ကျေးဇူးရှိသောဘဘကြီး

aye.kkDecember 22, 20121min27325

ငယ်စဉ်တောင်ကျေး ခလေးဘဝ နားလည်တတ်သိ အရွယ်မှပင် စတင်လျှက် ။
တွေ ့မြင်တိုင်း သင်ပြဆုံးမ တတ်ပါသော မိတ်ဆွေ ဖြစ်သည့် ဘဘကြီးဆိုသူ ရှိခဲ့ဘူးပါသည်။
နိစ္စဒူဝ တွေ ့မြင်ရင်းနှီး ဆက်ဆံနေရသဖြင့် လည်း ခင်မင်လေးစား ရင်းနှီးမှုများ ဖြစ်ခဲ့ရပါတယ် ။
တွေ ့ကြုံမြင်ရသမျှ ဗဟုသုတများ သင်ယူစရာ များပြားခဲ့သည့်အပြင် ။ စိတ်ရှည်လက်ရှည် သင်ကြားပြသပေးခဲ့သဖြင့်
ကျေးဇူးရှိသော ဘဘကြီးဟု ပြောပြချင်မိပါတယ် ။

ဘဘကြီး ပြောပြခဲ့သော ဗဟုသုတ အကြားအမြင် တို ့မှာ ယနေ ့တိုင်အထိ အသုံးဝင်လွန်း နေပြီး ။
ကျမဘဝနှင့် အံဝင်ဂွင်ကျ ဖြစ်ခဲ့သည့် အပြင် ဘဝတစ်လျှောက်လုံး၌ အရေးပါ အရာရောက်ခဲ့ပါတယ် ။
ကျမဘဝတွင် အရေးပါ အရာရောက် ခဲ့သဖြင့် ။ အထင်ကြီးသည့်စိတ် ။ လေးစားချစ်ခင်ရသည့်စိတ် ။ ခိုင်မာယုံကြည်သည့်စိတ် ။ အားကိုးတွယ်တာသည့်စိတ် ။ မြတ်နိုးသည့်စိတ် ။ ကျမ၏ ထိုစိတ်များက ။ ကျမ၏ နှလုံးသားထဲ၌ ။ အမြစ်သဖွယ် ။ ခိုင်မာစွာ ကုပ်တွယ်လျှက် ရှိနေသည့်အပြင် ။ မေတ္တာအပင် ။ ရှင်သန်ပေါက်ဖွား လာခဲ့ရပါတယ် ။

သနားကြင်နာတတ်သည့်စိတ် ။ သတ္တဝါတို ့အပေါ်တွင် မေတ္တာ ကရုဏာ ထားရှိသည့်စိတ် တို ့ဖြစ်ပေါ်လာသည့် အကြောင်းရင်းခံ နောက်ကြောင်းကား ။ ကျေးဇူးကြီးမားသော ဘဘကြီး၏ မေတ္တာတရား ကြောင့်သာ ပေါ်ပေါက် ဖြစ်ထွန်းလာခဲ့ပါတယ် ။
ဘဘကြီး၏ မေတ္တာ ။ အရိပ်အာဝါသအောက်တွင် ခိုလှုံမှုရရှိသဖြင့်လည်း မေတ္တာအကျိုးတရား တို ့အားနားလည်ခံစား လာတတ်ခဲ့ပါတယ် ။
ဘဝတွင် အနေအနီးဆုံးနှင့် အရင်းနှီးဆုံး ဖြစ်ခဲ့ရသည့်အပြင် ။ ဘဘကြီးအပေါ် နားအလည်ဆုံး ခံစားမိသူ တစ်ဦးဖြစ်ခဲ့ပါတယ် ။

ထိုမေတ္တာ တရားများကား တန်ဘိုးအကြီးမားဆုံး ဖြစ်သည့်အပြင် တန်ဘိုးလည်း မဖြတ်နိုင်ပါ ။
မေတ္တာတရား၏ တန်ဘိုးရှိမှု အပေါ် ။ သိမြင်ခံစား လာနိုင်ရခြင်းမှာ ။ ငယ်စဉ်တောင်ကျေး ကလေးဘဝ မှကြီးပြင်းလာသည့်
အရွယ်ထိတိုင် ။ တွေ ့မြင်သမျှ သင်ကြားပြသ ပေးခဲ့သော အဖြစ်အပျက် သာဓက များစွာရှိခဲ့မှုများက အကြောင်းရင်းခံ ဖြစ်ပါတယ် ။ မှတ်ရရများထဲမှ အချို ့တို ့အား ပြန်လည်ဖော်ထုတ် ရေးသားပြလိုပါတယ် ။

ကျမ ကောင်းစွာ မှတ်သားနားလည် နေပြီဖြစ်သော အရွယ် ။ ရှစ်နှစ်ခွဲသမီး အရွယ်လောက်ကပါ ။ ဘဘကြီးမှာ အရေးပေါ်ကိစ္စ ခရီးတစ်ခု ထွက်စရာနဲ ့ ကြုံပါတယ် ။ ဘဘကြီး၏ အမေမှာ နေကောင်းခြင်းမရှိပါ ။ ကျမ၏အမေမှာ ဘဘကြီးတို ့မိသားစုနှင့်အတူ တကွနေထိုင်ကြီးပြင်း လာခဲ့သဖြင့် ။ ဘဘကြီးမှာ နီးရာလူဆို၍ အမေသာရှိပါတယ် ။ ဘဘကြီးကိုယ်တိုင် အမေ့အား အရေးတစ်ကြီး ခေါ်ယူကာ မိခင်ဖြစ်သူအား ခေတ္တခဏ စောင့်ရှောက်ပေးရန် မှာကြားပြော ဆိုခဲ့ပါတယ် ။

