ဦးမာဃရဲ့ ထူးပုံ (21.12.2012)

Mr. MarGaDecember 21, 20121min24628

ဦးမာဃရဲ့ ထူးပုံ (21.12.2012)

ဒီနေ့ ကမ္ဘာတော့ မပျက်ဘူး

ဦးမာဃ သားတော်မောင်တော့ သော့တစ်ချောင်း ဖျက်ပစ်လိုက်သဗျာ

ကမ္ဘာပျက်မယ်လို့ နာမည်ကြီးလွန်းတော့ တစ်ခုခုတော့ ဖြစ်မယ်လို့ ထင်သားဗျ

ရင်ထဲမလဲ တထိတ်ထိတ်နဲ့ပေါ့ဗျာ

နတ်တို့ရဲ့ ဒိဗ္ဗစက္ကုနဲ့ မပျက်ဘူးဆိုတာတော့ သိတာပေါ့ဗျာ ဒါပေမယ့် တစ်ခုခုတော့ ဖြစ်မယ်လို့ ထင်သား

အဲဒါနဲ့ တစ်နေ့လုံး ဘာဖြစ်မလဲ သိချင်စိတ်နဲ့ စောင့်ကြည့်နေတာ ဘာမှမဖြစ်ဘူးဗျ

အဲ ပြဿနာက ဒီညနေမှ ရောက်လာတာ

ညနေရောက်ပြီဆိုတော့ ဦးမာဃလဲ ရုံးကိစ္စတွေပြီးလို့ ဝေဇယန္တာမှာ အေးအေးဆေးဆေး နှပ်နေတာပေါ့ဗျာ

အဲဒီအချိန် ဖုန်းဝင်လာသဗျ

ဘယ်သူရှိရမလဲ ဗျာ တစ်ဦးတည်းသော သားတော်မောင်ပေါ့

ဟုတ်ပါတယ်ဗျာ အရင်တစ်ခါပြောထားတဲ့ စာမေးပွဲ ကျတော်မူသော ဦးမာဃရဲ့ ရှုမငြီးစရာ သားရတနာပါ။

ဘယ်တွေသွား၊ ဘယ်လိုတွေ ဆော့လာသလဲ မသိပါဘူးဗျာ

ဦးမာဃ ကျောင်းသွားကျောင်းပြန် သုံးဖို့ပေးထားတဲ့ စီးတော်ယာဉ်သော့ကို ပျောက်လာသတဲ့

ကဲ စဉ်းစားကြည့်ပါဗျာ

ဒီ သော့ကလေး တစ်ချောင်းတောင် ကောင်းကောင်း မထိန်းသိမ်းနိုင်တဲ့ အကောင်လေ

နောင် ဦးမာဃ နေရာမှာ ဆက်ခံပြီး နတ်ပြည်တစ်ပြည်လုုံးကို ဘယ်လိုများ အုပ်ချုပ်မလဲဗျ

အင်းးးးးးးးးးးးးး တွေးရင်းနဲ့ ရင်လေးသဗျာ

ဒါနဲ့ပဲ သားတော်မောင်ကို သေချာမေးကြည့်တော့ အဲဒီ မျောက်ကောင်က ဟိုသွားဒီသွား သွားရင်းနဲ့ ကျပျောက်ခဲ့ပါသတဲ့

အဲဒါကြောင့် ဦးမာဃ စီးတော်ယာဉ်ကို ပြင်ဆင်ဖို့ ရှာပါသေးသတဲ့

သို့သော်လည်းပေါ့လေ ကံဆိုးစွာနဲ့ နတ်ပြည် သမ္မတကြီးရဲ့ စီးတော်ယာဉ် ဖြစ်တာကြောင့် ပြင်နိုင်မယ့်သူကလဲ မရှိဘူးတဲ့ဗျ

ဖြစ်ပုံတွေများ ပြောပါတယ်ဗျာ

အဲဒါကြောင့် သူ့ကို အခေါ်တော် လွှတ်ပေးဖို့ နေရာမေးလိုက်ရတယ်

မေးပြီးတော့မှ အနား အဆင်သင့်ရှိနေတဲ့ ရထားထိန်း မာတလိကိုပဲ သွားကြိုခိုင်းလိုက်ရတယ်။

