ဇာခန်းဆီး နောက်ကွယ် (၂)

တောက ကိုရင်December 22, 20121min672

ဇာခန်းဆီး နောက်ကွယ် (၂)

အဲဒီတစ်ဖက်သတ်ဝေဒနာတွေက
ကြေညာခွင့်မရှိတဲ့ ဒြပ်မဲ့အရာ
စာရွက်ပေါ်မှာ ရေးခြစ်လိုက်တိုင်း
(ကဗျာတွေ ဖြစ်လာခဲ့ပေမယ့်)
သွေးညစ်တွေဝိုင်းနေတဲ့ နှလုံးသားက
တိမ်စိုင်တွေလိုလေနှင်ရာလွင့်လူးရင်း
အရူးအမူး (မသိမသာ) ရင်ခုန်ခဲ့ဖူးတယ­်
တိတ်တဆိတ်နဲ့ အံကြိတ်ပြီး ငိုဖူးတယ်
အသံမထွက်တဲ့ကာရန်တွေလည်း ခေတ္တပျက်ခဲ့ဖူးတယ်
ထူးမခြားနား အဲဒီလင်္ကာတေးသွားတွေ
ဂစ်တာအိုပေါ် ခုန်ပေါက်စီးဆင်း
(မျက်ရည်တွေကို ရင်းနှီးလိုက်ရတယ်…)
တစ်ခါတလေ ညည်းချင်းတွေလည်း ဆိုဖူးတယ်…
အိုဘယ့်.. ကံကြမ္မာ
အတ္တဝတ်ရုံလွှာကိုဖြေလျော့ထားကာမှ
မရှိမဲ့ ရှိမဲ့ ပျော့ကွက်ကိုနင်း
ကျပ်တည်းစွာ ချည်နှောင်ထုပ်ပိုးခြင်းခံထားရတ­ဲ့
ကျော့ကွင်းထဲက အပူတွေ
အဲဒီဝန်ထုပ်အဟောင်းအဆွေးတွေကြားထဲမှာ
ကိုယ့်ကိုယ်ကို တစ်ပတ်နွမ်း အလှဆင်လို့
အကျည်းတန် မှန်ကို ကြိုက်သလိုမျိုး
အဝေးက ပြစ်တင်သံ တိုးတိုးသဲ့သဲ့
(ကြားလိုက်မိသလား…)
နားတွေလည်း အူထွက်နေပြီ
အနှစ်ကို ရှာ
အကာတွေသာ ကြေမွပျက်စီး
ကျောက်တုံးတစ်တုံးပေါ် ရေညှိတက်ခြင်းလိုမျိုး
လူရွှင်တော်တစ်ယောက်ရဲ့ ရှုံးပွဲချငိုချင်း
အဲဒီပြက်လုံးမှာမျက်ရည်တွေ စွန်းထင်းလို့
(ဟက်ဟက် ပက်ပက်…)
ဒါနဲ့များတောင်
တံလျှပ်ပြက်ကို ရေထင်
အကန်းက မျက်မမြင်ယောင်ဆောင်သလိုမျိုး
သတ်မှတ်ချက်တွေအောက်မှာ
ကန့်သတ်ချက်တွေကို ထောက်ထားငဲ့ညှာေ­သာအားဖြင့်
ဇာခန်းဆီးတွေကိုအကုန်ချပစ်လိုက်ပြီ….။ ။

တောက ကိုရင်
၂၁.၁၀၂၀၁၂

2 comments

  • မောင်ပေ

    December 22, 2012 at 12:07 pm

    နောက်ကွယ်နှစ်
    သောက်ရှယ်ယစ်
    ခြောက်မယ်လစ်
    ဖောက်သည်သစ်
    ရောက်ဝယ်စစ်

    • တောက ကိုရင်

      December 24, 2012 at 1:56 pm

      နောက်ကွယ်မှာ မနှစ်ပါဘု
      သောက်တာကရှယ် ယစ်မှာအခု
      ်ဖောက်သည်အသစ်ကို အပြစ်ရှာလု

Leave a Reply