မပျက်ခင် ရုံးသွားရ၊ မသွားရ စဉ်းစားနေရဦးမယ်။
    ကမ႓ာမပျက်ခဲ့ရင် သေဌေးနဲ့ မျက်နှာပျက်မှာ ကြောက်လို့။
    :harr:

    • Khaing Khaing

      December 20, 2012 at 1:24 pm

      မမခိုင်ဇာပြောတာမှန်တယ် … မနက်ဖြန်က ခွင့်ယူလို့လည်းမကောင်းဘူး …. အလုပ်ကိစ္စတွေကရှိသေးတယ် … စနေနေ့ဆိုကောင်းသား … အိမ်မှာ သမီးလေးကို ဖက်ထားပြီး အတူတူနေလို့ရသေးတယ် …….

  • ဗုံဗုံ

    December 20, 2012 at 1:12 pm

    မနက်ဖြန် ဂဘာပျက်မှာဆိုရင် ဒီနေ့ ဈေးချိုထဲ ဝင်ပြီး အကုန်အကြွေးလိုက်ဝယ်မယ် :harr:

    • Khaing Khaing

      December 20, 2012 at 1:26 pm

      ဗုံဗုံ … ကိုဈေးချိုထဲကို အဲသလောက်တောင်ပိုင်သလား … ဒီလိုမှန်းသိရင် မန်းလာတုန်းက ဗုံဗုံနံမည်နဲ့ အကြွေးဝယ်လိုက်ရရင်ကောင်းသား …

      ဗုံဗုံရေ … မနက်ဖြန်ဘာမှမဖြစ်မှ အကြွေးတွေသောင်တင်နေဦးမယ် …..

  • aanyar thar

    December 20, 2012 at 1:15 pm

    အောင်မလေးဗျာမနက်ဖြန် ကမ္ဘာပျက်မှာဆိုတာကြီး တွေးပှုနေ မနက်ဖြန်ဆိုတာ အဝေးကြီးဗျ ကမ္ဘာမပျက်လည်း ခု့စာရေးပြီးပြီးချင်း ကို အညာသားဆိုတဲ့ကျနော်ရော ကွန့်မန့်ကိုဖတ်နေတဲ့သူရော သေသွားနှိုင်တယ်လေဗျာ..ဘုရားဟောလေးသတိ့ရကြစမ်းပါ ဗုဒ္ဓဘာသာ ဝင်သူတော်စင် ရွာသူရွာသားတို့ရယ်..ခင်ဗျားတို့မလည်း

    • Khaing Khaing

      December 20, 2012 at 1:31 pm

      ကိုအညာသားပြောတဲ့ တရားကို နေ့စဉ်နေ့တိုင်း သတိကပ်နေပါတယ် … အထူးသဖြင့် ရေချိုးချိန် … သနပ်ခါးလိမ်းချိန်တွေဆို ကိုယ့်ကိုကိုယ်ပြန်ကြည့်မိရင် ဘယ်အချိန်မှာသေမယ်ဆိုတာ မသိတဲ့ဟောဒီ ခန္ဓာကြီးကို ချေးချွတ်အလှဆင်နေရတာ အတော်ကိုငြီးငွေ့လှပါပီ …. အခုဆို လူ့လောကထဲရောက်လာမယ့် ရင်သွေးလေးလဲ အမိဝမ်းထဲမှာ ဒုက္ခတွေကို စတင်ခံစားနေရပီလေ … ဒါတွေကို တွေးတိုင်းလည်း ရုန်းကန်လှုပ်ရှားနေရတဲ့လူ့ဘဝကြီးမှာ လိုချင်တပ်မက်စရာတွေဘာမှ မရှိဘူးဆိုတာကို သိလေ … တရားဓမ္မကို ခိုလှုံချင်လေပါပဲ ……

  • Novy

    December 20, 2012 at 1:19 pm

    ရုံးက ၉ထပ်မှာ
    နေတာက ၄ ထပ်
    မနက်ဖန် 12.12.2012 ယောက္ခမ ခြံကို ပြေးရမလား
    စစ်ကိုင်းက မေမေ့ကျောင်းပဲ ပြေးရမလား

    တော်ပါပြီ ကြောက်ရင် အကြိမ်ကြိမ်သေတယ်
    မကြောက်ရင် တစ်ခါပဲ :buu:

