တိုက်ထည့်လိုက်မလို့

zaylayJuly 18, 20101min600

မစ္စတာbeanရထားမောင်းတယ်..တစ်နေ့တော့ သူမောင်းတဲ့ရထားက လမ်းချော်ပြီး လယ်ကွင်း
ထဲကျသွားလို့
ရထားစီးတဲ့လူတွေဒဏ်ရာ ရကုန်တယ်..မီးရထားကအရာရှိက သူ့ကိုခေါ်ဆူ တယ်..
`ရထားမောင်းတယ်ဆိုတာ လူအများကြီးရဲ့ အသက်ကို မင်းလက်ထဲမှာ ထည့်ပြီးမောင်းရတာ..
မင်းဘာလို့ ဒီလောက်တာဝန်မဲ့ရတာလဲ´
beanကဖြေတယ်..
`မဟုတ်ပါဘူးဆရာ..ကျွန်တော်ဒီနေ့ ရထားမောင်းလာတဲ့ လမ်းမှာ လူတယောက်က လှဲအိပ်
နေတယ်..ကျွန်တော်အဝေးကြီးကနေ
ဥဩတခါဆွဲတယ်..သူမထဘူး..နောက်တစ်ခါဆွဲတယ်..
သူမထဘူး..နောက်တခါထပ်ဆွဲတယ်..သူမထဘူးခင်ဗျ..´
အဲဒါနဲ့ အရာရှိကပြောတယ်..
`သူမထလဲ တက်ကြိတ်လိုက်တော့ပေါ့ကွာ..လူတယောက်ထဲ အသက်ကို ငဲ့ပြီး လူအများကြီးပါ
တဲ့ ရထားကိုလယ်ကွင်းထဲထိုးချလိုက်တာတော့ ဘယ်ကောင်းမလဲ´
beanပြန်ဖြေတယ်..
`ဟုတ်တယ်.ကျွန်တော်လဲ တိုက်လိုက်တော့မယ်လို့ ဆုံးဖြတ်ပြီး ရထားကို
သူ့နားမောင်းလာတဲ့ အခါမှာ သူက လယ်ကွင်းထဲ ဆင်းပြေးသွားလို့..´

(၁၉၇ဝခုနှစ်က တစ်ကွက်ကာတွန်းများဖြစ်ပါတယ်)
ဆံပင်ညှပ်ခဲ့ပါ

ကလေးက ကျောင်းကနေ အိမ်ကိုပြန်လာတယ်..
`မေမေေ၇..သားကို ဆရာမက ဆံပင်ညှပ်ခဲ့ပါတဲ့´
`ဒီတော့ သားက ဆံပင်ညှပ်တော့မယ်ပေါ့..´
´ဟင့်အင်း..ကျောင်းထွက်တော့မယ်..´

ဒါတွေယူသွား

တစ်ညမှာ အိမ်တအိမ်ကို သူခိုးဝင်တယ်..အဲဒီအိမ်ကကောင်လေးက သူခိုးကိုတွေ့သွားတယ်..

သူခိုးလဲလန့်သွားတယ်..ကောင်လေးက ဘာမပြောဘာမဆိုနဲ့ သူ့ကျောင်းစာအုပ်တွေ
မ,ချ လာပြီးသူခိုးကိုပေးရင်း ပြောလိုက်တယ်..
`ရော့.ဒါတွေပါယူသွား..မယူသွားရင် တအိမ်လုံးနိုးအောင် အော်ပစ်လိုက်မယ်´

မငြင်းတော့ပါဘူး

ကျောင်းတွင် ဆရာက ကလေးတယောက်ကိုမေးသည်..
`ကမ္ဘာကြီးက ဘယ်လိုပုံရှိသလဲကွ´
ကလေးက မဆိုင်းမတွ ဖြေသည်..
`လုံးတယ် ဆရာ´
´ကမ္ဘာကြီးလုံးကြောင်း ဘယ်လို သက်သေပြနိင်သလဲ´
ကလေးက ခဏတိတ်သွားပြီး ပြန်ဖြေသည်..
`ဆရာပြားတယ် ထင်ရင်လဲ ထားလိုက်ပါတော့ ဆရာ..ကျွန်တော် ဆရာနဲ့
ပြိုင်မငြင်းချင်ပါဘူး´

ဘယ်မှာလဲ

လုူတယောက်က အလွန်အမင်း သွားကိုက်နေတယ်..သူ့ကို အိမ်နီးချင်း လူတယောက်က
ပြောတယ်..
`ကျွန်တော်ကတော့ဗျာ..သွားနာနေတုန်းက ကျွန်တော့်မိန်းမက အာဘွားပေးလိုူက်တာ
တခါတည်းကို
သက်သာသွားရောဗျို့..ခင်ဗျားလဲ အဲ့လို လုပ်ကြည့်ပါလား´
သွားကိုက်နေတဲ့လူ ဝမ်းသာအားရ မေးတယ်..
`ဟာ..ဟုတ်လား..ခု ခင်ဗျားမိန်းမ ဘယ်မှာလဲ´

