သေရွာပြန်ခဲ့ပြီးမှ မိဘအိမ် ပြန်မနေရရှာတဲ့ မိန်းကလေး

ဒီ သတင်းကြားရကတည်းက စိတ်မကောင်းဖြစ်ရတယ်ဗျာ..
ပြောတော့ ဗုဒ္ဓဘာသာဝင်တွေ နေတဲ့ တိုင်းပြည်တဲ့
ကံ ကံ၏ အကျိုးကို ယုံကြည်ကြတယ်တဲ့..
ွထွတ်….
ကြားရတဲ့ သတင်းသာ အမှန်ဆို ကလေးမခမျာ ဘယ်လိုဆက်ပြီး လောကကြီးထဲ ဆက်နေထိုင်သွားမလဲ
ဒီကနေ့ မန္တလေးမြို့ ကြာနီကန်သုဿာန်မှာ သေဆုံးပြီး လူတစ်ယောက် သတိပြန်လည်လာတဲ့ ကိစ္စပါ။

သေရွာပြန်ကျောင်းသူတစ်ယောက် မြို့တွင်းသို့အဝင်မခံ
ဒီဇင်ဘာလ(၂၀)

စာဖတ်သူအပေါင်းတို့ခင်ဗျား…
ကျနော်များ သတင်းဌာနမှ မေတ္တာရပ်ခံလိုပါတယ်။
မနေ့က ဖြစ်ပွားခဲ့တဲ့ ဖြစ်ရပ်လေးကို ကြားသိရခြင်း အလွန်ကို ဆို့နင့် ကြေကွဲဖွယ်ရာ သတင်းအဖြစ် ဖော်ပြချင်ပါတယ်။ ဖြစ်စဉ်က မန္တလေးမြို့ ကြာနီကန်သုဿာန်မှာ သေဆုံးပြီး လူတစ်ယောက် သတိပြန်လည်လာတဲ့ ကိစ္စပါ။ သေဆုံးသွားသူအတွက် ယူကြုံးမရ ဖြစ်နေရတဲ့ မိဘ၊ မောင်နှမ၊ ဆွေမျိုးသားချင်းနဲ့ မိတ်ဆွေအပေါင်းတို့က ဝမ်းမြောက်ဝမ်းသာဖြစ်ခဲ့ရပါတယ်။ ကျနော်တို့ ဆွေမျိုးတော်စပ်ခြင်းမရှိပါတဲ့ လူတွေလည်း ဒီသတင်းအပေါ် ဝမ်းသာပီတိ ဖြစ်ခဲ့ရပါတယ်။ ဒါပေမယ့် ဝမ်းနည်းစရာအဖြစ်က ပေါ်လာတယ်။ သေဆုံးပြီးလူလို့ သတ်မှတ်ပြီးရင် အသက်ပြန်ရှင်လာသော်လည်း လူရှင်များနေထိုင်ရာ မြို့ရွာတွင်းသို့ ဝင်ရောက်ခွင့် မပြုကြတော့ပါဘူး။ မြို့ရွာ ထိခိုက်နစ်နာတယ် အမင်္ဂလာ ကိစ္စလို့ ပြောဆိုပြီး ပြန်လည်ခေါ်ဆောင်သွားဖို့ ကန့်ကွက်ကြတယ်။

ပြုံးသူမှာ မျက်ရည်စတွေနဲ့ ဖြစ်ရပါပြီ။ တကယ်ကို ဝမ်းသာလို့ပြုံးပျော်နေပြီး မျက်ရည်ကျရအောင် ပျော်ရွှင်နေတဲ့ သူမရဲ့ အသိုင်းအဝိုင်းမှာ ဝမ်းနည်းပြီး ရှိုက်ကြီးတငင် ငိုယိုကြရပါပြီ။ ကျနော်တို့ ငယ်စဉ်က သင်ခဲ့ရတဲ့ ရှင်မွေ့နွန်းနဲ့ မင်းနန္ဒာ ဇာတ်လမ်းက ဘယ်လောက်များ ကြေကွဲစရာဖြစ်ခဲ့သလဲဗျာ..

ကျနော်တို့ စာဖတ်သူအများစုဟာ ဗုဒ္ဓဘာသာဝင်တွေဖြစ်ကြမယ်လို့ ယူဆမိပါတယ်။ ဗုဒ္ဓဘာသာဆိုတာ ကံသာပဓာနလို့ ခံယူထားပါတယ်။ ကိုယ်ပြုတဲ့ ကောင်းခြင်း ဆိုးခြင်းကို ကိုယ်သာ ပြန်ခံစားရတယ်လို့ ဆိုထားပါတယ်။ အခြားသော အယူဝါဒတွေဟာ ဗုဒ္ဓဝါဒမဟုတ်ဘဲ ရောထွေးယှက်တင် ဖြစ်နေခြင်းပါ။ ရှေးရိုးအယူဝါဒတွေကို မစွန့်လွှတ်နိုင်သေးတဲ့သူတွေကို အယူသည်းသူတွေလို့ အများစုက ခေါ်ဆိုကြပါတယ်။ မလိုအပ်တော့တဲ့ အယူဝါဒတွေကို စွန့်ပယ်ဖို့ လိုအပ်ပါပြီ။ လူသားတစ်ဦး ပြန်အသက်ရှင်လာတာကို နွေးထွေးစွာ ကြိုဆိုသင့်တယ်။ ဒီလိုမှ မဟုတ်ခဲ့ရင် သူမဟာ နောက်တစ်ကြိမ် ပြန်သေသွားပါလိမ့်မယ်။ အသက်သေခြင်းမဟုတ်ဘဲ လူသားတစ်ဥိးအတွက် ဘဝသေခြင်း ဖြစ်သွားမှာဖြစ်ကြောင်း တင်ပြလိုက်ပါတယ်။

တောင်းပန်ချက်- ဘာသာရေးရာကျွမ်းကျင်သူ၊ အယူဝါဒရေးရာ ကျွမ်းကျင်နှံ့စပ်သူ၊ သမိုင်းသုတေသီ များမှ အဆိုပါဖြစ်ရပ်အပေါ် ဖြေကြားရှင်းလင်းမှုဖြင့် သေရွာပြန် လူသားတစ်ဦးကို ဆက်လက်အသက်ရှင်ခွင့် ပေးသင့် မပေးသင့်ဆိုသည်ကို ဆွေးနွေးပေးကြပါရန်။

မုံရွာတိုင်းမ် သတင်းအဖွဲ့
—————————————————————————–
ဒီနေ့မန္တလေး ကြာနီကန်သုဿန်မှာ ဖြစ်ပွါးတဲ့ထူးခြားတဲ့ဖြစ်ရပ်။

ဒီနေ့မွန်းလွဲ၁၂နာရီ၁၅မိနစ်မှာ ကုန်ထုတ်ဓါတုဗေဒ မဟာတန်းကျောင်းသူလေး အသုဘမီးသဂြိင်္ုခါနီး မိခင်ဖြစ်သူမှနောက်ဆုံးအနေနှင့် နမ်းလိုက်စဉ်နှလုံးခုန်သံကြားရ၍ ဆရာဝန်ပင့်စမ်းသပ်ရာ အသက်ရှင်နေကြောင်းသိရှိရ။ မိခင်ဖြစ်သူမှာဝမ်းသာလွန်း၍ထကသော်လည်း ရပ်ကွက်လူထုက မြို့နာမှာစိုးလို့ဟုဆိုကာ မြို့ထဲသို့အဝင်မခံ၍ မိန်းကလေးခမျာ ကြူကြူပါအောင်ငိုပါတော့သည်။ အခြားအသုဘတစ်ခုလာပို့သူ မန္တလေးသိန်းဇော်ကိုယ်တိုင် ဝင်ခွင့်ပြုရန်တောင်းပန်ပြောဆိုသော်လည်း မြို့လူထုကလက်မခံသဖြင့် မိဘများမှမြို့ပြင်တွင် အိမ်ဆောက်ပေး၍ နေစေမည်ဟုသိရပါသည်။ ယနေ့လိုခေတ်တွင် ရှေးရိုးအယူအဆများကြောင့် မဟာတန်းကျောင်းသူတစ်ယောက် လူထဲမတိုးတော့မည့်အဖြစ်မျိုးကား ထိုမိန်းကလေးဘဝအတွက် နစ်နာလွန်းလှပါသည်။ တတ်စွမ်းသူများ ထိုမိန်းကလေးကို ကူညီကြပါခင်ဗျာ။

