နှစ်စဉ် ကျင်းပသော ဇူလိုင်လ၏ ကမာ္ဘ့ ခန္ဓာကိုယ် ဆေးရေး ပန်းချီ ပွဲတော် မြင်ကွင်း

khinmintatthuJuly 17, 20103min824

ကမာ္ဘ့ ခန္ဓာကိုယ် ဆေးရေးပန်းချီ ပွဲတော် (World Bodypainting Festival) သည် ဩစတီးယားနိုင်ငံ တောင်ပိုင်း Carinthia ပြည်နယ်ရှိ ခရီးသွား ဒေသဖြစ်သော Millstatt ကန်ကြီး၏ အနီး Seeboden ကျေးရွာတွင် နှစ်စဉ်နှစ်တိုင်း ဇူလိုင်လ၏ တတိယပါတ်တွင် ကျင်းပသော ပွဲတော် တစ်ခုဖြစ်သည်။

ကမာ္ဘ့ ခန္ဓာကိုယ် ဆေးရေးပန်းချီ ပွဲတော် ကို ၁၉၉၈ ခုနှစ်တွင် Alex Barendregt ဆိုသူက စတင်ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။ ထိုအချိန်က Barendregt သည် ဒေသတွင်း ခရီးသွား အေဂျင်စီတစ်ခုတွင် အလုပ်လုပ်ခဲ့ပြီး နွေရာသီ ခရီးသွားရာသီအတွက် ထူးထူးခြားခြား ပွဲတစ်ခု ပြုလုပ်ရန် စီစဉ်ခဲ့ရာ ခန္ဓာကိုယ်တွင် ဆေးရေးချယ်ထားသော ဓါတ်ပုံတစ်ပုံကို တွေ့ရှိပြီးနောက် ခန္ဒာကိုယ် ဆေးရေးပန်းချီ ပွဲတော် ပြုလုပ်ရန် စိတ်ကူးရခဲ့သည်။

http://193.171.119.147/us/wbpf/gallery2/main.php?g2_view=core.DownloadItem&g2_itemId=54350&g2_serialNumber=4ဆေးရေးပန်းချီ ဆရာမတစ်ဦးမှ ကိုယ်ဟန်ပြမယ် တစ်ဦးကို ရေးချယ်နေစဉ်

အစပိုင်းတွင် ထိုပွဲတော်သည် နာမည်ကျော်ကြားမှု မရှိသော်လည်း ယနေ့အချိန်တွင် ခန္ဓာကိုယ် ဆေးရေးပန်းချီ အနုပညာ အသိုင်းအဝိုင်း၏ နှစ်စဉ်ကျင်းပသည့် အကြီးဆုံး လှုပ်ရှားမှုတစ်ခုဖြစ်နေပြီ ဖြစ်သည်။ ထိုပွဲတော်သည် ခန္ဓာကိုယ် ဆေးရေးပန်းချီ လောကတွင် ပထမဆုံးပြုလုပ်သည့် ပွဲတော်ဖြစ်ကာ ကမာ္ဘတစ်ဝှမ်းရှိ ခန္ဓာကိုယ် ဆေးရေးပန်းချီ ဝါသနာရှင်များ စုစည်း လာရောက်ရာ နေရာတစ်ခုလည်း ဖြစ်လာခဲ့သည်။

http://upload.wikimedia.org/wikipedia/commons/thumb/6/60/Millst%C3%A4tter_See_Ost_01_2006.JPG/800px-Millst%C3%A4tter_See_Ost_01_2006.JPGပွဲတော်ကျင်းပရာ အနီးရှိ ဩစတီးယား နာမည်ကျော် ခရီးသွား ဒေသ Millstatt ကန်ကြီး

၂၀၁ဝ ဇူလိုင်လ ၁၆ ရက်နေ့မှာ ၁၈ ရက်နေ့အထိ ဩစတီးယား နာမည်ကျော် ခရီးသွား ဒေသ Millstatt ကန်ကြီး၏ အနီးတွင် ကျင်းပသည့် ကမာ္ဘ့ ခန္ဓာကိုယ် ဆေးရေးပန်းချီ ပွဲတော် မြင်ကွင်းများကို ယခုကဲ့သို့ မြင်တွေ့ရသည်။

http://193.171.119.147/us/wbpf/gallery2/main.php?g2_view=core.DownloadItem&g2_itemId=54706&g2_serialNumber=4
http://news.xinhuanet.com/english2010/photo/2010-07/17/13401839_51n.jpg
http://news.xinhuanet.com/english2010/photo/2010-07/17/13401839_61n.jpg
http://news.xinhuanet.com/english2010/photo/2010-07/17/13401839_71n.jpg
http://news.xinhuanet.com/english2010/photo/2010-07/17/13401839_81n.jpg
http://news.xinhuanet.com/english2010/photo/2010-07/17/13401839_21n.jpg
http://news.xinhuanet.com/english2010/photo/2010-07/17/13401839_31n.jpg
http://193.171.119.147/us/wbpf/gallery2/main.php?g2_view=core.DownloadItem&g2_itemId=54388&g2_serialNumber=4
http://news.xinhuanet.com/english2010/photo/2010-07/17/13401839_41n.jpg
http://193.171.119.147/us/wbpf/gallery2/main.php?g2_view=core.DownloadItem&g2_itemId=54412&g2_serialNumber=4
ကမာ္ဘ့ ခန္ဓာကိုယ် ဆေးရေးပန်းချီ ပွဲတော် တွင် နှစ်စဉ် ကမာ္ဘအရပ်ရပ်ရှိ ဆေးရေးပန်းချီ အနုပညာရှင် ပန်းချီဆရာအဖွဲ့များနှင့် ကိုယ်ဟန်ပြမော်ဒယ် ၂၀ဝ ကျော် ဝင်ရောက်ပြသကြပြီး ခရီးသွား ဧည့်သည် နှင့် ပရိသတ် ထောင်ပေါင်းများစွာ လာရောက် ကြည့်ရှုလေ့ရှိသည်။
PatheinCity News | Source:Wikipedia | Photo:Xinhua

4 comments

  • Ba Gyi Taw

    July 31, 2010 at 10:45 am

    တကယ့်အနုပညာဘဲ ။

  • thihayarzar

    August 15, 2010 at 3:22 am

    မိုက်တယ်ဗျာ ….. လက်ရာမြောက်တယ် … ကျေးဇူးတင်ပါတယ်

  • Yin Nyine Nway

    August 15, 2010 at 7:57 am

    နေရ အခက်ဘူးကြောင်း မသိဘူး

  • Hein Thu

    August 15, 2010 at 8:04 am

    တော်ပါပေတယ်…..ကျေးဖူးတင်ပါတယ်

Leave a Reply