ဘလက်ချော နှင့် Miss Universe 2012 !!!

black chawDecember 21, 20121min29431

မိတ်ဆွေများသိပြီး ဖြစ်တဲ့အတိုင်း…
ဘလက်ချော ဆိုတဲ့ ကောင်ဟာ အသားလေး မည်းတာနဲ့ စိတ်ထားလေး မဖြူစင်တာကလွဲပြီး ရုပ်ကလေးကလည်း သနားညစ်ပတ် နဲ့ပါ…။
ဒါပေမယ့် အဲဒီကောင်ဟာ မိန်းမတွေရဲ့အလှကို ခံစားတဲ့နေရာမှာ
မိုးဟေကို ကြီးတို့ စန္ဒီမြင့်လွင်တို့ ပပဝင်းခင်တို့ သဇင်တို့ ရဲ့ အဆုံးစွန်သော ဆွဲဆောင်မှုတွေလောက်နဲ့ အားမရနိုင်ပဲ…
ကက်သရင်းဇီတာဂျုန်းကြီးလို ဟောလီးဝုဒ်မင်းသမီး ကလေးအမေကြီးက အစ…
(အော် မိုက်ကယ်ဒေါက်ကလပ်ကြီးကို ကြိတ်ခိုက်နေတယ်ပြောတဲ့ လူတွေထက်တော့ ဘလက်ကြီးက သာပါတယ်)
ဂေါင်းလီလို တရုတ်မင်းသမီး ရေဆေးငါးကြီးအလယ်…
(Curse Of The Golden Flower ထဲက ဂေါင်းလီရဲ့ လည်ဟိုက် တွေကို မျက်စိထဲက ထွက်ကို မထွက်ဘူးဗျာ…အာဟီး…။)
တင်းနစ်မယ် ဆီရီနာဝီလျံ ကြီး ရဲ့ မည်းနက်တောင့်တင်းတဲ့ BODY BEAUTY ကိုပါ မချန်…
(ရှရာပိုဗာ ကျတော့ ဘလက်ကြီးက မခံစားတတ်ဘူးတဲ့…အေးလေ…သူကိုယ်တိုင်ကလည်း အမည်းကိုး…။)
ဟုတ်ဆိုလို လေးလို အမေရိကန် ဂိုးသမားလေးအဆုံး…
(ဒင်းကလေးသာ ရင်ခွင်ပိုက် ဖမ်းမယ်ဆိုလို့ကတော့ လူတကာဝိုင်းဝိုင်းကန်ချင်ကန်ကြပေ့စေ…
ဘလက်ကြီးက ဘောလုံးပဲ ဖြစ်လိုက်ချင်သေးတာတဲ့…။)
ဒေါင့်စေ့အောင် အားပေးတတ်ပါတယ်တဲ့…။
ဒါတောင် တစ်ခုလပ်မလေး ချယ်ရီကိုးလ် တို့…၊ စီရော်နယ်ဒို ရဲ့ ရီးစား အိုင်ရီနာရှေ့ခ် တို့ မပါသေးဘူး…။
ပြောစရာတွေကို ဖြစ်လို့…။
အို ဘလက်ကြီးရုပ်ကလည်း မန်စီးတီး စတား ဘာလော့တယ်လီနဲ့ နင်လားငါလားပါဗျာ…။
ကဲ…ကြည့်…စကားတွေကဘယ်ရောက်ကုန်မှန်း မသိတော့ဘူး…။
စကားလမ်းကြောင်းကို ပြန်တည့်လိုက်ကြရအောင်ပါ…။
အင်း…အဲဒီလို မိန်းမတွေရဲ့အလှ (စိတ်ရော ရုပ်ရော ကိုပြောပါတယ်) ကို
စိတ်ဝင်စားကြသူတွေအတွက်
အလှအလှတွေရဲ့ ထွဋ်ခေါင်တွေလို့ တင်စားရမယ့်…
MISS Uuiverse 2012 ရွေးပွဲကြီး ကို အမေရိကန် နိုင်ငံ Las Vegas မြို့မှာ ကျင်းပနေပြီ ဆိုတဲ့အကြောင်း…
သတင်းပေးချင်တာပါ ကိုကိုတို့ရေ…။
ဒီနှစ် Miss Universe ပြိုင်ပွဲကြီးရဲ့ ထူးခြားတဲ့ ပြောင်းလဲမှုကြီးတစ်ခုကတော့…
အမျိုးသားဘဝမှ အမျိုးသမီးဘဝသို့ လိင်ပြောင်းလဲထားသူတွေကိုလည်း ဝင်ပြိုင်ခွင့်ပြုခဲ့တာပါဗျာ…။
အေးလေ…။
သူတို့ကလည်း မိန်းမအစစ်တွေထက်ကို ပိုလှနေတာကိုး…နော့…။
မြန်မာပြည်မှာလည်း Miss Christmas ရွေးပွဲကြီးကို စတင်ကျင်းပနေပြီဆိုတာ နားစွန်နားဖျားကြားမိထားပါတယ်…။
တစ်ချိန်ချိန်မှာ မြန်မာပြည်က Miss Myanmar တစ်ယောက်ယောက် Miss Universe ဖြစ်မလာဘူးလို့ ဘယ်သူပြောနိုင်ပါသလဲ…။
ဆိုတော့…။
ကျွန်တော်တို့ မြန်မာမလေးတွေကို သူများနိုင်ငံတွေက သကောင့်သားတွေ အံတကြိတ်ကြိတ်နဲ့ အားပေးခွင့်မရကြသေးခင် သူများနိုင်ငံတွေက အလှပဂေးမလေးတွေကို ကျွန်တော်တို့ အံတကြိတ်ကြိတ်နဲ့ အားပေးထားကြမယ်ဆိုရင် ကြိုတင်ပြင်ဆင်ရာလည်း ရောက်မှာ ဖြစ်တဲ့ အကြောင်း… မောင်းခတ်လိုက်ရပါတယ် တမုံ့တကားတည်း…။
မြန်မာပြည်မှာနေတဲ့ သူတွေအနေနဲ့ Star World ရုပ်သံလိုင်းက တိုက်ရိုက် တင်ဆက်ပြသသွားမယ်လို့ နားစွန်နားဖျား ကြားမိထားတာလေး သတင်းကောင်းပါးလိုက်ပါတယ်ဗျာ…။
(ဘာရယ်မဟုတ်ပါဘူးဗျာ…။ ဘလက်ချော ဆိုတဲ့ အသားမည်းမည်း လူကြီးတစ်ယောက် ကို ရွာထဲကလူတွေ မေ့သွားမှာစိုးလို့ ကို ကြီးမိုက် စတိုင်ဖမ်း…၊ ဖလန်းဖလန်း ဝင်ထလိုက်တာပါ…။)