ရှေးကလူတွေ အယူသည်းတာ တစ်ခုက သေဆုံးပြီးလူလို့ သတ်မှတ်ပြီးရင် အသက်ပြန်ရှင်လာသော်လည်း လူရှင်များနေထိုင်ရာ မြို့ရွာတွင်းသို့ ဝင်ရောက်ခွင့် မပြုကြတော့ပါဘူး။ ခုလည်း မြို့ရွာ ထိခိုက်နစ်နာတယ် အမင်္ဂလာ ကိစ္စလို့ ပြောဆိုပြီး ပြန်လည်ခေါ်ဆောင်သွားဖို့ ကန့်ကွက်ကြတယ်တဲ့။
ရှေးရိုးစွဲ အယူသည်းဝါဒတွေကို ထားခဲ့ဖို့ကောင်းပြီဗျာ။ တကယ်မမြင်ရတဲ့ အသေထွက်၊ အရှင်ထွက်ကြတဲ့ ဘိုးတော်တို့ ဇော်ကနီ ဇော်ကနက်တို့ကျတော့ အိမ်းဦးခန်းမှာ ငှက်ပျောပွဲ အုန်းပွဲနဲ့ ပူဇော်ပသနိုင်ကြတယ်။ လက်တွေ့ လူ လူချင်းကျ ပြန်ရှင်လာတဲ့ ဘဝကို သူတို့တွေ အသေပြန်သတ်လိုက်ပြီဆိုတာ အမှန်မမြင်နိုင်ကြတော့ဘူး…
မန်းလေးက ရွာသူားတွေ ဒီသတင်း အမှန်ပဲလားဆိုတာ ပြောကြပါဦး
.. အသက်ပြန်ရှင်လာသူကို နွေးထွေးစွာမကြိုနိုင် မိသားစုနဲ့ထပ်တူ ဝမ်းမသာနိုင် ဖြစ်နေကြတဲ့ သာကီဝင်တွေလည်း ကိုယ့်ကိုယ်ကို လူပီသတဲ့လုပ်ရပ်လားလို့ ပြန်သုံးသပ်ကြပါဦး…

credit to: http://www.facebook.com/photo.php?fbid=287138091389190&set=a.273975126038820.44067.273906262712373&type=1&permPage=1

55 comments

  • ဘဲဥ

    December 20, 2012 at 4:28 pm

    အဲ့သတင်း အမှန်ဆိုရင်တော့ ကောင်မလေးခမျာ သနားစရာဗျာ
    အရင်တုံးက မှိုတက်ဂျီးကပ်နေတဲ့ အတွေးအခေါ်တွေ စွန့်ပစ်ဖို့ အချိန်ရောက်ပါပြီ

    • မင်းနန္ဓာ

      December 20, 2012 at 4:34 pm

      ဒီလို အရေးကြုံတော့မှ
      ကိုယ့်ဘေးက လူတွေ ကိုယ့်ပေါ် အတ္တအစွဲကျွတ်သလား.. အစွန်းလွတ်ရဲ့လား သိတော့တာပဲ

      • ဟဲ .. ဘဲဥ ..
        သနားစရာ လုပ်မနေနဲ့ ..
        နင် ခေါ်ပြီး စောင့်ရှောက်ထားလိုက် …
        အိုက်တောင်မလေးဂ
        နင့်ကိုတော့ ကျိုက်လောက်ဒယ် ထင်ဒါဘဲ .. :mrgreen:

        • ဘဲဥ

          December 20, 2012 at 5:19 pm

          နာလည်း အဲ့ဒါစဉ်းဇားနေဒါဟဲ့ :mrgreen:
          ခမျာ သနားဇရာလေးဘာဟယ်…….

    • THE MOON

      December 21, 2012 at 11:39 pm

      ရွာကလက်မခံရင်မြိ ု့ကိုသာတက်ခဲ့ပါ။

  • ခိုင်ဇာ

    December 20, 2012 at 4:38 pm

    ဟင်။ အဲဒါဆို ကလေးမလေးက ဘယ်မှာ နေရမှာလည်း။ သနားစရာ။ 🙁

  • ဇမ္ဗူ့လောကပါလကြောင်ဝတုတ်

    December 20, 2012 at 4:53 pm

    အနှစ်၁၀၀ဝ ကျိန်စာ…. ခိခိ
    သူကြီးမပြောခင်ပြောထားမှ…

    ခင်မင်လျက်-
    ကြောင်ဝတုတ်

  • မင်းနန္ဓာ

    December 20, 2012 at 4:57 pm

    မိဘများမှမြို့ပြင်တွင် အိမ်ဆောက်ပေး၍ နေစေမည်ဟုသိရပါသည်။
    ..
    လို့တော့ ပါတာပဲ

  • ko ဝီစကီ

    December 20, 2012 at 5:08 pm

    ဒီကလေးမ ကိုသေးဆုံးကြောင်းအတည်ပြုပေးလိုက်တဲ့ ဆရာဝန်တော့ ပြသနာတက်တော့မယ်။ သေပြီထင်
    ထားတဲ့သူက ပြန်အသက်ရှင်လာတယ် ဒီကိစ္စမျိုးက ကျွန်တော့်အမြင်နဲ့ ပြောရရင်ဝမ်းသာရမယ့်ကိစ္စပါ ဝမ်းသာစွာကြိုဆိုရမှာပါ။ မြို့ရွာတွင်းသို့ ဝင်ရောက်ခွင့် မပြုကြတော့ဘူးဆိုတာကတော့ တော်တော်ကိုပိန်းတဲ့
    အတွေးအခေါ်အယူအဆပါ။ အဲ့ဒီအယူအဆတွေ ယူဆနေတဲ့သူတွေကော အဲ့ဒီအယူအဆတွေကိုရေးထား
    တဲ့စာအုပ်တွေကိုကော လွှင့်ပစ်သင့်နေပါပြီ။
    သေပြီထင်ထားတယ် မသေလို့ထလာတယ် သူ့အိမ်သူပြန်နေပေါ့။ ရွာနာတယ် မြို့နာတယ် နဲ့အလကား
    လျောက်ပြီးပြောနေကြတယ်။ ဘယ်လိုနာလဲမေးရင် ဘယ်သူမှရေရေလည်လည်ပြန် မဖြေနိုင်ကြဘူး။ အဲ့တော့ သူတို့ပြောပြောနေတဲ့ နာတာ နက်တာ တွေက အလကားပါ။ ကျွန်ုပ်တို့ မြန်မာတွေ မဟုတ်တာမှာ တလွဲဆံပင်ကောင်းနေကြလို့လဲ ဒီလောက်ထိကို မတိုးတက်နိုင်သေးတာထင်တယ်။
    ဒီကိစ္စမှာ မြို့ရွာက လေးရလောက်တဲ့ သံဃာတော်တွေနှင့် အာဏာပိုင်တွေမှာ တာဝန်ရှိသွားပါပြီ။
    နယ်မှာနေတုန်းက အဖွားရဲ့ မောင်က သေမူသေခင်းမှာဆရာကြီး သေမူသေခင်းမှာဆရာဆိုလိုတလွဲမတွေးနဲ့ အုန်း။ လူသေပြီဆို နာရေးဖြစ်တဲ့သူက သူဆီရောက်လာပြီး သူပြောသမျှလိုက်လုပ်ရတော့တာ။ သူပြောတာတွေက “ဗုဒ္ဓဟူး နေ့ဆို အသုဘ မချရဘူး ရွာကိုခိုက်တယ်” နှစ်ယောက်ပြိုင် ရွာမှာသေရင်တော့ “တစ်ပြိုင်ထဲချ” သေပြီးလို့အသုဘမချရသေးခင် ငလျင်လှုပ်လို့ကတော့ “ညပိုင်းတွေဘာတွေပြောမနေနဲ့ ခုချ” အဲ့လိုမျိုး နောက်ပြီးရှိအများကြီးရှိပါသေးတယ် ငယ်ငယ်က သူပြောတာတွေကိုကြားဖူးခဲ့တာ။ သူမှာ အဲ့ဒီကိစ္စတွေကို ရေးမှတ်ထားတဲ့စာအုပ်တစ်အုပ်ရှိတယ် (ဘယ်သူကပေးခဲ့တယ်တော့မသိ)။ သူကဒါကို ကြည့်ကြည့်ပြီး လုပ်နေတာ  လူငယ်တွေက သဘောမကျကြသော်လဲ လူကြီးတွေမလွန်ဆန်နိုင်လို့ ဆိုတဲ့စကားနဲ့ လက်ခံခဲ့ကြရတယ်ပေါ့။
    ဒီလိုနဲ့ကျွန်တော် နယ်ကိုရောက်တော့ နှစ်ယောက်ပြိုင်သေတာနဲ့ကြုံလို့ .. တစ်ပြိုင်ထဲ ချက်ချင်းချ ကြရတော့မှာပေါ့ လို့ အဖေ့ကိုမေးကြည့်တော့။ မင်းအဘ သေတုန်းကပဲ သူစာအုပ်ကို သူနဲ့အတူ ထဲ့ပြီးမြှုတ် လိုက်ပြီ တဲ့ …. အော် ကောင်းလေစွ ….
    ဒါပေမဲ့ ဗုဒ္ဓဟူးနေ့ အသုဘ မချရဆိုတာတော့ ရှိနေသေးတုန်းပဲဗျာ…

    ခင်တဲ့
    myanmarcitizen

    • မင်းနန္ဓာ

      December 20, 2012 at 5:43 pm

      ကျနော်တို့ နယ်မှာတော့ တနေ့တည်း နှစ်ယောက်သေရင်
      နောက်မှ သေတဲ့လူကို အရင်ချရတဲ့ ထုံးစံရှိတယ်..
      မဟုတ်ရင် အသေအပျောက် များတတ်လို့ပါတဲ့

