အမှိုက်ထဲက ငွေ

ဆူးDecember 21, 20121min23320

အမှိုက်ခြေဖျက်တဲ့စက်ရုံက အမှိုက်တင်တဲ့ ပတ်လမ်းပေါ်မှာ ယန်းငွေ ၁ဝ သန်း (အမေရိကန် ဒေါ်လာ တသိန်းတသောင်းကျော် တန်ဖိုး) ကိုတွေ့ရှိတဲ့ စက်ရုံအလုပ်သမားက ရဲဌာနကို အပ်နှံတယ်လို့ သိရပါတယ်။ ဂျပန်နိုင်ငံ ဟီရိုရှီးမားက စက်ရုံတရုံကပါ။ ငွေစက္ကူတချို့ကို စက်က ချေဖျက်လိုက်ပေမဲ့ အများစုကို အချိန်မှီ သိမ်းလိုက်နိုင်တယ်လို့ ဆိုပါတယ်။

ဒီငွေတွေကို ပိုင်ရှင်ဖြစ်သူက ပရိဘောဂ တခုခုထဲ ဖွက်သိမ်းထားပြီး အချိန်ကြာလာတော့ မေ့သွားပုံရတယ်လို့ ရဲအဖွဲ့က ယူဆပါတယ်။ ပိုင်ရှင်ရှိရင် လာယူဖို့ ရဲက ကြေငြာထားပြီး ၃ လအတွင်း ပိုင်ရှင် မပေါ်ရင်တော့ အမှိုက်စက်ရုံလည်ပတ်တဲ့ ဒေသက အာဏာပိုင်တွေကို
… ပေးမယ်လို့ ဆိုပါတယ်။

ဂျပန်လူမျိုးတို့ရဲ့ ရိုးသားမှုအဖြစ် ပိုင်ရှင်မှန်ကို ပြန်ရှာပေးလိုတဲ့ ဂုဏ်ယူစရာဖြစ်တဲ့ ဒီလို အဖြစ်မျိုး အများအပြား ရှိပါတယ်။
ဂျပန်နိုင်ငံက ဘဏ်မှာ အတိုးနှုန်းနဲလွန်းတာကလည်း ဘဏ်ထက်စာရင် မိမိဖာသာ အိမ်မှာ ငွေစုဆောင်းလိုကြတဲ့သူ ပိုများစေတယ်လို့ ဆိုပါတယ်။M

အေးချမ်းမွန်မှ Burma-Newselite တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။
Photo From :Burma-Newselite

ဒီရွာထဲမှာ ပိုက်ဆံတွေ သိမ်းထားပြီး မေ့နေတဲ့ လူများ ရှိမလားလို့.. ဟိဟိ

သတင်းကလေး သဘောကျလို့.. ဘာရယ် မဟုတ်ဘူး.. ကူးလာတာနော်..
https://www.facebook.com/excellencemedia

မြန်မာနိုင်ငံမှာ ဆိုရင် ဘယ်သူ ဆီ ရောက်သွားမလဲဟင်..
သတင်း အစ အန တောင် ကြားရပါ့မလားလို့.. တွေးရင်း အတွေးတွေ ချော် လို့.. စိတ်ကူးလေး ရှဲလိုက်တယ်။

အဲ့ဒီ ရှဲ တဲ့ ဆိုဒ် ကလည်း တနေ့ တနေ့ သူ့ သတင်းတွေ ဖေ့ဘွတ် မှာ တက်ပြီးရင်း တက်ပြီး ဒီဇင်ဘာ ၁၉ ရက်က ကျိုက်ထီးရိုး ဓါးမြ တိုက်တယ် ဆိုလို့ သွားမယ် ဆိုတာတောင် ပြန်စဉ်းစားရမလိုလို..
ဒီဇင်ဘာ ၁၉ မှာပဲ ကြာနီကန် သချိုင်းက သေပြီးတဲ့ လူ ပြန်ရှင်လာလို့ မြို့ထဲ ရွာထဲ အဝင်မခံသလိုလို

