အပြောင်းအလဲ (ကိုယ်တိုင်ဆွဲ ကာတွန်း)

အပြောင်းအလဲ..
အပြောင်းအလဲ…..
အဲဒီ စကားလုံးလေး စိတ်ထဲရောက်နေတာ ကြာပြီ..

နှစ်ဟောင်းက နှစ်သစ်သို့ အပြောင်းအလဲ
ခံယူချက်အပြောင်းအလဲ
အစိုးရ အပြောင်းအလဲ
အုပ်ချုပ်မှုစနစ် အပြောင်းအလဲ..
လူမှုစီးပွားရေးအပြောင်းအလဲ..
မြန်မာပြည်ကြီး အပြောင်းအလဲရေစီးကြောင်းထဲ မျောတဲ့ ၂၀၁ဝ ကတည်းကပေါ့..

၂၀၁၂ နှစ်ဟောင်းမှ ၂၀၁၃ နှစ်သစ်တစ်ခု မကူးခင်လေး..
ဟော ခုလည်း ပြောနေကြပြန်ပြီ ပြောင်းရုံတင်မကဘူး..
ပျက်ကို ပျက်တော့မှာတဲ့
မြန်မာပြည်နဲ့တင် ဆိုင်တဲ့ကိစ္စမဟုတ်.. ကမာ္ဘကြီးပျက်စီးမှာ….
ကမာ္ဘကြီး မနက်ဖြန် ပျက်တော့မှာဆိုရင် ဘာလုပ်မလဲတဲ့ တို့ သူကြီးကလည်း မေးနေတယ်..
အဲဒီတော့ ကျုပ်လည်း ကမာ္ဘမပျက်ခင် ဘာလုပ်ချင်လည်း တွေးကြည့်တော့ မန်းဂေဇက်မှာ တင်မယ်ဆိုပြီး ကာတွန်းလေးတွေ လျှောက်ဆွဲထားတာ
တကယ်လို့များ မနက်ဖြန် ၂၁-၁၂-၂၀၁၂ ရက်နေ့ တကယ်များ ကမာ္ဘပျက်ခဲ့ရင် ကျုပ်ကာတွန်းပုံလေး ပို့စ်မတင်လိုက်ရမှာစိုးလို့ စတိ (၁) ပုံ အရင်တင်လိုက်တယ်ဗျာ..

အပြောင်းအလဲ
လောလိုက်တဲ့ အပြောင်းအလဲ

 

 

 

 

 

 

 

 

 

 

 

 

 

 

 

ရုံးမှာစီမံခန့်ခွဲမှုပုံစံတွေ ပြောင်းရတော့မယ်ဆိုပြီး အသံတွေ ထွက်တုန်းက အားချင်းလုပ် ကြုံရတဲ့ အကြောင်းလေး ဆွဲထားတာ… တခြားပုံလေးတွေလည်း ၂ ပုံလောက်ဆွဲထားတာရှိသေးတယ် ။ အပြောင်းအလဲနဲ့ ပတ်သက်လို့ ။ အစီအစဉ်က ပုံဆွဲဖြစ်တဲ့ ဇာတ်လမ်းလေးတွေလည်း ရေးပြီး ပို့စ်လှလှလေး တင်မလို့.. ရေးတာက အပြီးမသတ်နိုင်သေးလို့..

ခုတော့ မနက်ဖြန် ကမာ္ဘပျက်သွားရင် မတင်လိုက်ရမှာစိုးလို့ ဒီအတိုင်း လွှတ်လိုက်ပြီ…

အားပေးမှတ်ချက်လေးတွေ ချီးမြှင့်ပေးကြပါအုံး..

 

 

 

 

 

24 comments

  • mobile (mandalay)

    December 20, 2012 at 8:44 pm

    ကာတွန့်လက်ရာလေးကို ကြိုတ်တယ်ဗျို့
    :harr:

    • မင်းနန္ဓာ

      December 20, 2012 at 8:53 pm

      ပထမဆုံး ကွန်မင့်ပေးသွားတဲ့ မိုဘိုင်းရေ ကျေးဇူးကွာ
      မနက်ဖြန် ဘာဖြစ်မလဲ မသိနိုင်တော့ ဟဲဟဲ.. ဒီည ကိုယ့်ကာတွန်းလေး ဘယ်သူ ဘာပြောသလဲ ထိုင်ကြည့်နေရ ကောင်းမလားးးးးး
      🙄 :kwi:

  • အလင်းဆက်

    December 20, 2012 at 8:54 pm

    ကောင်း ပါ့ .

