အဘဖေါ ရဲ့ ဥရောပသွား ပေါ်တာ တောလား ( ၁၃ ) ( D – 19 – SORRENTO – CAPRI ISLAND )

Foreign ResidentDecember 22, 201217min16620

အဘဖေါ ရဲ့ ဥရောပသွား

ပေါ်တာ တောလား ( ၁၃ )

( D – 19 – SORRENTO –

CAPRI ISLAND )

 

စက်တင်ဘာ ၂၉ ရက်နေ့ ။

 

ဒီနေ့ တစ်နေ့လုံးကတော့ ၊

Sorrento မြို့နားက ၊

မြေထဲ ပင်လယ်ထဲမှာ ရှိတဲ့ ၊

လှပတဲ့ Capri ကျွန်းကို ၊

သွားလည်ကြမှာပါ ။

 

Sorrento မြို့မှာ အဘတို့တည်းတဲ့ Johanna Park Hotel ဟာ ၊

Ms. Johanna ဆိုတဲ့ အမျိုးသမီးပိုင်တဲ့ တောင်ပေါ် သံလွင် စိုက်ခင်း ထဲမှာ တည်ရှိတာပါ ။

အရမ်း အဆင့်မြင့်လှတဲ့ ဟော်တယ် မဟုတ်ပေမယ့် ၊

ဟော်တယ် ရဲ့ တစ်ဖက်ခြမ်းမှာ တောင်မြင့်ကြီး ရှိပြီး ၊

နောက် တစ်ဖက်ခြမ်းမှာ တော့ မြေထဲပင်လယ် ကမ်းခြေ ရှိပါတယ် ။

ဟော်တယ် တစ်ခုလုံး ပါတ်ပါတ်လည် ကိုတော့ သံလွင်ပင်ပေါင်း ထောင်ချီပြီး ဝန်းရံထားပါတယ် ။

သံလွင်ပင်တွေရဲ့ အောက်ခြေတွေမှာတော့ ကြွေကျတဲ့ သံလွင်သီးတွေ ၊

မြေကြီးပေါ် မထိအောင် Net ပိုက်ကွန်တွေနှင့် ကာထားတာ တွေ့ရပါတယ် ။

တကယ့်တောသဘာဝ အတိုင်း တိတ်ဆိတ် ပြီး ရှုခင်းတွေက စိမ်းစိုနေပါတယ် ။

ဟော်တယ် ရဲ့ တစ်ဖက်ခြမ်းမှာ တောင်မြင့်ကြီး ရှိပြီး ၊
ဟော်တယ် ရဲ့ တစ်ဖက်ခြမ်းမှာ တောင်မြင့်ကြီး ရှိပြီး ၊
ဟော်တယ် နောက် တစ်ဖက်ခြမ်းမှာ တော့ မြေထဲပင်လယ် ကမ်းခြေ ရှိပါတယ် ။
ဟော်တယ် နောက် တစ်ဖက်ခြမ်းမှာ တော့ မြေထဲပင်လယ် ကမ်းခြေ ရှိပါတယ် ။
ဟော်တယ် ပါတ်ပါတ်လည် ကို ဝန်းရံထားတဲ့ သံလွင်ပင် နှင့် သံလွင်သီးတွေ ။
ဟော်တယ် ပါတ်ပါတ်လည် ကို ဝန်းရံထားတဲ့ သံလွင်ပင် နှင့် သံလွင်သီးတွေ ။
ကြွေကျတဲ့ သံလွင်သီးတွေ မြေကြီးပေါ် မထိအောင် Net ပိုက်ကွန်တွေနှင့် ကာထားတာ
ကြွေကျတဲ့ သံလွင်သီးတွေ မြေကြီးပေါ် မထိအောင် Net ပိုက်ကွန်တွေနှင့် ကာထားတာ

 

 

 

 

ဒါနှင့် ၊ စကားမစပ် ၊ ဟိုတစ်ခါ ကျန်းမာရေးအတွက် စားသုံးရန် အသင့်ဆုံး စားဆီထဲမှာ ၊

တစ် ကမာ္ဘလုံးက ကျန်းမာရေးအဖွဲ့တွေက သံလွင်ဆီ ကို အကောင်းဆုံးလို့ သတ်မှတ်ကြပါတယ် ။

( မှတ်ချက် ။  ။ မြေပဲဆီဟာ အကောင်းဆုံး ၅ မျိုးထဲကိုတောင် မဝင်ပါဘူး )

အဲဒီ အကြောင်းကို အဘ Comment ပေးတုန်းက ၊ သံလွင်ဆီ ဟာ အရမ်းဈေးကြီးတယ် ၊

ဒါကြောင့် မသုံးနိုင်ဘူး ဆိုပြီး ၊ ရွာသူား တစ်ယောက်က ပြန်ပြောပါတယ် ။

 