အာရုံတွေတော့ အတော်နောက်သား.. ဒီနေ့တော့ Eleven ဂျာနယ်က မဟုတ်ဘူး ဆိုတဲ့ သတင်းတွေ တက်လာတော့မှပဲ စိတ်ချ လက်ချ နဲ့ စိတ်လေး လက်အေး ခရီး ထွက်ဖို့ စီမံကိန်း ပြန်ချတော့မယ်။

မနေ့က တင်တဲ့ ပိုစ်လေး အားပေးကြတာနဲ့ နည်းနည်း စာရေးတဲ့ ပိုး ဝင်ချင်နေပြီ။ ဟိဟိ
မဝင်လာတာ ကြာလို့ အပျင်းပြေ ပိုစ်လာတင်တာ…

ဒါနဲ့ အထက်ပါ ယန်းငွေ ကိစ္စ ဆက်ဆွေးနွေး ကြပါကုန်တော့…

20 comments

  • ခိုင်ဇာ

    December 21, 2012 at 4:39 pm

    အမှိုက်ထဲက ငွေဆိုတော့ Recycling/Green Enviroment အတွက် ရေးတဲ့ Post မှတ်နေတာ။

    အဲဒီ သီတင်း မဖတ်ရသေးဘူးတော့…
    ကံသီပေလို့ ယန်းငွေ ၁ဝ သန်း မ ပလုံ တယ်။

    အချိန်ကြာလည်း ဂလောက် ပိုက်ပိုက် ကို မေ့စရာလားကွယ်။
    :mrgreen:

    • ဆူး

      December 21, 2012 at 4:51 pm

      မမေ့သေးရင် သွားပြန်တောင်းပါလား.. အနော့ဟာ ဆိုပြီး.. ပိုင်ရှင် စောင့်နေတယ်။

  • koaung

    December 21, 2012 at 5:08 pm

    Me: တွေ ့ဘူးတဲ့ဂျပန်တိုုင်း ပွင့်လင်းတယ်ရုိုးသားတယ် ကူညီတတ်တယ်ကောင်းတဲ့လူကများပါတယ်

  • Mr. MarGa

    December 21, 2012 at 8:26 pm

    ဦးမာဃလဲ နတ်နန်းက ပစ္စည်းတွေထဲ ရှိမလားလို့ မွှေကြည့်ဦးမှ
    ဘာဘာညာညာ ထွက်လာလို ထွက်လာငြားပေါ့

    • ဆူး

      December 22, 2012 at 9:50 am

      ရှာရင်းနဲ့ ကမာ္ဘပျက်တဲ့ နေ့မှာ ပျောက်နေတဲ့ သော့လေး ပြန်တွေ့ချင် တွေ့နိုင်ပါတယ်။

  • uncle gyi

    December 21, 2012 at 9:52 pm

    အမှိုက်ထဲကငွေဆိုလို့ဘာစီးပွါးရေးလည်းလို့ဝင်ကြည့်တာ
    အမှိုက်ထဲကငွေကောက်ရတာကိုပြောတာကိုး
    မြန်မာမှာလည်းအဲလိုပြန်ပေးသူတွေရှိပါတယ်ဆူးရဲ့
    ရှိတော့ရှိတယ်နည်းတယ်ပေါ့နော်

    • ဆူး

      December 22, 2012 at 9:54 am

      ပိုက်ဆံအိတ်ကျပျောက်သွားလို့ နောက်နေ့ ပြန်ရရင် ပိုက်ဆံ ပါချင်မှ ပါမယ်.. အိတ်ထဲမှာ ပါတဲ့ ကဒ်တွေ ဘာတွေ ပြန်ရရင်တောင် ကျေးဇူးတင် ရပါတယ်။

  • ဦးကြောင်ကြီး

    December 22, 2012 at 8:56 am

    မှိုက်ထဲကငွေ
    ဒိုက်ထဲကရွှေ
    ဗိုက်ရွှဲပြလေ
    သိုက်ပွဲငါ့အမွေ
    ဂိုက်လည်းရစေ
    ကြိုက်သဲတဝေ
    ဝှိုက်ဆွဲညနေ
    ပိုက်ချွဲခဏထွေ..။

