ဒီဇင်ဘာ အလွမ်း…

ဒီဇင်ဘာရေ…နှင်းတွေ ဝေသလား…
ရင်ဘတ်ထဲမှာ မိုးတွေ စွေသွားတယ်…
တစ်ရက်ပြီး တစ်ရက်..တစ်နှစ်ပြီး တစ်နှစ်…
ပြက္ခဒိန်တွေလည်း…သစ်ပြီးရင်း သစ်နေဆဲ…
မနေ့ကိုပြန်ကြည့်လိုက်တော့…
အတိတ်ဆိုတာ ပစ္စုပ္ပန်ကို လွှမ်းမိုးသလား…
အနာဂါတ်ဆီ ခရီးသွားဖို့…
အားနည်းနည်းတော့ လိုတယ်…
အလင်းရေ…မလာပါနဲ့အုံး…
အိပ်မက်က ကောင်းနေတုန်းလေ…
အပြင်မှာ နှင်းတွေ သည်းသည်းမည်းမည်း ဝေနေပြီ…
လေပြည်တစ်ချက်ခတ်သွား…
နှလုံးသားဆီ တိုးပွားလာတာ…
အလွမ်းတဲ့လားဟင်…
မနက်ဖန်ကို မြင်ရတော့မယ်…
အရုဏ်မတက်ခင်လေး…
ငါ့ကို နွေးနွေးထွေးထွေး နှုတ်ဆက်ပါ…
ဟိုမှာ ရောင်နီလာနေပြီပဲ….
သက္ကရာဇ်တွေထဲ တဝဲဝဲလည်ရအုံးမယ်…
နာရီကို လှမ်းကြည့်တော့…
ဟင်…မနှစ်က ဒီအချိန်….
အဲဒီတုန်းကလည်း နှင်းတွေ ဝေနေတာပဲ…
မှန်ထဲက ပုံရိပ်က ရင့်အိုသွားသလား…
ငါရော…
ဘယ်လောက်များ ရင့်ကျက်လာသလဲ…
အတွေးထဲမှာတော့ နုပျိုခဲ့တဲ့ရက်တွေကို…
လွမ်းလိုက်တာ….လွမ်းလိုက်ရတာ…
အခုဆို … နှစ်သစ်ကိုကူးရတော့မယ်…
ပွင့်ဖူးတွေ ကြိုနေမှာလား..
နှင်းတွေရော…ငိုနေမှာလားဟင်…
ငါကတော့ လက်မပြချင်တော့ဘူး…
အလွမ်းတွေ ….
အလွမ်းတွေကြောင့်…ငါ ရူးတော့မယ်…
နှုတ်ဆက်ခဲ့ပါတယ်….ချစ်သော ဒီဇင်ဘာ…။ ။

တောက ကိုရင်

(၁၀.၁၂.၂၀၁၀)

About တောက ကိုရင်

တောက ကိုရင် has written 40 post in this Website..