အားလုံးကို လေးစားခင်မင်တဲ့…
ဘလက်ချော…။

31 comments

  • Thuyazaw

    December 21, 2012 at 3:09 pm

    ဖြစ်ရမယ် ဖြစ်ရမယ်……. မယ်ရွေးဦးမယ်တဲ့လား…… အိမ်မှာက အဲဒလိုဟာဒွေမရှိတော့ ဘယ်သွားကြည့်ရပါ့……..

  • ခိုင်ဇာ

    December 21, 2012 at 3:17 pm

    များပြီ ကို ဘလက်။

    Miss Universe က Miss USA ရသွားတယ်ဗျာ။ :harr:

  • kai

    December 21, 2012 at 3:24 pm

    အဲဒီပွဲ.. မြန်မာထဲကသွားကြည့်မယ့်သူတွေရှိတယ်..
    ဓါတ်ပုံတောင်းထားကြောင်း…

    ဟိုးးးးရှေးရှေးက.. မြန်မာထဲက.. ဝင်ပြိုင်ဖူးသူ(အမှတ်မမှားရင်) ၂ယောက်ရှိကြောင်း…

    • amatmin

      December 21, 2012 at 4:48 pm

      သဂျီးကလည်း တခါတည်း ရှာပေးတာ မဟုတ်ဘူးရယ်.. 🙁
      ဒီတော့လည်း ၁၅ ကျပ်ရဖို့အရေး ကိုယ့်ဘာသာ ဖန်ရတာပေါ့ နော.. 🙂
      ပထမ တယောက်က Miss Than Than Aye. (1959 )
      Long Beach (California. USA)
      ဆုတော့ အထူးတလည်မရခဲ့ဘူးတဲ့..