  • ခင်ခ

    December 22, 2012 at 9:41 am

    အကျင့်စာရိတ္တကောင်းဖို့ဆိုတာ လူပေါ်မှာလည်းမူတည်ကြသလို ကျင်လည်ရာ ကြီးပြင်းရာ ဝန်းကျင်နဲ့လည်း သက်ဆိုင်လိမ့်မယ်ထင်မိပါတယ်။
    မိမိ ဝန်းကျင်မှာ အစကထဲက သူ့များမေ့ကျန်ခဲ့ရင် အခုလိုပြန်ပေးကြတဲ့ အလေ့အထလေး လုပ်နေကြရင် နောင်မျိုးဆက်ကလည်း အဲလို လိုက်လုပ်ကျင့်သုံးမယ်လို့ ယူဆပါတယ်။
    ဂျပန်လူမျိုးတွေရဲ့ ဝန်းကျင်မှာအဲလို အကျင့်ကောင်းပြုမူနေကြတော့ ဂျပန်လူမျိုးတိုင်း အဲဒီလိုကောင်းတဲ့ အမူအကျင့်ဖြစ်နေကြတာဖြစ်ပါတယ်၊ မြန်မာမှာလည်း အဲလိုကောင်းတဲ့ အကျင့်ပြုမူတတ်တဲ့ ဝန်းကျင်တွေ များစွာရှိနေခဲ့ရင် ဒီလိုဘဲဖြစ်မှာပါလေ။

  • MaMa

    December 22, 2012 at 9:46 am

    ကြည့်ရတာ ပိုင်ရှင်က သူများမသိအောင် လျှို့ဝှက်ထားပြီး လောကကြီးထဲမှာ ရှိမှရှိတော့ရဲ့လား မသိ။

  • ဆူး

    December 22, 2012 at 9:59 am

    @အန်တီမမ
    အဲ့လိုလည်း ဖြစ်နိုင်တယ်နော်..

    @ဦးခင်ခ @ကိုအောင်
    ပိုင်ရှင် လာရင် ပြန်ပေးမယ် ဆိုတာလေး ကို အရမ်းသဘောကျလွန်းလို့..
    စိတ်ဓါတ်တွေ လည်း အရမ်းကို ချီးကျူးမိတယ်။

  • မောင်ပေ

    December 22, 2012 at 11:46 am

    အိမ်း
    ဆူးမမ က ကျကျန် / မေ့ကျန် တဲ့ ငွေနဲ ့ပတ်သက်ပြီးတော့ စာရေးလာတာကိုဖတ်ရတော့ ၊ မောင်ပေ့ အတွေ ့အကြုံလေး တစ်ခု ပြန်ရှဲချင်လာတယ်
    ဒီလိုပါ
    လွန်ခဲ့တဲ့ ရ နှစ်ကျော်လောက်တုန်းက
    အသိဘော်ဒါတစ်ကောင် ၊ ချာတိတ်ပါ ၊ လူငယ်ဘာသာဘာဝ ဟိုတယ်သွားကဲတယ်
    ဖြစ်ချင်တော့ ၊ ဟိုတယ်ကလဲ ဘယ်လောက် ဝန်ဆောင်မှုကောင်းသလဲဆိုရင်
    ချာတိတ်ဝင်တဲ့အခန်း ခေါင်းအုန်းအောက်ကနေ ပိုက်ဆံ ၂သိန်း ကို ချာတိတ်တွေ ့ပြီး ရသွားပါလေရော
    နောက်တစ်နာလောက်ကြာတော့ ၊ အဲဒီအခန်းမှာ အရင်ဝင်ခဲ့တဲ့ ၊ ၂သိန်းပိုင်ရှင် က ဗျာများပြီး ရောက်လာတာပေါ့ ၊ သူ ့ပိုက်ဆံ ၂သိန်းလေးများ ခေါင်းအုန်းအောက်ကျန်ခဲ့တာ တွေ ့မိသေးလား မေးလာတာပေါ့
    ချာတိတ်ကတော့
    ဟင့်အင်း တဲ့

    • ဆူး

      December 22, 2012 at 12:06 pm

      ဟိုတယ်က တယောက် ထွက်သွားတိုင်း တခါ သန့်ရှင်းရေး လုပ်ရမှာ.. သန့်ရှင်းရေး သမား ရဲ့ လိုအပ်ချက်လို့ပဲ မြင်တယ်။
      ဟိုတယ်မှာ ကျန်ခဲ့တယ် ဆိုရင်တော့ ပြန်ရတတ်တာတော့ သိတယ်.. အဲ့လို ဗယုတ်ဟိုတယ်မျိုးတော့ အလွန်စိတ်ပျက်စရာ ကောင်းမယ် ထင်ပါကြောင်း။