    အလက်ဆင်းတစ်ယောက်
    သူငယ်ချင်းနဲ ့တိုင်ပင်ပြီး..ကာတွန်းလေးတွေ.ဆွဲ ပြီးတင်ပြဖို ့ကြိုးစာေးပမယ့်..
    အခုထိ အကောင်အထည်မပေါ်နိုင်သေးလို ့..
    ကာတွန်း ငတ် နေချိန်မှာ..
    ရွာထဲကို အခုလို…
    ကာတွန်းလေးတွေ.ကို်ယ်တိုင် ဖန်တီးပြီး..
    ယူဆောင်လာပေးလို ့..
    ကျေးဇူး…ပါဗျ။

    ကာတွန်းလေးက စကားလုံး ..ထိထိမိမိနဲ ့..
    ပုံလေးက လက်ရာလည်းကောင်းလှတာမို ့..
    မချိီးကျူးပဲ.မနေနိုင်ဘူးဗျို ့။

    ဆက်လက်..ဝေမျှပါဦး

    ခင်မင်လေးစားစွာ…
    အလက်ဆင်း

    • မင်းနန္ဓာ

      December 20, 2012 at 9:08 pm

      ဖေ့စ်ဘွတ်မှာတော့
      ကာတွန်းဆရာအများကြီးနဲ့ ဖရင့်လုပ်ထားတယ်
      ဆရာတွေကလည်း ဂျာနယ်၊ မဂ္ဂဇင်းတွေမှာ ဆွဲထားသမျှ အသစ် အဟောင်း အကုန်တင်ပေးထားကြတယ်
      တခါတလေ ဂျာနယ်မထွက်သေးဘူး ကိုယ်တွေက ဘယ်မှာဆွဲထားတယ်ဆိုပြီး ဖတ်ရပြီးသား..
      ကောင်းလိုက်တာ

  • kai

    December 21, 2012 at 5:59 am

    ကာတွန်းရေးပေးပါခင်ည..

    အပြောင်းအလဲဆိုပြီး …ပြောင်းလဲအောင်.. ပြောင်ပြပြီး.. ပြောင်းရုံနဲ့မရ..
    လူတွေပါလဲရမယ်.. မလဲချင်ရင်.. လှဲချလိုက်…
    လှဲမချရင်.. လဲကျအောင်…. ကန်ချရလိမ့်မယ်..။ :kwi:

  • kyeemite

    December 21, 2012 at 8:58 am

    ရွာစားကျော်က ကာတွန်းဆွဲလည်းရတာကိုး…
    ကောင်းတယ်ဗျာ…ကာတွန်းလေးတွေများများဆွဲတင်ပါအုံး….
    :kwi:

    • မင်းနန္ဓာ

      December 21, 2012 at 9:15 am

      ကာတွန်းဆွဲရတယ်မဟုတ်ပါဘူး ဦးကြီးရဲ့
      သင်ဆွဲ ဆွဲကြည့်တာပါဗျ.. ဆက်ကြိုးစားပါ့မယ်

  • uncle gyi

    December 21, 2012 at 8:58 am

    လူသစ်တန်းဆိုရင်ပြောစရာမရှိလက်ရာလို့ဝေဖန်ပရစေ
    ကာတွန်းကြိုက်သူမို့အားပေးနေပါမယ်

    • မင်းနန္ဓာ

      December 21, 2012 at 9:17 am

      လူသစ်တန်းမှ တကယ့်လူသစ်တန်းပါ
      ပထမဆုံး ကာတွန်းပုံပါ.. ရွာစားဆိုတဲ့ ပုံထဲက လက်မှတ်တောင်
      ဒီပုံဆွဲပြီး ဘယ်လိုလက်မှတ်ထိုးရင်ကောင်းမလဲ စဉ်းစားပြီး စထိုးလိုက်တာ

  • ဗုံဗုံ

    December 21, 2012 at 9:43 am

    ဦးလေး ရှင်မွှေးလွန်းနဲ့ မင်းနန္ဒာ တို့ ပုံလေး ဆွဲပေးလေ လက်ရာကောင်းတယ် 🙂

    • မင်းနန္ဓာ

      December 21, 2012 at 9:59 am

      ရှင်မွှေးလွန်းနဲ့ မင်းနန္ဒာ တို့ ဇာတ်လမ်းက အလွမ်းဇာတ်ကြီး မဆွဲချင်ဝူးးးး
      ရှင်မွေးလွန်းနဲ့ မင်းနန္ဓာအကြောင်းဆိုရင်တော့ တစ်ယောက်နဲ့ တစ်ဗိုက်ချမ်းသာနေဘီ ဓာတ်ပုံပြရမလား
      ဟီး

  • ကြည်ဆောင်း

    December 21, 2012 at 12:37 pm

    ခေတ်ရဲ့သရုပ်မှန်ကို လိုရင်းတိုရှင်း နဲ့ထိထိမိမိ တင်ပြနိုင်တာ ကာတွန်းလေးတွေပါ..
    ကမာ္ဘမပျက်လောက်သေးတော့ ကာတွန်းလေးတွေဆက်ကြည့်ရအုန်းမှာပေါ့

