ရေစိုနေသော(ဆဲ) အလွမ်းများ

ချစ်သူရေ
နင် ခြွေချင် ခြွေ ကျေနပ်တယ်ဆို
(သေမတတ် အနေခက်)
ကျေကျေနပ်နပ်နဲ့ငါ
နေခဲ့လိုက်မှာပါ. . .
နင့်ကို ငါ
ဘယ်အချိန် ဘယ်တော့မှ
ရင်မနာဘူး
အဲဒါကို နင်တစ်ဦးပဲ
ယုံပေးပါ. . .
အပြောခက်တဲ့စကားတစ်ခွန်းကို
နင်တကယ် ပြောထွက်သလား ဟင်
နင်တကယ် ပြောရက်သလား ဟင်
ငါ့ရင်ကို နင်မမြင်တာ
ငါ အံ့သြတယ်
ဘဝနဲ့ ယှဉ်တဲ့အရေးမှာ
တခဏအမြင်နဲ့ ငါ့ရင်ကနေ နင်
ပြေးခွာရက်တယ်နော်. . .

နင်တကယ် အဖြေရှာပြီလား
နင်တကယ် သေချာပြီလား
နင်တကယ် ကြေညာပြီလား
ဟိုတစ်ချိန်အတိတ်တွေဆီ
တို့နှစ်ယောက်ရဲ့စိတ်တွေ
တထပ်တည်းတူညီခဲ့ကြတာ
နင်တကယ် မေ့သွားရက်တယ်ဆို. . .
ငါ့ရင်ထဲကို အဆိပ်ခတ်
အိပ်ပျက်တဲ့ညများစွာအလယ်
ငါ့တစ်ယောက်တည်း­အဆိပ်တက်နေမှာ
နင်တကယ် မေ့ထားရက်တယ်ဆို. . .
ငါ့ရင်မှာ မခိုချင်လို့
အပြစ်ရှာ ငြိုငြင်ပြီး
အဝေးကို တမင်ထွက်သွား
နင်တကယ် မေ့အားရက်တယ်ဆို. . .
မုန်းလိုက်ပါ ခင်
အုံးစက်ရာ ကုတင်ထက်
သေချင်ပက်လက်. . .
ငါ့ဘဝတစ်ခုလုံး နင့်ကို ဝကွက်အပ်ခဲ့ပြီးမှ
ဆက်လက်ရှင်သန်နေရမယ့် ငါ့ဘဝထဲ
နင့်အရိပ်တွေ ထင်ကျန်ဆဲဆိုတာေ­လ
ငါ့ကိုယ်ငါ သက်သေတည်
မျက်ရည်ဖြေမဆည်အောင် ငါလွမ်းပါ့မယ်
ဒါပေမယ့်လေ
ငါ. .မထင်ခဲ့ဘူးကွာ
တစ်ချိန်မှာ နင်ပစ်ခွာသွားလိ­မ့်မယ်လို့
ငါ. . မထင်ရက်ဘူးဟာ
တို့အချစ်တွေ ခိုင်မာနေခဲ့ကာမ­ှ
ငါ. . မထင်တတ်တော့ဘူးကွာ
ငါ့ရင်အနာ နင်မြင်သာလို့
ငါ့အကြင်နာ နင်တစ်ခါပြန်တမ်း
ငါ့ရင်ခွင်လမ်းဆီ နောက်ကြောင်းပြန­်လှည့်
(ငါ့ကံကြမ္မာ ခပ်ရေးရေးနဲ့)
ငါ့ဘဝကို လောင်းကြေးထပ်ထာ­းပါ့မယ်
နင်. .
သိပါ. .
မြင်ပါ. .
ငါ တကယ်ကို မနေတတ်တော့ဘူး
သည်းခြေပျက်တဲ့ အရူးတစ်ယောက်လို. . .
မေတ္တာအစစ်မှာ
သစ္စာနဲ့ ချစ်လာခဲ့ပြီးမှ
တစ်ကြိမ်တစ်ခါ လစ်ဟာမှုလေးတွေကို နင်
အပြစ်ရှာရက်တယ်ဟာ. . .
တကယ်ပါ
အဲဒီနေ့က . . . . . . .
ငါမပြောချင်တော့ဘူး ချစ်သူ
နင် သိပါစေ. . .
ငါ့အချစ်တွေ နင်ယုံတယ်ဆို
ငါ့ရင်ခွင်က နင့်ကိုလွမ်း
နင်ပြန်လာမယ့်လမ်းဆီ
ကမ်းလင့်လို့ ကြိုနေမှာပါ ချစ်သူ. . . ။ ။

တောက ကိုရင်
(၂၈.၁၁.၂၀၁၂)
အသည်းကွဲနေသောကိုကြီးကိုယ်စား
ရင်ဘတ်ဟက်တက်
မျက်ရည်ဝဲလျက်. .

About တောက ကိုရင်

တောက ကိုရင် has written 40 post in this Website..