    • Khaing Khaing

      December 20, 2012 at 1:35 pm

      မမနိုတို့ရုံးကအခုပြုပြင်နေတယ်နော် … အဟီး ပိုကြောက်စရာကောင်းတယ် …. သေချာတာတော့ မနက်ဖြန် ကားလမ်းတွေက ပိတ်ဦးမှာပဲ …….. လူဒွေကြောက်ပြီး အပြင်သိပ်မသွားရင် ကားတွေလမ်းပေါ်မှာ အတော်ရှင်းသွားမှာနော် ….
      မြန်မာပြည်မှာတော့ မနက်ဖြန်မရောက်ခင် ကတည်းက ကြောက်စရာတွေများပါဘိ……လှည်းတန်းအခုဂုံးကျော်တံတားဆောက်နေတဲ့ နေရာကို ဖြတ်ရတာ နေ့တိုင်းကျောချမ်းမိတယ် … သူတို့တံတားဆောက်တဲ့ အပိုင်းအစတွေများ ငါစီးလာတဲ့ကားပေါ်စင်ပြီး ပိကျမလားလို့လေ …..

  • Good™

    December 20, 2012 at 1:48 pm

    ဒီနေ့ ၂ဝ ရက် နေ့ ကြာသပတေး၊ မနက်ဖြန် ၂၁ ရက် က သောကြာ။
    မပူပါနဲ့ အေးဆေးပါ။
    မွေးနေ့ သောကြာ တနင်္လာ ကမ္ဘာ မပျက်ဖူး တဲ့။

    • Khaing Khaing

      December 20, 2012 at 2:34 pm

      စကားပုံအသစ်နဲ့တူတယ် ….. မပူနဲ့ဆိုပေမယ့် ပူနေပါတယ် ….

  • Shwe Tike Soe

    December 20, 2012 at 2:27 pm

    ဒို.ကတော့ အလုပ်လုပ်ရင်းသေမယ်…………
    မနက်ပိုင်းဆို..
    ညနေပိုင်းဆို……… Prome မှာသေမယ်..
    ညပိုင်းဆို ……. အိမ်မှာသေမယ်..

    ပျက်ချင်ပျက် ကျွန်တော် အလုပ်တော့ အပျက်မခံနိုင်ပေါင်အေ……. တနေ.လုပ်မှတနေ.စားရဒါ…….

    • Khaing Khaing

      December 20, 2012 at 2:36 pm

      ညပိုင်းဆို အိမ်ရဲ့ဘယ်နေရာမှာ သေမှာလဲ ……

      ပျက်ချင်ပျက် ကျွန်တော် အလုပ်တော့ အပျက်မခံနိုင်ပေါင်အေ……. တနေ.လုပ်မှတနေ.စားရဒါ……. ဘောနပ်စ်ရမှာမို့လို့ ဖားတဲ့လေသံနဲ့ပြောနေတာ …..

  • မင်းနန္ဓာ

    December 20, 2012 at 3:15 pm

    ခုပဲ ပြက္ခဒိန်ကြည့်လာတာ
    မနက်ဖြန် သောကြာနေ့က ရက်ရာဇာလို့ပြောသဗျ ကောင်းတာတွေဘဲ ဖြစ်မှာပေါ့
    ကမာ္ဘမပျက်ဘူး စိတ်ချ
    :kwi:

    • Khaing Khaing

      December 20, 2012 at 3:32 pm

      ကိုနန္ဓာ ပြောသလိုဖြစ်ပါစေရှင့် …. ကောင်းတာပြော ကောင်းတာဖြစ်တာအကောင်းဆုံးပါ ……

  • ဘဲဥ

    December 20, 2012 at 4:16 pm

    မာမီ …မာမီ ….
    မမှီမှာစိုးလို့ ပြေးလာရဒါ နောက်ကျနေပလားမသိဘူး
    သများအူးထားဒယ်နော် ဟိုကောင်မ ၆မျက်နှာ လာလုနေလို့ :mrgreen:

    • Khaing Khaing

      December 20, 2012 at 4:21 pm

      အဲကောင်မ ခြောက်မျက်နှာမဲမ … တစ်ချိန်လုံးလာလုနေတယ် … ညည်းကြည့်ပြီး စာရင်းရှင်းထားလိုက်ဦး … ဆီးယူမနက်ဖြန် ……….

