အိမ်မပြန်ခင် ၃ရက် အမှတ်တရ

koaungDecember 22, 20123min38533

အိမ်ပြန်ဖို့အားလုံးပေါင်းခွင့်၈ရက်ရခဲ့ပေမဲ့ မြန်မာပြည်မပြန်ခင်၃ရက်ကို ထိုင်ဝမ်နိုင်ငံတောင်ပိုင်းကိုမိသားစုသွားလည်ဖို့  ဆုံးဖြတ်ခဲ့ပြီးထိုင်ဝမ်နိုင်ငံတောင်ပိုင်းကိုရောက်ခဲ့ပါတယ် ထိုင်ပေမှကီလို၆၀ဝကျော်ဝေးတဲ့ ကောင်းရှုံမြို့ကို
အရင်ရောက်ခဲ့ပါတယ်  ပထမညကအဲဒီမှာဘဲ အချိန်ကုန်ခဲ့ပါတယ်ဇနီးဖြစ်သူရဲ့ညီမအိမ်ပါ  နောက်တနေ့မနက်မှာ ကား၂စီးနဲ့  ဆောက်ပြီးခါစမြို့ပြဖြစ်တဲ့ ကောင်းရှုံ(အိတမြို့) ကိုသွားခဲ့ပြီအဲဒီကဟိုတယ်မှာ ဒုတိယညပေါ့

၁၉၄၀ဝန်းကျင်ကဂျပန်တွေဆောက်ပေးသွားတဲ့တံတားရဲ့ညမြင်ကွင်း
၁၉၄၀ဝန်းကျင်ကဂျပန်တွေဆောက်ပေးသွားတဲ့တံတားရဲ့ညမြင်ကွင်း

ဆောက်ပြီးကာစမြို့ပြဆိုတော့ ကြည့်ရတာအားလုံးဟာ လှပသပ်ရပ်နေပါတယ်  ကလေးတွေကတော့ခရီးထွက်ရတာကိုဘဲပျော်နေကြပါတယ် ဗဟုသူတအနေနဲ့ရှိတဲ့ဓတ်ပုံလေးတွေတင်ပေးလိုက်ပါတယ်

ဟိုတယ်အဝင်ဝ
ဟိုတယ်အဝင်ဝ

082

096

အိတမြို့ပြနှင့်ဟိုတယ်(2)
အိတမြို့ပြနှင့်ဟိုတယ်(2)

 

089

 

ဟိုတယ်ခက၂ယောက်တခန်းကို ဒေါ်လှ၁၇ဝပါ

နောက်တနေ့မနက်တတိရနေ့မှာ  ကန်တင်းမြို့ကိုခရီးဆက်ခဲ့ပါတယ်ကီလိုမီတာ၆ဝခံ့ဆက်သွားရပါတယ်  အဲဒီမှာပင်လည်ဝပေါ့

တည်းခဲ့တဲ့ဘန်ဂလို ၂ယောက်ခန်းတခန်းကိုတည ဒေါ်လှ၁၅၀
တည်းခဲ့တဲ့ဘန်ဂလို ၂ယောက်ခန်းတခန်းကိုတည ဒေါ်လှ၁၅၀

 

139
တိမ်လွှာမို့မို့လွင်

 

008

179
နေဝင်းကြည်ရဲ့တရော အဲလေနေဝင်ရီတရော

 

 

161

 

အဲဒီမှာဘဲ၃ရက်ခရီးဆုံးလို့  နောက်တနေမှာမြန်မာပြည်ခရီးဆက်ခဲ့တာပါ

စားကြပါဦးလား  ငါးကျော်
စားကြပါဦးလား ငါးကျော်

 

 

မြန်မာပြည်မပြန်ခင်၃ရက်  ထိုင်ဝမ်တောင်ပိုင်းခရီးဖြစ်ပါတယ် ကျန်းမာကြပါစေ

 

 

 

