ပြုတ်ကျတဲ့ သေတ္တာ

ムラカミDecember 21, 20124min15214

ပြုတ်ကျတဲ့ သေတ္တာ အမည်ရတဲ့ ကိစ္စတခု ကို မိတ်ဆက်ပေးချင်တယ် ပိတ်သတ်ကြီးရေ…။

Dropbox ပါတဲ့ခင်ဗျား ။

 

 

What is Dropbox?

home_logo-vflWA3gZl

 

အရှင်းဆုံးပြောရရင် file hosting service တခုဖြစ်ပါသတဲ့ ။ ဒီနေ့ခေတ်မှာ ကျနော်တို့ ရုံးသုံး desktop ကနေ

အိမ်သုံး desktop, laptop, tablet, smartphone စတဲ့ အထွေထွေအပြားပြားသော devices တွေကို

သုံးစွဲနေကြပါပြီ … သည်နေရာမှာ file တခုကို ဘယ်လို သယ်ယူပို့ဆောင်သလဲ ဆိုတဲ့ ကိစ္စက

စကားပြောလာပြီဖြစ်ပါတယ်။

 

ဆိုပါစို့ ကျနော် ရုံးမှာ presentation တခုရေးတယ်။ မပြီးဘူး .. အိမ်မှာ ဆက်ရေးချင်တယ် … ။ ကျနော်

ရေးလက်စဖိုင်မှာ ထည့်ထားတဲ့ setting တွေအတိုင်း ရေးချင်တယ်။ ဆိုလိုသည်မှာ အိမ်မှာ ဖိုင် အသစ်ဖွင့် ..

ရေး .. ပြီးမှ ပြန်လာပြီး ရုံးမှာပေါင်း … သည်လိုမလုပ်ချင်ဘူး ဆိုပါတော့ …။

ကျနော် မဖြစ်မနေ ရုံးက စက်က ဖိုင် ကို အိမ်က စက်ကို ပို့ ရပါတော့မယ်..။ရှေးရှေးတုန်းကတော့

သည်လို အလုပ်မျိုးလုပ်ဖို့ နည်း ၂နည်းသာ ရှိခဲ့ပါတယ်။

၁။ USB stick နဲ့ သယ် ဒါမှမဟုတ် CD ခုတ်။

၂။ ရုံးသုံး mail account ကနေ ပါဆင်နယ်သုံး mail account ဆီ attachment ချိတ်ပြီး(ကိုယ့်ကိုကိုယ်) စာပြန်ပို့။

 

ဒါတွေပဲဖြစ်ပါတယ်။ တကယ်တမ်း စဉ်းစားကြည့်ရင် ဒါတွေဟာ မလိုအပ်တဲ့ ကိစ္စများမြောင်တဲ့ အန္တရာယ် မကင်းတဲ့

အလုပ်တွေပါ။

နံပါတ်-၁ နည်းလမ်းဟာ virus နဲ့ အခြား မလိုလားအပ်တဲ့ ကုန်ကျစားရိတ်တွေကို ကျသင့်စေပါတယ်။

နံပါတ်-၂ နည်းလမ်းကတော့ အလုပ်ပိုစေပါတယ်။ သည်တော့ ကျနော်တို့ ပိုမိုပြီး smart ဖြစ်မယ့် နည်းလမ်းကို

ရှာဖို့ လိုအပ်နေပါပြီ….။ အဲ့ဒါကို Dropbox က ဖြည့်ဆည်းပေးပါတယ်။

 

How Dropbox Works?

install_graphic-vflx6Z89X

ပြုတ်ကျတဲ့ သေတ္တာဟာ ကျနော်တို့ကို

  • cloud storage,
  • file synchronization,
  • client software

ဆိုတဲ့ အရာ ၃ခု ခွင့်ပြုထားပါတယ်….