ကံကောင်းတာတစ်ခုက ဦးမာဃ အထဲမှာ သော့ အပိုတစ်ချောင်း ရှိတာကိုးဗျ

အဲဒါနဲ့ပဲ မာတလိကို အပိုရှိတဲ့သော့ကို ပေးပြီး လွှတ်လိုက်တာပေါ့

လွှတ်သာလွှတ်ရတာ အဲဒီကောင်ကလဲ ဒီဆို ဟိုသွားတတ်တဲ့ကောင်ဗျ

လူကလဲ ခြောက်မျက်နှာဆိုတော့ သိတဲ့အတိုင်းပဲ ဟိုဝေ့လိုက် ဒီဝေ့လိုက် နတ်သမီး ချောတာတွေ့ရင် ငမ်းလိုက် နဲ့ဆိုတော့ သိပ်တော့ စိတ်က ချတာမဟုတ်ဘူး

အဲဒါကြောင့် နောက်ကနေ နတ်မျက်စိနဲ့ တောက်လျှောက် လိုက်ကြည့်နေရတာ။

အဲဒီလို လိုက်ကြည့်မှပဲ သားတော်မောင်ကို ပို ဒေါသထွက်သွားရသဗျ

ကြည့်လေဗျာ

ဦးမာဃ နတ်မျက်စိနဲ့ ကြည့်ထားပေလို့သာပေါ့၊ သားတော်မောင် ပြောတဲ့နေရာက တလွဲရယ်

သူရှိတာက တစ်နေရာ၊ လာခေါ်ခိုင်းတာက တစ်နေရာလေ

အဲဒါကြောင့် ပြောပါတယ် စိတ်ညစ်ရပါတယ် လို့

ဒါနဲ့ပဲ ဟို ခြောက်မျက်နှာကောင် မာတလိကို လမ်းပြောင်းခိုင်းလိုက်ရတယ်။

မဟုတ်လို့ကတော့လား လွဲလိုက်မယ့်ဖြစ်ခြင်း

အဲဒါနဲ့ပဲ ဟိုရောက်တော့ သော့ပိုပေးပြီး နှစ်ကောင်သား ပြန်လာကြတာပေါ့

ရောက်လာတော့ ဦးမာဃလဲ ဘာမပြောညာမပြောနဲ့ နှစ်ချက်ဆင့် နားရင်းအုပ်လိုက်တယ်(သားတော်မောင်ကို)

ဟုတ်တယ်လေ တစ်နေ့ နတ်ပြည်ကို အုပ်ချုပ်ရမယ့်သူက ဒါလေးတောင် မစောင့်ရှောက်နိုင်တာကို

ဒီသားတစ်ကောင်နဲ့တော့ ခက်သားကလား

ဟူးးးးးးးးးးးးးးးးးးးးးးးးးးးးးးး

နောင်ရေးတွေးပြီး ရင်လေးသဗျာ

နမော်နမဲ့နဲ့ ဘာမှ အသုံးမကျဘူးရယ်

အဲဒီကောင်ကို ပြုပြင်ဖို့ရာ ဦးမာဃကို အကြံဉာဏ်လေး ပေးကြပါဦး ရွာသူားတို့ရေ

ဦးမာဃတော့ နည်းလမ်းစုံ သုံးပြီးပြီ။

ကဲ စာဖတ်သူတွေလဲ မျက်စိညောင်းလောက်ပြီ :hee:

ဦးမာဃလဲ ရင်ဖွင့်ပြီးပြီ :hee:

အဲဒါ ဦးမာဃရဲ့ ကမ္ဘာပျက်မယ်ဆိုတဲ့နေ့မှာ ကြုံရတာလေးပါပဲ

ဘာရယ်မဟုတ်ပါဘူး ရွာထဲကို ပြောပြချင်လို့

 

လေးစားစွာဖြင့်

ဦးမာဃ (ခေတ္တ လူ့ပြည်)