      • ဘဲဥ

        December 20, 2012 at 4:31 pm

        ဟဲ့ကောင်မ ၆မျက်နှာမ
        ညည်းကြားဒယ်နော် … မာမီဂပြောနေဒါ စာရင်းရှင်းထားလိုက်အုံးဒဲ့
        တစ်ယောက်တစ်ဝက် ခွဲယူဂျမယ် ဘိုလဲ :mrgreen: :harr:

        • နင် က ဘဲဥ ဆိုတော့ အပေါ်
          နာဂ အံချာဒုံး ဆိုတော့ အောက် ..
          မျှလောက်လားဟင်င် .. ခွီခွိ ..
          နက်ဖြန်အတွက် ဝေစု ခွဲနေဒါ .. :mrgreen:

    • Khaing Khaing

      December 21, 2012 at 10:15 am

      တရားသဘောရှုနေပါတယ် … ပြောချင်တာပြောကြ …. ဘယ်လိုပြောပြော ကိုယ်ပေးမှဖြစ်မှာ …. လုကြလုကြ …..

  • ရွှေ ကြည်

    December 20, 2012 at 5:27 pm

    မခိုင်ရေ ဘာမှမဖြစ်ဘူးစိတ်ချနေနော်..။ ဖြစ်လာရင် မိရွှေကြည်ကိုကြိုက်သလိုသာလုပ်ပါ :mrgreen:
    ကမ္ဘာမပျက်ဘူးပြောတာနော် ပျက်သွားရင်လည်းပျက်တယ်လို့သာမှတ်လိုက်ပါတော့ :harr:

  • mobile (mandalay)

    December 20, 2012 at 5:43 pm

    ဂဗာ ပျက်မပျက် ကျုပ်က ဂဗာ မပျက် ဖက်ကနေ ဒိုင်ခံချင်တယ်
    ပျက်မယ်ထင်လို့ လောင်းချင်တဲ့လူ ရှိရင် ကြိုက်ကြေး လက်ခံပါကြောင်းးးးးးး
    အဲ့ဂလိုမှ မလောင်းဝံ့ရင် ဂဗာ ပျက်အကြောင်း မပြောဂျဗာနဲ့…
    :harr:

  • အရီးခင်လတ်

    December 20, 2012 at 5:52 pm

    ခိုင်ခိုင် ရေ

    မနက်ဖြန် ကမ္ဘာမပျက် ဖို့ ကို ရာခိုင်နှုန်း အပြည့်ပေါ်မှာ ရာခိုင်နှုန်း အပြည့် ထပ်အာမခံ ပါတယ်။
    ဒါပေမည့် အပေါ်က သူကြီး နဲ့ အညာသားတို့ ပြောသလို ကိုယ့် ကိုယ်တိုင် ရဲ့ အသက်နဲ့ ကိုယ် တွဲ နေတဲ့ ကမ္ဘာ ကတော့ အချိန်မရွေး ပျက်သွားနိုင်တာလေး တွေး လိုက်ရင် မနက်ဖြန် ဆိုတာ ဝေးတောင်နေသေးတယ်။
    တစ်နေ့ သေရမှာ ကတော့ ရာနှုန်းပြည့်ပါ။
    မနက်ဖြန် ကမ္ဘာပျက် ဖို့ ဆိုတာ လုံးဝ (လုံးဝ) မဟုတ်ပါဘူး။
    ဒီတော့ ကိုယ့် ဗိုက်ထဲ က အသေးလေး ကို စိတ်အေးစေဖို့ ကိုယ်တိုင် က စိတ်အေးအောင်ထား၊ ဘာမှမတွေး နဲ့ ကျန်းမာရေးနဲ့ ညီညွတ်မဲ့ အစာ တွေ များများစား။
    ညည ပျော်အောင်အိပ်။ ဘာမှ မတွေး နဲ့ ။

    သူများ တိုင်းပြည်က လူတွေ က အနဲစု လောက်ဘဲ ဒီ အကြောင်းကို ခေါင်းထဲထည့် သူတွေ ရှိနေချိန်မှာ မြန်မာပြည် က အလုပ်တစ်ချို့တောင် ပိတ်မယ် ကြားတော့ ရီရမလို၊ ငိုရမလို ဖြစ်သွားတယ်။