 

Cloud Storage- ဆိုတာက တိမ်ပေါ်မှာ တနည်း(ဆာဗာပေါ်မှာ ဖိုင်တွေကို သိမ်းဆည်းခွင့်ပေးတာပါ)

 

file synchronization- ကတော့ ကျနော်တို့ Dropbox ပေါ်မှာ

account တခုဆောက် ပြီး အဆိုပါ ဆောက်ထားတဲ့ account အရ … ဘယ်နေရာကမဆို

ဘယ် ဒက်စတွတ် လက်ပကျွတ် တက်ဘလွတ် စမာတ်ဖုန်း ပေါ်ကမဆို တင်ထားတဲ့ data ကို

ကြည့်ခွင့် ဒေါင်းခွင့် sync လုပ်ခွင့် ရရှိတာပါ

 

client software – ကတော့ cloud ပေါ်တင်ထားသမျှကို account ဆောက်ပြီး ဒေါင်းဖို့အတွက်

သက်ဆိုင်ရာ ဒက်စတွတ် လက်ပကျွတ် တက်ဘလွတ် စမာတ်ဖုန်း မှာ ထည့်သွင်းရမယ့်

အပျော့ထည် ဆော့ဖ်ဝဲယား ပဲ ဖြစ်ပါတယ်။

 

Business Model

 

DD

 

ပြုတ်ကျတဲ့ သေတ္တာဟာ freemium business model ကို ကျင့်သုံးပါတယ်။ ဆိုလိုသည်မှာ

အတိုင်းအတာ တခုထိ free ပေးတယ် … ပိုသုံးချင်ရင်တော့ premium member အဖြစ် ဝယ်သုံးပါ

ဆိုတဲ့ မော်ဒယ် ဖြစ်ပါတယ်။ စိတ်မပျက်သွားပါနဲ့ ။ စစချင်း sign up လုပ်ရင်ကို dropbox က

2GB ပမာဏ storage လုပ်ခွင့်ပေးပါတယ်။ photo နဲ့ video တွေ တင်ရင်တော့ နောက်ထပ် 3GB ပေးဦးမယ်လို့

ဆိုထားပါတယ်.။ ဒါဟာ အတော်လေး ကြီးမားတဲ့ ပမာဏ ဖြစ်ပါတယ်။

 

 

အပေါင်းအသင်း မိတ်ဆွေတွေကို Dropbox သုံးစွဲဖို့အတွက် မျှဝေရင်း လက်တို့ရင်းနဲ့လည်း 18GB

အထိ free ရနိုင်ပါသေးသတဲ့ …

(ကျနော်ကတော့ သည်ပိုစ့်ရေးလို့ … တပြားမှမရပါ)

:harr:

 

How we use it?

connection မကောင်းတဲ့ နေရာတွေမှာ file တွေကို mail attachment လုပ်ပြီး ပို့ရတာ အခက်အခဲရှိပါတယ်

file ကြီးလေ သည် ပြဿနာဟာ သိသာလေပါ…။ သည်တော့ cloud ဖြစ်တဲ့ dropbox ပေါ်ကို တင်ပြီး

ဖိုင်ကို ကြည့်ရှုစေလိုသူ ကို share လုပ်တဲ့ နည်းကို သုံးပါတယ် ။

ပြောချင်တာက ကိုယ့် dropbox account ရှိတဲ့ cloud ပေါ်ကို တင် တင်ပြီး ကြည့်ခွင့် လက်မှတ်ကို

ကြည့်စေလိုသူကို link သက်သက်သာ ပို့ခြင်းအားဖြင့် ပိုမိုချောမွေ့တဲ့ sharing method ဖြစ်လာပါတော့တယ်။

ဒါဆို connection ကောင်းတဲ့နေရာတွေမှာရော … ဘာကြောင့် တမင် dropbox သုံးသလဲ လို့ မေးစရာ

ရှိပါတယ်။ ဟုတ်ကဲ့ mail attachment file size ဟာ လစ်မစ်ရှိနေပါတယ်။ ကျနော်တို့ အသုံးများတဲ့ G-mail

ဟာ 25MB နဲ့ အထက် ရှိတဲ့ဖိုင်ကို attach ချိတ်ခွင့်မပြုပါ။ short movie လိုမျိုး video file တွေကို share

တဲ့အခါ သည်နည်းကို သုံးရပါတော့တယ်။

 

Security Issues

 

Сloud

 

ဟုတ်တာပေါ့ … တိမ်ပေါ်တင်တာဆိုတော့ လူတကာ မြင်နိုင်ကြည့်နိုင်သလား ဆိုတဲ့ မေးခွန်း ပါ။

စိတ်မပူပါနဲ့ Dropbox မှာ Privacy Setting တွေ ပါပါတယ်။  ဖိုင်တွေကို

ကိုယ်တယောက်ပဲ မြင်နိုင်မယ့် setting

ကိုယ့် community  ပဲ မြင်နိုင်မယ့် setting

(လက်ကမ်းကြော်ငြာလိုမျိုး) မည်သူမဆို မြင်နိုင်မယ့် setting တွေ ချမှတ်လို့ရပါတယ်။

 