  • MaMa

    December 20, 2012 at 5:12 pm

    သတင်း မှန်မမှန် ဘယ်လို ဆက်သွားကြသလဲ သိတဲ့လူ ရှိရင် တင်ပေးကြပါအုံး။
    မန်းလေးက CJ တွေကိုပဲ အားကိုးရမယ်။

    • mobile (mandalay)

      December 20, 2012 at 6:17 pm

      ဒီသတင်း အမှန်ဆိုရင်တော့ အင်း ဘယ်လိုပြောရမလဲဆိုတော့ကာ
      ဘာဆိုင်လဲဗျာ သူဖာသာ မသေလို့မှ အသက်ရှင်နေတာပဲ ဘာဆိုင်လို့ မြို့ထဲကို
      အဝင်မခံရမှာလဲ။ သေတဲ့လူ ပြန်ရှင်တယ်လို့ ပြောလို့မရဘူး မသေသေးလို့
      ရှင်နေတာပေါ့။ သေသွားပြီဆိုရင် ဘယ်လိုပြန်ရှင်လာနိုင်မလဲ။
      အပြစ်တင်ခြင်တယ်ဆိုရင် သေပြီလို့ ဆုံးဖြတ်တဲ့လူကိုသာ အပြစ်တင်သင့်ပါကြောင်းးးးးးးးးးးးးးးးးးး

    • မင်းနန္ဓာ

      December 20, 2012 at 7:37 pm

      “People will never know how far a little kindness can go.” Rachel Scott

      အကြင်နာတရားနည်းနည်းလေးလောက်က ဘယ်လောက်အထိတာသွားတယ်ဆိုတာ လူတွေသဘောမပေါက်ကြဘူး။

  • San Hla Gyi

    December 20, 2012 at 6:43 pm

    အင်း ဘယ်လို ပြောရမလဲ။ အမှန်တော့ အဲဒီကိစ္စမှာ ပြန်ဝင်ခွင့် မပြုသူများက မှားသည်။ သို့သော် ဒီကိစ္စမှာ အဲဒီလူတွေကိုတော့ လွယ်လွယ်နဲ့ နားချလို့ ရမည်မထင်။ စာအုပ်ထဲမှာ ပါတဲ့ ရှင်မွေးလွန်းလည်း ဘုရင့်သမီးတော် ဖြစ်ပေမယ့် သူ့ခမျာ မြို့ထဲကို ပြန်ဝင်ခွင့်မရတော့။ ခက်သည်။ အာဏာပိုင် ဘုရင်တောင် မတတ်နိုင်။ ဂါမပညတ်ဟု ဆိုသည်များပါပေ။ တဖြည်းဖြည်းနဲ့ ပျောက်ချင်လည်း ပျောက်မယ်။ အနှစ် ၃ဝ လောက်အတွင်းမှာတော့ မလွယ်သေးဘူး ကိုမင်းနန္ဒာရေ။
    ဘိုးတော်ဘုရားလည်း ဒါမျိုး ကြုံခဲ့ဖူးတယ်တဲ့ ကိုမင်းနန္ဒာရေ။ အပြင်မှာ မင်းကွန်းပုထိုးတော်ကြီး ဆောက်တဲ့ နေရာသွားပြီး ကြီးကြပ်နေတုန်း သူ့မိဖုရားခေါင်ကြီး အဲဒီမှာပဲ နေမကောင်းဖြစ်ပြီး နတ်ရွာစံသွားတာ ရှင်ဘုရင်ခမျာ သူ့မိဖုရားတောင် သူမြို့ထဲ ပြန်သွင်းပြီး သဂြိုလ်လို့ မရတော့ဘူးတဲ့။ သက်ဦးဆံပိုင်ဘုရင်တောင် မတတ်နိုင်ဘူး ဆိုတော့လဲ အင်း အနိစ္စပေါ့။

    • မင်းနန္ဓာ

      December 20, 2012 at 7:21 pm

      အူးစံရေ
      ရှင်မွေးလွန်းက စာအုပ်ထဲကဟာလည်း ဖြစ်ပြန် နည်းနည်း ဒဏ္ဍာရီဆန်လို့ နီးနီးနားနားလည်း ဖြစ်
      စကားပုံလေးကလည်း ရှိနေတော့ကာ
      ဪ ဘိုးတော်ဘုရားလက်ထက်က အစွဲတွေ ခုထိမပျောက်သေးပါလား ဟုသာ
      :gee:

      • San Hla Gyi

        December 20, 2012 at 7:34 pm

        ကိုမင်းနန္ဒာရေ
        အဲဒီကိစ္စက ဘိုးတော်ဘုရား မတိုင်ခင်ကတည်းက ရှိလိမ့်မယ်ဗျ။ အဲဒါ တော်တော် သေချာတယ်။ ရှင်မွေးလွန်းက နည်းနည်းတော့ ဒဏ္ဍာရီတော့ နည်းနည်းဆန်တယ်။ ဒါပေမယ့် ဒဏ္ဍာရီကလည်း တကယ့် ဖြစ်ရပ်မှန်တခုပေါ်မှာ အခြေခံတာများတယ်။ ဒါကြောင့် သမိုင်းဖတ်ရင် ဒဏ္ဍာရီကိုလည်း ချန်ထားလို့ မရဘူး။ ဘာလို့လည်းဆိုတော့ စိတ်ဝင်စားစရာ ကောင်းတဲ့ နောက်ကြောင်းတခု ရှိနေလို့ပဲ။
        ရှင်မွေးလွန်းနဲ့ မင်းနန္ဒာတို့ အချစ်ဇတ်လမ်း မဖြောင့်ဖြူးခဲ့တာလည်း အဲဒီကိစ္စက အဓိကပဲ ဖြစ်လိမ့်မယ်။ သမီးရည်းစားအတွဲတွေ စိတ်ဝင်စား မလားလို့ နည်းနည်းပြောကြည့်မယ်။ အဲဒီ ရှင်မွေးလွန်း မင်းနန္ဒာကုန်းတို့ နောက်ပြီး ဒွတ္တဘောင်မင်းကြီးနဲ့ ပန်ထွာမိဖုရားတို့ရဲ့ ဗိဿနိုးမြို့ဟောင်းတို့ကို သမီးရည်းစားတွေ မသွားကောင်းဘူးတဲ့။ ကွဲတတ်တယ်တဲ့။ အဲဒီလို ဖတ်ခဲ့ဖူးတယ်။ မကောင်းတဲ့ အတိတ် ရှိခဲ့တယ်ဆိုတဲ့ နေရာတွေပေါ့ဗျာ။ မယုံလည်း စမ်းကြည့်ကြပေါ့။
        ဘိုးတော်ဘုရားတော့ အဲဒီလို ဖြစ်ခဲ့ရှာတာဗျို့။ သူ့ခမျာ သူ့ငယ်ပေါင်း ငယ်ချစ် မိဖုရားကြီးကိုတောင် မြို့ပြင်မှာပဲ အခမ်းအနားနဲ့ သဂြိုလ်လိုက်ရတယ်။
        ပျောက်သွားရင်တော့ ကောင်းပါတယ်ဗျာ။ ဒါပေမယ့် ကျနော့်စိတ်ထင် မလွယ်လောက် သေးပါဘူး။

        • ဆူး

          December 21, 2012 at 11:34 am

          ရှင်မွေးလွန်း မင်းနန္ဒာကုန်း တော့ ဘယ်နား ရှိတယ် မသိဘူး..
          ကျောက်တန်း ရေလည် ဘုရား မသွားရဘူးလို့တော့ ကြားဖူးတယ်။
          အိမ်ထောင်မကျခင် ချစ်သူ ဘဝ တုန်းကတော့ အဲ့ဒီ ကို ရောက်ဖူးတယ် အယူမရှိဘူးဆိုပြီး သွားတာပဲ.. ရေလည် ဘုရား သွားရင် ကွဲတတ်တယ် ဆိုတော့ မဟုတ်မှန်ကြောင်း သက်သေထူ ပြီး လာပြောပြတာပါ။

        • San Hla Gyi

          December 21, 2012 at 6:00 pm

          ဟုတ်မဟုတ်တော့ ကျနော်လဲ အသေအချာ မပြောနိုင်ဘူး ဆူးရေ။ အဲဒီကျောက်တန်းရေလည် ဘုရားတို့ ကျိုက်ထီးရိုးစေတီတို့ကတော့ စာထဲမှာ မဖတ်ဖူးပါဘူး။ လူတွေ ပါးစပ်ပြောပါ။ စာထဲမှာ ဖတ်ဖူးတာက အဲဒီသန်လျင်က ရှင်မွေးလွန်း မင်းနန္ဒာကုန်းလို့ ပြောတဲ့နေရာတွေရယ် ဗိဿနိုးမြို့ဟောင်းရယ် လွိုင်ကော်က တောင်ကွဲစေတီရယ် အဲဒီသုံးနေရာက အဲဒီလို ဖြစ်တတ်တယ်လို့ ဖတ်ဖူးတယ်။ ပထမ နေရာနှစ်ခုကတော့ မကောင်းတဲ့ အတိတ်သမိုင်း ရှိခဲ့ဖူးလို့ လူတွေက ရေမြေလိုက်တယ်လို့ ထင်ကြတာနဲ့ တူတယ်။ တောင်ကွဲစေတီကတော့ စာထဲမှာ ဖတ်ဖူးပြီး လွိုင်ကော်မြို့သား တယောက်လည်း အဲဒီလို ပြောခဲ့ဖူးတယ်။ လွိုင်ကော်သားတွေ ဒီအထဲပါရင်တော့ ဟုတ် မဟုတ် သိနိုင်တာပေါ့။
          မယုံလဲ ထုံးစံအတိုင်း အပျင်းပြေ အနေနဲ့ မှတ်ထားပေါ့ဗျာ။