    အရီးတို့ အလုပ်မှာတော့ သတိတောင်ရကြပုံမပေါ် ဘဲ ခရစ်စမတ် ရက်ရှည်ပိတ်ရက် မတိုင်ခင် နဲ့ နှစ်မကူးခင် အလုပ်တွေ ပြီးအောင် ရုန်းပြီး လုပ်နေကြရတယ်။

    NASA ကတော့ အီးမေး တွေ နဲ့ရော chat room တွေမှာပါ လူတွေ ကို ကမ္ဘာမပျက်ပါဘူး လို့ ပြောနေရတယ်။
    ဘာဘဲ ဖြစ်ဖြစ် အဲဒီ ရက် က သမိုင်းမှာ ပြောစရာ တစ်ခု တော့ ဖြစ်သွားမှာပေါ့။

    ဒါနဲ့ ကမ္ဘာမပျက်ခင် မြန်မာပြည်က ဘိုးဘိုးကြီး တွေ အကျွတ်တရား ရလိုက်ရင် ကောင်းမှာဘဲ။

    http://www.nasa.gov/topics/earth/features/2012.html

    Question (Q): Are there any threats to the Earth in 2012? Many Internet websites say the world will end in December 2012.
    Answer (A):The world will not end in 2012. Our planet has been getting along just fine for more than 4 billion years, and credible scientists worldwide know of no threat associated with 2012.

    Q: What is the origin of the prediction that the world will end in 2012?
    A: The story started with claims that Nibiru, a supposed planet discovered by the Sumerians, is headed toward Earth. This catastrophe was initially predicted for May 2003, but when nothing happened the doomsday date was moved forward to December 2012 and linked to the end of one of the cycles in the ancient Mayan calendar at the winter solstice in 2012 — hence the predicted doomsday date of December 21, 2012.

    Q: Does the Mayan calendar end in December 2012?
    A: Just as the calendar you have on your kitchen wall does not cease to exist after December 31, the Mayan calendar does not cease to exist on December 21, 2012. This date is the end of the Mayan long-count period but then — just as your calendar begins again on January 1 — another long-count period begins for the Mayan calendar.

    • Khaing Khaing

      December 21, 2012 at 11:19 am

      @ မရွှေကြည် …… @ Ko mobile… ကမာ္ဘမပျက်ဘူးဆိုတာသိပါတယ် … တကယ်တမ်း မာယာပြက္ခဒိန်သက်တမ်းကုန်သွားတာပါ … ဒါပေမယ့် အဲလိုမကောင်းတဲ့စကားကိုပြောနေတာတော့ စိတ်ထဲ မကြိုက်လှဘူး …. ကိုယ်နေတဲ့အိမ်ကို သူများတွေက ပျက်စီးမယ်လို့ ပြောရင်ဘယ်သူမှမကြိုက်ကြပါဘူး …

      @ အရီးရေ ….. တိုက်ဆိုင်တာလားဘာလားမသိဘူး … သမီးကိုယ်ဝန်ရှိတိုင်း မကောင်းတဲ့သတင်းတွေ ကြားရလို့ အမြဲစိတ်ပူပင်သောကရောက်ခဲ့ရတယ် … ကောင်းတဲ့ဘက်ကတွေးရင် အဲလိုဖြစ်တော့ စိတ်ထဲမှာ မြှောက်နေတာတွေ မာန်တက်နေတာတွေကို တရားသဘောနဲ့မြင်တတ်လာတယ် …. ရင်မှာလွယ်ထားတဲ့ ကလေးလေးကိုလည်းသနားတယ် … လူ့လောကထဲမရောက်ခင် အခုလို ဒုက္ခသုခတွေနဲ့ ကြုံတွေ့ရမှာကိုစိုးရိမ်မိတယ် …… အိမ်ထောင်သက်တမ်းကြာမှ ကလေးယူဖြစ်တာ ဒီလောကကြီးထဲကို ကိုယ့်လိုဒုက္ခခံရမယ့် လူတွေအဖြစ်မွေးဖွားလာမှာစိုးလို့ ကလေးမယူဖြစ်ဘူး … ယူမယ်လုပ်တဲ့အချိန် နာဂစ်ကိုအလူးအလဲခံရတော့ .. အဲဒီမှာလည်း မယူဖြစ်ပြန်ဘူး …. နောက်မှ မိသားစုဘဝတစ်ခုကို တည်ဆောက်ချင်တာနဲ့ စိတ်တွေအကုန်ဖြတ်ပြီးကလေးယူခဲ့မိတယ် …. သေတစ်နေ့ မွေးတစ်နေ့ဆိုသလို ဒီဘဝဒီကမာ္ဘကြီးကို ဒီလိုပဲ ခွန်အားတွေမွေးကျော်ဖြတ်ရပါဦးမယ် …..

