၂၁-၁၂-၁၂ အတွက်ရည်းစားစာ

koyin sithuDecember 20, 20121min16520

ရွှေငါးမလေးရေ.. ပင်လယ်ထဲမှာနေတာကြာတဲ့ ကို့ဘဝဟာ ငါးပူတင်းလို့ တပူတပြင်းနဲ့

အပူအပြင်း ဖြစ်နေရလို့ ငါးကွန်းရှပ်လို အစွန်းမထွက်အောင် နေနေရပါတယ် ရွှေငါးမလေးရယ်။

ပုလဲငါးလို အသဲစားမယ်ဆိုလည်း ဒေါင်းငါးလို မြောင်းကြားထဲတော့ မပို့လိုက်ပါနဲ့။

ဒီက မိကျောင်းလို အပီချောင်းနေရတာဆိုတော့ Lucky fish လို ထပ်ပြီး ချစ်ချင်နေသူပါ။

ငါးစင်ရိုင်းလို အမြင်မရိုင်းချင်လို့ ငါးရှဉ့်လို အသက်ပြင်းတဲ့ ချစ်ခြင်းကို

ငါးကြင်းလို ထပ်မငြင်းပါနဲ့တော့။

ငါးမန်းလို ထပ်မငမ်းချင်တော့လို နှလုံးသားကို ငါးသေတ္တာလို တအားပစ်မာ ထားရပါတယ်။

ငါးသလောက်စားပြီး ထပ်အဟောက်ခံရမှာစိုးလို့  ငါးပတ်လို အပြီးပတ်နေရပါတယ်။

ဇလာဗီးယားငါးလို အသားစားပြီး မမာနိုင်တော့ မင်းမုန်းသွားမှာ ငါးလိပ်ကျောက်လို့ သိပ်သိပ်ကြောက်နေရသူပါ။

ရေချိုပုစွန်တွေ ဘေးကချွန်တဲ့စကားကို မယုံပဲ ငါးဥလို တအားဥကြရအောင်လားကွယ်။

ငါးသလဲထိုးလို အပြတ်အလဲမထိုးပဲ ငါးမြစ်ချင်းလို မချစ်မချင်း ငါးခူလို မမူပဲနဲ့

ငါးစာကိုပဲ မြင်ပြီး ငါးမျှားမမြင်တဲ့ ကို့မှာ ပြည်ကြီးငါးလို အချစ်ကြီးပွားနေလို့ ကမာခွံလို မမာခင်

ဝေလငါးလို ဝေမျှစားချင်နေပါပြီ…။

(၂၁-၁၂-၁၂ ပျော်စရာ အမှတ်တရလေးဖြစ်အောင် တစ်ယောက်သောသူအတွက် ရေးချမိလိုက်တာပါဗျာ။)

ခင်မင်စွာဖြင့်

ကိုရင်စည်သူ

20 comments

  • ခိုင်ဇာ

    December 20, 2012 at 4:32 pm

    အရင် ဖတ်သွားပါတယ် ကိုရင်စည်။
    ဒီညပြန်ရင် ငါး ပုဇွန် နဲ့ ပြည်ကြီးငါး စားမယ်လို့ စိတ်ကူးရသွားပါတယ်။
    (ခွင့်လွှတ်ပါလေ။ ကျနော်က ကဗျာနဲ့ ဝေးသမို့) :mrgreen: :mrgreen: :mrgreen:

    • ကိုရင်စည်သူ

      December 20, 2012 at 5:04 pm

      အစ်မကြီးဆွိရဲ့ ပထမဆုံး အားပေးမှုကြောင့် ကျေးဇူးပါခင်ည..
      မနေ့က ဖားတွေ ငါးခိုးမျှားနေတာကြည့်ရင်း အိုင်ဒီယာရသွားလို့
      ရေးလိုက်ဒါဘာ..
      စကားမစပ်ပါ။
      အရင်က ကိုရင့်ထက် အသက် ၁၂နှစ်လောက်ကြီးတဲ့ အမကြီးမှန်း မသိလို့
      ပြောမှားဆိုမှား ကြောင်မှားရှိခဲ့ရင် ခွင့်လွှတ်ပါဂျနော်.. :kwi:
      ဒီက ဂျစ်တာကလွဲပြီး ဘာမှမတိခဲ့လို့ဘာ.. 😳

      • ခိုင်ဇာ

        December 20, 2012 at 5:11 pm

        ရပါတယ်လေ။ ခု သိပြီဆိုတော့ အစ်မကြီးကို နောက် သီတင်းကျွတ် ကန်တော့နိုင်တာပေါ့ကွယ်။ :kwi:

  • ရေနေ သတ္တဝါ ကဗျာ လားဗျို့ … :mrgreen:

    ကိုရင်လည်း …
    ကမ္ဘာ မပျက်ခင်လေး
    ရင်ထဲက စကားတွေကို ခြွေသွားချင်တာ ထင်ရဲ့ ..