      နောက်တဦးကတော့…ဆုတခုချိတ်ခဲ့သဗျ….
      Miss Congeniality ဆိုပဲ Miss Myint Myint May (1960)
      the Miami Beach Auditorium in Miami Beach, Florida, USA.

      • padonmar

        December 21, 2012 at 10:44 pm

        ကျမ စိတ်ထင် 1960 ဆိုတဲ့ တစ်ယောက်က မြင့်မြင့်မေ လို့ မဟုတ်ပဲ ဒေါ်ခင်မြင့်မြင့်လို့ ထင်တာပဲ။
        (AA Pharmacy က မြန်မာ အမျိုးသမီးစွမ်းဆောင်ရှင်အသင်းဥက္ကဋ္ဌ ဒေါ်ခင်မြင့်မြင့် အခုတော့ ဆုံးသွားပါပြီ) သူလည်းသွားပြိုင်ဖူးတယ်မှတ်ဖူးလို့ ၊ဆုတစ်ခုခု ုရမရတော့ မသိ။

        • kai

          December 22, 2012 at 12:21 am

          Lists A to F
          http://www.pageantopolis.com/international/Universe_lists_a.htm
          Miss Universe country participation lists. Does not include no-shows, ….. 1960 Myint Myint May Miss Congeniality (tied with Louisiana) 1961 Myint Myint Khin …
          =
          1959
          http://www.pageantopolis.com/international/Universe_1959.htm
          MISS UNIVERSE 1959 1959 July 24. Long Beach … Burma Than Than Aye Canada Eileen Butter … Miss Welcome to Long Beach Karen Krancus, Top 15 …
          ဆိုတော့.. ၅၉-၆၀-၆၁ မှာဝင်ပြိုင်သူ.. ၃ယောက်ဖြစ်ပါကြောင်း…
          (အမှတ်မှားသွားတယ်ပေါ့) :kwi:

          1961 Myint Myint Khin … ဆိုတာ.. ဒေါ်ခင်မြင့်မြင့်ဖြစ်ပါတယ်.
          သူကိုယ်တိုင်ပြောပြဖူးလို့ပါ..။
          ရန်ကုန်တက္ကသိုလ်အလှမယ်ပါပဲ..။ အောင်အောင်အင်တာပရိုက်စ် ဖေါင်ဒါရဲ့ဇနီး(ကွယ်လွန်)ပါ..။
          (စိုးမြတ်သူဇာအကြောင်းတော့.. မပြောတော့ပါကြောင်း…)

        • MaMa

          December 22, 2012 at 9:16 am

          (စိုးမြတ်သူဇာအကြောင်းတော့.. မပြောတော့ပါကြောင်း…)
          မပြောမှာကို ဘာလို့များ အစဆွဲထုတ် ရေးသွားတယ် မသိ :kwi:

      • Shwe Tike Soe

        December 22, 2012 at 9:46 am

        ဒါမျိုးကျတော့ သိတယ်… ဟိုနေ.က Printer Driver ရှာပါဆိုတော့ ရှာမတွေ.ဘူးလေးဘာလေးနဲ..
        အင်တာနက်ကို နှာခေါင်းနဲ.ရှာတာကိုးးးး Printer Driver ဘယ်တွေ.မလဲ..ဟွန်…

    • ရဲစည်

      December 21, 2012 at 10:33 pm

      ၃ ယောက်ခည

  • Yin Nyine Nway

    December 21, 2012 at 3:30 pm

    အဲလိုသာပါလို့ကတော့ ဘယ်လောက်ထိအောင် ဖွဘုတ်ထဲမှာ
    ဖွကြအုန်းမလဲ မသိဘူး
    နန်းခင်ဇေယျတုန်းကတောင် တော်တော်လေး ပြောခံရတာဆိုတော့
    ကောင်းလည်းကောင်းတယ် ကောင်းလည်းမကောင်းဘူး