အဲဒါ ၊ မနေ့က အဘ အိမ်အတွက် သံလွင်ဆီ သွားဝယ်တဲ့ ဈေးလေးကို ပြလိုက်ပါတယ် ။

သံလွင်ဆီ 4 Liter ကို A$ 13.50 ကျပါတယ် ။ 1 Liter ကို A$ 3.375 ပဲကျပါတယ် ။

ဆိုလိုတာက သံလွင်ဆီ 1 Liter  ( ၅၅ ကျပ်သား ) ကို A$ 3.375 ( ၂၈၇ဝ ကျပ် ) ကျပါတယ် ။

( ဆီ 1 Liter = ၅၅ ကျပ်သား နှင့် 1.00 A$ = ၈၅ဝ ကျပ် နှုန်း နှင့်တွက်ထားတာပါ )

အဲဒီတော့ကာ သံလွင်ဆီ တစ်ပိသာ ကိုမှ ၅၂၂ဝ ကျပ် ပဲ ကျမှာပါ ။

ဒါဆိုရင် သံလွင်ဆီ က သိပ်ဈေးမကြီးတော့ဘူးလို့ ထင်ပါတယ် ။

သံလွင်ဆီ တစ်ပိသာ ကိုမှ ၅၂၂ဝ ကျပ် ပဲ ကျမှာပါ ၊ သိပ်ဈေးမကြီးတော့ဘူးလို့ ထင်ပါတယ် ။
သံလွင်ဆီ တစ်ပိသာ ကိုမှ ၅၂၂ဝ ကျပ် ပဲ ကျမှာပါ ၊ သိပ်ဈေးမကြီးတော့ဘူးလို့ ထင်ပါတယ် ။

 

တစ်ခုရှိတာက အခု ဓါတ်ပုံ / ကြော်ငြာထဲကဈေးက Discount တဝက် / ခေါက်ချိုး လျှော့ထားတာပါ ။

ဒါပေမယ့် ၊ ဩဇီမှာရှိတဲ့ Super Market ပေါင်း မြောက်များစွာက အလှည့်ကျ လျှော့နေတာပါပဲ ။

တစ်နှစ်မှာ အနဲဆုံး တစ်ခါ နှစ်ခါ လောက်တော့ ဒီလို လျှော့ဈေးနှင့် တွေ့ရတာပါပဲ ။

အဲဒီအခါမျိုးမှာ အဘတို့က တစ်နှစ် စာ မှန်းပြီး ဝယ်လိုက်ကြတာပါပဲ ။

ရွာသူားတို့ မယုံမှာစိုးလို့ ဈေးလျှော့ထားတဲ့ စာမျက်နှာလေးပါ scan ဖတ်တင်ပေးလိုက်ပါတယ် ။

တစ်ခုတော့ ဝန်ခံပါတယ် ၊ သံလွင်ဆီဟာ ဩဇီ ပုံမှန်ဈေးဆိုရင် 4 Liter ကို A$ 20.00 ကျမယ် ။

 

ကဲ ၊ ထားလိုက်ပါတော့ ၊ မနက် ရ နာရီလောက်မှာ ဟော်တယ်က ထွက်လာကြပြီး ၊

မနက် ၈ နာရီမှာ Sorrento မြို့ ကမ်းနား အဘတို့ Hydrofoil လျှပ်ပြေးရေယာဉ် စီးရမယ့် နေရာ ရောက်ပါတယ် ။

ခဏစောင့်ပြီး Hydrofoil လျှပ်ပြေးရေယာဉ် နှင့် ၄၅ မိနစ် သွားလိုက်တာ Capri ကျွန်းကို ရောက်ပါတယ် ။

Sorrento မြို့က အဘတို့ Hydrofoil လျှပ်ပြေးရေယာဉ် စောင့်တဲ့ ကမ်းနား ။
Sorrento မြို့က အဘတို့ Hydrofoil လျှပ်ပြေးရေယာဉ် စောင့်တဲ့ ကမ်းနား ။
အဘတို့ စီးခဲ့တဲ့ Hydrofoil လျှပ်ပြေးရေယာဉ် ။
အဘတို့ စီးခဲ့တဲ့ Hydrofoil လျှပ်ပြေးရေယာဉ် ။
Capri ကျွန်း ရဲ့ ကမ်းနား မြင်ကွင်း ။
Capri ကျွန်း ရဲ့ ကမ်းနား မြင်ကွင်း ။

 

 

 

လျှပ်ပြေးရေယာဉ် ပေါ်ကဆင်းပြီးတာနှင့် ပထမဆုံး ကျွန်းကို Boat အငယ်လေး နှင့် ပါတ်ကြည့်ကြပါတယ် ။