  • ရွှေ ကြည်

    December 20, 2012 at 6:52 pm

    မြို့ပြင်မှာသေလို့ တမြို့တရွာမှာသေလို့ အလောင်းပြန်သယ်ရင်အဝင်လက်မခံဘူးဆိုတာပဲကြားဖူးတယ်
    သေမှမသေတာကို အသက်ရှိတယ်ဖုတ်ဝင်တာမဟုတ်ဘူး သူစစ်စစ်ဆိုရင်လက်ခံသင့်ပါတယ် လက်မခံဘူးဆိုရင်ရူးနေကြလို့ ကိုယ်ချင်းစာတရားမရှိကြလို့
    စိတ်သန့်ချင်ရင် ပရိတ်ရေလောင်း သောက်ခိုင်း
    ရွှေရည်ငွေရည်လောင်းပြီး မေတ္တာသုတ်ရွတ်ပြီးဝင်ခိုင်းပေါ့။
    သတင်းမမှန်ပါစေနဲ့လို့ပဲဆုတောင်းပါတယ်။

    • ဆူး

      December 21, 2012 at 11:47 am

      မြို့ပြင်သေ.. တမြို့တရွာမှာ သေလို့ အလောင်း အဝင်မခံဘူး ဆိုတာ ပါးစပ်ပြောပဲ ရှိတယ်။
      လူ မသိ သူမသိ နဲ့ မြို့ထဲ ရွာထဲဝင်သွားတဲ့ အလောင်းတွေ အားကြီးပဲ..
      ဥပမာ ရန်ကုန်လို မြို့ ဆိုရင်.. ဆေးရုံ လာရင်းနဲ့ လမ်းမှာ သေတယ် ဆိုရင် ဘယ်လို လုပ်မလဲ.. လူ သေ အလောင်းကြိး မြို့ထဲ ဝင်သလိုပဲပေါ့နော်..

      ညဘက် ဆေးရုံရှေ့တွေမှာ ထိုးရပ်ထားတဲ့ town ace ကားတွေ ရှိတယ်။ အဲဒီကားတွေက တခြား မဟုတ်ဘူး သေတဲ့ လူတွေ ကားနဲ့ သယ်ပြီး နေရပ် ဖြစ်တဲ့ မြို့ ကို မောင်းပို့ပေးတာပါ။ သေသေပြီးချင်းပေါ့.. ဆရာဝန် က သေမယ် ဆိုတာ သိပေမဲ့ မသေသေးဘူး ဆိုတဲ့ ပုံစံ နဲ့ ဆင်းခွင့်ပေးကြောင်း လက်မှတ် ထိုးခိုင်းတယ်။ လက်မှာ တပ်ထားတဲ့ ဒရစ်တွေ လုံးဝ မဖြုတ်ဘူး။ အရေးပေါ် လူနာ အဖြစ်နဲ့ မောင်းချ သွားကြတာပဲ.. နေရပ် ရောက်တော့မှ ဆရာဝန် လက်မှတ်နဲ့ လမ်းမှာတင် အသက်ထွက်ကြောင်း စာရွက် စာတမ်း လုပ်ပြီး မြှုပ်ကြတယ်။

      ကားခ ကတော့ သူများ မလုပ်ရဲတာ လုပ်တဲ့ ကားသမားမို့ ရှယ်ပေးရတယ်။
      ရန်ကုန် ဆာကူရာ ဆေးရုံနဲ့ ၁နာရီ သာသာပဲ မောင်းရတယ် တကြောင်း ကို ၁သိန်းခွဲ အနည်းဆုံးတောင်းတာ.. ဈေးဆစ်လို့ ရဘူး။ အဲ့ဒီ ခရီးက လူရှင်တွေ ကားငှားရင် ၁သောင်းခွဲလောက်ပဲ ပေးရတယ် အသွားအပြန် ၃သောင်း တခါတလေ ၂သောင်းခွဲ နဲ့တောင် ရတယ်။ လူသေ ပါတော့ ဈေးက ချက်ချင်း တက်သွားတာ..

      တလောက သေသွားတဲ့ အဘိုးတောင် အဲ့လိုနဲ့ သူ့ရွာသူ ပြန်သွားတာ.. ချောချော မောမော နဲ့ အသုဘ လုပ်ပြီး အုတ်ဂူထဲမှာ အေးအေးချမ်းချမ်း အိပ်လို့ နေပြီ။

  • မောင်ပေ

    December 20, 2012 at 7:17 pm

    ရွာစားရေ အခုရေးတင်တဲ့သတင်းအတွက် ကျေးကျေးပါဆိုတာ ပထမဆုံးပြောပါရစေ
    တစ်ခြားမြို ့တွေ မှာလဲ ဒီအတိုင်းမဟုတ်ရင်တောင် ၊ ဒီအတိုင်းနီးနီး သဘောထားကြလိမ့်မှာ သေချာပါတယ်
    မကောင်းတဲ့ ဓလေ့ ထုံးတမ်း ရိုးရာပေါ့ဗျာ
    လွန်ခဲ့တဲ့ ၈နှစ်လောက်တုန်းကလဲ အခုလို အဖြစ်မျိုး တစ်ခါဖြစ်ခဲ့ဖူးတာ ကြားခဲ့ဖူးတယ်
    တရုတ်မလေးတစ်ယောက်ဗျ ၊ အပျိုလေး ၊ လှတာကလဲ တော်တော်လေးလှပါတယ်
    မြို ့ထဲမှာ သေပြီး ၊ အဲဒီကြာနီကန်မရောက်ခင်က တရုတ်သင်းချိုင်း ဆီကို သယ်သွားပြီးမှ အသက်ပြန်ရှူလာတော့ ၊ မြို ့ထဲ ပြန်ခေါ်လို ့မရတော့ဘူးပေါ့ဗျာ ။ အခေါ် မခံ ၊ အဝင်မခံကြပါဘူး
    အဲ့တုန်းက ကောင်မလေးမိဘတွေက လဲ ပိုက်ဆံရှိလူတန်းစားတွေဆိုတော့
    အဲဒီကောင်မလေး ကို အဲဒီသင်းချိုင်းနားမှာပဲ ၊ အာစီတစ်ထပ်တိုက်တစ်လုံးဆောက်ပေးပြီး ကုန်စုံဆိုင်လေး ဖွင့်ပေးထားတယ်
    အဲ့မှာ… ကောင်မလေးက ငယ်ငယ်ချောချောလှလှလေး ပိုက်ဆံကလဲချမ်းသာဆိုတော့ .. အဲဒီနားတဝိုက်က ဝိုက်တဲ့ငနဲတွေကလဲ မနဲဘူးပေါ့
    မောင်ပေ့ အသိတစ်ယောက်တောင်မှ သွားဝိုက်သေးတယ်
    အဲဒီနောက် ကောင်မလေး ယောက်ျားရသွားပါတယ် ။ ယောက်ျားလဲရပြီးရော ၊ အဲဒီမှာ မရှိတော့ဘူး ။ ဘယ်ကို ပြောင်းသွားလဲ မသိရပါဘူး
    အဲဒါ.. အဲဒါ

    • ဆူး

      December 21, 2012 at 12:07 pm

      ဘယ်ကို ပြောင်းသွားမှန်း မသိတော့ ဘယ်သူမှ အယူသည်းလို့ မရတော့ဘူးပေါ့… အဲ့လို ကြေးဆို မြို့ထဲက အမျိုးတွေ ဆီတောင် သွားလည်လို့ ရတော့ဘူးပေါ့.. မသိရင် ဘာမှ မဖြစ်ဘူး ဆိုတာ အဲဒါမျိုးပဲ..

  • မင်းနန္ဓာ

    December 20, 2012 at 7:31 pm

    @ရွှေကြည်
    @မောင်ပေ
    .. ကွန်မင့်လေးတွေ အမြင်လေးတွေ ဆွေးနွေးသွားတာကျေးကျေးပါ..
    anyway, ဆေးရုံမှာ ပြနေရင်းဆုံးသွားသူတွေ အက်စီးဒင့်ဖြစ်လို့ သေသွားသူတွေ အိမ်ကို ပြန်သယ်လာပြီးမှ အလောင်းချကြတာ မြင်တွေ့ ကြားသိနေရပါတယ်..
    ပြောရရင် အယူသည်းတဲ့အရပ်လည်း အတော်သည်းကြပြီး အယူမရှိတော့တဲ့ နေရာတွေလည်း မရှိကြတော့ပါဘူးလေ.. ကိုပေပြောတဲ့ တရုတ်မလေးလို တနယ်တကျေး ပြောင်းသွားလိုက်လည်း ဘယ်သူသိမှာမှတ်လို့..