စီးပွားရေး လုပ်ငန်းတွေတောင် လုပ်ငန်း တခုနဲ့တခုကြား ၊ ဒါမှမဟုတ် ရုံးခွဲတခုနဲ့တခုကြား

ရုံးသုံး စာရွက်စာတမ်း အထောက်အထား နဲ့ အခြားသော ဖိုင်ခပ်ကြီးကြီးတွေ ပို့ဖို့လိုတဲ့အခါ

Dropbox ကို အသုံးပြုကြပါတယ်။ သူတို့ သုံးတဲ့နည်းကတော့ သည်လိုပါ…။

 

screenshot-dropboxlinking-2012

 

  • ၁။ တင်လိုတဲ့ file ကို WinRaR နဲ့ ချုံ့လိုက်ပါတယ်။
  • ၂။ ချုံ့တဲ့အခါမှာ Password ခံပါတယ်။
  • ၃။ Dropbox ပေါ်ကိုတင်ပါတယ်။
  • ၄။ Share လုပ်ပါတယ်။
  • ၅။ Share လုပ်ခံရသူဆီကို စာ ၂စောင်ပို့ပါတယ်။ ပထမတစ်စောင်က Password ဟာ ဘာဖြစ်တယ်
  • ဆိုတာကို အသိပေးတဲ့စာ ဖြစ်ပြီး။ ဒုတိယတစ်စောင်ဟာ file ကို access လုပ်လို့ရမယ့် ticket ဖြစ်ပါတယ်။

ဒီနည်းနဲ့ ဖိုင်ကို တတိယလူ တယောက်ယောက် တွေ့သွားရင်တောင် ဖွင့်ဖတ်လို့မရအောင် ကာကွယ်တာ

ဖြစ်ပါတယ်။ personal usage မှာလည်း ဒီနည်းကို သုံးပြီး ကိုယ်ပိုင် အချက်အလက်တွေကို ကာကွယ်နိုင်ပါရဲ့။

 

Why Dropbox?

ဒီမေးခွန်းကိုဖြေဖို့ ကျနော် သည်ရက်ပိုင်း ရေးခဲ့တာလေး အနည်းငယ် ကို တူးဆွချင်ပါတယ်။

 

အင်း .. Online Photosharing ကြောင့် photo editing software တွေကြားမှာလည်း

ပြိုင်ဆိုင်မှုက ပြင်းထန်သထက် ပြင်းထန်လာပြီ

ဟိုနေ့က စနက်စိ အပ္ပဒိတ် ထွက်တယ်

အင်စတာဂရမ် က လိုက် အပ္ပဒိတ်တယ်

အခု ဖိုတိုရှော့ အိပ်စပရက်စ်

 

တလောက Instagrm အသစ် ထွက်တယ်

တနေ့က Snapseed က Features အသစ်တွေပေါင်းထည့်ပြီး Free for all ပေးသုံးလာတယ်

မနေ့ကတော့ Photoshop Express က Version Upgrade ထပ်ထုတ်တယ်

ကနေ့ Flickr က filter အသစ်တွေထပ်ထည့်ပြီး ဒီဇိုင်းအသစ်နဲ့ ပွဲထုတ်တဲ့ သတင်းဖတ်ရတယ်

ဆိုတော့ .. သေချာတာက Mobile-based Photo Sharing Apps တွေကြားက တိုက်ပွဲ

အတော်ကြီး ပြင်းထန်လာတယ် လို့ပြောရမယ်

ပြင်းမပေါ့ နောက်ကွယ်မှာ ရှိတဲ့ Adobe, Google, Facebook, Yahoo တို့လို Giant ကြီးတွေရဲ့

ပြိုင်ဆိုင်မှုက ပြင်းတာကိုး။

 

Snap

 

တနေ့ကပဲ Dropbox က ထင်ရှားတဲ့ Online Photo Sharing Service တခုဖြစ်တဲ့ Snapboy

ကို ဝယ်လိုက်ပါပြီ ။ အထက်က ပြောခဲ့တဲ့

Adobe ရဲ့ (Cloud နဲ့တွဲတဲ့) Photoshop

Facebook ရဲ့ Instagrm

Google ရဲ့ Snapseed

စတာတွေနဲ့ ပြိုင်ဆိုင်ဖို့ အတွက်ဖြစ်ပါလိမ့်မယ်။

http://www.cnet.com.au/dropbox-snaps-up-cloud-based-photo-organiser-snapjoy-339342892.htm

 

သည်တော့ကာ အနာဂါတ်မှာ Dropbox ရဲ့ ဓါတ်ပုံမျှဝေခြင်း ဟာ ကြီးကြီးမားမား တိုးတက်ကောင်းမွန်လာဖို့

ရှိနေပါတယ်။ (Instagrm က term of usage အသစ်နဲ့ ပါတ်သတ်ပြီး တိုင်ပတ်နေတော့..)