  • Khaing Khaing

    December 21, 2012 at 4:04 pm

    လေးဘလက်တို့များ အားကျစရာဂျီး .. အသက်ကြီးပေမယ့် မပျက်မစီးပဲ မိန်းကလေးတွေ ဘယ်နေရာမှာ ဘယ်လိုလှတယ်ဆိုတာ ပြောနိုင်ဆိုနိုင်တယ် …. သမီးတို့များ သူများတွေ ကိုရီးယားမင်းသားချောတာလှတာ ပြောနေတာကြားတာတောင် ဘယ်သူမှန်းမသိဘူး ….. ဘယ်နိုင်ငံက ဘယ်မင်းသားချောတယ်မပြောနဲ့ လတ်တလော မြန်မာပြည်က မင်းသားတွေချောနေတာတောင် အစေ့အစပ် မကြည့်နိုင်ခဲ့ဘူး … နောက်ဆုံး နေတိုးမှာတင် ခံစားမှုက ရပ်တန့်သွားခဲ့တယ် …..

    တစ်လောက ရီစရာအဖြစ်လေးတစ်ခုရှိခဲ့တယ် … ဖေ့ဘုတ်မှာ အသိတစ်ယောက်ရဲ့အကောင့်ကို သူ့ရဲ့ညီကဝင်ပြောပြီး အဲကောင်လေးနဲ့ခင်သွားခဲ့တယ် …. နောက်တော့ သူ့ဖေ့ဘုတ်မှာ သမီးကို invited လာလုပ်တယ် … သူ့ရဲ့ အက်ဗာတာပုံက ကောင်လေးပုံ တော်တော်လေးချောတယ် … အဲဒီမှာ ကိုယ့်ကိုကိုယ်ဂုဏ်ယူမိတယ် … င့ါကိုဒီလောက်ချောတဲ့ကောင်လေးက စကားကိုအရေးတယူပြော invited လုပ်တယ်ဆိုပြီးတော့ပေ့ါ … သူ့ကိုလက်ခံပြီး သူ့ဓာတ်ပုံတွေပြမှ အညာသားလေးဖြစ်နေတာသိရတယ် … သူများတွေကိုမေးမှ သူတင်ထားတဲ့ပုံကလည်း ကိုရီးယားမင်းသားပုံတဲ့ … သမီးအဖြစ်က အဲသလို ….

    • aanyar thar

      December 21, 2012 at 9:07 pm

      ဒါဆို ဆိုလိုတဲ့သဘောက အညာသားဆိုတာ ???????..စဉ်းစားဗျနော်…တိုင်းပြည်ကို သူ့ကျွန်ဘဝက လွတ်အောင် လုပ်ပေးခဲ့တာလည်း အညာသားပဲ..ခု့..တိုင်းပြည်ကို ကိုယ့်ကျွန်ဘဝ ရောက်အောင် အုပ်ချုပ်ခဲ့တာလည်း အညာသားပဲဗျ နော်…ခု့ချိန်ထိ့ ခင်ဗျားတို့ ဖိန့်ဖိန့်တုန်နေရတယ်လေ..ကိုယ့်ကျွန်ဘဝက မလွတ်နှိုင်သေးဘူး.အေးဗျာ ကမ္ဘာပျက်မှာ တွေးပှုတဲ့သူပဲ သိပ်မထူးဆန်းပါဘူး..

  • ko ဝီစကီ

    December 21, 2012 at 4:26 pm

    “ဒင်းကလေးသာ ရင်ခွင်ပိုက် ဖမ်းမယ်ဆိုလို့ကတော့ လူတကာဝိုင်းဝိုင်းကန်ချင်ကန်ကြပေ့စေ…
    ဘလက်ကြီးက ဘောလုံးပဲ ဖြစ်လိုက်ချင်သေးတာတဲ့…”

    ရင်ခွင်ပိုက်မဖမ်းပဲ ဟိုက အပြင်ကိုပုတ်ထုတ်လိုက်မှ နောက်တစ်ခါ လေးဘလက်တစ်ယောက်
    ဒေါင့်ကန်ဘော အကန်ခံရမှာမြင်သေး 🙂