  • မိုက်ကယ်ဂျော်နီအောင်ပု

    December 20, 2012 at 7:37 pm

    ဒီလိုအကြောင်းတွေကိ အမှန်တကယ်လို ရေးတာနဲ့
    ပြန်ပြီးဆွေးနွေးကြတာကိုက စိတ်ပျက်စရာဘဲ
    ဂေဇက်ထဲက လူတွေကို သောက်ချဉ်လာလုပ်နေတာဟာ စော်ကားမှု့တစ်ခုဘဲ
    အဲ့သည်အကြောင်းဟာ အမှန်မဟုတ်ဘူး
    ဟုတ်ခဲ့မယ်ဆိုရင်တောင်
    မန္လေးသားတွေ ငချဉ်မဟုတ်ဘူး
    ဒီပိုစ့်ရော ဟုတ်သယောင်ယောင်ကော်မန့်ပေးတဲ့ သူတွေအကုန်လုံးကို
    အနီပေးတယ် 👿

    • ရွှေ ကြည်

      December 20, 2012 at 7:48 pm

      ဘပု ဘပု စိတ်လျှော့ စိတ်လျှော့ ဂေဇက်ကလူတွေ သောက်ချဉ် ဟုတ်ဘူး သောက်ချို ဟိ ဟိ။

  • မင်းနန္ဓာ

    December 20, 2012 at 7:47 pm

    ဂေဇက်ထဲက လူတွေကို သောက်ချဉ်လာလုပ်နေတာဟာ စော်ကားမှု့တစ်ခုဘဲ

    အမှန်သိရင် သတင်းက မှားနေရင်လည်း အမှားကြီးလို့ ပြောလိုက်ပါ.. ဥပမာ မခိုင်ဇာလိုပေါ့
    မန်းလေးက ရွာသူားတွေ ဒီသတင်း အမှန်ပဲလားဆိုတာ ပြောကြပါဦး လို့ ပို့စ်ထဲမှာ မေးထားပါသေးသကော ကိုအောင်ပုရေ.. စော်ကားမှုလို့ ပုဒ်မတပ်ထားလို့ ပြောတာပါနော
    အနီပေးတာကတော့ဗျာ .. ဘယ်လောက်စေတနာကောင်းနဲ့ ရေးထားတဲ့ပို့စ်ဖြစ်ပါစေ ဂေဇက်မှာတင်ပြီး တစ်လလောက်နေပြန်ဖွင့်ကြည့် ကွန်မင့်အားလုံး အနီတွေချည်းပဲ…
    .. ဒီ သတင်း အမှားကြီးဆို ဝမ်းတောင်သာမိသေး

    • မိုက်ကယ်ဂျော်နီအောင်ပု

      December 20, 2012 at 7:54 pm

      အရဂါးနောက်ဒါဘာ မင်းသားလေးရာ Mrgreen:
      ဒါပေမယ့် ဇာတ်လမ်းထဲပါတဲ့ မင်းနန္ဒာ ဆိုတာကတော့သေမှအေးတယ်
      စဉ်စားကြည့်လေ
      လှေလည်းရှိတယ် သဗ္ဗာန်လည်းရှိတယ်
      လှေလည်းမစီးဘူး သဗ္ဗာန်လည်းမစီးဘူး
      မိဂျောင်းစီးတယ်
      သေမှအေးတယ်
      ကျုပ်သာဆို လှေဒေ သံဘံဓေစီးမှာပေါ့

      • ရွှေ ကြည်

        December 20, 2012 at 8:18 pm

        ဘပု ချစ်ဦးညိုရဲ့ချစ်သူမင်းနန္ဒာကိုဖတ်ကြည့်ဗျ မိုက်တယ် မိဂျောင်းမစီးခိုင်းဘူး
        မိဂျောင်းလှေစီးခိုင်းထားတယ်။
        သေချာကိုရေးထားတာဗျ နိုင်ငံရေးအခြေအနေတွေနဲ့သေချာသုံးသပ်ပြထားတယ်။
        ဟုတ်မဟုတ်တော့မသိ :mrgreen:

      • ko ဝီစကီ

        December 21, 2012 at 1:37 pm

        ဟုတ်ပါ့ အဲ့လူမျိုးသေမှအေးဒယ်။ ကြံကြံဖန်ဖန်ဂျာ နံစော်နေတဲ့ ပါးစပ်ထဲများဝင်ရတယ်လို့။ တကယ်တော့ မင်းနန္ဒာ(GZ ကလူဝုတ်ဘူးနှော်) ကစစီးတဲ့နေ့ကပဲ မိချောင်းစာဖြစ်ပြီး ချောသွားဒါ … မယုံမစိနဲ့ 🙂

    • San Hla Gyi

      December 20, 2012 at 8:56 pm

      ကိုမိုက်ကယ်ဂျော်နီအောင်ဘုရဲ့ အပြုသဘောဆောင်တဲ့ ကွန်မန့်ကလေးကို လေးလေးစားစား ဖတ်ရှုကြဖို့ ထပ်ဆင့် တိုက်တွန်းပါတယ် ခင်ဗျာ။

  • kai

    December 21, 2012 at 12:29 am

    စနိုးဝွိုှက်ကတော့.. သေပြီးမှ..အခေါင်းထဲကထ.. ပြန်ရှင်လာတာပဲ..။ ကမ္ဘာ့မင်းသမီးလေးတောင်ဖြစ်သွားသေး..။

    ဆိုတော့.. တိုင်းပြည်အနာဂါတ်ကြည့်..ဟောရရင်..
    ဘဝတခုလုံးရဲ့အတွေးအခေါ်ကိုလွှမ်းမိုးနိုင်တဲ့အရွယ်ကို သင်ကြားပေးတဲ့.. မိဘ..ဆရာတွေအင်မတန်အရေးကြီးကြောင်း…
    “ဘက”ပညာရေးကျယ်ပြန့်လာတာနဲ့အမျှ.. နောင်.. ၁ဝနှစ်ကနေ.. အနှစ် ၅ဝမကအတွင်း.. ..ဒီလိုရှေးစွန်းစွဲနဲ့.. သူတို့အတွေးအခေါ်တွေပိုတွေ့လာရဖို့ရှိကြောင်း..
    ဘုန်းတော်ကြိးများဟာ.. ကလေးသူငယ်..ပြုစုပျိုးထောင်ရေးနဲ့.. ပညာသင်ကြားရေး”ပရို”များမဟုတ်ပါကြောင်း..

    “ရင်လေးစရာ”မဟုတ်.. အလေးလွန်ပြီး.. “ရင်ပြုတ်ကျစရာ”များဖြစ်ကြောင်း…
    အရေးပေါ်ဆေးမြီးတိုကုထုံးအနေနဲ့.. Halloween ကို မြန်မာပြည်မှာ..လုပ်ရမယ်ဖြစ်ကြောင်း.. :harr:

    • မင်းနန္ဓာ

      December 21, 2012 at 1:00 pm

      “ဘက“ ပညာရေး မဟုတ်လည်း
      ဘွဲ့ရပေါက်စလေးတွေ မူလတန်းကလေး သင်နေကြတာကော မှန်ရဲ့လား
      တကယ် ကလေးတွေရဲ့ စိတ္တဗေဒကို နားမလည် ကကြီး၊ ခခွေး ABC လက်ထပ်သင်ပေးရုံနဲ့လည်း တော်တဲ့ထက်တဲ့ ကလေးတွေ ဖြစ်မလာနိုင်သေးဘူး
      အခန့်မသင့်ရင် တုတ်ကိုပြီး ပုံစံခွက်ထဲ သွင်းတဲ့ အဖြစ်ရောက်အုံးမယ်..
      ..
      ကာတွန်းလေး ရှိတယ်
      ကလေးတွေရဲ့ အတွေးစုံ( အဝိုင်း၊ အပွင့်တွေ) ကို ဆရာမလုပ်တဲ့သူက ကတ်ကြေးနဲ့ လေးထောင့်တွေ လိုက်ကိုက်ပြီးတော့ ပုံစံသွင်းနေတာ
      ..
      ကျနော်တို့ လူမှုဝန်းကျင်မှာ အတွေးအခေါ်မှား၊ အယူအဆမှားတွေ လက်ဆင့်ကမ်းသယ်လာတာရော စနစ်မမှန်တဲ့ ပညာရေးကြောင့်ရော၊ ဘာသာရေးမှာ တခြားက ထွေးရောယှက်တင် ဖြစ်နေတာကို မသုတ်သင်နိုင်တာကြောင့်ရော… ရင်လေးစရာတွေ ဖြစ်နေတာပေါ့ဗျာ