    • ကိုရင်စည်သူ

      December 20, 2012 at 5:06 pm

      ဟဲဟဲ.. ကိုအံ့အထာလေး နည်းနည်းခိုးထားတာပါဗျာ..
      ခြွေမယ့်လူမရှိလို့ ထင်ယောင်ထင်မှားလေးတွေ လုပ်ထားတာလေ.. အဟဲ..
      အထင်ခံရလည်း မနည်းဘူးလေ.. ဒီက လူလွတ်တွေဆိုတော့လည်း.. :mrgreen:

  • nozomi

    December 20, 2012 at 5:03 pm

    ကဗျာ လေး ဖတ်ရင်း
    ငါးသလောက်လေးချက် ငါးရှည့်ခြောက်ကျော်လေး နဲ့ ငါးသလောက်ဥကျော်လေး စားချင်စိတ်များ တဖွားဖွားပေါ်လာကြောင်းပါ

    • ကိုရင်စည်သူ

      December 20, 2012 at 5:08 pm

      အူးလေးနိုရင် ပြန်လာရင် ငါးကင်လေးနဲ့များ တစ်ပွဲလောက် မနွှဲချင်ဘူးလား…
      ဖုန်းဆက်လိုက်မယ်.. ဖုန်းဆက်လိုက်မယ်..။ ကျွဲမလေးနဲ့ ရေသူမလေးတွေပါ အူးလေးတို့အတွက်
      ခေါ်ခဲ့မယ်လေ.. ကောင်းဝူးလား.. :kwi:

  • ရွှေ ကြည်

    December 20, 2012 at 5:20 pm

    ရွှေငါးမလေးရေ ကူးသာပြေးပေတော့ ကိုရင်စည် ကရေဘဝဲလိုအသေစွဲနေပြီမို့
    လင်းပိုင်လို အပီချိုင်တော့မယ် ထင်တယ်
    ငါးရွေးလို ဆွေးနေပြီမို့ ငါခုံးမလို့ ဆုံးမလို့တောင်ရမယ်မထင်တော့ဘူး :mrgreen:

  • mobile (mandalay)

    December 20, 2012 at 6:25 pm

    ကျုပ်ကဒေါ့ ငါးဆိုရင် ငါးမုန်ကြော်ကို ဘီယာနဲ့ မြည်းရတာ
    အကြိုက်တွေ့လှသဗျာ။
    ငါးကင်စားရင် ခေါင်းနောက်လို့ဗျ။
    အခုမှပဲ သတိယတယ် ငါးမုန်ကြော်နဲ့ ဘီယာ တောင်မသောက်ရတာကြာလှပေါ့
    အခုလို သတိဖော်ပေးတဲ့အတွက် ကျေးဇူးပါဗျို့……………
    တစ်ယောက်သောသူ မောင်မိုဘိုင်း လာရောက်အားပေးသွားပါဂျောင်းးးးးးးးးးးး

  • ဗုံဗုံ

    December 20, 2012 at 7:50 pm

    မယုံနဲ့ ရွှေငါးမလေးရေ ကရင်စည်က ငါးကြင်းလို အတင်းပျင်းပြီး ငါးတန်လို လေကန်နေတာ ငါးမုတ်လို ဘာအလုပ်မှလည်း လုပ်တာမဟုတ်ဘူး ငါးဇင်ရိုင်းလို ထင်ရာစိုင်းတတ်တယ်နော ငါးလူးလို အရက်ကလည်းမူးသေးတာ ငါးခြောက်လို ဂေါက်တောက်တောက်နဲ့ ပလာတူးလို အဝှာကလည်းရူးသေးတယ် ငါးကြင်းရွှေဝါလို အတင်းသေချာတာလည်းမဟုတ်ဘူး တူနာငါးလို မူယာမာယာ ကလည်းများသေးတယ်တော့ တော်ကြာ ငါဖောင်ရိုးလို ချောင်ထိုးထားခဲ့မှဖြင့် ငါးပြေမလို အနေမလှဖြစ်နေလိမ့်မယ်ကွယ် ငါးပုတ်သင်လို အဟုတ်ထင်မနေနဲ့နော် အဲ့ဒါကြောင့် ငါးရောင်ငါးလို မြန်မြန်သာရှောင်သွား လိုက်ပါတော့ ရွှေငါးမလေးရေ :kwi: :kwi:

  • MaMa

    December 20, 2012 at 8:25 pm

    ပင်လယ်ထဲ နေရတော့လည်း နီးစပ်ရာကို စိတ်ညွတ်မိတာပေ့ါကွယ်။ :kwi:

  • အလင်းဆက်

    December 20, 2012 at 9:09 pm

    ပင်လယ်..ထဲက စာ..
    ပင်လယ်သံတွေ… မြည်နေတယ် ။
    ပင်လယ်မှာ.နေဖူးတဲ ့..သားသားက..
    ပင်လယ်…စာ ကိုလည်း.. လွမ်းမိပါရဲ ့ ။.

    😉

  • min min san

    December 20, 2012 at 10:41 pm

    ko yin !
    As your post ,,,,,,,,,,,,you know a lots of fish name ,,,,,,,,,,,good ideas!!
    Wish for you that you can be near soon to your shwe nga ma lay in 2013 !!

  • kyeemite

    December 21, 2012 at 9:29 am

    ကိုရင်စည်တစ်ယောက် ငါးမွေထိုးလို သဝေထိုးနေတော့
    ချစ်သူလေးခမြာ ငါးပြေမလို မသေရအောင်
    ငါးမဲလုံးလို အမြဲမုန်းမှာစိုးပါတယ်..ငါးနီတူလို အတည်တော့မယူပဲ
    ငါးပါးနီလို အလကားရီမပြပါနဲ့ ငါးဖေါင်ရိုးလိုချောင်ထိုးမှာလဲစိုးရသေး..
    ငါးလင်ပန်းလို အချဉ်ဖမ်းလို့တော့ဘယ်ရမလဲ..
    ငါးပြေမလို အမေကဆိုတော့…ကပ်သပိုးလို ဟတ်ထိုးလဲမတတ်မို့
    ငါးဇင်စပ်လိုအမြင်ကပ်မိပြန်ရော.. :kwi: :kwi:

  • minnannawar

    December 21, 2012 at 12:45 pm

    ငါးပြေမလို နေမရတာကြောင့် ငါးကွန်းရှပ်လို အလွမ်းဓါတ်နဲ့ ငါးပူတင်းလို လူအတင်းဝင်၊ ငါးပနော်လို အပျော်ပိုပြီး ရေဘဝဲလို အသေအလဲ ဝင်မန့်သွားရပါကြောင်း(ဆိုင် ဆိုင် မဆိုင်ဆိုင် အကြောင်းအရာ မပါဘဲ မန့်နေသူများလို ဝင်မန့်ကြည့်တာပါ)

  • Mr. MarGa

    December 21, 2012 at 12:55 pm

    ငါးဟင်း စားချင်သွားပြီ

  • Khaing Khaing

    December 21, 2012 at 2:44 pm

    ငါးညှီနံ့တောင် ရချင်သလိုလိုဖြစ်လာပီ ……. ငါးပြတိုက်မှာ လုပ်ဖူးတယ်နဲ့တူတယ်ကိုရင်က … သင်္ဘောသားတွေကတော့ ငါးအကြောင်းအဲလောက်မသိလောက်ဘူး ………

  • မောင်ပေ

    December 22, 2012 at 12:28 pm

    ရေသူထီး ရေသူမ တွေ တော့ မြင်ရမယ့်ကိန်းပါရော့ကလား
    :kwi:

  • padonmar

    December 22, 2012 at 11:39 pm

    ကိုရင် ရယ်
    ငါးပုဏ္ဏားလို အကုန်လည်းမစားလိုက်ပါနဲ့၊
    ငါးရံ့လိုဂန့်သွားပါအုံးမယ်။
    ငါးမြင်းလို ခပ်တင်းတင်းပဲနေပြလိုက်ပါ.

  • လုံမလေးမွန်မွန်

    December 23, 2012 at 1:06 pm

    အနော်ကြိုက်တဲ့ ငါးစင်ရိုင်းနဲ့ ငါးကြင်းကို ယူသုံးထားတဲ့အတွက် အနော့်ကို ခွက်ဒစ်ပေးဘာ..
    အဟိ..ဘာမှမဆိုင်ဝူး… :mrgreen:

Leave a Reply