  • အရီးခင်လတ်

    December 21, 2012 at 6:31 pm

    ပြိုင်ပွဲ က ပြီးသွားပြီး
    အသက် ၂ဝ အရွယ် “Miss USA” က သရဖူ ဆောင်းသွားပါတယ် ကဘချော ရေ။
    :hee:
    ချစ်စရာ လေးပါ။ တစ်ချို့ က ပိန်လွန်းလို့တဲ့။
    ဒါပေမဲ့ ငယ်တုန်း က ဝတုတ်မလေးက ကြီးတော့ အလှမယ်ဘွဲ့ ရတာ မိန်းကလေး ဝဝ လေး တွေ အတွက် အားကျစရာပေါ့။
    အာရှနွယ်ဖွား Miss Philippines က 1st runner up ပါ။

    http://www.dailymail.co.uk/news/article-2250920/Miss-Universe-2012-winner-Olivia-Culpo-Miss-USA-15-years-win-coveted-title.html
    A 20-year-old Boston University sophomore and a self-described ‘cellist-nerd’ brought the Miss Universe crown back to the U.S. for the first time in more than a decade when she won the televised contest on Wednesday.

  • Mr. MarGa

    December 21, 2012 at 8:43 pm

    ထို Miss Universe အား ဦးမာဃ သိမ်းပိုက်သွားပါပြီ
    (နတ်သမီး တစ်ဖက် တစ်ထောင် စီမံကိန်းအရ)
    :kwi:

  • Fall Guy

    December 22, 2012 at 1:01 am

    ဒီလောက်လွယ်သလား ဦးမာဃ ပြောစမ်းပါ……….ဒီလောက်လွယ်သလား….
    အသူရာ…..တဲ့ကွ စစ်ခင်းပစ်လိုက်မယ်……..
    Miss Universe ရော runner up ပါ မဆိုင်သူမကပ်နဲ့ဟေ့……………………………..

    • Mr. MarGa

      December 25, 2012 at 10:27 am

      စစ်ခင်းချင်သပေါ့
      ဦးမာဃကတော့ အချစ်နဲ့စစ်မှာ မတရားတာ မရှိလို့
      အချိန်မရွေးပါ ယောက္ခမဂျီးရေ
      (အသူရာ) ဆိုလို့ ယောက္ခမ လို့ ပြောတာ

  • Foreign Resident

    December 22, 2012 at 3:02 am

    အဲဒီပွဲကို အစအဆုံး ကြည့်ဖြစ်လိုက်တယ် ။
    ထူးခြားတာတွေက ၊
    အာရှသူ တွေက အာရှသူ ပုံစံ စစ်စစ် မပေါက်ဘူး ဥရောပသူ ပုံစံ နွယ်နေတယ် ။
    အဲဒီလိုပဲ ၊
    ဥရောပသူ တွေကလည်း ဥရောပသူ ပုံစံ စစ်စစ် မပေါက်ဘူး အာရှသူ ပုံစံ နွယ်နေတယ် ။

    နိုင်ငံ တစ်ခုချင်းစီရဲ့ အလှဆုံးတွေ က ဒီပြိုင်ပွဲကို ဝင်ပြိုင်တာဆိုတော့ ၊
    နိုင်ငံ တစ်ခုချင်းစီရဲ့ အလှအပ ကိုမြင်တဲ့ အမြင်တွေ နဲနဲစီ ရွေ့လာသလိုပဲ ။
    ယဉ်ကျေးမှုတွေ ရောယှက်ပြီး ကမာ္ဘ့ရွာကြီး ဖြစ်လာတော့မလား မသိ ။

  • Shwe Tike Soe

    December 22, 2012 at 9:43 am

    ကက်သရင်းဇီတာဂျုန်းကြီး
    ဂေါင်းလီ
    ဆီရီနာဝီလျံ
    ချယ်ရီကိုးလ်
    အိုင်ရီနာရှေ့ခ်
    ဟုတ်ဆိုလို
    ဟုတ်ဆိုလို လေးလို အမေရိကန် ဂိုးသမားလေးအဆုံး…
    (ဒင်းကလေးသာ ရင်ခွင်ပိုက် ဖမ်းမယ်ဆိုလို့ကတော့ လူတကာဝိုင်းဝိုင်းကန်ချင်ကန်ကြပေ့စေ…
    ဘလက်ကြီးက ဘောလုံးပဲ ဖြစ်လိုက်ချင်သေးတာတဲ့…။)
    အစ်ကို အစ်ကို …. သများကန်မကန်တော့မသိဘူး… အခုတော့ အစ်ကိုမိန်းမက ကန်ချင်နေပြီး သူလာကြိုတာနောက်ကျလို.တဲ့……… ခိခိခိခိခိခိ
    :kwi: :kwi:

  • မောင်ပေ

    December 22, 2012 at 11:50 am

    အစ်ကိုဘလက်ရေ
    တစ်ကယ်လို ့များ
    လမ်းမှာ အဲဒီ ဖြတ်ဖောက်ချုပ် တစ်ယောက်ယောက် နဲ ့တွေ ့ဖြစ်ခဲ့ရင်
    ဒီလိုလေး စကားဆိုသင့်ပါတယ်
    ““ ဟဲ့… နင့်ဟာက ဘယ်နှစ်လက်မ ထိ ရလဲ ””
    ဟီဟိ

  • နေဝန်းနီ

    December 22, 2012 at 1:56 pm

    လူဂျီဒွေနော် ကြီးမှ ဝက်တက်ပေါက်နေကြဒယ် ….။ ဟိုမှာ မဒမ်ဘလက် လာနေပြီ

  • အာဂမောင်

    December 22, 2012 at 4:46 pm

    မသိလို့မေးပါရစေနော်..။ ဟိုနေ့က ဂျာနယ်မှာ ဖတ်ရတာ အာဏာရှင် ဦးနေဝင်းကြီး ပြောသွားတာက မယ်ဗမာတစ်ယောက် နိုင်ငံတကာ ပြိုင်ပွဲ ဝင်ရာမှာ ဒီနိုင်ငံကနေပြီးတော့ အပျိုစစ်မစစ် စစ်ပေးရသတဲ့..။ အဲဒီလို စစ်ဆေးရာမှာ အိမ်ထောင်မရှိဘူးဆိုတဲ့ အရာနဲ့တိုင်းပြီးစစ်သွားသတဲ့။ တရားလူကြီးကလည်း အပျိုဆိုပြီးလုပ်ပေးလိုက်သတဲ့..။ အမှန်က အဲဒီ မယ်ဗမာလေးက သူတို့ စစ်တပ် ဗိုလ်ကြီးလားဘာလားရဲ့မိန်းမဖြစ်နေသတဲ့..။ ဟိုမှာတော့ ဘယ်လိုစစ်မလဲတော့သူမသိဘူးတဲ့..။ အဲဒီဗိုလ်နဲ့ မယ်ဗမာ မင်္ဂလာဆောင်တောင် သူ တက်လိုက်သေးသတဲ့..။ သူဆိုလိုတာက အဲဒီခေတ်က တရားစီရင်ရေးကိုဆိုလိုတယ်ထင်ပ။ အမှန်ဆိုရင်တဲ့ ဆရာဝန်တို့ ၊ သူမမိတ်ဆွေတွေကို တရားလူကြီးကမေးသင့်တယ်ဆိုပဲ…။ ထားပါလေရှည်နေမိတယ်။ မေးချင်တာ အဲဒီလိုပြိုင်ပွဲဝင်တွေ က အပျိုစစ်ရမယ်လို့ကြားဖူးတယ်။ ဘယ်လို စစ်ဆေးလဲဆိုတာကိုတော့ မသိဘူး။ ဒီတော့ သိတဲ့လူများရှိရင် ပြောပြပေးပါဦး..။ အဓိကက ဘာလေ့တယ်လီ။ဝယ်စမစ် လေးဘလက်ချစ်ကောင်းကျော်သိန်းကြီး အရင်ဆုံး ဖြေပေးစေချင်ပါတယ်။(နောက်တာနော့်)(ဦးနေဝင်းပြောသွားတာကိုတော့ နောက်နေ့ကျရင် ပြန်တင်ပေးပါ့ မယ်..။ သိပ်လည်းမမှတ်မိလို့)