      • မောင်ပေ

        December 21, 2012 at 7:25 pm

        သဂျီးက စနှိုးဝှိုက် ဆိုလို ့ ၊ ဟိုတစ်လောတုန်း က ရွာထဲမှာတောင် ဘယ်သူလဲ မသိဘူး ၊ တင်ခဲ့ဖူးသေးတယ်
        စနှိုးဝှိုက် ဟာ အပျိုလေး ဆိုပေမယ့် လူပုလေးရယောက်နဲ ့အတူတူအိပ်တယ် တဲ့
        အဲဒါ အဲဒါ
        ဟီဟိ

  • အရီးခင်လတ်

    December 21, 2012 at 4:22 am

    ဘပု ပြောမှဘဲ ဝင်ပြီး ဝေဖန် ရမလို၊ မဝေဖန်ရမလို ဇဝေဇဝါ ဖြစ်ရတော့တယ်။
    နီလဲနီတော်။ ဝင်ပြီ။
    (နောက်တာနော် ပု)

    အမှန်က အဲဒီလိုသာဖြစ်
    အနောက်နိုင်ငံ တွေမှာသာဆိုရင် အဲဒီ မိန်းကလေးကို ဆေးရုံမှာ ခေါ်ပြီး သုသေသန လုပ်ကြမှာ အသေအချာဘဲ။
    ကျွန်မ တောင်မှ သူ့ကို အင်တာဗျူး ကြည့်ချင်သား။
    သေသလိုဖြစ်နေချိန် အတွင်းမှာ သူ့စိတ်က ဘယ်လို ဖြစ်နေခဲ့၊ ခံစားနေခဲ့ရလဲ ဆိုတာ။
    ဒီလိုမျိုး အခြေအနေမျိုးက ရှားပါးတာမို့ အဲဒီကနေ ကိုယ်မသိတာတွေ ကို အကြမ်းဖြင်းတော့ ဆွဲထုတ်နိုင်မှာ။
    ဂျာနယ်က အင်တာဗျူး ဆရာတွေ ဒီမှာ အလုပ်ဖြစ်သင့်တယ်။

  • တောက ကိုရင်

    December 21, 2012 at 9:24 am

    ဖေ့ဘွတ် ဂျာနယ်တွေမှာပျံ့
    ကိုသိန်းဇော်တောင် ဝင်တောင်းပန်တယ်ဆို
    တအောင့်ကြာ ဒီသတင်းမမှန်ကြောင်း ဖြေရှင်း
    သတင်းအမှန်ဆို ဘယ်ကထွက်
    သေချာအသေးစိတ် ဓါတ်ပုံနဲ့တင်
    အခုက မြို့ထဲဝင်မဝင်ထက် သတင်းမှန်မမှန်တောင် အတည်ပြုလို့မရ

  • Thu Wai

    December 21, 2012 at 10:43 am

    သတင်းက အင်ကြီးပါ
    ကျွန်တော်တို့ ရုံးကသဘောင်္သားနှစ်ယောက်သေတာ တစ်ယောက်က ခရစ်ယန် ဟိုကနေလေယာဉ်နဲ့သယ်လာတာ နောက်ပြီး မြို့ထဲ ရန်ကုန်တက္ကသိုလ်က ဂျပ်ဆင်မှာတောင် အသုဘ လုပ်လုိုက်သေးတယ် ဘာမှကန့်ကွက်မဲ့သူမရှိပါဘူး ။ ဒီသတင်းက အင်ပဲဖြစ်မယ်

  • ဦးကြောင်ကြီး

    December 21, 2012 at 10:43 am

    မန်းလေးဆိုတာ ဘုန်းကြီးမြို့ပဲ၊ ဗုဒ္ဓသာသနာသန့်စင်ဖို့ လူတွေအယူမှန်ဖို့ ဘုန်းကြီးတွေမှာ တာဝန်ရှိတယ်။ ကြားဖူးတာ ဘုန်းကြီးတွေလည်း ကိုယ့်မြို့မှာမသေရင် ကျောင်းဝင်းထဲ ရုပ်ကလပ်သယ်ခွင့်မရှိဘူး၊ ကျောင်းအပြင်မှာ ဈာပနမဏ္ဍပ်ထိုး အပူဇော်ခံရတယ်။ အဲဒီအစဉ် အလာကို မင်းကွန်းဆရာတော်ကြီးတောင် မဖျက်နိုင်ဘူးတဲ့။
    ပြသနာက မပြေးသော်လည်း ကန်ရာရှိ၊ ဖြစ်လာခဲ့သော်ဆိုတဲ့ အတွေးပဲ။ လူတယောက်ကို ထီပေါက်မယ် ယတြာချေပါ ပြောလို့ လုပ်ချင်မှလုပ်မယ်၊ ကားတိုက်ခံရမယ် မလုပ်ဘူးလားမေးရင် လုပ်ကြလိမ့်မယ်။ ဒီလိုပဲ မြို့လူဂျီးများလည်း ခေါင်းခံလူမိုက်လုပ်ပြီးမှ အကယ်၍ မြို့မီးလောင် ငလျင်လုပ် တိုက်ဆိုင်မှု ဖြစ်ခဲ့ရင် သေရောပဲ။ နင့်ကြောင့် မြို့ပျက်ပါတယ် တရားခံဖြစ်မယ်။ ရန်ကုန်လို လူပေါင်းစုံနေ၊ နိုင်ငံတကာနဲ့ အဆက်အသွယ်ရှိတဲ့နေရာကြတော့ အဲဒီအယူ မမြဲဘူး။
    အစွဲဆိုတာ သိပ်ကြောက်ဖို့ကောင်းတယ်၊ လက်ခံလိုက်ရင် မြဲသွားရော၊ တကယ်လည်း ဖြစ်လာတတ်တယ် ဥပါဒန်ကြောင် ဥပါဒ်ဖြစ်ခြင်း သဘောပဲ။ လူတွေက လက်ခံသ၍ စိတ်အစွဲကြောင့် ဖြစ်လာတတ်တယ်၊ လူအများစွဲနေတဲ့ဟာဆို ပိုဆိုးပါတယ်။
    အစိုးရ ဘာလုပ်နေလဲ။ ဘုန်းကြီးတွေ ဆန္ဒပြရင် မင်းအမိန့်ဆိုပြီး ပစ်တယ်၊ သင်းချိုင်းတွေ မင်းအာဏာနဲ့ ဖျက်တယ်။ ဒါမျိုးကြတော့ လက်ရှောင်နေတာ မှန်သလား…

  • Shwe Tike Soe

    December 21, 2012 at 11:58 am

    ဒါများ မြို.ပြင်ထားမလား ဗျာ… နိုင်ငံခြားပို.ထားလိုက်ပေါ့… ပညာဆက်သင်..
    နောက် သုံးနှစ်လောက်နေရင် ပြန်လာ…ဘူမှတိဘူး..
    သေရွာပြန်မပြောနဲ. မသေပဲနဲ.တောင် သေချင်ယောင်ဆောင်ပြီး နာမည်ပြောင်းပြန်ဝင်လာတာအများကြီး..
    လွယ်တာကို ခက်အောင်လုပ်တာ…..အေ…..

    • kai

      December 21, 2012 at 12:07 pm

      ကိုရင့်နည်းက.. ဖိနပ်နဲ့ခြေတောက်မတော်လို့.. ခြေထောက်ဖြတ်တဲ့နည်းကြီး..
      ကောင်းပါလေ့… :kwi:

      ဒီသတင်းမှန်မမှန်မသေချာပါဘူး..။
      နောက်နှစ်မှ.. မန္တလေးသိန်းဇော်ယူအက်စ်လာမှာမို့.. သူ့..သေသေချာချာမေးရမယ်.. ❗
      ဒါပေမယ့်..
      သတင်းမှားမှားမှန်မှန်.. ဒီလိုဖြစ်စဉ်မျိုးက..ရှေးစွန်းစွဲတွေလွှမ်းမိုးတဲ့..ပါတ်ဝန်းကျင်မှာ.. ဖြစ်သွားနိုင်မယ်လို့.. ခန့်မှန်းလို့ရပါတယ်.။
      ဒါကိုဦးတည်ဆွေးနွေးတာ..ဖြစ်ပါကြောင်း..