အမေကား စာတစ်လုံးမှ မဖတ်တတ်ပါ ။ ဘဘကြီးက မိခင်မှာကိုယ်ပူနေတယ် ။ အဖျားသွေးရှိနေတယ် ။ စိတ်မချနိုင်ပါ ။ ဆေးတော ့ငါတိုက်ထားတယ် ။ အဖျားသွေး ရှိမရှိ တိုင်းပေး စမ်းသပ်ကြည့်ပေး ရန်လိုအပ်တယ် ဆိုပြီး အမေ့အား ခေါ်ပြောခဲ့ပါတယ်။
ငါ သင်ပြသွားပေးမယ် ။ အမေ့အား ကြည့်မြင်ပြီး လုပ်ပေးရန် ။ ဘဘကြီးက တောင်းဆိုခဲ့ပါတယ် ။ ကျမက အမေ သွားသည့်နောက် အမေခေါ်ရာနောက် အမေအပါးမှာ တဖဝါးမခွါဘဲ ကပ်ပါလိုက်ပါ နေခဲ့ရသူတစ်ဦး ဖြစ်ခဲ့ပါတယ်။

အမေက ငါ့ကိုပြထားလည်း ငါက စာမဖတ်တတ် ။ မှားသွားမှာစိုးရိမ်တယ် ။ ခင်ပွန်းဖြစ်သူနှင့် သားသ္မီးများ အတွက် ငါ့မှာအချိန်က မအားလပ် ။ သ္မီးလေးကို ပြသွား ။ သင်ပေးသွားပါလား ။ သ္မီးလေးက နားလည်နေပြီဘဲဟု အမေကဆိုပါတယ် ။ ကလေးကတော့ ငါသင်ထားပေးပါတယ် ။ ဒါပေမယ့် အမေ့ကို ငါစိတ်မချနိုင်ဘူး နင့်နဲ ့အပ်ခဲ့ချင်တာပါ ။ နင်အလုပ်များတာ ငါနားလည်ပါတယ် ။ ငါ့မှာလည်း သားရေးသ္မီးရေး အသဲအသန် အရေးကြီးကိစ္စ ဆောင်ရွက်ရန်ရှိလို ့ရုတ်တရက် သွားရမှာမို ့ပါ ။

နင့်မှာလည်း မိသာစုကိစ္စ မအားမလပ် တရစပ်လုပ်ကိုင်နေတာတွေ ငါမြင်နေတွေ ့နေရပါတယ် ။ မိသားစုကိစ္စ အရေးကြီးတာ ငါနားလည်ပါတယ် ။ အတူတူပါဘဲ ။ ငါလည်းမတတ်သာဘူး ။ သေချာအောင် သ္မီးလေးကို အသေအချာပြပြီး သင်ပေးပြီး သွားမှရမယ် ။ အမေကလည်း ကျမအားကြည့်ပြီး အဖွားနားက တစ်ဖဝါးမှ မခွါဘဲ စောင့်ကြပ်ကြည့်ရှု နေပေးရန် ပြောဆိုပါတယ် ။
ကျမက ဘဘကြီးနှင့် အမေတို ့နှစ်ယောက်၏ မျက်နှာအား ကြည့်မြင်နေကာ စိုးရိမ်သောက ပူဝေနေတာ တွေ ့မြင်နားလည် ခံစားရပြီး အဖွားနားက တဖဝါးမှမခွါပါဘဲ နေပေးရန် ဆုံးဖြတ်မိပါတယ် ။

ဘဘကြီးက အဖျားစမ်းသပ်သည့် သာမိုမီတာ ပြဒါးတိုင် အားယူလာပြီး ။ ကျမအား သေသေချာချာ ကြည့်ကာ သ္မီးကိုပြဒါးတိုင် တိုင်းတာ တာလောက်က ငါကိုယ်တိုင် သေသေချာချာ သင်ပြထားပေးဘူးတယ် ။ အခု အဖွားကို ဘယ်လိုတိုင်းရမယ် ဆိုတာ လက်တွေ ့ထပ်ပြ သင်သွားပေးမယ် ။ သ္မီး ကြည့်မြင်ထားနော်ဟု ပြောဆိုလျှက်က ။ သာမိုမီတာ ပြဒါးတိုင် အားလက်မလက်ညိုးကြားတွင် မြဲမြဲဖိကိုင်ထားပြီး သုံးလေးချက်ခါလိုက်ခါ ဘဘကြီးက အမေဖြစ်သူ၏ ဂျိုင်းကြားထဲတွင်ထည့်ပြီး ဂျိုင်းနှင့်လက်မောင်းအား ညှပ်ထားစေလျှက် ခဏမျှထားရှိပြီး အဖျားသွေး တက်မတက် ။ သာမိုမီတာ ပြဒါးတိုင်တွင် စမ်းသပ်ပြကြည့်ပြီး ရှင်းပြမှာကြားပါတယ် ။