    • မင်းနန္ဓာ

      December 21, 2012 at 1:08 pm

      ဟီး
      ကြည့်ပါ
      အားပေးပါ
      ဝေဖန်ပါလို့

  • Thuyazaw

    December 21, 2012 at 1:19 pm

    ကာတွန်းလေးက အနော်တို့ရုံးက အဖြစ်ပျက်လေးနဲ့ နည်းနည်းတိုက်ဆိုင်နေသဗျ…… ကာတွန်းလက်ရာများကို ဝင်ရောက်အားပေးသွားပါတယ်ခင်ဗျ……

    • Khaing Khaing

      December 21, 2012 at 3:49 pm

      ဟုတ်ပါတယ်ဗျို့ … ကျွန်မကိုလည်း ဖြစ်နိုင်ရင် ကာတွန်းပုံလေးဆွဲပေးပြီး အလုပ်စားပွဲနားမှာ ကပ်ထားချင်ပါတယ် … ကျွန်မတို့အလုပ်မှာလဲ ဒီလိုပဲ … နှစ်ပြားတစ်ပဲ နှစ်ယောက်တပိုင်းနဲ့ မနိုင်ဝန်တွေ ထမ်းအခုမှ အသဲအသန်လုပ်နေပါတယ် ……….

  • Mr. MarGa

    December 21, 2012 at 1:24 pm

    ရှားရှားပါးပါး ပို့စ်လေးပါလားနော်

  • ဆူး

    December 21, 2012 at 1:35 pm

    ကိုရွာစားကျော် က ကာတွန်းလည်း ရတယ်လား…
    တော်ပါပေတယ်။

  • MaMa

    December 21, 2012 at 4:03 pm

    တော်လိုက်တာ။
    အပြောင်းအလဲကို ညတွင်းချင်း လုပ်နိုင်တယ်။ :kwi:

    ကာတွန်းတစ်ကွက်မှာ ပေးချင်တာကို စာနဲ့ ပုံနဲ့ သရုပ်ဖော်ရတာ မလွယ်ကူလှပါဘူး။
    အားပေးပါတယ် ရွာစားကျော်ရေ။ :hee:

    • မင်းနန္ဓာ

      December 21, 2012 at 4:13 pm

      ကွန်မင့်မတင်ခင်က မမ ပြောထားတာမပေါ်သေးဘူး
      တင်လိုက်တဲ့ အချိန်မှာ မမ ရဲ့ ကွန်မင့်က အပေါ်မှာရောက်နေပြီး
      ဟုတ်ပ မမ ရေ .. ပြောင်းမပေးတုန်းကလည်း သူတို့
      ပြောင်းမလို့ လုပ်တော့လည်း လောလိုက်တာ မပြောပါနဲ့တော့
      ..
      :gee:

  • မင်းနန္ဓာ

    December 21, 2012 at 4:04 pm

    အားပေးသွားကြတဲ့
    သူရဇော်
    ခိုင်ခိုင်
    အူးမာဃ နဲ့
    မဆူး တို့ကို ကျေးကျေးပါနော်..
    ဆက်လက်ကြိုးစားသွားပါမယ်လို့

  • မိုချို

    December 21, 2012 at 4:12 pm

    ကိုရွာစား က ကာတွန်းလည်း ရတာပါပဲလား။ လူကြီး နား နေရတဲ့ ဝန်ထမ်းတွေ ရဲ့ အဖြစ် ကို ကွက်ကွက် ကွင်း ကွင်း မြင်လိုက်ရ တာပဲ။

  • မောင်ပေ

    December 21, 2012 at 8:02 pm

    လူကြီးနားနေ
    ပူမီးထွားမွှေ
    ဆူညီးတွားလေ
    ငူပြီးကားပေ

  • padonmar

    December 21, 2012 at 11:07 pm

    တစ်ခါက ကာတွန်းဆွဲကြဖို့ ပြောတဲ့ ပို့စ်လေးတောင် သတိရမိသေး။ကိုကမ်းဝေးလည်း ကာတွန်းမဆွဲအားတော့ဘူးထင်ပါ့။
    ရွာစားလက်ရာလည်း ကောင်းပါ့။
    သားကလေးဆီက အိုင်ဒီယာတွေလည်းယူရင် ဆွဲစရာကုန်ကြမ်းတွေ အများကြီးရမှာ။

  • ဦးကြောင်ကြီး

    December 22, 2012 at 9:07 am

    အပြောင်းအလဲ
    မကောင်းဆဲ
    ဖယောင်းတခဲ
    တပေါင်းပွဲ
    ဘလောင်းဗလဲ
    ၎င်းချွဲ
    အဟောင်းအသဲ
    နှာခေါင်းရဲ…။

Leave a Reply