  • koaung

    December 22, 2012 at 4:56 pm

    ဆရာချောရေမှတ်သားသွားပါတယ်ဗျာ အရေးအသားများ စိတ်ဝင်စားစွာဖတ်ရှုသွားပါကြောင်း

  • blackchaw

    December 25, 2012 at 10:16 am

    @ Thuyazaw :
    ကွန်းမန့်လေး ဝင်ရေးပေးတာ ကျေးဇူးပါ ညီလေးရေ…။
    ဒါလေးများ…
    ကြိုက်တဲ့လဘက်ရည်ဆိုင်ဝင်ကြည့် စကိုင်းနက် နဲ့ 5 Movie ဖရီးပြပါတယ် ကိုကိုရယ်…။
    🙂

    @ ခိုင်ဇာ :
    ဒါတောင် မကုန်သေးဘူးဗျ…။
    မီဂန်ဖေါက်စ် လေးကျန်နေခဲ့သေး…ဟေးဟေး…။
    စကားအတင်းစပ် မြန်မာပြည်ကို ပြန်လာဖြစ်ခဲ့သေးလားဗျ…။
    အသံမကြားလိုက်လို့ပါ…။
    🙂

    @ kai :
    ကွန်းမန့်လေး ဝင်ချီးမြှင့်ပေးသွားတာကျေးဇူးပါ သူကြီးရေ…။
    စိုးမြတ်သူဇာ ကြီးအကြောင်းက ဘယ်ကပါလာတာလဲဗျ…။
    အော်…ဟိုတုန်းကတော့ စိုးမြတ်သူဇာကြီးလည်း လန်းခဲ့တာပါပဲ…။
    အခုလည်း အင်း…လန်းတော့ လန်းတုန်းပါပဲလေ…။
    🙂

    @ amatmin :
    သိလှချည့်လား ညီလေးရေ…။
    အထင်ကြီးလေးစားသွားပါကြောင်း…။
    🙂

    @ padonmar :
    ကွန်းမန့်လေး ဝင်ရေးပေးတာ ကျေးဇူးပါ အစ်မရေ…။
    🙂

    @ MaMa :
    ဟုတ်ပါတယ် မမရေ…။
    သူကြီးက အယ်ဒီတာ အလုပ်ကို လုပ်သွားတယ်လို့ ခံစားရပါတယ်ဗျာ…။
    မပြောသော်လည်း ပြောသကဲ့သို့ ….။
    အာဟီး…
    🙂

    @ Shwe Tike Soe :
    ကန်ချင်ကန်ပေလေ့စေဗျာ…။
    ဟုတ်ဆိုလိုလေးက ရင်ခွင်ပိုက်ဖမ်းထားမယ် ဆိုလို့ကတော့…
    အာဟီး…
    🙂

    @ ရဲစည် :
    ပင်ပန်းနေဦးမယ် ကိုကို…။
    🙂

    @ ကိုပေါက် :
    ကွန်းမန့်လေးနဲ့ ဝင်အားဖြည့်သွားတာ ကျေးဇူးပါ ကိုပေါက်ရေ…။

    @ Yin Nyine Nway :
    ကွန်းမန့်လေး ဝင်ရေးပေးသွားတာ ကျေးဇူးပါ ဗျာ…။

    @ Khaing Khaing :
    ကျေးဇူးပါ ခိုင်ခိုင်ရေ…။
    ဦးဘလက်က အပျော်လျှောက်ရေးထားတာပါဗျာ…။
    🙂

    @ aanyar thar :
    ကွန်းမန့်လေးဝင်ရေးပေးသွားတာ ကျေးဇူးပါ အညာသားရေ…။
    🙂

    @ ko ဝီစကီ :
    ဒေါင့်ကန်ဘောကန်ရင်လည်း…
    နောက်ဆုံးမင်းရဲ့ ရင်ခွင်ဆီပဲပေါ့ ကိုဝီစကီ ရေ…။
    🙂

  • blackchaw

    December 25, 2012 at 10:29 am

    @ အရီးခင်လတ် :
    ပွဲက ပြီးသွားတာကို သတိမထားလိုက်မိဘူး အစ်မရေ…။
    ရေးထားတုန်းကတော့ မီသေးတယ်ဗျ…။
    သတင်းလေးနဲ့ အားဖြည့်ပေးတာ ကျေးဇူးပါ ဗျာ…။
    🙂