33 comments

  • မောင်ပေ

    December 22, 2012 at 8:03 pm

    ည ဝီဝီ နဲ ့ တွဲ ဖို ့
    အန်ကယ်ကိုအောင့် ငါးကြော်များကို မသွားပါကြောင်း
    အဲဒါ အဲဒါ

  • ဦးကြောင်ကြီး

    December 22, 2012 at 9:50 pm

    သမီးလေးတွေလည်း မတွေ့ပါလား ကျောင်းဒကာဂျီးရဲ့…။
    ဦးအောင်နဲ့
    ဦးကြောင်
    ထူးပြောင်လို့
    မူးထောင်
    ဒူးချောင်စို့
    ဘူးကောင်
    ဖူးယောင်ပျို့
    ခြူးဆောင်…။

  • MaMa

    December 22, 2012 at 11:07 pm

    မြန်မာပြည်ပြန်လာလို့ ပိတ်ရက်အရှည်ကြီး ရတယ် ထင်နေတာ။
    ပိတ်ရက် ၈ရက်ကို ကျိုက်ထီးရိုးအထိရောက်တယ်ဆိုတော့…
    အတော်သွားနိုင်တာပဲ။
    ခရီးလည်း အတော်ပမ်းလိမ့်မယ်။

  • padonmar

    December 23, 2012 at 12:42 am

    5star hotel တစ်ည ဒေါ်လာ 170 ဆိုတော့ မဆိုးဘူးပေါ့နော်။
    ဒီက ဆီဒိုးနားတိူ့ ထရိတ်ဒါးတို့လည်း အဲဒီလောက်ရှိမယ်။

    • koaung

      December 23, 2012 at 7:17 pm

      MaMa & Sayarmagyi padonmar လေးစားရပါသော မမနှင့် ဆရာမကြီး ပဒုံမာ ခင်ဗျား တနေ့လုဎ်မှတနေ့စားရတဲ့ ဘဝမို့ (ကွန်မန်ဒါမို့) ခွင့်ယူရတာမလွယ်တာမို့ ဒီလိုကလေးတွေနဲ့ ဒီမှာကောမြန်မာပြည်မှာပါဆွေပြမျိုးပြ အပြေးအလွှား စီစဉ်ရတာပါဗျာ ကျည်ဆံရထားကထိုင်ပေက
      ကောင်းရှုံ ကို၁နာရီခွဲဘဲကြာပါတယ် အချိန်ကုန်သက်သာတာပေါ့နော် ပထမချောင်းသာပါသွားမလို့ မိုးရာသီမို့မသွားဖြစ်ဘဲ အမေ့အနားမှာဘဲနေဖြစ်ခဲ့ပါတယ် အဲဒါကဘဲခပ်ကောင်းကောင်းဖြစ်သွားတယ် အခုအချိန်အမေဟာ စကားပြောဖို့တောင်အားရှိပုံ မရ ဆေးရုံကပြန်ဆင်းလာပြီး ဦးဝိစာရလမ်းကအိမ် ကိုပြန်ရောက်လာပါပြီ
      ဆရာမကြီးခင်ဗျာ ၅စတား ဟိုတယ်တွေ ကျနော်သိပ်မနှစ်သက်ဘူးဗျ အိမ်ကအိပ်နေကျ ဂေါင်းအုမ်းမာမာနဲ့ မွေရာမပါတဲ့အိပ်ရာကိုဘဲနှစ်သက် အလေ့အကျင့်ဖြစ်တတ်တယ် ဆံထုံးနောက်ရောင်ပါ လေ သူတို့မောင်နှမတွေစီစဉ်တာမို့
      လိုက်သွားရတာပါ ကိုယ့်ဘာသာဆို ဒီပိုက်ဆံကိုလှူဘို့ဘဲစဉ်းစားမိမှာ သွားတော့လဲဝါသနာအရ ဒါ့ပွန်ရိုက်ဖြစ်တာပါဗျာ မြို့သစ်သာလုဎ်ထားတယ် တချို့နေရာတွေမှာ တန်းလန်းတွေ (ထင်သလိုမဖြစ်လို့ရပ်ထားပုံရတယ်)