အပူချိန် မြင့်ပါက ရေပတ်အုပ်ပေးရန် ။ ရေပတ်အဝတ် အားရေနွေး ပူပူလေးထဲတွင် ဆွတ်ပြီး ။ရေစင်အောင် ညှစ်ပြီး ။ ရေခဲတုံး လေးများပေါ်တွင် ။ ရေပတ်တိုက်မည့် အမွှေးပွ အဝတ်ဖြူဖြူ အစလေးအား ။ ခဏတင်ပြီး ။ အအေးဓါတ် ရပါက အဖွား၏နဖူး ။ ဂျိုင်းတို ့တွင် ။ နေရာ အရွေ ့အပြောင်း ပြုလုပ်ပြီး အုပ်ပေးရန် တင်ပေးရန် ။ သေသေချာချာ လက်တွေ ့လုပ်ပြခါ သင်ပြပါတယ် ။ ရေခဲဝယ်မရကလည်း ။ ရေပတ်တိုက်မည့် အဝတ်အား ညှပ်ဖြင့် ရေနွေးပူပူတွင် ခဏစိမ်ပြီး ရေစင်အောင် ညှစ်ပြီး ။ ရေကျက်အေးတွင် ခဏပြန်စိမ် ခဏနစ်ပြီးမှ လက်ဖဝါးနှစ်ဖက်ဖြင့် အားစိုက်ညှစ်ကာ ရေကင်းစင်သည် အထိပြုလုပ်ပြီး ။ ဂျိုင်း ။ နဖူးတို (၅)မိနစ်ခန် ့မျှထိ ခဏတစ်ဖြုတ်စီ် တင်ပေး အုပ်ပေးထားပြီး ပြုလုပ်ပေးရန် ကျမအား သေသေချာချာ သင်ပြပေးပြီး ။ အထပ်ထပ် မှာကြား ပြောဆိုပါတယ် ။

အကယ်၍ အဖျားတိုင်းကြည့်ပြီး ။ အဖျား ဒီကရီ ၁၀ဝ စင်တီမီတာအောက် ၉၆စင်တီမီတာ၌ရှိနေပါက ။ ရေပတ်အုပ်ပေးစရာ မလိုပါဘဲ ။ အဖွားအား ကိုယ်လက်သန် ့စင်ပေးရန် ရေနွေး ထဲတွင် ရေပတ်တိုက်မည့် အဝတ်စအား ရေနွေးနွေးဖြင့် စိမ်ပြီး ။ ရေစင်အောင်ညှစ်ပြီး ။ အဖွား၏ ။ နဖူး ။ ဂျိုင်းကြား ။ ပေါင်ချန် နေရာတို ့အား ။ ရေပတ်ပွတ်တိုက် သန် ့ရှင်းပေးရန် ပြောဆိုပါတယ် ။ အဖွားအနားမှာ တရစပ်စောင့်ကြည့် နေနေ ပေးရန် ။ နှစ်နာရီခြား သုံးနာရီခြား တစ်ခါလောက် ။ အဖွား၏ ကိုယ်ပူ မပူ ။ အပူချိန်တိုင်းသည့် သာမိုမီတာပြဒါးတိုင်နှင့် အဖျားသွေး ရှိမရှိ စမ်းသပ်ကြည့်ပေးရန် အသေအချာ မှာကြားပါတယ် ။

အဖွား၏ လက်ဖဝါးပြင် လက်ကောက်ဝတ် နေရာ(အတွင်း)ဖက်ရှိ သွေးကြောစိမ်းစိမ်း ပေါ်နေသည့်နေရာ၌ သွေးခုန်နှုံး ပုံမှန်
ဟုတ်မဟုတ် အား ။ ကျမ၏ လက်ဖဝါးဖြင့် လက်ညိုးမှလက်သန်းအား လက်ခုံအပြင်ဖက်မှ ထား၍ကိုင်ပြီး သွေးကြောရှိသည့်
နေရာတွင် လက်မလေးနှင့် သာသာလေးဖိပြီး သွေးခုန်နှုံးပုံမှန် ရှိမရှိ သွေးတအားတိုးမတိုး လက်တွေ ့စမ်းသပ်ပြုလုပ်ပြပါတယ် ။
သွေးခုန်နှုံး ပုံမှန်ထက် အမြန်တိုးနေပါက အမေ့အား အကြောင်းကြားပြီး ဆရာဝန်ခေါ်ယူရန် အသေအချာ အထပ်ထပ်မှာကြား ပြောဆိုပါတယ်။ ဘဘကြီးက နေ ့ခြင်းအမှီ ပြန်လာနိုင်ရန် ကြိုးစားကြည့်မည် ။ အကယ်၍ မှီပါက ငါပြန်လာမည် ။ ဒါပေမယ့် မှီနိုင်ဖို ့အခွင့်အလမ်း အလွန်နည်းပါးသည်ဟု အမေနှင့် ကျမအား ။ အသေအချာ မှာကြား ပြောဆိုပြီး ။ ကားချိန် နီးကပ်သည်ထိ နေနေပြီးမှသာ ။ ကတိုက်ကရိုက်ဖြင့် ဘဘကြီးက ခရီးထွက်သွားလိုက်ပါတယ် ။