  • Good™

    December 22, 2012 at 4:58 pm

    ကောက်ရတာ စကားစတော့ ပြောချင် တာ လေး သတိရ သွားတယ်။
    အသိတယောက် ဖုန်းနဲ့ အတူ ပိုက်ဆံ ၄ သောင်း ကောက်ရတာ။ ဖုန်းဖွင့်ထားပေ မဲ့ မဆက်သွယ်လာဘူးလေ။
    နှစ်ရက်လောက် ကြာ တော့ ကောက်ရသူက မနေနိုင်ဘဲ contact ထဲက အရင်ဆုံးမြင်ရတဲ့ နံပါတ် ကို ဆက်သွယ်ပြီး အခုဖုံးပိုင်ရှင် ကို သိလား ဖုံးရော ပိုက်ဆံ လေးသောင်းကျော်ပါ ကောက်ရထား တယ် လာယူပါလို့ ပြောတော့၊ ဖုံးပိုင်ရှင် နဲ့ အဆက်သွယ်ရတာ ပေါ့။ ဒါပေမဲ့ ဖုံးပိုင်ရှင်က သူပိုက်ဆံ က လေးသောင်း မဟုတ် တသိန်းခွဲကျော် ဖြစ်ကြောင်းနဲ့ ကောက်ရတဲ့ ဖုန်း ကို သူ့ ဆီလာ ပို့ ပါတဲ့။
    မြန်မာပြည်မှာ က ဂလို လေးတွေ လဲ ရှိနေတော့။………။

    • ဆူး

      December 24, 2012 at 9:37 am

      ကောက်ရသူက စိတ်ထဲမှာ အားနာပြီး ဆက်သွယ်ပြီး ပြန်ပေးချင်တာ အလွန်ကောင်းတဲ့ စိတ်ဓါတ်ပါပဲ..
      တခါတလေ ဘယ်သူမှားလို့ ဘယ်သူမှန်သလဲတောင် မစဉ်းစားတတ်လောက်အောင်ပါပဲ.. စိတ်ပျက်စရာ အလွန်ကို ကောင်းတယ်။

  • အလင်းဆက်

    December 22, 2012 at 7:46 pm

    စာရေးတဲ ့ ပိုးများများဝင် မှ..
    သားသားတိူ ့..
    အန်တီဆူး..ရေးတဲ ့ စာ များများ ဖတ်ရမှာပေါ့
    🙂

    • ဆူး

      December 24, 2012 at 10:00 am

      ရေးဖို့ စိတ်ကူးလေး နည်းနည်း ဝင်နေတယ်။
      အားပေးတဲ့ အတွက်လည်း ကျေးဇူးတင်ပါတယ်။

  • အမှိုက်ထဲကငွေဆိုလို့ တင်စားထားတာလားမှတ်တာ တကယ့်အမှိုက်ထဲကငွေပဲ မဆူးရေ
    တခါတလေအသိမ်လွန်ပြီး ပျောက်ကုန်တာတွေတော့ရှိပါတယ်။
    ငါးရာ၊တစ်ထောင်ထက်တော့မပိုပါ။
    ထို့ထက်ပိုသိမ်းစရာလည်းမရှိလို့ပေါ့နော် :harr:

    • ဆူး

      December 24, 2012 at 10:13 am

      နန်းတော်ရာသူ ဆိုတဲ့ နာမည်လေး ဖတ်လိုက်တော့ မန်းကများလား မသိဘူးနော်..
      ပထမ အကြိမ် လာရောက် အားပေးတဲ့ အတွက် ကျေးဇူးတင်ပါတယ်။

  • တောင်ငူသူပါရှင်။
    မဆူးရဲ့ ဆူးစိတ်ကူးကိုသိနေတာကြာပါပြီ။
    မန်ဘာဝင်ထားတာတော့မကြာသေးပါ။

Leave a Reply