      • kai

        December 21, 2012 at 11:45 am

        စိတ်ချ.. ကမ္ဘာလည်းမပျက်ဖူး.. ဘာအကြီးအကျယ်မှလည်းမဖြစ်ဖူး..
        ဒါပေမယ့်.. ကမ္ဘာကပူနွေးလာတော့.. နောက်နှစ်တွေမှာ.. ရာသီဥတုတွေကမောက်ကမတော့ ပိုဖြစ်လာမယ့်သဘောတော့ရှိတယ်..။
        အဲဒါကြောင့်.. လူတွေကြိုပြင်ဆင်ထား.. အရေးပေါ်ပစ္စည်းလေးတွေပိုဝယ်ထားဖြစ်အောင်.. ကမ္ဘာပျက်ခေါင်းစဉ်နဲ့..ပရိုမိုးရှင်းလုပ်ကြတာပါ..
        ဒါမှလူတွေ.. ပစ္စည်းဝယ်ဖြစ်မှာလေ..
        မားကက်တင်းပေါ့..။

        ဆိုတော့..
        စကားအတင်းစပ်ပြောရရင်.. အခုမွေးမယ့်ကလေးကလေ… မင်္ဂလာကောင်းချီးတွေအပြည့်နဲ့ဗျ..
        . အမေရိကက.. ကျုပ်က..တကူးတက.. ပေးရမယ့်အကြွေးကို ကလေးအတွက်ရည်ရွယ်ပို့လိုက်တာ..။တိုက်ဆိုင်သွားတယ်မှတ်ပေါ့နော..။
        တည့်တည့်ပြောရရင်..
        ဆုကြေးငွေလွှဲလိုက်ပါပြီ..
        မန်းဂဇက်ကွန်ဖရင့်မှာထုတ်နိုင်ကြောင်း.. မင်္ဂလာကလေးမိခင်ရေ…။ :528:

        • Khaing Khaing

          December 21, 2012 at 11:53 am

          သူကြီးရေ … ကျွန်မရဲ့ ကော်မန့်တွေကို အခု Edit လုပ်လို့မရတော့ဘူး … အရင်ကရတယ် … အခု စာရေးတာတစ်ခုမှားနေလို့ ပြင်ချင်တာ အဲဒါအခက်တွေ့နေတယ် … ဘာဖြစ်တာလဲ လုပ်ပေးပါဦး …..

      • Khaing Khaing

        December 21, 2012 at 11:46 am

        မှားရေးထားတာတွေရှိနေပါတယ် … အခုပြင်ဖို့ကြိုးစားနေပါတယ် ….

  • mobile (mandalay)

    December 20, 2012 at 7:10 pm

    အရူးခင်လတ်ပြောဒါ မှန်ဒယ်
    ဂဗာဂဒေါ့ မပျက်ဘူး တေချာဒယ် သို့ပေသော်လဲး အသက်နဲ့ ခန္ဓာလေးကတော့
    မပျက်ဘူး အာမ မခံနိုင်ဘူး။
    နောက်ဘဝ ဆိုတာ မနက်ဖြန်ထက်နီးတာဂိုဗျ။

    • Mလုလင်

      December 20, 2012 at 11:19 pm

      ညီတော်မောင် မန်းလေးသား ရေ … စာလုံးပေါင်း သတ်ပုံ လေး .. သတိထား စေချင်တာ လေးဗျာ …..
      အဲ့ …………. ဒါ …………… လေး …………… (အမြင်မတော် လို့ပါ)။