 

 

ပြိုင်ဖက်များ

Google Drive ကလည်း အလားတူ service ကို 5GB အထိပေးပါတယ်။ Microsoft Skydrive ကလည်း

အလားတူ 7GB ထိ free ပေးပါတယ်။ Apple ကတော့ သူ့ရဲ့ iDevice တွေအတွက်သီးသန့် 5GB ပေးထားပြန်ပါတယ်။

(ပန်းသီးကတော့ ထုံးစံအတိုင်း သူ့ယူဇာ မဟုတ်ရင် သုံးမရပါ …)

:chee:

 

ကျန်တာတွေကတော့ Windows OS, Mac OS, iOS, Android OS တွေ အားလုံးမှာ သုံးလို့ရပါကြောင်း

လက်တို့ခဲ့ပါတယ်။

 

ကြိုက်တဲ့ device နဲ့ ကြိုက်တဲ့နေရကနေ ကြိုက်သလို ကိုယ်ဖန်တီးထားတဲ့ file တွေကို access လုပ်နိုင်ဖို့အတွက်..

တိမ်ပေါ်မှာ ဒေတာတွေ တင်ကြပါစို့ဗျား ….။

 

တော်သေးဘီ…

ခင်တဲ့

ဂီ

 

Ref:
http://en.wikipedia.org/wiki/Dropbox_(service)
https://www.dropbox.com
http://www.cnet.com.au/dropbox-snaps-up-cloud-based-photo-organiser-snapjoy-339342892.htm
https://itunes.apple.com/en/app/dropbox/id327630330?mt=8
https://www.snapjoy.com/

14 comments

  • kai

    December 21, 2012 at 12:27 pm

    ဆဲလ်ဖုံးနဲ့ရိုက်သမျှပုံတွေ.. google picasa မှာထားတယ်..
    Apps နဲ့ဆိုတော့.. ရိုက်သမျှပုံ.. ၃စက္ကန့်အတွင်း.. တိမ်ပေါ်မှာသိမ်းထားလိုက်ပြီးဖြစ်တာပဲ..
    သိမ်းခအတွက်.. ပိုက်ပိုက်ပေးထားရတယ်..

    ဆိုတော့..
    အဲလိုဟာလေးများ..သိနိုင်မလား.. ရနိုင်မလားလို့..
    ၅ဂစ်လောက်လေ…။ :harr:

  • Mr. MarGa

    December 21, 2012 at 12:46 pm

    အင်းးးးးးးးးးးးးးး
    ဟိုက 1GB ဒီက 1GB လေးတွေ လိုက်စုပြီးထားမယ်ဆိုရင်
    12GB လောက်တော့ ရမယ်ထင်တယ်

  • pollux

    December 21, 2012 at 2:13 pm

    samsung note နဲ့ သုံးတာ 48GB ထပ်ရတယ်
    account တစ်ခုကို invite လုပ်လို့ အဲဒီ account ကနေ
    drop box application ကို install လုပ်ရင် 500MB ထပ်ရတယ်
    camara က photo တွေကိုလဲ upload လုပ်ပေးတယ်
    now I ve over 50GB
    Good dropbox:)

    • kai

      December 25, 2012 at 3:13 am

      အခုဆမ်ဆောင်နှုတ်ဝယ်ထားသမို့.. ဘယ်လိုုလုပ်လိုက်သလည်း.. သိချင်သား…
      ၅ဝဂစ်ဆိုတော့.. မနည်းဘူး…။
      အခုလောလောဆယ်တော့.. ဂိုဂယ်မှာ Doc အတွက်ဝယ်..။ မေးလ်အတွက်ဝယ်..။ ဟိုဟာဝယ်ဒီဟာဝယ်နဲ့.. ဘာတွေဝယ်ပြီး.. တနှစ်နေဘာတွေဖြတ်နေမှန်းတောင်မသိတော့ဘူး..
      အို..ဘယ့်.. ခရက်ဒစ်ကဒ်.. 😥