    @ Mr. Marga :
    ယူစေဗျား…။
    ိစိတ်ချမ်းသာသလိုသာ စိတ်ကူးယဉ်ပါ ကိုမာဃရေ…။
    🙂

    @ Fall Guy :
    အသာလုပ် ကြပါဗျာတို့…။
    🙂

    @ Foreign Resident :
    သိနေတယ်လေ…။
    FR ကြီးအနေနဲ့ ဒီလိုပွဲမျိုး အလွတ်ခံလိမ့်မယ်မဟုတ်ဘူးဆိုတာ…။
    ကွန်းမန့်လေးအတွက် ကျေးဇူးပါဗျာ…။
    🙂

    @ မောင်ပေ :
    အသာလုပ်ပါဗျာ…။
    အဲဒီမေးခွန်းသွားမေးလို့ ရဲစခန်းရောက်နေပါဦးမယ် ကိုကိုရယ်…။
    ဒင်းက မိန်းကလေး ဖြစ်နေပါပြီဆို…။
    🙂

    @ နေဝန်းနီ :
    မတွေ့ရတာအတော်ကြာပြီ ကိုနေကြီးရေ…။
    ကွန်းမန့်လေး ဝင်ရေးသွားတာအတွက် ကျေးဇူးပါဗျာ…။
    🙂

    @ အာဂမောင် :
    အပျိုစစ်မစစ် ဘယ်လိုစစ်သလဲ…တဲ့…။
    ဘာတွေလျှောက်မေးမှန်းမသိဘူး…လူဆိုး…။
    🙂

    @ koaung :
    ကွန်းမန့်လေး သတိတရဝင်ရေးသွားတာ ကျေးဇူးပါ ကိုအောင်ရေ…။
    ဘာရယ်မဟုတ်ပါဘူးဗျာ…။
    ပျင်းပျင်းရှိလို့ ရေးလိုက်တာပါ…။
    🙂

    @

    • Mr. MarGa

      December 25, 2012 at 10:35 am

      ဗျိုးးးးးးးးးးးးးအဘချော
      ဦးမာဃက စိတ်ကူးမယဉ်းဘူးဗျ
      နတ်သမီး တစ်ထောင် စီမံကိန်းနဲ့ တကယ်ယူမှာ
      :kwi:

  • ကိုရင်စည်သူ

    December 25, 2012 at 6:58 pm

    ဆရာကိုကြီးချောရဲ့ ကလောင်လက်ရာတွေကလည်း
    တရေးနိုးထရေးလဲ ဖလန်းဖလန်းထနေတုန်းပါပဲဗျာ..
    စံရတီလေးနဲ့ အမြန်ဆုံးနီးစပ်နိုင်ပါစေဗျာ.. :kwi:

  • မောင့်ကျက်သရေ ဂီ့

    December 26, 2012 at 12:54 pm

    မိုးဟေကို အစ ဇီတာဂျုံးအလယ် ဂေါင်းလီ အဆုံးကို အားပေးသွားပါလား ကျောင်း ဒကာ ဘဘလက်ရေ….
    ကျနော် တော့ ခုတလော ဝါဆိုမိုးဦး မှ ဝါဆိုမိုးဦး ပဲ ဗျို့….

    ဟိုနေ့က on the floor ကို ကသွားလိုက်တာများ …ဟီဟိ…

    :528:

    • Mon Kit

      December 26, 2012 at 1:12 pm

      အော်..အော်.. မိဂီက တင်ချာလေးကို 2012 မှာ ထားခဲ့တော့မပေါ့…
      ဝါဆို က မိုးဦးကို ခိုက်တွားပီပေါ့လေ…… :kwi:

      • မောင့်ကျက်သရေ ဂီ့

        December 26, 2012 at 1:23 pm

        သချင်္ာ ???
        ဘူတုန်း ..တိဝူး…
        နားထင်နားရင်းတွေ ကျနေတဲ့ ဆံပင်တုစွပ် ကတုံးမဂျီးလား …

        :harr:

Leave a Reply