      • အရီးခင်လတ်

        December 21, 2012 at 3:22 am

        ကျေးဇူးပါဘဲ မောင်လုလင်ရေ။
        မဟုတ်ရင် တတိယ အကြိမ် မှာ ဘယ်လို Deal လုပ်သင့်သလဲ စဉ်းစားနေရတော့မှာ။ :hee:

      • mobile (mandalay)

        December 21, 2012 at 10:41 pm

        Mလုင်ရေ
        ကျုပ်က ဖုန်းဂျီးကြောင်းထွက်ဆိုဒေါ့ကာ ဒီလောက်ပဲရေးတတ်ရှာဒယ်ပေါ့
        အခုလို ဒဒိပေးဒဲ့အတွက် ကြေးဇူးတင်ဘာဒယ်ဗျာ။

  • San Hla Gyi

    December 20, 2012 at 7:21 pm

    မခိုင်ခိုင်ရေ
    ကမ္ဘာမပျက်သေးပါဘူးဗျ။ သွားတွေးတာကိုက မဟုတ်တာ။ ကျုပ်ကတော့ အတော့်ကို ပျော်နေသလိုပဲ။ အဲဒီရုပ်ရှင်ကလည်း ယုံတဲ့လူကတော့ သေသေချာချာ ယုံနေတာ တွေ့ဖူးတယ်။ ကြုံတုန်း ရှေးစွန်းစွဲ အယူဝါဒလေး တိုက်ကျွေးလိုက်ဦးမယ်။ ကမ္ဘာပျက်မယ်ဆိုရင် ကပ္ပကောလာဟာလလို့ ခေါ်တဲ့ ကမ္ဘာပျက်မယ့် ကောလာဟာလဟာ အနှစ်တသိန်းလောက်ကတည်းက စပေါ်တယ်တဲ့ဗျ။ အခုဟာက ချက်ချင်းကြီးဗျာ။ အဲဒီလောက် မလွယ်သေးပါဘူး။
    ပျော်ပျော်ရွှင်ရွှင် နေပါဗျာ။

    • Khaing Khaing

      December 21, 2012 at 11:31 am

      ကိုစံလှကြီးရေ … ညီမပို့စ်တွေမှာ တွေ့ရလို့ဝမ်းသာပါတယ် … ခုတစ်လော ပျောက်နေသလားလို့ ထင်မိတယ် ….. ကမာ္ဘပျက်တယ်ဆိုတဲ့ကားကို ကိုယ်တိုင်လည်းမကြည့်ဖူးပါဘူး … ယုံလည်းမယုံခဲ့ဘူး .. တစ်ခုတော့ရှိတယ် …. အသစ်အဆန်းတွေတီထွင်ပြီး ကမာ္ဘကြီးမှာရှိတဲ့ ရာသီဥတု ပင်လယ်သမုဒ္ဒရာတွေ သစ်တောတွေပျက်စီးနေတာ ကမာ္ဘကြီး တဖြည်းဖြည်းပျက်လာတာနဲ့ တူနေသလားလို့တော့ အတွေးဝင်မိတာ အမှန်ပါပဲ ……… တတ်နိုင်သလောက်တော့ ပျော်အောင်နေနေပါတယ် …

      • San Hla Gyi

        December 21, 2012 at 6:02 pm

        မခိုင်ခိုင်ရေ
        ပျောက်နေတယ် ဆိုတာတော့ မဟုတ်ပါဘူး။ ထင်လို့ပါ။ အခုတလောလေးတင် တော်တော်လေး ကျနော် ရေးပြီး ဆူအောင်လုပ်ထားသေးတာပဲ။

  • မောင်ပေ

    December 20, 2012 at 7:25 pm

    တစ်ဖက်ကို စကီအလန်း၄ပွေစီနဲ ့ ကဲချင်စမ်းပါဘိ

    • Khaing Khaing

      December 21, 2012 at 11:33 am

      တော့ ကပေ … အလန်း ၄ ပွေနဲ့မကဲခင် … ၁ ဗွေလောက်နဲ့သာ ကဲကြည့်စမ်းပါ ….

