ဇာခန်းဆီး၏ နောက်ကွယ်

တောက ကိုရင်December 22, 20121min896

ဇာခန်းဆီး၏ နောက်ကွယ်

သူမကြင်နာလို့ ကိုယ်စိမ်းလိုက်ရတယ် ဆိုပေမယ့်
လူမမြင်ကွယ်ရာမှာ ဘယ်သူစိမ်းတွေနဲ့ …

နင်..

ဂိမ်းတွေပဲ ဆော့နေတော့မှာလား
မျက်လုံးတွေလည်းဝေဝါးနေပြီ…

နင့်ကို ပေးတပ်ဖို့ မျက်မှန်တစ်လက်
မနက်ဖန်မနက်မှာ နင် မျက်နှာသစ်ရအုံး­မယ်လေ…

နင်…

အဲဒီလို ပေးဆပ်မှုမျိုးနဲ့တော့
အဲဒီ ပျော်ရွှင်မှုမျိုးကို မတပ်မက်သင့်ဘူး…

နင်စွန့်လွှတ်ခဲ့ရတဲ့ ဂုဏ်သိက္ခာအတွက်
လူတစ်ချို့တော့ မျက်ကွယ်ပြုတန်ကောင်းရဲ့…

နင်…

အဲဒီလို ရပ်တည်မှုမျိုးနဲ့တော့
အဲဒီဘက်ကို နင် မယိမ်းယိုင်သင့်ဘူး…

တစ်ခါတုန်းက ရင်းနှီးခဲ့တဲ့ ရင်တစ်ခုက
တိတ်တဆိတ် ပြက်ရယ်ပြုနေမှာကို…

နင်…

တစ်ဖက်ကို မကြည့်ချင်တော့လ­ို့
အခြားတစ်ဖက်ကို မမြင်နိုင်တာမျိုးလား…

ရိုးရိုးသားသား
(ဘာလို့ နားတွေကို ပိတ်ထားရတာလဲ…)

နင်…

ဟောဒီ ရင်ဘတ်ထဲက ပေါက်ကွဲသံစဉ်တေ­ွ
ဟောဒီ ဘယ်ဘက်တစ်ခြမ်းမှာပဲ…

မနာလို မဖြစ်နဲ့နော်
သူ့ဘက်ကိုချည်းပဲလည်း မတွေးပေးနဲ့…

နင်…

နင် ရစ်ပတ်ခဲ့တဲ့ ကြိုးတစ်ခွေကို
နင် ပြန်မဖြည်ချင်တော့ဘူး ဟုတ်…

ငါ့ကို တစ်ကြိမ်လောက်တော့ နှုတ်ဆက်သင့်ပါရဲ­့
ငါ့လက်ထဲမှာ သံယောဇဉ်…

(အခိုးအငွေ့…)။ ။

တောက ကိုရင်
၀၂.၀၆.၂၀၁၁

6 comments

  • ဦးကြောင်ကြီး

    December 22, 2012 at 8:39 am

    ဇာခန်းဆီး
    ပြာနှမ်းပြီး
    နှာကြမ်းတီး
    လာစမ်းသမီး
    ငါနမ်းရွှီး
    ညာဖျန်းဖြီး
    လျှာကွမ်းသီး
    ရွှာတန်းနီး…။

    • တောက ကိုရင်

      December 24, 2012 at 2:38 pm

      အူးကျောင်ကျီး
      ဖူးယောင်ပီး
      မူးတောင်ညီး
      အရူးပေါင်လှီး
      မြူးအောင်ဖြီး
      ဟီး ဟီး ဟီး

  • မောင်ပေ

    December 22, 2012 at 12:05 pm

    နောက်ကွယ်
    ခြောက်မယ်
    ကျောက်ဆည်
    မျောက်လည်
    ကောက်ရှယ်
    ဖောက်သည်…။

    • တောက ကိုရင်

      December 24, 2012 at 2:45 pm

      ကိုမောင်ပေ
      ညိုမှောင်စေ
      ဟိုချောင်နေ
      အပျိုဆောင်လေ
      ထိုုအောင်မြေ

  • kai

    December 22, 2012 at 3:32 pm

    တောကကိုရင်ရေ… ရွာစည်းကမ်းအရ.. တရက် ၂ပုဒ်ထက်ပိုမတင်ရပါဘူးနော..
    ဆိုတော့…
    မနက်ဖြန်ကိုရွေ့လိုက်ပါတယ်..

    • တောက ကိုရင်

      December 23, 2012 at 6:43 am

      အဲ ကိုရင် နှစ်ပုဒ်စီတင်တာဗျ
      အချိန်လွဲတာထင်တယ်
      ဟီးးး
      ကျေးကျေး

Leave a Reply