ကျမ အရွယ်ကလေး ဆိုသော်လည်း စိတ်ကနားလည် ခံစားတတ်နေပါသည် ။ ဘဘကြီးက မိဘနေမကောင်းလျှင် သူကိုယ်တိုင်ကိုယ်ကျ ပြုစုပေးတာ လုပ်ပေးနေတာတွေ ကျမမျက်မြင်တွေ ့ရှိခဲ့ဘူးပါတယ် ။ အရေးကြီးကိစ္စ သွားရစဉ် အခိုက်အတန် ့၌ပင် ။ အမေနှင့်ကျမအား ကြည့်မြင်လျှက် အသေအချာ မှာကြားပြောဆို ။ စိတ်ချသည်ထိ သင်ပြပြီးမှ ထွက်သွားခဲ့သည့် ။ဘဘကြီး၏ မိဘအပေါ်ထားရှိသည့် ။ လေးနက်လှသည့် မေတ္တာတရား အား ။ မြင်တွေ ့ရမှုအပေါ် ။ ကျမ၏ ရင်ထဲ ။ နှလုံးသားထဲ၌ နက်နက်ရှိုင်းရှိုင်း စိတ်ခံစားမှု ဖြစ်မိခဲ့ရပါတယ် ။ ခံစားတတ်ခဲ့ ။ နားလည်တတ်ခဲ့ပါတယ်။ ဘဘကြီး၏ မျက်နှာ အရိပ်အကဲ စိတ်ပူပန်ခံစားမှုအပေါ် ကျမမှ ကြက်သီးမွှေးညှင်းထလျှက် ဝမ်းနည်းဝမ်းသာ ဖြစ်မိရခါ အမည်မဖော်ပြတတ်သည့် မေတ္တာတရား စိတ်ခံစားမှု ဖြစ်ပေါ်မိပါတယ် ။
မိဘအပေါ်ထားရှိသည့် ကြီးမားလေးနက်သည့် မေတ္တာ ။ အားမြင်တွေ ့ရမှု ။ ကျေနပ်ဝမ်းသာ ။ တွေးယူခံစားမိသည့် ဝမ်းသာစိတ် ။ နေမကောင်းသဖြင့် သောကနှင့်ထွက်ခွါသွားရသည့် ဘဘကြီးအား တွေ ့မြင်ရ၍ ။ စိတ်မကောင်း ဖြစ်မိသည့်စိတ် ။ အမှန်ခံစားတတ် ။ နားလည်တတ် ။ ကိုယ်ချင်း စာတတ် သွားမိသည့်စိတ်တို ့ ။ တစ်ပြိုင်တည်း ဖြစ်ပေါ်ခံစားခဲ့ရပါတယ် ။

ဘဘကြီးကိုယ်၌ကပင် ကျမအား အချိန်ရတိုင်း ။ အခါအားလျှော်စွာတိုင်း ။ မြင်သမျှ ။ ပြုလုပ်တတ်ရန် သင်ပြပေးတတ် လေ့ရှိပါတယ် ။ ပြဒါးတိုင် တိုင်းတတ်အောင်လည်း ။ အဖွားနေမကောင်းဖြစ်မှ သင်ပေးတာမျိုး မဟုတ်ပါဘူး ။ တစ်ရက် ဘဘကြီး၏ စာကြည့်စားပွဲတွင် ခဲတံနှင့်ဘောပင် ထည့်သည့် ဖန်ဗူးလေးထဲတွင် အပူချိန်တိုင်းသည့် သာမိုမီတာပြဒါးတိုင်အား အဖုံးစွပ်လျှက် တွေ ့မိလို ့ ။ ကျမက ဘဘကြီးအား မေးမြန်းမိရာမှ ဘဘကြီးက ပြဒါးတိုင် အပူချိန် ။ တိုင်းတတ်အောင် ။ သင်ပြထားပေးခဲ့ပါတယ် ။ လိုအပ်မှ သင်ပေးတာမျိုး မဟုတ်ပါဘူး ။ သင်ရင်လဲပြည့်ပြည့်စုံစုံ နားလည်အောင် ။ သင်ပေးတာမျိုးပါ ။ ပထဝီ ဒေသန္တရ ၊ ဗဟုသုတများ မြှောင်စွာ ပြောပြ သင်ကြား ပေးလေ့ရှိပါတယ် ။

အမေက ကျမအား သာမိုမီတာပြဒါးတိုင် အပူချိန် တိုင်းတတ်တာ မသိထားပါ ။ ဘယ်အချိန်သင်ပြီး ။ ဘယ်အချိန်တတ်လည်း အမေမသိပါ ။ ဘဘကြီး၏အမေ ။ အမေ့အားလည်း ငယ်စဉ်တောင်ကျေးထဲက စောင့်ရှောက်ပြုစု ကျွေးမွေးလာခဲ့သည့် ကျေးဇူးရှင်လည်း ဖြစ်နေပါသည်။ ဘဘကြီး၏ အမေ ။ နေမကောင်း ဖြစ်နေစဉ် မသွားမဖြစ်သည့် အရေးကိစ္စ ပေါ်ပေါက်လာမှသာ ဘဘကြီး ကိုယ်တိုင် အကူညီတောင်းခံမိရာကနေ အမေသိရှိသွားခြင်း ဖြစ်ပါတယ် ။ ဘဘကြီးအားလည်း အမေက သမီးလေးနဲ ့စိတ်ချထားသွားရန် စိတ်အေးရန် မှာကြားပြီး ။ ဘဘကြီးနှင့် အပြန်အလှန် အတန်တန် မှာကြားနေကြတာ ကျမသိမြင်နေရပါတယ် ။