  • အလင်းဆက်

    December 20, 2012 at 8:26 pm

    သားသားလည်း
    ကိုသူယဇော်နဲ ့လိုက်သွားမှာမို ့..
    တာ့တာဗျာ..။

    ကိုသူယ ရေ..
    ဘီဘီ တွေ..ဝယ်လာမယ်..။
    အတူ..သွားမယ်နော့
    :kwi:

    • Khaing Khaing

      December 21, 2012 at 10:56 am

      အို … လကမာ္ဘမှာ ဘီဘီသွားသောက်ပြီးရင် …… အခွံတွေကို လျှောက်မပစ်နဲ့နော် … ဒီလိုလူဒွေကြောင့် လကမာ္ဘလည်းမကြာခင် ညစ်ပတ်တော့မယ် ………

  • kai

    December 21, 2012 at 12:42 am

    ချွန်တွန်းလုပ်ရရင်..
    ယူအက်စ်..နာဆာက တခုခုတော့ သိထားပုံပေါ်ပါတယ်..။
    သူတို့ဘာလုပ်နေလည်းကြည့်.. ။

    ရှိသမျှ ဘီလီယန်ဒေါ်လာတွေ.. ကမ္ဘာသစ်ရှာဖို့မှာ.. အသည်းအသန်သုံးနေကြတယ်..။
    ကွိကွိ.. :kwi:
    =
    New Earth Found? – TIME
    http://www.time.com/time/health/article/0,8599,2101646,00.html
    Dec 6, 2011 – The Kepler Space telescope finds a world that looks tantalizingly like our own.
    =
    Super-Earth in 6-Planet System May Have Oceans, Life | Wired …
    http://www.wired.com/…/2012/…/superearth-habitable-zone/
    Nov 8, 2012
    A newly discovered exoplanet joins the small but growing list of worlds other than our own that may host life ..
    =
    Astronomers detect nearest Earth-like neighbour › News in Science …
    http://www.abc.net.au/science/articles/2012/12/19/3657825.htm
    1 day ago – Scientists have been surprised by the unexpected discovery of a nearby solar system using a new experimental technique.
    =
    Human Life On Mars: Scientist Plans To Have Earthlings On Mars By …
    http://www.huffingtonpost.com/…/human-life-on-mars-scient_n_2244726….
    Dec 5, 2012 – Mars One founder Bas Lansdorp joined HuffPost Live Tuesday to talk about his goal to have humans living on Mars by the year 2023. Lansdorp …

    • အရီးခင်လတ်

      December 21, 2012 at 3:21 am

      သူကြီးရယ် ကမ္ဘာ့နယ်သစ်ရှာတာ ငှါး စားဖို့ပါတဲ့။ 😉

      ဒါထက်
      ၂၂ရက် စနေနေ့မှာ လွှင့်ဖို့ လုပ်ထား တာကို ကြိုပြီး တင်ထား တဲ့ NASA ရဲ့ video clip လေးပါ။
      ခေါင်းစဉ်က Why the World Didn’t End Yesterday တဲ့။
      http://www.youtube.com/user/ScienceAtNASA?feature=watch

    • mobile (mandalay)

      December 21, 2012 at 10:46 pm

      မင်္ဂလာပါ သကြီးရေ
      ဂဗာသစ် ရှာချင်တဲ့လူတွေကို အကြံပေးလိုက်ပါ့ဦး
      မန်းလေးသားတွေကို မေးပါလို့ မန်းလေးမှာ အရင်က ဂဗာသစ်ဆိုတာရှိတယ်ဗျ။
      အခုတော့ ရှိမရှိမသိဝူးဗျ။ အဲ့ဒီဂဗာသစ်ကလဲ ဒေါလှတွေတော့ သုံးရပါလိမ့်မယ်။

  • Mr. MarGa

    December 21, 2012 at 12:36 pm

    ပျက်မပျက်တော့ မသိ
    အခုထိတော့ ကောင်းဆဲ ကောင်းမြဲသာ

    • Khaing Khaing

      December 21, 2012 at 1:46 pm

      ဦးဦးမာဃ … နတ်ဗိမာန်ကြီး ပျက်မှာ မစိုးရိမ်ဘူးလား … ဦးဦးတို့ကတမီးတို့လူ့ပြည်ရှိလို့ နတ်ပြည်ဆိုတာ ရှိတာနော် …. ဟဲ ဟဲ ဟဲ … ကျောင်းတော်ကရန်ညှိုးမဟုတ်ဘူး … FB က ရန်ညိုးလေးတွေ …..