  • ဆူး

    December 21, 2012 at 3:03 pm

    ဒီဇင်ဘာ ၁၉ မှာ ကောလဟာလ တယ်များတာကိုး..

    http://news-eleven.com/index.php?option=com_content&view=article&id=16935:2012-12-21-08-26-27&catid=44:2009-11-10-07-31-38&Itemid=113

    မန္တလေးကြာနီကန်သုသာန်တွင် သေဆုံးသူအား သင်္ဂြိုဟ်ရန်ပြင်ဆင်နေစဉ် အသက်ပြန်လည်လာသည် ဟူသောသတင်းမှာ မဟုတ်မှန်ကြောင်း သတင်းရရှိပါသည်။

    ဖြစ်စဉ်မှာ ဒီဇင်ဘာလ ၁၉ရက်နေ့က မဟာတန်းတက်ရောက်နေသူ ကျောင်းသူတစ်ဦး၏ ရုပ်အလောင်းအား သုသာန်ရောက်ပြီး သင်္ဂြိုဟ်ခါနီးအချိန်၌ မိခင်ဖြစ်သူမှ နောက်ဆုံးအနမ်း နမ်းရှိုက်လိုက်ရာ နှလုံးခုန်နေသေးကြောင်း သိရှိရသည့်အတွက် ဆရာဝန်ဖြင့်စစ်ဆေးခဲ့ပြီး အသက်မသေသေးကြောင်း တွေ့ရှိခဲ့ ရသည်ဟု သတင်းများ ထွက်ပေါ်ခဲ့သည်။

    အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ အသက်ပြန်လည်လာသည်ဟု ဆိုသော မဟာတန်းကျောင်းသူအား ရပ်မိရပ်ဖများက မြို့ရွာအတွင်း ပြန်လည်နေထိုင်ခွင့် မပြုခဲ့ဟုလည်း သတင်းများ ထွက်ပေါ်ခဲ့သည်။

    အဆိုပါဖြစ်စဉ်အား မြို့တော်စည်ပင်သာယာရေးကော်မတီ သန့်ရှင်းရေးဌာနခွဲမှူး ဦးစိုးတင့်အောင်က ”အခုထွက်ပေါ်နေတဲ့သတင်းက မဟုတ်ပါဘူး။ သုသာန်ကို ရောက်ပြီးမှ အသက်ပြန်လည်လာတာမျိုး မကြုံဘူးပါဘူး။အဲဒီသတင်းထွက်ပေါ်ခဲ့တဲ့ ၁၉ ရက်နေ့ကတည်းက မဟုတ်မှန်တဲ့အကြောင်း သတင်းထုတ်ပြန်ခဲ့ပါတယ်”ဟု ပြောကြားခဲ့သည်။

    ယင်းဖြစ်စဉ် နာရေးအား လိုက်ပါပို့ဆောင်ကာ ရပ်မိရပ်ဖများအားမြို့တွင်းသို့ ပြန်လည်နေထိုင်ခွင့်ပြုရန် တောင်းဆိုပေးခဲ့သည်ဟု သတင်းထွက်ပေါ်ခဲ့သော မန္တလေးသိန်းဇော်ကလည်း” ဒီဇင်ဘာ ၁၈၊၁၉၊၂ဝ ရက်တွေမှာ ကျွန်တော်က ရန်ကုန်မှာ ရောက်နေတာပါ။ ကြာနီကန်သုသာန်မှာ ၁၉ ရက်နေ့က နာရေးပို့ဆောင်တယ်ဆိုတာ မဟုတ်ပါဘူး” ဟု ပြောကြားခဲ့ပါသည်။

  • Khaing Khaing

    December 21, 2012 at 3:11 pm

    တကယ်သေတာ မသေတာ အပထားပါ … အခုခေတ်က အရင်ကလို အိမ်မှာမထားပဲ သုသာန်မှာ အလောင်းတွေကို ထားလေ့ရှိလာပီဆိုတော့ကား အလောင်းဟာ သုသာန်ကရေခဲတိုက်ထဲမှာ နေတာတောင် မသေပဲ ပြန်ရှင်လာတာလား ….. သတင်းအပြည့်အစုံကကောဘာများလဲ … သေပြီးပြီးချင်း သုသာန်ပို့လို့ ငိုနေချိန်မှာ ပြန်ရှင်လာတာလား ……..

    နောက်တစ်ခုက တစ်ခြားနိုင်ငံမှာ သေသွားတဲ့ လူတွေ ကျွန်မအတွေ့အကြုံအရ သင်္ဘောသားတွေရဲ့ Dead body တွေဆို တစ်ချို့နိုင်ငံတွေမှာ သဂြိုလ်ခွင့်မပေးလို့ မြန်မာပြည်ကို လေယာဉ်ကြီးစီး အမြို့မြို့အနယ်နယ် အိမ်တွေပေါ်ကဖြတ် ဘုရားတွေပေါ်ကဖြတ်သယ်လာတာမျိုးကျတော့ရော … မြန်မာပြည်လေဆိပ်ကအဝင်ခံခဲ့တာပဲ … တစ်ချို့ဆို အလောင်းနဲ့အတူ လေယာဉ်စီးလာလို့ စီးလာရမှန်းတောင်မသိရှာဘူး …..

    • ခင်ခ

      December 22, 2012 at 10:27 am

      မမခိုင်ရေ သုဿန်ရေခဲတိုက်ထဲမှာ ထားကြတာက ရန်ကုန်မှာဆို ဟုတ်ပေမယ့် မန်း မှာတော့ အိမ်မှာဘဲ အလောင်းပြင်တဲ့ ဓလေ့ရှိနေစဲပါ။ ပြီးတော့ သုဿန်ရေခဲတိုက်က အခုသတင်းရေးတဲ့ ကြာနီကန်သုဿန်မှာ မရှိပါဘူး မကြာသေးမှီက အသစ်ဖွင့်တဲ့ မြောက်အင်း ထုံဘိုလမ်းခွဲ သုဿန်မှာဘဲ ရှိပြီး သိပ်အသုံး မပြုကြ သေးဘဲ မိမိအိမ်ကဘဲ အသုဘ အလောင်းကို ဈာပနချနေစဲပါဗျ။

  • ခင်ခ

    December 21, 2012 at 3:18 pm

    ဒီနေ့ ( ၂၁.၁၂.၁၂ ) ထုတ် မန္တလေးနေ့စဉ် သတင်းစာမှာလည်း ထိုသတင်းသည် မဟုတ်မှန်ကြောင်း မြို့တော်စည်ပင်သာယာရေးကော်မတီရဲ့ သတင်းထုတ်ပြန်ချက် ပါလာတာတွေ့ရပါတယ်။
    ဘာတွေကိုယုံကြည်ရမလဲ ဒဏ္ဍာရီမဟုတ်သေးဘူး – – – ဆိုတဲ့ ချစ်ကောင်းသီချင်းဘဲ ငြီးနေလိုက်တော့မယ်။

    • မင်းနန္ဓာ

      December 21, 2012 at 4:16 pm

      ဦးခ
      သတင်းစာထဲပါပြီဆိုတော့ သတင်းမှားကြီးဆိုတာ သေချာပြီပေါ့ဗျာ
      လူတောထဲဝင်မရဖြစ်တယ်ဆိုတော့ ကောင်မလေးအတွက်စိတ်မကောင်းဖြစ်ရတာတွေ
      သက်သာသွားပြီပေါ့

  • Green Rose

    December 21, 2012 at 4:49 pm

    ဒီသတင်းအမှန်ဆိုရင် ဆွေးနွေးမှုတွေက ဒီမှာတင်ရပ်မှာမဟုတ်ဘူးနော်။
    အခုက သတင်းကမမှန်ဘူးဆိုတော့ ဒီကောင်မလေးအတွက် ဆက်စဉ်းစားပေးစရာ၊ ပူပန်ပေးစရာ မလိုတော့ဘူးပဲ..
    ဒါပေမယ့် ဒီရှေးရိုးစွဲအယူအဆတွေကို ထားခဲ့ဖို့က ဘာမှမဖြစ်တဲ့အချိန် သတိပေး၊ အသိပေး ဆိုင်းဘုတ်ထောင်ပြီး ထားခဲ့ခိုင်းလို့တော့ ရမယ်မထင်။ အဲဒီ့တော့ ဒီလိုကိစ္စမျိုး တကယ်ဖြစ်လာမှ ထ ငြင်း၊ တ ရှင်းကြရင်လည်း ပြေလည်မှာမဟုတ်……… ဘယ်လိုလုပ်ကြမလဲဟင်?
    Green Rose အထင်တော့ လူတွေက ကိုယ်ကိုယ်တိုင်က အစွဲအလန်းတွေ မကြီးကြရင်တောင် တစ်ခုခုဖြစ်လာခဲ့သည် ရှိသော် ပါတ်ဝန်းကျင်က ကိုယ့်အပေါ် အပြစ်တင်လာမှာ မခံနိုင်တာနဲ့ပဲ ဘာမှအပမ်းမကြီးတဲ့ကိစ္စလေးပါကွာဆိုပြီး.. လက်ခံကျင့်သုံးနေကြတဲ့ လူတွေ တော်တော်များမယ်ထင်တယ်။
    ခုလိုကိစ္စမျိုးမှာ လျို့ဝှက်မဲပေးခိုင်းကြည့်ကြည့်ပါလား… အယူသည်းမှုတွေ မရှိပဲ မြို့ထဲ၊ ရွာထဲ ပြန်ခေါ်မယ့်သူတွေ တော်တော်များများ ထွက်လာမှာပါ။

    :kwi:

    လေးစားလျှက်

    (Green Rose)