      • kai

        December 25, 2012 at 4:18 pm

        Good news, storage junkies: Dropbox and Samsung have renewed their vows with a deal that’ll provide 50GB of free storage for two years to owners of the new Galaxy Note II and Galaxy Camera. As you’d expect, this means the Dropbox app will be pre-installed, and it also ensures that users will have easier access to their media files. Before you get too excited, however, there’s no guarantee that this well-intentioned promotion will pass muster with US carriers — we’ve certainly seen a few hopes dashed in the past.

        ၂နှစ်တဲ့..
        ၃နှစ်မြောက်တော့မှ..” သေပြီဆရာ…” :kwi:
        =
        စိတ်ဝင်စားသူများအတွက်.. ( “အိုင်”သမားတွေလည်း..ရတဲ့ပုံ..)
        https://support.box.com/entries/22057282-box-promotions-faq
        http://blog.box.com/tag/50gb/

  • koaung

    December 21, 2012 at 4:58 pm

    Thanks you for your post gi gi

  • pooch

    December 24, 2012 at 1:28 pm

    ဘာသေတ္တာလည်းလို့ ဝင်ကြည့်တာ ပြုတ်ကျတယ်ဆိုလို့ 😀

  • မောင့်ကျက်သရေ ဂီ့

    December 24, 2012 at 1:34 pm

    အော.
    မိတ်ဆက်စာလောက်တောင် လူမဖတ်ဖူးပဲ.
    မရေးဝူးဟေ့. မရေးဝူးးဟ. စိတ်ချ
    ဂါးးးးးးး

    • pooch

      December 24, 2012 at 1:47 pm

      ညည်းကလည်း စိတ်ချည်းပဲ မအားဘူးတော်ရေ ။ ဒီနေ့မှဝင်နိုင်တာ ။ ဖုန်းပေါ်ကနေ ကလိနေရတာ အရင်ရက်တွေက ။
      ဖိုတို ဖရိန်လှလှလေးတွေ ဖရီးဒေါင်းလို့ရတဲ့ ဆိုဒ်ရှိရင်ပြောပါအုန်းအေ။ 😀

    • ခိုင်ဇာ

      December 24, 2012 at 4:05 pm

      ဟယ် ဒေါသကြီးပဲ။ ဖတ်ပြီး လက်တွေ့ စမ်းကြည့် နေတာနဲ့ မေ့သွားတာ။ နောက်နေ့ ကျ ကျော်သွားရော။
      မမန့် ဖြစ်တာဟာ မဖတ်ဖြစ်တာ မဟုုတ်ပါလေ။. :mrgreen: :mrgreen:

  • MaMa

    December 24, 2012 at 10:14 pm

    မိတ်ဆက်စာလို သာမန်ကာ လျှံကာ ဝင်ရေးလို့ ရတဲ့ စာမို့လား။
    ဖတ်ပြီး မှတ်ရ၊ စမ်းကြည့်ရမို့ မန့်ဖို့ မေ့သွားကြလို့ ဖြစ်ပါလိမ့်မယ်။
    ကိုယ်တိုင်တော့ ရမ်းထရူး ဖတ်ပြီး သိမ်းထားလိုက်တာ။
    အများအကျိုးအတွက် စာရေးတဲ့ စာရေးဆရာကလည်း ဂါးးးးးးး တဲ့အထိ နုရလား။ :harr:

  • အရီးခင်လတ်

    December 24, 2012 at 11:38 pm

    အော
    စိတ်ထိခိုက်သွားပြန်ပါပြီ။
    အဲဒီ သေတ္တာထဲမှာ ရတနာတွေတောင် သိမ်းထားပါတယ်။
    မင်းရဲ့ မာမား ပြောတာမှန်ပါ့။
    မင်း ရေးထားတာကို ဖတ်ရင်း မသိတာတွေ သိလိုက်လို့ မှတ်ထားလိုက်ပါသေးတယ်။
    ကီးမြင့်တဲ့ သီချင်းက နားထောင်ရတာ အင်မတန် ကောင်းပေမဲ့ ပြိုင်ပြီးလိုက်ဆိုဖို့မလွယ်လို့ ပါတော်။
    ဆက်မရေးရင်တော့လား။
    ဂါးးးးးးး 😆