အမေက ကျမကို ။ ဘဘကြီး အိမ်ကလွဲရင် ဘယ်ကို်မှ ပေးမလည်ခဲ့ပါဘူး ။ ခွင့်လည်းမပြုခဲ့ပါဘူး ။ ကလေးဘဝ နားမလည်တဲ့အရွယ် ။ ဘေးအိမ်က သူငယ်ချင်းအိမ်ကို ခိုးသွားလည်တာ အမေသိရင် အရိုက်ခံရပါတယ် ။ အရိုက်ခံရပေါင်းလည်း များပါတယ် ။ ကျမက ခေါင်းမာပါတယ် ။

မနက်မိုးလင်းလည်း ဘကြီးအိမ် ။ ညနေခင်းလည်း ဘကြီးအိမ် ။ ဘကြီးကိုတွေ ့ရင်လည်း ။ ဘကြီးအိမ် ။ ကျမနှင့်ဘကြီးကား ခွဲခြား၍မရတော့ ။ ဘကြီးက မသိတာ ဘာမှမရှိပါ ။ မေးလျှင်လည်း ဘကြီးကပြောပြ ပါတယ် ။ အချိန်ရတိုင်း ။ ဘကြီးကိုမြင်တိုင်း ။ ဘကြီးဆီ ပြေးပြေး လွှားလွှားကူးချီ သန်းချီ ပြုလုပ်နေရင်းကပင် ဘကြီးဆီကနေ သင်ယူနိုင်စရာ အခွင့်အလမ်း ပိုမိုများပြားလာသလို ။ ဗဟုသုတ အမြင်လည်း မြောက်များစွာ ရရှိလာခဲ့ပါတယ် ။ ဘဘကြီးက အကြောင်းတရားကြောင့် အကျိုးတရားတို ့ ဖြစ်ပေါ်ခြင်းအပေါ် သဘာဝတရား ဓမ္မတွေနဲ ့နှိုင်းယှဉ်သဘော ပေါက်လာအောင် ရှင်းပြ ။ ပြောဆိုသင်ပြ ဆုံးမတဲ့ အတွက် ။ သိမြင်နားလည် လက်ခံ ယုံကြည်သက်ဝင် ရသည့်အပြင် ။ ဘဘကြီး၏ မေတ္တာတရား ။ ကရုဏာတရား ။ ဘဘကြီး၏ ကိုယ်ကျင့်သီလ မြဲမြံမှုများ အပေါ် ။
တစ်နေ ့တစ်ခြား လေးစား ချစ်ခင်မြတ်နိုးရသည့်စိတ် ။ ကျမ၏ရင်ထဲမှာ အစဉ်ကိန်းအောင်း ခိုဝင်နေခဲ့ပါတယ် ။

မှတ်မှတ်ရရ အနေနဲ ့။ ကျမ ကိုးနှစ်သ္မီးအရွယ် ရောက်လာတဲ့အချိန် ။ နွေရာသီ ကျောင်းပိတ်ရက် ကာလမှာ ။ နေ ့ခင်းနေ ့လည် ဘက် တွေမှာ ။ ဘဘကြီးက အချိန်နာရီတခု ။ သတ်မှတ်ထားပေးပြီး ။ ဘုရားရှိခိုး အမျိုးမျိုး ဌာန်ကရိုဏ်း ကျကျ ရွတ်ဆို တတ်အောင် သူ ့မိတ်ဆွေ တစ်ဦးကိုခေါ်ပြီး ။အလွတ်ရွတ်ဆို တတ်အောင်ဆိုပြီး ခေါ်သင်ပေးခဲ့ပါတယ် ။ ဂါထာတွေ အကျိုးအာနိသင်များ ရှိနေမှုကိုလည်း လက်တွေ ့ကျကျသင်ပြပေးပါတယ် ။ ဘုရား၏ နှုတ်ခပါတ်တော်များ အကျိုးသက်ရောက်မှုကို မျက်ဝါးထင်ထင် မြင်တွေ ့ခံစား အကျိုးရှိတာ သိရှိခဲ့ရပါတယ် ။

လူ၏စိတ်သဘောထား အမူအကျင့် စာဂတို ့ကို ကလေးဘဝ အရွယ်ထဲက သင်ကြားပြသ ထားပေးပါတယ် ။ နောင်တစ်ချိန်ကြီးပြင်း အရွယ်ရောက်လာပါက မှန်ကန်မှုရှိတာ လက်တွေ ့သိမြင်လေ့လာ နိုင်စေရန် အတွက် ကလေးဘဝ အရွယ်ထဲက ပြောပြထားခြင်း ဖြစ်တာကိုပါ ရှင်းပြလေ့ရှိတတ်ပါတယ် ။ ကျမအနေနဲ ့ ဒီအသက်အရွယ်ထိ ရောက်ရှိလာသည့်တိုင်အောင် ဘဘကြီးသင်ပြ ပြောပြဆိုထားတွေ အားလုံးက အသုံးဝင်လျှက် ဝင်နေဆဲရှိနေပါတယ် ။