Capri ကျွန်းဟာ အီတလီပိုင် မြေထဲပင်လယ်ထဲက အရမ်းလှပတဲ့ နာမည်ကျော်ကျွန်းကလေးပါ ။

မြင့်မားလှတဲ့ ကျောက်ဆောင် တောင်တန်းတွေ နှင့် ကြည်လင်တဲ့ရေတွေနှင့် လှပတဲ့ ကျွန်းပါ ။

Capri ကျွန်း တောင်မြင့်ကြီး ရဲ့ အဝေး မြင်ကွင်း ။
Capri ကျွန်း တောင်မြင့်ကြီး ရဲ့ အဝေး မြင်ကွင်း ။
Capri ကျွန်း ကမ်းပါးအမြင့်ကြီး ရဲ့ မြင်ကွင်း ။
Capri ကျွန်း ကမ်းပါးအမြင့်ကြီး ရဲ့ မြင်ကွင်း ။

 

ပင်လယ်ရေဟာ တော်တော်ကြည်ပြီး အရောင် ပြာလဲ့နေပါတယ် ။
ပင်လယ်ရေဟာ တော်တော်ကြည်ပြီး အရောင် ပြာလဲ့နေပါတယ် ။

 

 

ပင်လယ်ပြင်ကြီးတစ်ခုလုံးကို စီးမြင်နေရတဲ့ ကျောက်ဆောင်တွေပေါ်က အိမ်တွေဟာ ၊

ဒေါ်လာ သန်းပေါင်းများစွာတန်ပြီး ၊ သူဋ္ဌေးကြီးတွေ နေကြတယ်လို့ ပြောပါတယ် ။

ပင်လယ်ရေဟာ တော်တော်ကြည်ပြီး အရောင် ပြာလဲ့နေပါတယ် ။

 

ပင်လယ်ပြင်ကြီးတစ်ခုလုံးကို စီးမြင်နေရတဲ့ ကျောက်ဆောင်တွေပေါ်က သူဋ္ဌေးကြီးတွေ ရဲ့ အိမ်တွေ - 1
ပင်လယ်ပြင်ကြီးတစ်ခုလုံးကို စီးမြင်နေရတဲ့ ကျောက်ဆောင်တွေပေါ်က သူဋ္ဌေးကြီးတွေ ရဲ့ အိမ်တွေ – 1
ပင်လယ်ပြင်ကြီးတစ်ခုလုံးကို စီးမြင်နေရတဲ့ ကျောက်ဆောင်တွေပေါ်က သူဋ္ဌေးကြီးတွေ ရဲ့ အိမ်တွေ - 2
ပင်လယ်ပြင်ကြီးတစ်ခုလုံးကို စီးမြင်နေရတဲ့ ကျောက်ဆောင်တွေပေါ်က သူဋ္ဌေးကြီးတွေ ရဲ့ အိမ်တွေ – 2

 

 

 

ဘုတ်တွေနှင့် ကျောက်ချပြီး ရေကူးအပန်းဖြေနေသူတွေလည်း တွေ့ရပါတယ် ။

အဘတို့လို ဘုတ်အငယ်စားလေး နှင့် ကျွန်းပါတ်လည် ရှုခင်းကြည့်သူတွေလဲ အများအပြားပါ ။

ဘုတ်အငယ်စားလေး နှင့် ကျွန်းပါတ်လည် ရှုခင်းကြည့်သူတွေ ၊ အဟင့် ၊ သူကျတော့ ၃ ယောက်တောင် ။
ဘုတ်အငယ်စားလေး နှင့် ကျွန်းပါတ်လည် ရှုခင်းကြည့်သူတွေ ၊ အဟင့် ၊ သူကျတော့ ၃ ယောက်တောင် ။

 

ပုံထဲက ကျောက်ဆောင်အောက်က လိုဏ်ပေါက်လေးကို ဖြတ်တုန်းမှာ ၊

ချစ်သူအချင်းချင်း နမ်းရှုံ့ပြီး ဆုတောင်းရင် ၊ ဆုတောင်းပြည့်ပြီး ရာသက်ပန် ပေါင်းရတယ်လို့ ဆိုပါတယ် ။

ဟဲ ဟဲ ၊ အဲဒီတော့ကာ ၊ အဘလည်း တာဝန်ကျေသွားအောင် ၊ ဟဲ ဟဲ ။

အဲဒီ ကျောက်ဆောင်အောက်က လိုဏ်ပေါက်လေးကို ဖြတ်တုန်းမှာ ဆုတောင်းရတာလေ ။
အဲဒီ ကျောက်ဆောင်အောက်က လိုဏ်ပေါက်လေးကို ဖြတ်တုန်းမှာ ဆုတောင်းရတာလေ ။

 

ကျွန်းပါတ်လည် ရှုခင်းကြည့်ပြီး အပြန်မှာတော့ တောင်မြင့်ကြီးပေါ်တက်ဖို့ ပြင်ပါတယ် ။