28 comments

  • ကမ္ဘာပျက်မပျက် …
    ခညား ဘာပျက်ပျက် …
    ကျုပ် မသိဘူး ..
    ကျုပ်သိတာကတော့ ခညားဂ ခလေး အဖေဂျီးးး
    ငွင်းး ငွင်းး
    ဒါနဲ့များ သူညားနဲ့ပြိုင် လိုက်ပူးချင်ဒေးးးး
    မတူရင် မတုနဲ့ ဟေ့လူဂျီးးး ကျုပ်ဂ လူဂျို ချောချောလေး ခည .. ရေ မရောဘူး .. :mrgreen:

    • Mr. MarGa

      December 21, 2012 at 8:29 pm

      ဦးမာဃက တရားဝင် ကြေညာပြီးသားလေကွယ်
      အိမ်ထောင်ရှိသူ ပါ လို့
      အဲ
      အခုလက်ရှိတော့ နတ်သမီးက တစ်ဖက် ငါးရာ့ငါးဆယ် ဖြစ်နေပြီ
      တစ်ထောင်ပြည့်ဖို့ လိုသေးလို့ ရွာထဲမှာ ရှာနေပါကြောင်း
      စိတ်ဝင်စားရင် ဆက်သွယ်နိုင်ပါကြောင်း
      ထပ်ပြောပါမယ် :mrgreen:
      မောင်အံစာကိုလည်း ထိုအတွက်ကြောင့် ဥစား မပေးနိုင်ပါကြောင်း :hee:

      • Shwe Tike Soe

        December 22, 2012 at 9:30 am

        ဟိဟိ ဦးမာဂ ဂျီး မန်မန်ချားချိန်တောင် ချိမှာဟုတ်ဘူးနော်……..ခိခိခိ…

        • Mr. MarGa

          December 22, 2012 at 10:52 am

          အလှည့်ကျ စနစ်ဆိုတော့
          မန်မန်စားချိန် ၊ ရွာထဲဝင်ချိန်တော့ ရအောင် ရှာထားပါတယ်ကွယ်

      • ဪ..သကြား..သကြား…ဒီအရွယ်သားသားကြီးရှိတာတောင် သူများကိုယောက္ခမတော်ချင်သေးတယ်။ဒီနေ့ ကံကောင်းစွာ ရွာထဲဝင်ခွင့်ရလိုက်လို့တော်သေးတာပေါ့။နို့မို့သာဆို မောင်အံနဲ့အပြိုင် သားမက်Listထဲထည့်မိတော့မလို့

        • Mr. MarGa

          December 24, 2012 at 8:41 pm

          အင်းးးးးးးးးးးး
          ဒုက္ခ……….ဒုက္ခ
          ဦးမာဃက ကောင်းစေချင်လို့ နတ်ပြည်တင်ပါတယ်ဆိုမှနော်
          မြင့်တယ်ဆိုပြီး ခုန်ုချချင်နေကြတာကိုးးးးးးးးးးးးးးးးးးး
          ယောက​္ခမကြီးတို့ရေ
          ဦးမာဃက သမီးကို တကယ်တောင်းတာပါဗျာ
          တင့်တောင့်တင့်တယ် ထားမှာပါ လို့
          :hee:

    • Khaing Khaing

      December 24, 2012 at 10:18 am

      ကြောလိုက်စမ်းပါ … မောင်မောင်အံရယ် … ဒင်းက သများသမီးလေးကိုလည်း လာဦနေတယ် … အွန်း ….

      • Mr. MarGa

        December 24, 2012 at 8:46 pm

        ယောက္ခမဂျီးရယ် ဦးမာဃက မိဖုရားမြှောက်ဖို့ တောင်းတာလေကွယ်
        ဟိုမရောက် ဒီမရောက် ခြောက်မျက်နှာကို ပေးမယ့်အစား
        ဦးမာဃလို တည်တည်တံ့တံ့ ခန့်ခန့်ငြားငြား ကို ရွေးရတယ် :mrgreen:

  • mobile (mandalay)

    December 21, 2012 at 10:15 pm

    အူးမာဂရေ လွယ်ပါဒယ်ဗျာ
    အူးမာဂရဲ့ ရှု့မညီးစရာ သားရတနာကို ကျုပ်ဆိုတဲ့ မောင်မိုဘိုင်းဆိကိုသာ
    ရောက်အောင်ပို့လိုက် သားလိမ်မာလေး ဖြစ်သွားစေရမယ်
    တာဝန်ယူပါဒယ်။