      • koaung

        December 24, 2012 at 2:57 am

        aanyar thar ရေကျေးကျေးနော် ဈေးကြီးတယ်နော် အင်တာနေရှင်နယ်ဈေးနဲ့တော်တော်လေးကွာနေတယ် ဟိုတယ်တွေမှာရင်းနှီးရင်ရင်းနှီး သလိုဈေးချတာတွေလဲရှိတယ် အမေရိကမှာ သူကြီးသွားမဲ့ဟော်တယ်ဈေးတွေ့လား သူတို့ဈေး
        နဲ့ပြောရငလည်း ကွာတာပေါ့နော် နှစ်သစ်ကူးဆိုဈေးအကြီးဆုံး နေရာတောင်ဘုက်လုဎ်လို့မလွယ်ပါ (ကြုံတုံး ဟော်တယ်မှာ ခေါက်ဆွဲဘူးစားသူများသတိထားပါဗျိုး မတော်ဘူးမှောက်ပြီး အဆမတန်ရော်လိုက်ရတဲ့လူတွေတွေ့ဘူးလို့ပါ)

        • koaung

          December 24, 2012 at 3:24 am

          အခန်းထဲမှာအစာပြေအလွယ်တကူစားရင်း ဟော်တယ်မှကော်ဇောပေါ်မှောက်ကျသွားလို့ မှတ်ပါ

  • kai

    December 23, 2012 at 3:25 pm

    စနေနေ့ (၂၂)ကနေ.. နောက်နှစ် ၁ရက်နေ့အထိ.. ရုံးပိတ်သွားပါပြီ..
    ဆိုတော့…
    ဆန်ဖရန်ကို.. ပစိဖိတ်ကမ်းရိုးတမ်းတလျှောက်ကနေ.. ကားနဲ့သွားမလို့ပြင်တာမှာ.. ဆန်ဖရန်နားက Marriott Hotelကို.. တည၁၂ဝတန်.. အသိတယောက်ကမိတ်ဆက်ပေးတာမို့.. ကုဒ်နံပါတ်လေးထည့်.. ဘွတ်ကင်လုပ်တာ.. အခွန်အပြီးအစီး ၇၅နဲ့ရတယ်..။
    ဆန်ဖရန်ရယ်.. နပလို့ခေါ်တဲ့..ဝိုင်ထွက်တဲ့နေရာရယ်ကို.. လည်လည်သွားမယ်..

    ဓါတ်ပုံတွေတင်ပေးပါမယ်..။
    အဘဖောနဲ့.. ကိုအောင်တို့ကို.. အားကျလာလို့..။
    စကားအတင်းစပ်..
    သမီးချောတွေပုံတင်ထားရက်နဲ့.. ကိုရင်ကြောင်ကြီး..ကြောင်တောင်ကန်းသလား.. ပုံကနောက်ကလိုက်လာတာလား.. တွေးနေမိပါရဲ့..။ :kwi:

    • koaung

      December 23, 2012 at 7:22 pm

      ဆရာသူကြီးခင်ဗျား ဆရာဓတ်ပုံများစောင့်နေတာကြာပေါ့ ကင်မရာမှိုတတ်သွားမယ်နော ဆရာ့ရဲ့တောလားကိုစောင့်နေပါမိအကြောင်း :mrgreen:

    • Foreign Resident

      December 24, 2012 at 5:00 am

      ” Marriott Hotelကို.. ဘွတ်ကင်လုပ်တာ.. အခွန်အပြီးအစီး ၇၅နဲ့ရတယ် ”

      သူကြီး တို့ အမေရိက နေသူများ ၊ ကံကောင်းလှပါတယ် ။ တကယ် ။
      ကုန်ဈေးနှုန်းတွေ သက်သာအောင် ၊
      အစိုးရ ဘယ်လိုများ လုပ်ထားလဲ မသိ ။

      Sydney မှာ New Year မီးပန်း မြင်ရမယ့် Hotel တွေ
      New Year eve ည အတွက် ဒေါ်လှ ၅၀ဝ အောက် မရှိဘူး ။

