ရွာတစ်ရွာမှာ ကောင်လေးတစ်ယောက်နဲ့ ကောင်မလေးတစ်ယောက်အိမ်ထောင်ကျကြသတဲ့…… ကောင်လေးက ကောင်မလေးကို ချစ်ခင် ….. ကောင်မလေးက ကောင်လေးကိုချစ်ခင် အပြန်အလှန် မြတ်နိုးယုယမှုတွေနဲ့ပေါ့……. မင်္ဂလာဆောင်မှာ လက်ဖွဲ့တွေတသီတတန်း ပျော်မဆုံး မော်မဆုံး ပြုံးပြုံးကြီးပေါ့……ဒီထဲမှာမှ ထူးခြားစွာ ခွေးမဲမဲလေး တစ်ကောင်ပါလာတယ်……. အဲဒီလက်ဖွဲ့ရတဲ့ ခွေးမဲမဲလေးကို သူတို့နေမယ့် ကောင်မလေးအမေအိမ်မှာ သူတို့နဲ့အတူတူ မွေးမြူထားခဲ့တယ်………ဒီလိုနဲ့ နှစ်ကာလ အတန်တန် ကြာလာတဲ့အခါမတော့ အိမ်ထောင်သည်တို့ ထုံးစံအတိုင်း တစ်ယောက်နဲ့တစ်ယောက်အမြင်မကြည်လင်မှုတွေဖြစ်လာခဲ့တယ်…… မိန်းမဖြစ်သူ ကောင်မလေးက ယောက်ျားကို အတော်နိုင်သတဲ့…… ကောင်မလေးရဲ့အမေကလဲ ၀င်ပြောပြောလာတော့ ကြာတော့ ကောင်လေးစိတ်ပျက်ပီးတော့ အိမ်ကနေထွက်သွားသတဲ့…ကောင်လေးရဲ့ စိတ်ထဲမှာ ကောင်မလေးနဲ့ သူ့အမေကို သေစေချင်နေခဲ့တယ်….ဒီလိုနဲ့ ကောင်လေး ထွက်သွားပီး နှစ်ရက်လောက်အနေမှာတော့ သူ့သူငယ်ချင်းကနေပီး အပြေးအလွှားကောင်လေးကို သတင်းတစ်ခုလာပေးတယ်……. အဲဒီ သီတင်းကြားတော့ ကောင်လေး ပြုံးရွှင်စွာပဲအိမ်ပြန်လာတယ်……အိမ်ရောက်တော့ သူ့မိန်းမဖြစ်တဲ့ ကောင်မလေးရဲ့ အလောင်းနဲ့၊ သူ့အမေကြီးအလောင်းကိုတွေ့လိုက်ရတယ်……. ရွာတို့၏ထုံးစံအတိုင်း အသုဘအခမ်းအနားတွေပြင်ဆင် သတ်မှတ်ကြတယ်…… ဒီလိုနဲ့ အသုဘ ချတဲ့နေကျတော့ သေဆုံးသူ ကောင်မလေးအမေအခေါင်းက အရှေ့က ကောင်မလေးအခေါင်းက အနောက်….. အဲဒီနောက်မှာ ကာယကံရှင်ဖြစ်တဲ့ ကောင်လေးက ခွေးနက်နက်ကြီးကို ပိုက်ပီး မှိုရတဲ့မျက်နှာလိုတက်ကြွစွာ….. ဒီကောင့်ကြောင့်….ဒီကောင့်ကြောင့် ဆိုပီး ရွတ်လာခဲ့တယ်….ဒီလိုနဲ့ အသုဘ ဖြတ်သွားရာ လမ်းကြောင်းမှာ ထူးခြားစွာ ယောက်ျားပေါင်းများစွာတွေ့ရတယ်….ဒါကို အခြားရွာက ထူးဆန်းတဲ့သူက ကာယကံရှင်ကောင်လေးကိုမေးတယ်….. ဘယ်လိုဖြစ်ရတာလဲပေါ့….ဒီတော့ကောင်လေးကပြောတယ် ပိုက်လာတဲ့ ခွေးနက်ကြီးကိုမေးငေါ့ပီး ဒီကောင်ကိုက်သတ်လိုက်လို့ သူတို့သေသွားတာပါ……..ဒီကောင့်မှာ ကျေးဇူးရှိပါတယ်….. ဆိုတော့ အခြားရွာသားက ယောက်ျားတွေပဲဖြစ်နေရတာက ဘာကြောင့်လဲလို့မေးလာတယ်…… ဒါကတော့ မိန်းမကို သေစေချင်တဲ့လူတွေက ဒီခွေးနက်ကြီးကို ငှားချင်လို့ နောက်ကနေတန်းစီနေကြတာပါတဲ့….. ခင်ဗျားလဲ လိုချင်ရင် သူတို့ နောက်ကနေ တန်းစီနော်……. ဒီကောင့်ကြောင့် ဒီကောင့်ကြောင့်…….

About Thuyazaw

has written 38 post in this Website..

121712 Contributor