    • ဗုံဗုံ

      December 22, 2012 at 10:02 am

      မိမိကိုယ် ကို ကောင်းအောင်ကြိုးစားမည် ။ မိမိကိုယ် ကို ကောင်းအောင်ကြိုးစားမည် ။ :kwi: :kwi:

      နာဂ သီချင်းဆိုတာ နော် :harr:
      နင်က ဘယ်တုန်းက မန်းလေးသား ဖစ်သွားတာလဲဟင်

    • Mr. MarGa

      December 22, 2012 at 10:55 am

      အဲသလောက်ဆို သိပါပြီကွယ်
      မပို့ တော့ပါဘူးနော်
      :kwi:

  • MaMa

    December 22, 2012 at 7:10 am

    မာတလိက ခြောက်မျက်နှာ ရှိတာလား။
    ခြောက်မျက်နှာကို မာတလိ လုပ်ခိုင်းလိုက်တာလား။
    ဘာပဲပြောပြော ကာတွန်းဆွဲတာတွေမှာ မြင်ဖူးတဲ့ မာတလိနဲ့ အံစာတုုံး ကတော့ အတော်ဆင်တယ်။ :harr:

    • Mr. MarGa

      December 22, 2012 at 10:45 am

      မမရေ
      မှန်တာပြောရရင် ခြောက်မျက်နှာက မာတလိဗျ
      ရွာထဲမှာသာ ဗြဟ္မာလိုလို ဘာလိုလိုနဲ့ ပြောနေတာရယ် :mrgreen:
      ဦးမာဃလဲ ကိုယ့်တပည့်ပဲလေ ဆိုပြီးတော့ လွှတ်ပေးထားတာ :kwi:

  • ဗုံဗုံ

    December 22, 2012 at 9:33 am

    ဘာလို့ နားရင်းအုပ်တာလဲ ဘာလို့နားရင်းအုပ်ရတာလဲ ဒီကတောင် လက်ဖျားနဲ့ ထိတာမဟုတ်ဘူး ယောက်ဂမဂျီး အနိုင်မကျင့်နဲ့နော် သော့က ကျုံးထဲကို ကျသွားတာ
    ဒီတစ်ကြိမ် ခွင့်လွှတ်လိုက်မယ်နော နောက်တစ်ခါဆို စီးတော်ယာဉ် ပါ အစ ဖျောက်ခိုင်းပစ်လိုက်မှာ ဟွန်း
    :harr: :harr:

    • Mr. MarGa

      December 22, 2012 at 11:18 am

      တိန်
      ဦးမာဃက နတ်သမီးရှာဖွေရေးဆင်းနေတုန်းရှိသေးတယ်
      ဗုံကလေးက သားတော်မောင်ကို လာတောင်းနေပါပေါ့
      ဗုံကလေးရေ
      စီးတော်ယာဉ်တော့ မလုပ်ပါနဲ့ကွယ်
      ဒါနဲ့
      ဗုံကလေးက အဲဒီ အူကြောင်ကြောင် ပေါတောတော သွပ်ချာချာကောင်ကို ထိန်းနိုင်ပါ့မလား
      အဲဒါလေးတော့ စိတ်ပူသား
      (သားတော်မောင် အတွက်ပါနော်)

  • ဆူး

    December 22, 2012 at 9:37 am

    ((( ဦးမာဃလဲ ဘာမပြောညာမပြောနဲ့ နှစ်ချက်ဆင့် နားရင်းအုပ်လိုက်တယ်(သားတော်မောင်ကို)

    ဟုတ်တယ်လေ တစ်နေ့ နတ်ပြည်ကို အုပ်ချုပ်ရမယ့်သူက ဒါလေးတောင် မစောင့်ရှောက်နိုင်တာကို

    ဒီသားတစ်ကောင်နဲ့တော့ ခက်သားကလား)))

    အနှစ်ချုပ်လိုက်တော့ ကမာ္ဘပျက်မည့် နေ့မှာ နားရင်း အုပ် (ရတယ်/ခံရတယ်) ဆိုတဲ့ သဘောပေါ့..