အိမ်မွေး တိရစ္ဆာန်တွေ အပေါ်ကျွေးမွေးတာက အစ ။ အစစ အရာရာ ဂရုတစိုက် ကျွေးမွေးတာ ။ နိစ္စဒူဝ တွေ ့ကြုံနေရပါတယ် ။ ဒိအပြင် လည်း၊အိမ်ရှိတွယ်ကပ် နေတတ်ကြသည့် ပုရောဆိတ် ပိုးဟပ်ကအစ ။ သူတို ့အသက်မသေ မသတ်မပြုရပါဘဲ မလာနိုင်အောင် တားမြစ်နိုင်တာ ။ လက်တွေ ့ကျကျ ပြုလုပ်ပြတတ် ။ သင်ပြပေးတတ်လို ့ဘဘကြီးကို ။ ကျမရင်ထဲမှာ ချစ်ခင်လေးစား တွယ်တာလာမိခဲ့ပါတယ် ။ သတ္တဝါများ အပေါ် သနားကြင်နာမှု နေ ့စဉ်မြင်တွေ ့နေရတာ ။ အရာရာကို အကျိုးနဲ ့အကြောင်း ပြောဆိုရှင်းပြ တတ်သည့်အတွက် ။ ကျမ ဘဝတစ်လျှောက်လုံး မိတ်ဆွေဘဘကြီး၏ လမ်းညွှန်ပြသမှု အောက်တွင် နေထိုင်ကြီးပြင်းခဲ့သဖြင့် ။ မိတ်ဆွေ ဘဘကြီး၏ စိတ်စေတနာများ ။ မေတ္တာတရား ။ ကရုဏာတရား ။ ကြီးမားစွာထားရှိနိုင်မှု အကျင့်ကောင်း အကျင့်မြတ်တို ့အား အတုယူအားကြမိရခါ။
မွန်မြတ်သည့်စိတ်ဖြင့် လိုက်နာကျင့်သုံး နေထိုင်တတ်ခဲ့ပါတယ် ။ ကျမဘဝအတွက် ကျေးဇူးရှိသော ဘဘကြီးပါပေ။။။

25 comments

  • မောင်ပေ

    December 22, 2012 at 8:57 pm

    ဒေါ်လေးကေ ရေ ဖတ်ရှုအားပေးသွားပါတယ်
    ဘဘကြီး
    ကကစီး
    ပပထီး
    မမပြီး
    ရရတီး

    • aye.kk

      December 22, 2012 at 11:21 pm

      မောင်ပေ
      ဦးဆုံးရှယ်
      သုံးဦးနှယ်
      ဆည်းကပ်ကွယ်
      ကြီးမြတ်တယ်။။

  • ဦးကြောင်ကြီး

    December 22, 2012 at 9:11 pm

    ဘဘကြီး
    တတပြီး
    မမညည်း
    ကကစီး
    လှပဖီး
    ပသရွှီး
    ညမှနီး
    ထကသတည်း..

    • aye.kk

      December 22, 2012 at 11:24 pm

      ကြောင်ကြီး
      သီလဖြူစင်၊လူသူတော်လျှင်
      ကိုးကွယ်ဆည်းကပ်၊မြတ်နိုးအပ်။။

  • အမရေ ကိုယ်သွန်သင်ညွှန်ပြပေးနိုင်သူနဲ့
    ဆုံတွေခွင့်ရတယ်ဆိုတာ တကယ့်လာဘ်တစ်ပါးလို့ ခံယူမိပါတယ်။

    • aye.kk

      December 22, 2012 at 11:27 pm

      ကိုပေါက်
      ကျေးဇူးပါ။
      မိုးနတ်မင်းကပေးတဲ့ဆုလာဘ်ပါ။

  • uncle gyi

    December 22, 2012 at 9:57 pm

    ဒါကြောင့်လည်းဦးခေါင်းသုံးလုံးရှိသူကိုစည်းကပ်ပါလို့ပြောတာပေါ့ဗျာ
    ဒါပေမဲ့တချို့ဦးခေါင်းသုံးလုံးတွေကဆန်ကုုန်မြေလေးတွေ
    သူတို့ကိုစည်းကပ်ရင်တော့မှားမယ်နော်သတိနဲ့ကြည့်ရှောင်မအေးရေ

    • padonmar

      December 22, 2012 at 10:52 pm

      အန်ကယ်ဂျီးရေ
      လူကြီးတွေကို စည်းမကပ်ပါနဲ့နော် ဆည်းကပ်ပါ။

      အေးကေကေရေ
      နေ့စဉ်ဒူဝ မတွေ့မြင်ပါနဲ့။နိစ္စဓူဝ တွေ့ကြပါစို့။

      လူကြီးတွေကို သတ်ပုံပြင်တာ ချိတ်မချိုးကြပါနဲ့နော်။

      သတ်ပုံဂိုဏ်းချုပ်ကိုယ်စား
      ပဒုမ္မာ
      ………

      ပို့စ်အကြောင်းမန့်ပါမယ်။
      ဘဘကြီးလို လူကြီးတွေ များများရှိစေချင်ပါတယ်။အေးကေကေလို လိုက်နာ မှတ်သားတတ်တဲ့ (သုဝစောစဿ ဂုဏ်ရှိတဲ့)လူငယ်တွေလည်း (အဲဒီတုံးကလူငယ်ပေါ့နော်)များများရှိစေချင်ပါတယ်။