    မှီသလောက် အသံသေးအသံကြောင် နဲ့ ဝင်အားပေးရရင်
    {{ (Instagrm က term of usage အသစ်နဲ့ ပါတ်သတ်ပြီး တိုင်ပတ်နေတော့..) }}
    User တွေကို သွေးထိုးစမ်း လိုက်၊ သိပ်မဟန်ရင် U-turn ပြန်သွားလိုက် ဆိုတာ လည်း Business Strategy တစ်မျိုး ဘဲလားမသိ။

    ဒီအကြောင်းကို မသိသေးသူတွေ သိအောင် အကျဉ်းပြောရရင်
    အဲဒီ Instagrm က ကိုယ့်ရဲ့ ဓာတ်ပုံတွေကို သူတို့ server ထဲမှာ သိမ်းလို့ရပါတယ်။
    အဲဒီကနေ တစ်ယောက် ပုံတွေ ကို တစ်ယောက် share ကြ ကြည့်ကြပေါ့။
    ပြီးခဲ့တဲ့အပါတ်ထဲ က သူတို့ရဲ့ terms of service အသစ်ထွက်လာပါတယ်။
    “သူတို့ ဆီက တွေ ရဲ့ ပုံတွေ ကို သူတို့က ရောင်းမှာမို့ ကိုယ့်ပုံတွေကို မရောင်းစေချင်ရင် ရှေ့နှစ် January 16 ရက်မတိုင်ခင် အကုန်ဖျက် ရမယ်” တဲ့။
    အဲဒီမှာတင် Kim Kardashian ဆိုတဲ့ နာမည်ကြီး မော်ဒယ် အပါအဝင် နာမည်ကြီးတစ်ချို့ ဝိုင်းပြီး ကန့်ကွက်တာ သူတို့ ပြောတာ မရှင်း မရှင်း ဖြစ်သွားတာပါဆိုပြီး CEO ကိုယ်တိုင် တောင်းပန်ခဲ့ပါတယ်။

    ကိုယ်တွေက သာမာန်သူတွေမို့သာ အားပါးတရ ဝင်ပြီး ကိုယ့် Document တွေ၊ ပုံတွေ ကို အဲဒီမှာ ထည့်သိမ်းနေတာ။
    တကယ်တော့ ကိုယ်သွားသိမ်းတဲ့ နေရာပိုင်ရှင်တိုင်း က အချိန်မရွေး ဖွင့်ယူလို့ ရတာပါ။
    ဒါပေမဲ့ ကိုယ်က နာမည်မကြီးသ၍တော့ သူတို့က ကိုယ့် File တွေကို စိတ်ဝင်စားနိုင်ချိန်ရမှာ မဟုတ်ပါဘူး လို့တော့ ယုံထားတာပါဘဲ။
    တကယ်က ဟောင်းလောင်းပေါက်ကြီး တွေထဲမှာ ထည့်သိမ်းထားနေကြတာပါ။
    :kwi:

  • padonmar

    December 25, 2012 at 3:38 am

    ဟယ်
    မာမားရဲ့ သားလေး သမင်မက ကျားဖြစ်သွားတာလား။
    (ငိုတာထက်စာရင်တော့ တစ်သျှူးကုန်သက်သာတယ် မှတ်ပါ အရပ်ကတို့)
    အားပေးသွားပါတယ်နော် ရေးရင်ကော ညည်းက ကြိုက်မှာမို့လို့လား။
    ဒါမျိုးလေးက ခေါင်းထဲမှာမှတ်ထား၊လိုချင်တော့မှ ဒစ်ရှင်နရီလှန်သလို ရှာဖတ်ပြီး သုံးမှာပေါ့အေ့။

  • padonmar

    December 25, 2012 at 3:42 am

    Connection မကောင်းတဲ့ နေရာတွေမှာ file တွေကို mail attachment လုပ်ပြီး ပို့ရတာ အခက်အခဲရှိပါတယ်
    file ကြီးလေ သည် ပြဿနာဟာ သိသာလေပါ…။ သည်တော့ cloud ဖြစ်တဲ့ dropbox ပေါ်ကို တင်ပြီး
    ဖိုင်ကို ကြည့်ရှုစေလိုသူ ကို share လုပ်တဲ့ နည်းကို သုံးပါတယ်

    ဒါလေးတော့ ကျုပ်တို့နဲ့ အံကိုက်ပဲ။

Leave a Reply