  • ဦးကြောင်ကြီး

    December 22, 2012 at 8:33 am

    ပြောကောင်း ပြောကောင်း အဲဒီကောင်မလေးနေရာ သဂျီးသာဆို ရွာသူားများ ဘယ်နှယ်လုပ်ကြမတုံး သိချင်စမ်းပါဘိ….. ဖဲဝိုင်းကိစ္စကိုတော့ ကျုပ်တာဝန်ထားလိုက် :kwi:

    • မင်းနန္ဓာ

      December 22, 2012 at 5:05 pm

      တစ်အိမ် အရင် ဝင်ဦးထားလိုက်ပီဗျာ့ :kwi:

  • San Hla Gyi

    December 22, 2012 at 4:32 pm

    ကိုကြောင်ကြီးရေ
    လိုနေသေးတယ် ကိုကြောင်ကြီးရာ။ ကိုကြောင်ကြီးက သဂျီးနာရေးကို ဖဲဝိုင်းဆိုတော့ မြန်မာဆန်ဆန်လေး လုပ်ချင်ပုံရတယ်။ အမှန်တော့ အကျွေးအမွေးက စစဉ်းစားရမှာ။ အဲဒီလိုကိစ္စမှာ မုန့်ဟင်းခါးကို ငါးကလေးကို ဆီကောင်းကောင်းသတ်ပြီး ဟသာင်္တချက်နည်းနဲ့ မုန့်ဟင်းခါးကျွေးဖို့ လုပ်ရမှာ။ နောက်ပြီး လာပြီး ကူလုပ်တဲ့ မိန်းကလေးတွေ အပျိုကြီးတွေ ညဘက် အပျင်းပြေ ဝါးစားအောင် ကွာစိလှော်နဲ့ ဖဲသမားတွေဖို့ ပဲကြီးလှော် စီစဉ်ရမှာ။ ရက်လည် ဆွမ်းကျွေးကတော့ နောက်ဘဝ မရှိဘူးလို့ ယုံကြည်သူဆို ဆွမ်းမသွတ်တာ ကောင်းတယ်။ ထုံးစံအတိုင်း ပရိသတ်ကတော့ ရှယ်မုန့်ဟင်းခါးပေါ့ဗျာ။ ထုံးစံအတိုင်း ဘုန်းကြီးပင့်ရင်တော့ မိုးပြာဆရာတော်တွေကို ပင့်ရမှာ။ ဒီကိုယ်တော်တွေကလဲ ဆွမ်းပဲ လာစားမှာပါ။ သူတို့ကိုယ်တိုင် နောက်ဘဝ မရှိဘူးလို့ ယုံသူတွေဆိုတော့ သူတို့ကလည်း အမျှတွေ ဘာတွေဝေမှာ မဟုတ်ပါဘူး။ ပရိသတ်ကလည်း ရှိခိုးစရာ မလိုပါဘူး။ ဘာလို့လဲဆိုတော့ သူတို့က ရှိခိုးရင် မကြိုက်ဘူး။ ကိုကြောင်ကြီးပြောတာလေးကို အခြေခံပြီး စဉ်းစားကြည့်တာပါ။

    • ဦးကြောင်ကြီး

      December 22, 2012 at 9:32 pm

      ဟင်္သတမုန့်ဟင်းခါးဆို အကြော်စုံ၊ ဘဲဥနဲ့ ငါးဖယ်နှမ်းခြင်းပါမှ ကောင်းမယ်နော်။ အမျှတော့ ဝေဘူးဗျာ၊ သူသေရင် ကွန်ပြူတာအစွဲကြီးလို့ ကျွတ်မယ်မထင်ဘူး၊ ဒီတော့ သူ့အီးမေးလ်ကိုပဲ အလှူရေစက်စာရင်း ပို့မယ်…။ ကိုစံလှဂျီးလည်း နောက်စာတပုဒ်ရေးအုံးလေဗျာ.. ဟိုတခေါက်ရေးလိုက်တာ တယ်ကောင်း။ သဂျီးခင်ဗျာ သွေးတက်ပြီး ဆေးရုံတင်ယူရတယ်…။ :harr:

      • San Hla Gyi

        December 23, 2012 at 1:05 pm

        ကိုကြောင်ကြီးရေ
        အဲဒီမုန့်ဟင်းခါးက အကြော်စုံကတော့ ပဲကပ်ကြော် ကြွပ်ကြွပ်လေးတွေကို ချေပြီး ပန်းကန်နဲ့ အဆင်သင့်ထည့် ပေးထားရင်ရပြီ။ ငါးဖယ်ကြော်ကလည်း အလွှာလိုက်လေးတွေ လှီးပြီး ပန်ကန်နဲ့ ချပေးထားလို့ရတယ်။ လာတဲ့လူတွေက သဂျီးရဲ့ အရည်အချင်းကောင်းလေးတွေကို အမှတ်တရ ပြောရင်းနဲ့ လိုသလောက် ထည့်စားကြလိမ့်မယ်။ ဘဲဥကတော့ အလုံးရေများများ လှီးပြီး ဟင်းရည်ထဲမှာ တခါတည်း နိုင်းချင်း ထည့်ချက်လိုက်လို့ ရတယ်။ မကျေနပ်သေးရင်လည်း ခုနလို ဘဲဥလေးတွေ လှီးပြီး ပန်းကန်နဲ့ တည်ထားလို့ရတယ်။
        မုန့်ဟင်းခါး စားပြီးတဲ့ လူတွေကတော့ ဦးကျော်သိန်းရဲ့ အရီးတောင်း လက်ဖက်ကို ဆီစိမ်ပြီး အကြော်လေးတွေနဲ့ ရေနွေးကြမ်းသောက်ရင်း စကားဝိုင်းဖွဲ့ပစေပေါ့။ သဂျီးအကြောင်းလည်း တသသ ပြောရင်းနဲ့ပေါ့။
        အလကားနောက်ထှာ သဂျီးသွေးတတ်ပြီး ဆေးရုံတင်ရတယ် ဆိုရင် သဂျော်ဂဒီးက ကျနော့်ကို ရန်တွေ့လိမ့်မယ်။ ရှင့်ရဲ့ စေတနာ ဆိုးယုတ်ပုံတွေကို မန်းဂေဇက် ပရိသတ်တွေ သိကြပါတယ်ဆိုပြီး ကျုပ်ကို တရားခံလုပ်ပြီး ရှင်းပြလိမ့်မယ်။ အဲတော့ အဲလိုတော့ လုပ်လို့ မဖြစ်ကြောင်းပါ။

    • kai

      December 23, 2012 at 1:37 am

      ဟင်..
      သတင်းက.. ပြောတော့.. သေပြီးမှပြန်ထလာမှာဆို..
      ပြန်ထလာသူကို.. ရွာထဲပေးမဝင်တဲ့ဇတ်လမ်းဖြစ်ရမှာပေါ့..။
      ဘယ်နှယ်… အတင်းကိုဖဲဝိုင်းထောင်ချင်… မုန့်ဟင်းခါးစားချင်နေကြတော့တာပဲ..။
      မှတ်လောက်အောင်.. သေနေတုံး.. အသိဖြစ်ခဲ့တဲ့..တစ္ဆေတွေ.. အိမ်ပို့ခြောက်ခိုင်းလိုက်မှပဲ..။

      အဟမ်း..
      စကားအတင်းစပ်..
      ကျုပ်က.. နောက်ဘဝမရှိဘူးလို့.. ယုံကြည်သူမဟုတ်ပါ..။
      ရှိတယ်လိုလည်း.. ယုံကြည်သူမဟုတ်ပါ..။
      အဲဒီရှေ့/နောက်.. အပေါ်/အောက်.. ဘဝအယူတွေကို.. မယူသူဖြစ်ပါကြောင်း..။ :kwi:

      ဆိုတော့.. ငါးကလေးကို ဆီကောင်းကောင်းသတ်ပြီး ချက်တဲ့.. ဘဲဥနဲ့ ငါးဖယ်နဲ့.. ဟင်္သာတမုန့်ဟင်းခါးတဲ့လား..
      ဗိုက်တောင်ဆာလာပြီ..။ ကျုပ်လည်း.. တပွဲ.. :harr:

  • San Hla Gyi

    December 23, 2012 at 1:06 pm

    သဂျီးရေ
    မာလုကျပုတ္တသုတ်တို့ အဗျာကတသုတ်တို့ ကတော့ နောက်များမှ ပြောကြတာပေါ့ဗျာ။ အခု သဂျီးလည်း ကျန်းမာရေး ကောင်းနေတာပဲ။

  • Moe Z

    December 23, 2012 at 2:09 pm

    စိတ်မရှိပါနဲ့အူးလေးရွာစားရယ်..
    ဒီပို့စ်ဖတ်ပြီး မုန့်ဟင်းခါးပဲစားချင်လာတယ်
    ကျန်တာပြောတော့ဘူးနော်
    ထွက်စားလိုက်ဦးမယ် အိုးဘဲဥနဲ့ :mrgreen:

    • pooch

      December 24, 2012 at 1:07 pm

      ဟုတ်ပါ့ကွန်းမန့်တွေ ဖတ်ပြီး မုန့်ဟင်းခါးပဲ စားချင်စိတ်ပေါက်လာတယ် ။ :mrgreen:

Leave a Reply