    • Mr. MarGa

      December 22, 2012 at 11:25 am

      မှန်တာပေါ့ကွယ်
      သားတော်မောင်လဲ အဆော်ခံရ
      ဦးမာဃလဲ စိတ်တိုရပေါ့

  • ဦးကြောင်ကြီး

    December 22, 2012 at 11:31 am

    ထူးပုံ
    ထုံပူး
    ှုဂဠုန်မြူး
    ယုံဘူး
    ယုံဘူးနဲ့
    ကြုံဖူးမှသိ
    ဆုံဖူးက
    ကွိလိမ့်မယ်
    ခုံဦးထားကြပါ…။

    • Mr. MarGa

      December 22, 2012 at 11:35 am

      ဦးကြောင်ရေ
      ဦးမာဃ ခုံကတော့ ခိုင်တယ် နောက် အနှစ်တော်တော်ကြာရင်တောင် မပျက်လောက်သေးဘူး
      အဲဒီတော့
      ဦးစရာတော့ မလိုသေးဟု ထင်မိပါ၏
      လာသွားလို့ ကျေးကျေးပါ နော်

    • Mr. MarGa

      December 22, 2012 at 11:40 am

      တူးကုန်
      တုန်ကူး
      ဟိုခုံက ဒီခုံကူးတယ်
      ဒေါင်းတက်မှမြူး
      (အားကျမခံ လိုက်စပ်ကြည့်ခြင်း :hee:)

  • uncle gyi

    December 22, 2012 at 11:21 pm

    သော့ပျောက်တာများကိုမာဃရယ်
    ဖြစ်တတ်တဲ့သဘာဝပဲ
    ပျောက်တဲ့အခါလည်းပျောက်ပေမပေါ့

    • Mr. MarGa

      December 24, 2012 at 8:55 pm

      ဖြစ်တတ်တာတော့ မှန်တာပေါ့ဗျ အန်ကယ်ကြီးရေ
      ဒါပေမယ့်ဗျာ
      မပျောက်သင့်လို့ပြောတာပေါ့
      အဲဒီကောင်ကိုက နမော်နမဲ့နဲ့ မို့လို့ပါဗျာ

  • လုံမလေးမွန်မွန်

    December 23, 2012 at 1:12 pm

    ကဲ..ဘာမှပြောမနေနဲ့..အနော့်ဆီသာပို့လိုက်..နားရင်းကို အကြိမ်တစ်ရာလောက်ရိုက်ပြီး boxing ကစ်ပေးလိုက်ရင် အပိုးကျိုးသွားမယ်ထင်တယ်… :mrgreen:

    • Mလုလင်

      December 24, 2012 at 12:49 am

      ကြောက်ချာဂျီး ပါလားကွယ် . . .

    • Mr. MarGa

      December 24, 2012 at 8:59 pm

      မွန်လေးရေ
      အဲလို လုပ်ရင်
      အပိုး ကျိုးမကျိုးတော့မသိ
      အရိုးကျိုးမှာတော့ သေချာနေတယ် :mrgreen:
      မလုပ်လိုက်ပါနဲ့ကွယ်
      ဦးမာဃ မဟေသီနဲ့ သတ်နေရပါလိမ့်မယ်
      :kwi:

  • Novy

    December 24, 2012 at 12:01 pm

    ဒီသားတစ်ကောင်နဲ့တော့ ခက်သားကလား
    ဦးမာဃတော့ နည်းလမ်းစုံ သုံးပြီးပြီ။

    တကယ်တော့
    သားဆိုတာက ဦးမာဃ
    ဦးမာဃဆိုတာ သားရဲ့အဖေ

    • Mr. MarGa

      December 24, 2012 at 9:05 pm

      ဗျို့ မနိုဗွီ
      (သူပြောမှ လူတောင် နည်းနည်း လည်သွားတယ်)
      အဲဒီလိုဆိုတော့
      ့အဲ သိတော့ဘူး
      ပြန်ဖြေပေးပါဦးဗျို့
      :kwi:

Leave a Reply