အပြောင်းအလဲ..
အပြောင်းအလဲ…..
အဲဒီ စကားလုံးလေး စိတ်ထဲရောက်နေတာ ကြာပြီ..

နှစ်ဟောင်းက နှစ်သစ်သို့ အပြောင်းအလဲ
ခံယူချက်အပြောင်းအလဲ
အစိုးရ အပြောင်းအလဲ
အုပ်ချုပ်မှုစနစ် အပြောင်းအလဲ..
လူမှုစီးပွားရေးအပြောင်းအလဲ..
မြန်မာပြည်ကြီး အပြောင်းအလဲရေစီးကြောင်းထဲ မျောတဲ့ ၂၀၁၀ ကတည်းကပေါ့..

၂၀၁၂ နှစ်ဟောင်းမှ ၂၀၁၃ နှစ်သစ်တစ်ခု မကူးခင်လေး..
ဟော ခုလည်း ပြောနေကြပြန်ပြီ ပြောင်းရုံတင်မကဘူး..
ပျက်ကို ပျက်တော့မှာတဲ့
မြန်မာပြည်နဲ့တင် ဆိုင်တဲ့ကိစ္စမဟုတ်.. ကမ္ဘာကြီးပျက်စီးမှာ….
ကမ္ဘာကြီး မနက်ဖြန် ပျက်တော့မှာဆိုရင် ဘာလုပ်မလဲတဲ့ တို့ သူကြီးကလည်း မေးနေတယ်..
အဲဒီတော့ ကျုပ်လည်း ကမ္ဘာမပျက်ခင် ဘာလုပ်ချင်လည်း တွေးကြည့်တော့ မန်းဂေဇက်မှာ တင်မယ်ဆိုပြီး ကာတွန်းလေးတွေ လျှောက်ဆွဲထားတာ
တကယ်လို့များ မနက်ဖြန် ၂၁-၁၂-၂၀၁၂ ရက်နေ့ တကယ်များ ကမ္ဘာပျက်ခဲ့ရင် ကျုပ်ကာတွန်းပုံလေး ပို့စ်မတင်လိုက်ရမှာစိုးလို့ စတိ (၁) ပုံ အရင်တင်လိုက်တယ်ဗျာ..

အပြောင်းအလဲ

လောလိုက်တဲ့ အပြောင်းအလဲ

 

 

 

 

 

 

 

 

 

 

 

 

 

 

 

ရုံးမှာစီမံခန့်ခွဲမှုပုံစံတွေ ပြောင်းရတော့မယ်ဆိုပြီး အသံတွေ ထွက်တုန်းက အားချင်းလုပ် ကြုံရတဲ့ အကြောင်းလေး ဆွဲထားတာ… တခြားပုံလေးတွေလည်း ၂ ပုံလောက်ဆွဲထားတာရှိသေးတယ် ။ အပြောင်းအလဲနဲ့ ပတ်သက်လို့ ။ အစီအစဉ်က ပုံဆွဲဖြစ်တဲ့ ဇာတ်လမ်းလေးတွေလည်း ရေးပြီး ပို့စ်လှလှလေး တင်မလို့.. ရေးတာက အပြီးမသတ်နိုင်သေးလို့..

ခုတော့ မနက်ဖြန် ကမ္ဘာပျက်သွားရင် မတင်လိုက်ရမှာစိုးလို့ ဒီအတိုင်း လွှတ်လိုက်ပြီ…

အားပေးမှတ်ချက်လေးတွေ ချီးမြှင့်ပေးကြပါအုံး..

 

 

 

 

 

About ရွာစားကျော် မင်းနန္ဓာ

ရွာစားကျော် မင်းနန္ဓာ has written 71 post in this Website..

နတ္ထိတွေ အစာသွပ်ထားတဲ့ ရင်ဘတ်ထဲ ၀မ်းစာကလည်း ရှားပါးလို့ ပစ္စုပ္ပန်မှာ ငူငေါင်ငေါင်ရပ်ရင်း လှမ်းမျှော်ပြီးကြည့်တော့ အနာဂတ်ဟာ မှုန်ဝါးလို့နေရဲ့.. မထူးဇာတ်ခင်းကာ အတိတ်က အိပ်မက်တွေကို ပြန်တူးကြည့်တော့ ပုပ်သင်ဥတွေပဲ ထွက်လာတယ်.... CJ # 7202011