      • Mr. MarGa

        December 21, 2012 at 7:43 pm

        ဟာ
        ယောက္ခမဂျီးကလဲ
        ဦးမာဃ နတ်ပြည်က မပျက်ပါဘူး
        ဦးမာဃတောင် စဉ်းစားနေတာ
        ကမ္ဘာပျက်ရင် ယောက္ခမဂျီးတို့ကို နတ်ပြည်ခေါ်ထားမလားလို့

  • ခင်ခ

    December 21, 2012 at 1:56 pm

    ကမ္ဘာပျက်တော့လည်း အသိသာကြီးပါ ဗျာ
    မပျက်တော့လည်း ဆက်နေကြတာပေါ့ မမခိုင်ရယ်။
    မမခိုင် နဲ့ ကိုယ်ဝန်ထဲက ကလေး ကျန်းမာကြပါစေလို့ ဆုတောင်းလိုက်ပါတယ်။

    • Khaing Khaing

      December 21, 2012 at 2:20 pm

      ကျေးဇူးပါလေးလေးခ …. ကျန်းမာတဲ့ကလေးကို မွေးမှ မိခင်လည်း စိတ်ချမ်းသာရမှာ ….

  • panpan

    December 21, 2012 at 3:34 pm

    တစ်ချို့သော ပုဂ္ဂလိက အလုပ်ရုံတွေတောင် သူတို့နားလည်မှုနဲ့သူတို့ ပိတ်ကြတယ်လို့လည်း သတင်းရရှိပါတယ် …… သတဲ့
    သများတို့ဂျာဂျီးတော့ ဘာရက်မှန်းတောင်မသိဘူး
    ၂၅ရက်နေ့လည်း အလုပ်ဆင်းရအုံးမယ်(အစားပိတ်လို့တော်သေး)
    ၃၁၊ ၁ လည်း မနားရဘူး
    အမေဆုံးတဲ့ ၄နှစ်ပြည့်လေး အလှူလုပ်မို့ခွင့်တင်တာတောင် အဲ့ခွင့်ရက်တွက် နောက်တရက်အစားလာလုပ်နိုင်ရင် တြောက်တည်းလာလုပ်ချေဆိုပဲ
    ဘယ်ကမ္ဘာပျက်မလဲတော့မသိ
    သများရဲ့ ဂဘာတော့ ပျက်လော့မယ်…. :chee:

    • Khaing Khaing

      December 21, 2012 at 3:46 pm

      ရက်စက်လိုက်တာ … ကိုယ့်ထက်ဆိုးတဲ့သူနဲ့တွေ့နေပါပေ့ါလား …. လစာလေး မျိုးမျိုးမြတ်မြတ်ရ ဘောနပ်စ်လေးဘာလေး ပေးတယ်ဆို မဆိုးပါဘူး လုပ်ပျော်ပါတယ် … အဲလေးရမယ်ဆို ရင် ဘာမှ စိတ်မပျက်နဲ့ ပန်လေးရေ …… အားတင်းထား အားတင်းထား ………..

      • panpan

        December 21, 2012 at 4:20 pm

        ဘာမှရဝူး
        နက်ဖန်တောင် ကြော်ငြာထည့်ဖို့ကိစ္စ ရုံးခနလာရအုံးမားသိဘူး
        အဲ့လာ ညနေအားဝူးပြောထားရသယ်
        ဗော်လန်တီယာပဲ အစ်အစ် 🙁

    • panpan

      December 21, 2012 at 4:16 pm

      တဂယ်ဂဘာပျက်လည်း တြောက်တည်းသေမှာမှမှုတ်တာ
      မိုးပြိုအများ အဟဲ 😆

  • padonmar

    December 21, 2012 at 11:59 pm

    21.12.12 ည 12:00:00 တိတိ ကိုစောင့်ပြီးမန့်ပေးလိုက်ပါတယ်။
    ကဲ အခုဘာမှမဖြစ်တာ ယုံပြီမလား။

    • kai

      December 22, 2012 at 12:43 am

      စင်ထရယ်အမေရိကမှာ.. မာယန်အင်ပါယာရှိခဲ့တာတဲ့..
      ဆိုတော့..
      ယူအက်စ်နဲ့ဆို.. အလယ်ပိုင်းတိုင်းမ်းဇုံဖြစ်မယ်ထင်တယ်..

Leave a Reply