      • ဦးကြောင်ကြီး

        December 22, 2012 at 11:11 pm

        ဟုတ်ဖူးလေ အန်တယ်ဂျီးပြောတာ တချို့လူဂျီးတွေက ကပ်စီးနဲတယ်၊ တချို့လည်း ကပ်စီးတယ် (ကား)၊ တချို့ကြတော့ မခွာနိုင်အောင် စီးကပ်ထားမှ တော်ကာကြတယ်။ အဲလို အဲလို..
        ကြေးမုံဂျီးကြတော့ catစီးသဗျ…
        ဟဲ့ကြောင် ဒက်ကလုပ် ဒက်ကလုပ်….
        အိုကွယ် ကြေးမုံဂျီးကလည်း ဆင်းပါဆို လူတွေဂျားထဲ ချက်ခြာဂျီး…။ 😳

      • aye.kk

        December 22, 2012 at 11:17 pm

        ကျေးဇူးပါ။
        ဒေါက်တာရေ
        သတ်ပုံမှားလေးပြင်လိုက်ပါပြီ။။

    • aye.kk

      December 22, 2012 at 11:34 pm

      အန်ကယ်ကြီးရေ
      စေတနာကိုကျေးဇူးပါ။
      လူတွေရဲ ့ရုပ်လက္ခဏာစိတ်သဘောကို
      ငယ်စဉ်ထဲကလေ့လာစောင့်ကြည့်တတ်သည့်အတွက်
      ဝေးဝေးကရှောင်ပါတယ်။။

  • uncle gyi

    December 22, 2012 at 10:58 pm

    padonmar ရေစိတ်ဆိုးစရာလို့မယူဆပါဖူးမှန်တာရေးတာပဲ
    ပညာရှိသတိဖြစ်ခဲတဲ့အဲလိုအခါသတိပေးတာကျေးဇုူးပါကွယ်

  • koaung

    December 22, 2012 at 11:42 pm

    ဘဝမှာမှတ်မှတ်ရရ လေးစားရတဲ့လူကြီးတွေတော်တော် များများတွေ့ခဲ့ဘူးသလို ယနေ့တိုင်အောင်လွမ်းနေမိတယ်(သူတို့ရဲ့ကျေးဇူးတရားတွေကိုလည်းအမြဲမြင်ယောင်နေမိတယ်) အမအေးစာကိုဖတ်ပြီးမှ

    • aye.kk

      December 23, 2012 at 7:35 am

      ကိုအောင်
      ကျေးဇူးပါ။
      ဖတ်ရှုအားပေးတာဝမ်းသာမိပါတယ်။
      အမဘဝအတွက်တော။့
      ကျေးဇူးရှိသောဘဘကြီးကကြာလိုလူပါဘဲ။။

  • mobile (mandalay)

    December 23, 2012 at 12:21 am

    ဖတ်ရှု့အားပေးသွားပါဒယ်ခီညာ

  • aye.kk

    December 23, 2012 at 7:37 am

    မိုဘိုင်းရေ
    ကျေးကျေးကမ္ဘာပါ။

  • ကိုရင်စည်သူ

    December 23, 2012 at 3:30 pm

    အန်တီရေ… အလုပ်များလို့ ခု တနင်္ဂနွေမှပဲ ရွာထဲလည်ဖြစ်တယ်..
    အကြွေးစာရင်းတွေမှတ်ထားပေးပါဗျာ… ပြန်လာမှ အန်တီတူမရှိတဲ့
    ချင်းမိုင်ကို လိုက်ပို့ပေးပြီး ဆပ်ပါ့မယ်။
    သက်ကြီးစကားသက်ငယ်ကြားအနေနဲ့… အန်တီတူမနဲ့ပတ်သက်ပြီး
    ဘာဆုံးဖြတ်ဖြတ်လက်ခံပါ့မယ်ဗျာ.. :kwi:

    • aye.kk

      December 24, 2012 at 9:36 am

      စည်သူ
      ဝင်ရောက်ဖတ်ရှုသွားတာ
      ဝမ်းသာကျေးဇူးတင်ပါတယ်။
      စကားမစပ်
      ယပလက်စာသင်ပြီး။ရအောင်ပိုးကြည့်လေ။

      • ဦးကြောင်ကြီး

        December 24, 2012 at 10:24 am

        ယပလက်စာ
        ကြွတက်ငါ
        ထဖက်ကွာ
        ညဖက်မှာ
        ပြဇာတ်ထှာ
        လှနတ်ဖြာ
        တသက်လျာ
        ခွချက်ပါ…။ :harr:

  • ခိုင်ဇာ

    December 23, 2012 at 3:49 pm

    တီအေး ရေ။ တီအေးကိုယ်တိုင်က လည်း လူကြီး နားနေပြီး မှတ်မှတ် သားသားရှိလို့ လည်း ကောင်းတဲ့ အကျင့်တွေ၊ ကောင်းမွေတွေရလာတာပေါ့။
    ခုခေတ်ကတော့ ပညာရမဲ့ လူကြီးသူမနား နေချင်တဲ့သူ အရှားသားကလား။

    • aye.kk

      December 24, 2012 at 9:52 am

      ခိုင်ဇာရေ
      ဖတ်ရှုအားပေးတာဝမ်းမိရပါတယ်။
      အန်တီပြောပြချင်မိတာက…။
      အခုခေတ်လူငယ်တွေကိုပေါ့နော်။
      ခေါင်းသုံးလုံးအဖိုးအိုဆိုတာချည်းကပ်သင့်တဲ့သူဆိုတာကိုပါ။
      သက်တမ်း(၁၀၀)နီးကပ်လာတဲ့အရွယ်ဟာ။
      ထိုင်လိုက်ရင်ဒူးဂေါင်းနှစ်လုံးနဲ ့ဦးခေါင်းတို ့ဟာအတူတူထိနေပါပြီ။
      လောကဓံအတွေ ့အကြုံစုံခဲ့ပြီမို ့။အမှားအမှန်။အဆိုးအကောင်း။ ခွဲခြားနားလည်ပြီး။
      လောကကိုအကောင်းဆုံးဘယ်လိုဖြတ်သန်းကျော်လွှားနိုင်ရမယ်ဆိုတဲ့အတွေးအခေါ်ဒဿနတွေ။
      ချပြနိုင်တာမို ့။ဗဟုသုတနည်းနာရယူ။ဆည်းကပ်သင့်ကြောင်းပြောပြချင်မိပါတယ်။။

  • သက်ကြီးဝါကြီးတွေကိုဆည်းကပ်ခြင်းဟာအရမ်းအကျိုးကြီးပါတယ်
    ဥပမာ-ဒီရွာထဲမှာပဲကြည့်ပါ.
    တစ်ခြားဆိုဒ်တွေနဲ့ယှဉ်ရင် အသက်အရွယ်၊အတွေ့အကြုံရင့်တဲ့လူတွေပိုများတော့
    တစ်ခြားဆိုဒ်တွေထက် အသိပညာဗဟုသုတအရမ်းကြွယ်ဝရတယ်။
    အသက်အရွယ်ကြီးသူတွေကိုချဉ်းကပ်ခြင်းဟာ..အရက်သမားပင်ဖြစ်စေဦး သူ့ရဲ့ဖြတ်သန်းလာရတဲ့ဘဝအတွေ့အကြုံကိုတော့ဥပမာယူလို့ရသေးတာပဲ။
    ကျွန်မတော့ကိုယ့်ထက်အသက်ကြီးတဲ့လူတွေနဲ့စကားပြောရတာ အရမ်းသဘောကျတယ်။

  • aye.kk

    December 24, 2012 at 10:01 am

    နန်းတော်ရာသူ
    ဖတ်ရှုအားပေးတာသိရလို ့ကျေးဇူးတင်ဝမ်းသာမိရပါတယ်ကွယ်။
    အန်တီအနေနဲ ့ကတော့…။
    ဂေဇက်ထဲမှာပညာတတ်သူတွေရဲ ့ရင့်ကျက်တဲ့အတွေးအခေါ်အရေးအသားတွေ။
    လူငယ်တွေရဲ ့အသိပညာကြွယ်ဝမှုပြည့်စုံပြီးရေးသားထားတာတွေကို
    ဖတ်ရှုရတာအရမ်းသဘောကျနှစ်သက်မိပါတယ်။
    ဒါကြောင့်မို ့လည်းဂေဇက်ကိုလည်းအမြဲဖတ်နေ။အားပေးနေမိပါတယ်။။

  • pooch

    December 24, 2012 at 11:59 am

    အန်တီအေးရေ ကျမငယ်ငယ်က ပြဒါးတိုင်ကို ရေနွေးနဲ့ ဆေးလို့ ခွပ်ကနဲ့ ကွဲပြီး ပြဒါးလေး ထွက်လာဖူးတယ်။
    အဲ့တုန်းကတော့ အဆူခံရတာပေါ့ ။ ငယ်ကလည်း ငယ် ခုမှ စတိုင်းဖူးတာဆိုတော့ စင်အောင်ဆိုပြီး ရေဆေးတာကို လျှာရှည်ပြီး ရေနွေးနဲ့ လောင်းဆေးတာလေ။

    ခုလို လူကြီးသူမများနဲ့ ဆုံစည်းခွင့်ရခဲ့တာကလည်း မင်္ဂလာတပါးပါပဲ နော်။

  • aye.kk

    December 24, 2012 at 3:57 pm

    pooch
    ကျေးဇူးပါ။
    အန်တီပြောချင်မိတာက..။
    မေတ္တာတရားကြီးမားတဲ့သူရဲ ့အရိပ်အာဝါသအောက်မှာ
    နေထိုင်ခိုလှုံခွင့်ရရှိတာဟာ အေးမြပြီး အန္တရာယ်ကင်းပပါတယ်။။

Leave a Reply