  • ခိုင်ဇာ

    December 23, 2012 at 3:53 pm

    မနေ့က ကျနော် ကြည့်တုန်းကလည်း အဲ့ ညီမလေးတွေ ပုံ တွေ မတွေ့ဘူး။
    တိမ်နဲ့ ကျောက်ဆောင် ပုံတော့ အတော် သဘောကျသဗျာ။ လွမ်းစရာ။ 🙂

    • koaung

      December 23, 2012 at 7:28 pm

      မခိုင်ဇာခင်ဗျား ပထမလူပုံမပါပါ (ကျနော့သမီးတွေသူတို့ပုံတင်တာသိရင်ဆဲခံရမှာ ကြည့်ပါလားဗျာ ဓတ်ပုံရိုက်တာတောင်မိုက်ကန်းကန်းနဲ့ )(အဖေနဲ့တူလို့နေမှာ) ကိုကြောင်ကြီးသူငယ်နာယောဂါသက်သာအောင် တင်လိုက်တာ
      ကွန်မန်းအတွက်ကျေးဇူးတင်လျှက်

  • koaung

    December 23, 2012 at 6:50 pm

    ကိုပေ အဲဒီငါးကအသားနုပြီး အရိုးနဲတယ်ဗျ ကျော်စားတာမှကောင်းတာဗျ ဘီဘီနဲ့အလိုက်ဆုံး

    ဦးကြောင်ကြီး ဒူးတော့မချောင်ပါရစေနဲ့ စက်ဘီးအမြဲစီး နေရလို့

    ကိုပေါက်(မန္တလေး) ကိုပေါက်ပုံတွေအားကျလို့တင်ကြည့်တာ :mrgreen:

  • ဦးကြောင်ကြီး

    December 23, 2012 at 8:47 pm

    တမီးလေးတွေကလည်း ဘယ်နှယ် ရေထဲဆင်းတာ ဘောင်းဘီလက်ရှည်ဂျီး ဝတ်ရသလား… အဲလိုလုပ်နဲ့လေ… လွတ်လပ်တဲ့တိုင်းပြည်မှာ လွတ်လွတ်လပ်လပ် နေကြပါ။ ဦးကြောင်ကြီးဆို ဟောင်းလောင်း… (how long)
    ဘယ်လောက်ရှည်သလဲဆို (အသက်ပြောတာနော်) ၁၂ဝရှိပြီ။ အဲဒါ လွတ်လပ်ပေါ့ပါးစွာနေခြင်း အကျိုးပေါ့….။

  • koaung

    December 23, 2012 at 10:52 pm

    ဪကျေးဈဇူးတော်ရှင်ကြီး ကိုကြောင်ရယ် အဖေကိုကုသိုယ်ရအောင်သမီးတွေကိုလေလံတင်ခိုင်းနေတာလား ကျနော်လူပေါင်းမှားတာပါဗျာ ဒါနဲ့အတက်က၂၁ဝဟုက်ဝူးလား ၁၂ဝလား ဒါဆိုတော်တော်တိုမှာနော့ (oh!!! my kidding)

  • အရီးခင်လတ်

    December 24, 2012 at 5:11 am

    သမီးလေး တွေကတော့ အချောစားလေးတွေဘဲ ကိုအောင်ရေ။
    တိမ်တွေတောက်နေတာကလဲ လှ၊ ငါးကြော်ကလဲ သွားရည်ကျစရာ။
    ကကြောင်ကြီး တို့များ ကိုယ်နဲ့ ဆိုင်ရာ ငါးကြော် ကိုတော့ မငမ်းဘူး။

    သူကြီး ရဲ့ တောလား ကိုလဲ မျှော်နေပါတယ်။
    US ကို သွားလည် ဖို့တော့ အိမ်မက်တောင် မမက်နိုင်တဲ့ ဘဝ မို့ သူများ ပုံတွေ ကြည့်ပြီး သာ ရောက်ဖူး လိုက်တော့မယ်။ :harr:

    • kai

      December 24, 2012 at 6:44 am

      မှိုတက်လုကင်မရာနဲ့..ရိုက်တင်ပါ့မယ်..။
      အရီးလတ်ကလည်း..
      ရန်ကုန်ပြန်ရင်.. ယူအက်စ်ကလှည့်ပြန်ပေါ့..
      အပြန်ကျ.. ဥရောပဖက်ကပြန်..
      ကမ္ဘာတပါတ်ပါတ်ပြီးဖြစ်ရော..။ လေယာဉ်စရိပ်ထူးမကွာလောက်ပါဘူး..။
      ဗီဇာကလည်း.. အင်္ဂလန်ကဆို.. မခက်ပါဘူး.။

      အသိမမှားရင်…
      ဆရာအောင့်ပုံနံပါတ်၄ က.. တိမ်က.. အတုကြီး..
      ယူအက်စ်မှာရော..ဂျပန်မှာပါ.. အဲလိုဗီးနစ်ပ်ဖိုတ့်လိုဟာတွေရှိတယ်..။ :kwi:

      • pooch

        December 24, 2012 at 12:17 pm

        အဟမ်း သများကတော့ Canon EOS 1100 D အသစ်စက်စက်နဲ့
        နယူးရီးယားကို နွှဲပါ့မယ်။ :mrgreen:

        ်ဝယ်သာဝယ်လိုက်ရတယ် Function တွေ ဘာမှ မသိလို့ စမ်းတဝါးဝါးဖြစ်နေပါတယ်။ manual တွေ ဖတ်ဖို့လည်း ပျင်းနေလို့ ကူနိုင်သူများ ကူရင်ကောင်းမှာ ဟီး ။

        နယူးရီးယား အပြန် အပြိုင်အဆိုင် တင်ကြတာပေါ့နော်။ပုံထွက် မလှလို့ကတော့ မတင်ဘူး ။

        ကိုအောင်ရေ ကမ်းခြေက ဇောက်က သိပ်ပြီး ရေဆော့ဖို့ အဆင်မပြေဘူး မှတ်တယ်။ လှတော့လှတယ်။ ကျမကကမ်းခြေဆို ပြန့်ပြီး သဲတွေနဲ့ ဆော့ရတာမျိုးကို ပိုသဘောကျတယ် ။

        ကျမနောက်နှစ်ထဲ ရောက်ခဲလှတဲ့ ပြည်တွင်းခရီးတခုကို အားခဲထားတယ်။
        ဝေးလံခေါင်သီတဲ့ အရပ်ပေါ့ ။ သို့သော် သဘဝတရားရဲ့ လျှို့ဝှက်ချက်တွေ တူးဖော်ခွင့်ရှိမဲ့ နေရာပေါ့ ။ ကျန်းမာရေးကောင်းအောင် သေချာလေး ထရိန်းလုပ်ဖို့ စဉ်းစားနေတယ်။

        • koaung

          December 24, 2012 at 5:15 pm

          Me: ဪ ကုုန်အုုန်းမယ် တယောက်တော့လာပြီ ကင်မရာအသုုံးအဆောင်လေးပါ မဝယ်တော့ဘူးလား
          နောက်တာပါဗျိ ူး ပင်လယ် ဝကအရှည်ကြီးဗျ အဲဒီနေရာကရေငုုတ်တဲ့နေရာဗျ သဲဖြ ူနေရာလည်း
          ရှိပါ ့ သွားတော့သွားချင်သား ဘီကီနီလေးတွေနဲ ့ အရောင်စုုံဘဲ ပြောကိုုပြောချင်ဘူး ဘေးမှာနဂါး
          မျက်စောင်းအကြောင်း မရွေးတဲ့ ချစ်မညီးတဲ့ ချစ်ဇနီးက ရှိနေတော့ ပင်လယ်နဲ ့တောင်တွေဘဲလှည့်
          ရုိုက်နေရတာ နေအဝင်ရိုုက်တာ တနာရီကျော်ကြာလိုု ့ ညကျဒေါ့ ကားပိတ်ပြီး ဘန်ဂလိုုမှာ ခေါက်
          ဆွဲဘူးနဲ ့ ကျေနပ်လိုုက်ရတယ် တံတားကိုုရိုုက်ဘိုု ့လည်းတနာရီလောက် သွားရတယ် အစက
          ပုုံတွေမတင်တော့ ဘူးလိုု ့နေတာ ပင်ပန်းတာတွေ အမှတ်ရပြီးအားလုုံး မျက်စိနေုာက်အောင်တင်
          လိုုက်တာ သည်းခံအားပေးတဲ့အတွက် ကျေးဇူးအထူး တင်ပါကြောင်း. :mrgreen:

      • koaung

        December 24, 2012 at 1:52 pm

        ဟုုတ်တယ်သူကြီးခင်ဗျား ဓါတ်ပုုံကအဆောက်အဦး အတွင်းပိုုင်းမှာရိုုက်ထားတာ ဘယ်လိုုလုုပ်ထားသည်မသိ
        လှပသောအရောင်များထွက်နေပါ၏ အဲဒီအထဲမှာဈေးကြီးတာတွေ ရောင်းတာဗျရိုုးရက် နာရီ အယ်ဗီအိတ်
        ရေမွှှေး ဘာမှဝယ်ခဲ့ဝူး

    • koaung

      December 24, 2012 at 2:02 pm

      Me: မလတ်ခင်ဗျားသူကြီးက တောမလားခင် လူလားနေတယ် အယ်အေမှာ မုုန့် ့ညင်းခါးချက်ခိုုင်းမလိုု ့တဲ့. :mrgreen:

  • ဆူး

    December 24, 2012 at 11:48 am

    ဟိုတယ် ကို ရိုက်ထားတာ ကြည့်ပြီး သိပ်သဘောကျမိတယ်။
    ဟိုတယ် တည်ဆောက်ပုံ ဒီဇိုင်းလေးက ငါးကြော် လေး ထက် ပို စိတ်ဝင်စားဖို့ သိပ်ကောင်းနေတယ်။
    ငါးကြော်လေးလည်း စားကောင်းမယ် ထင်တယ်နော်..

    • koaung

      December 24, 2012 at 4:43 pm

      : မဆူးခင်ဗျား ကျေးဇူးပါနော် ပရဟိတကိုုလူငယ်ပေမဲ့ လေးလေးနက်နက် အားထက်သရောလုုပ်ဆောင်
      နေတာကိုုအထူးလေးစား မိပါကြောင်း

  • Moe Z

    December 24, 2012 at 4:24 pm

    ဦးကိုအောင်ရေ သမီးလေးတွေက ချစ်စရာကောင်းပါ့
    အမေတူတာလားမသိ :mrgreen:
    Happy Holidays!! ပါနော်
    မိခင်လည်း ပြန်လည်ကျန်းမာလာတာ ဝမ်းသာပါတယ်ရှင့်..

    • koaung

      December 24, 2012 at 5:27 pm

      Me: မိုုးဇက်ရေ အမေတူလိုု ့ဖြစ်မှာ အဖေတူရင်မစွံဘဲနေမှာ အားပေးတဲ့အတွက် ကျေးဇူးပါနော်

  • ကိုရင်စည်သူ

    December 24, 2012 at 4:53 pm

    ဦးရေ.. ထိုင်ဝံကို ရောက်ဖူးချင်ပါဒယ်ဗျာ..
    ကမ်းကပ်ရင် လာတွေ့လို့ရမလား ဦးအောင်ရေ…
    အခွင့်သင့်ရင်ပေါ့လေ.. :mrgreen:
    ထိုင်ဝံမှာ မလိုင်ဆံလေးများ ရမလားလို့လေ…
    ခင်တဲ့
    ကိုရင်စည်သူ