ဒီလိုမေးရတယ်ကွ

ရွာတစ်ရွာမှာ အိမ်ထောင်စုစာရင်းကောက်ဖို့မောင်အ ကို ရွာလူကြီးက
တာဝန်ပေးလိုက်တယ်..
`လွယ်ပါတယ်ကွာ..မင်းက တအိမ်တက် တအိမ်ဆင်း အိမ်ထောင်စုစာရင်းကောက်ဖို့ပါလို့
ပြော
အိမ်ထောင်ရှိလား..ကလေးရောရှိလား..ယောကျာ်းလေးဘယ်နှယောက် မိန်းကလေးဘယ်နှ
ယောက် အဲ့လိုမေးပြီး ဒီစာအုပ်ထဲမှတ်ခဲ့ရုံပဲ´
မောင်အ အိမ်တအိမ်ထဲဝင်သွားတယ်..ကောင်မလေး တယောက်ထွက်လာတယ်..မောင်အ
ပြောလိုက်တယ်..
`အိမ်ထောင်စု စာရင်းကောက်မလို့..မင်းဒီအိမ်ကလား´
ကောင်မလေး ခေါင်းညိတ်ပြတယ်..မောင်အက မေးတယ်..
`အိမ်ထောင်ရှိလား´
`မရှိ်ပါဘူး´
`ဒါဆိုကလေးရော..´
`ဖြန်းးးးးးးးးးးးးးး´
မောင်အကို ကောင်မလေးက ပါးရိုက်ပြီး အိမ်ထဲပြန်ဝင်သွားတယ်..မောင်အလဲ
ရွာလူကြီးင်္ဆီပြန် လာပြီးပြောြ့ပတယ်..ရွာလူကြီးကပြောတယ်..
`အေးပေါ့ကွာ..အိမ်ထောင်မရှိပါဘူးပြောတာ ကလေးက ဘယ်ရှိမှာလဲ ..ဒီတခါ ကလေးရှိလား
အရင်မေးကြားလား´
မောင်အ ပြန်ထွက်လာတယ်..အိမ်တအိမ်ကိုဝင်တယ်..အဘွားကြီးတယောက်ကိုတွေ့တော့
သူပြောတယ်..
`အိမ်ထောင်စုစာရင်းကောက်မလို့ ..အဘွားဒီအိမ်က လား`
`အေး´
`အင်း..အဘွား ကလေးရှိလား..´
`အေးရှိတယ် ၆ယောက်´
`ဒါဆို အိမ်ထောင်ရော..?´
`ဖြန်းးးးးးးးးးးးးးးးးး´
အဘွားကြီး အိမ်ထဲပြန်ဝင်သွားတယ်..

မရှိလို့

တိုလီမိုလီ ပစ္စည်းလေးတွေ ရောင်းတဲ့ ဆိုူင်တဆိုင်ကို လူတယောက်ဝင်လာပြီးမေးတယ်..
`တူရှိလား´
`ဟင့်အင်း´
`သံရော´
`ဟင့်အင်း´
`ဒါဆို လွှ´
`မရှိဘူး´
`ကော်တို့ တိပ်တို့ ပလာယာတို့..´
`ဘာမှမရှိဘူး´
`ဟင်..ဒါဆို ခင်ဗျားတို့ ဘာလို့ ဆိုင်ဖွင့်နေသေးလဲ´
ဆိုင်ရှင်ပြန်ဖြေတယ်..
`ဆိုင်ပိတ်ဖို့ သော့မရှိလို့´

တူးတီးတူတူးတူး

ချူချာလူမျိုုးတယောက်က အင်္ဂလန်ကိုသွားလည်တယ်..ဟိုတယ် မှာတည်းတယ်..သူက
receptionistကိုပြောတယ်..
`တူးတီးတူတူးတူး´
receptionistနားမလည်ဘူး..ဒါနဲ့ စပိန်ဘာသာပြန်ကိုခေါ်မေးတယ်..စပိန်ဘာသာပြန်က
မေးတယ်..
`ဘာအလိုရှိပါသလဲ လူကြီးမင်းခင်ဗျာ´
ချူချာပြန်ပြောတယ်..
`တူးတီးတူတူးတူး´
စပိန်ဘာသာပြန်နားမလည်ဘူး..ဒါနဲ့ ပြင်သစ်ဘာသာပြန်ရောက်လာတယ်..မေးတယ်..ချူချာ ကလဲ
ပြန်ပြောတယ်..
`တူးတီးတူတူးတူး´
ပြင်သစ်လဲ နားမလည်ဘူး..စကားပြန်တွေတော်တော်စုံသွားတယ်..ဘယ်သူမှ နားမလည်ဘူး..
နောက်ဆုံးဟိုတယ် မန်နေဂျာရောက်လာတယ်..မေးတယ်..
`ဘာများအလိုရှိပါသလဲ လူကြီးမင်းခင်ဗျာ´
ချူချာကပြောပြတယ်..
`တူးတီးတူတူးတူး´
မန်နေဂျာ စဉ်းစားတ.ယ်..ပြီးတော့မှ ဝမ်းသာအားရ ထပြောတယ်..
`အော်..သူကပြောတယ်…လက်ဖက်ရည်နှစ်ခွက် အခန်းနံပါတ် ၂၂ ကိုလာပို့ပေးပါတဲ့´

မှားသွားပြီ

စိတ္တဇရောဂါဖြစ်နေတဲ့ သားကို မိဘတွေက အိမ်မှာ ဆရာဝန်ခေါ်ပြတယ်..ဆရာဝန်ကို သားဖြစ်
သူက ပြောပြနေတယ်..
`ဆရာ..ကျွန်တော် ညက ရှုးပေါက်ချင်လို့ အိမ်သာထဲသွားတယ် ဆရာ..အိမ်သာတံခါးကို
ဖွင့်လိုက်တော့
မီးက အလိုလိုလင်းသွားတယ်..တံခါးပြန်ပိတ်လိုက်တော့ မီးက အလိုလိုမှိတ်
သွားတယ်ဆရာ.အဲဒါနဲ့ ကျွန်တော်လဲ ရှုးပေါက်ပြီးပြန်အိပ်နေလိုက်တယ်..´
အဖေဖြစ်သူက ထအော်တယ်..
`ဟာ..အဲဒါမှပြသနာပဲ..မိန်းမေ၇..မင့်သား ရေခဲသေတ္တာထဲ ရှုးပေါက်လိုက်ပြီ ထင်တယ်´