    • koaung

      December 24, 2012 at 9:08 pm

      ကိုရင်စည်သူရေ ထိုင်ဝမ်မှာလာလည်လို့ရပါတယ် ကျနော်ကအွန်လိုင်းမှာ၂၄နာရီရှိပေမဲ့အိမ်မှာ၄၂နာရီ မရှိတတ်အောင် အလုဎ်များတတ်လို့ ငယ်သူငယ်ချင်းများ(သင်းဘောသီးများတောင်ဖုံးနဲ့ပဲစကားပြောဖြစ်တယ်) ဒီမှာငှက်ပျောတုံးပေါတယ်
      လိုရင်ပြော အရဂါးစတာ :mrgreen:

      • ကိုရင်စည်သူ

        December 25, 2012 at 12:53 pm

        ဦးလေးရေ.. မှတ်မှတ်ရရ ထိုင်ဝံမှာ ကွမ်းစားခဲ့ဖူးတယ်..
        ထိုင်ဝံမလေးတွေ ဘစ်ကနီလေးတွေနဲ့ရောင်းတာလေ… အူးလေးတော့သိမှာဘော့
        ကိုရင်က မိန်းကလေးတွေအဲ့လိုဝတ်တာမြင်ရသနားတတ်တော့
        အများကြီးစားခဲ့ပါတယ်…။ :kwi:

  • TheWinner

    December 25, 2012 at 12:29 pm

    လှလိုက်တာနော်။ ရိုက်ချက်လေးတွေလည်း အရမ်းမိုက်တယ်။
    Building တွေရဲ့ lighting အယူအဆတွေ အရမ်းလှပါတယ်။
    ဟင်းပွဲလေးရဲ့ presentation လေးကလည်း အတုယူဆရာပါ။

  • blackchaw

    December 25, 2012 at 1:09 pm

    ကိုအောင်ရေ…
    တိမ်တွေကလှလိုက်တာဗျာ…
    အပြင်မှာထက်ကို
    ကိုအောင်ရိုက်ထားတာက ပိုလှနေတာဖြစ်မှာဗျ…
    အားကျသွားပါတယ်ဗျာ…။
    လေးစားခင်မင်တဲ့
    ဘလက်ချော…။

  • koaung

    December 25, 2012 at 6:26 pm

    ကိုရင်စည်သူရေ ကျနော်လည်းရောက်ခါစတနှစ် နီးပါးစားဘူဘူးတယ် မကောင်းတာသိလို့အခုတော့မစားတော့ဘူး အားပေးတဲ့အတွက်ကျေးဇူးပါဗျာ

    TheWinner ခင်ဗျားအားပေးတဲ့အတွက်ကျေးဇူးပါနော် အပေါ်ကပုံတွေကခရီးသွားရင်းအမှတ်တရရိုက်ရတာပါ အောက်ဆုံးကဟင်းပုံက ကြော်ညာအတွက်သုံးဖို့ စမ်းသပ်ပုံများဖြစ်ပါတယ် တကယ်သုံးခဲ့တဲ့ပုံတွေဟာလည်းကျနော်ရိုက်တာကိုအရွေးခံရလို့ ဝမ်းသာခဲ့ရပါတယ်(အတူတူရိုက်တဲ့လူတွေက ထိုင်ဝမ်လူမျိုးဖြစ်ပြီး ဒီကကျောင်းဆင်းတွေဖြစ်ပါတယ်)

    blackchaw ကျနော်က ဆရာ့လိုစာကောင်းကောင်းမရေးတတ် မြန်မာပြည်ဗဟုသုတကလည်း အားနည်းတဲ့လူပါဗျာ ဆရာချောကိုမှီဘို့အများကြီးလိုပါသေးတယ် ကိုရင်စည်သူတို့ ဆရာချော ကိုသစ်မင်း ကိုနိုဇိုမိ သူကြီး စာတွေဖတ်ပြီးဒီရောက်လာတာပါဗျာ ဓတ်ပုံကထင်သလို မပြည့်စုံသေးပါဘူးဗျာ ကျိုးစားနေဆဲပါဗျာ မန်းတလေးဂဇက်လာပြီးမှ ဒတ်ပုံပိုးဝင်သွားတာပါ သည်းခံအားပေးတဲ့အတွက် ကျေးဇူးပါနော

Leave a Reply