Capri ကျွန်းဟာ အဓိက သုံးပိုင်း ရှိပါတယ် ။

ပင်လယ်ကမ်းခြေ ရပ်ကွက် ၊ တောင်ပေါ် ရပ်ကွက် နှင့် တောင်မြင့်ကြီး ထိပ်ပိုင်းပါ ။

တောင်ပေါ်လမ်းတွေဟာ အကွေ့အကောက်များလွန်းပြီး ကျဉ်းမြောင်းတဲ့အတွက် ၊

Bus ကား အကြီးကြီးတွေ မသုံးနိုင်ပဲ Bus အငယ်စား များကိုပဲ စီးရပါတယ် ။

 

လမ်းတွေဟာ အကွေ့အကောက်များလွန်းပြီး ကျဉ်းမြောင်းတဲ့အတွက် Bus အငယ်စား များကိုပဲ စီးရပါတယ် ။
လမ်းတွေဟာ အကွေ့အကောက်များလွန်းပြီး ကျဉ်းမြောင်းတဲ့အတွက် Bus အငယ်စား များကိုပဲ စီးရပါတယ် ။

 

 

Bus အငယ်စားလေး နှင့် အကွေ့အကောက်များတဲ့ တောင်ပေါ် လမ်းကျဉ်းလေးတွေကို ဖြတ်ပြီးတဲ့အခါ ၊

တောင်ပေါ် ရပ်ကွက်ကို ရောက်ပါတယ် ။ တောင်ပေါ် ရပ်ကွက်ကတင် တော်တော်မြင့် နေပါပြီ ။

အဲဒီကမှ Cable Car ဆက်စီးပြီး တောင်မြင့်ကြီး ထိပ်ကို တက်ရမှာပါ ။

အဘတို့ အဖွဲ့က အတော်များများက Cable Car စီးပြီး တောင်ထိပ် ဆက်တက်ကြပါတယ် ။

အဘတို့ အဖွဲ့က အတော်များများက Cable Car စီးပြီး တောင်ထိပ် ဆက်တက်ကြပါတယ် ။
အဘတို့ အဖွဲ့က အတော်များများက Cable Car စီးပြီး တောင်ထိပ် ဆက်တက်ကြပါတယ် ။

 

ဒါပေသည့် အဘ မဟေသီ ခမျာ ၊ Boat စီးတုန်း လှိုင်းမူးပြီး အန်ထားတာရယ် ၊

တောင်ပေါ်ကို တက်တော့လည်း လမ်းကျဉ်းလေးတွေမှာ အကွေ့အကောက်များတဲ့ ဒါဏ်ကြောင့် ၊

မူးပြီး အားနည်းနေတာကြောင့် Cable Car စီးပြီး တောင်ထိပ်ပေါ်ကို ဆက်မတက်ဖြစ်တော့ပါဘူး ။

 

( ဒါတောင် ပင်လယ်ထဲမှာ ဘာလှိုင်းမှ မရှိခဲ့ပါဘူး Boat ကသေးလို့ လူးတာပါပဲ )

( လူတွေကတော့ ဝိုင်းပြောတာပေါ့ ကပ္ပတိန် ကတော် ဖြစ်နေပြီး လှိုင်းမူးတယ် ဆိုပြီး )

( အမှန်က ကပ္ပတိန် ကတော် မပြောနဲ့ ကပ္ပတိန် တောင် အခန့်မသင့်ရင် အားနည်းရင် လှိုင်းမူးတတ်ပါတယ် )

 

အဲဒါနှင့် ၊ တောင်ပေါ် ရပ်ကွက်လေး မှာပဲ လမ်းကျဉ်းလေးတွေထဲ လှည့်ကြည့်ပြီး ၊

တောင်ပေါ် တောင်အောက် ရှုခင်းတွေပဲ ဓါတ်ပုံ လိုက်ရိုက် နေလိုက်ပါတော့တယ် ။

Sorrento မြို့ ရှိတဲ့ အီတလီ ကုန်းမြေ ၊ မြေထဲပင်လယ် နှင့် Capri ကျွန်း အလှ ။
Sorrento မြို့ ရှိတဲ့ အီတလီ ကုန်းမြေ ၊ မြေထဲပင်လယ် နှင့် Capri ကျွန်း အလှ ။
ဘုတ်တွေနှင့် ကျောက်ချပြီး ကြည်လင် ပြာလဲ့နေတဲ့ ပင်လယ်ရေမှာ ရေကူးအပန်းဖြေနေသူတွေ ။
ဘုတ်တွေနှင့် ကျောက်ချပြီး ကြည်လင် ပြာလဲ့နေတဲ့ ပင်လယ်ရေမှာ ရေကူးအပန်းဖြေနေသူတွေ ။
Capri ကျွန်း တောင်ပေါ် ရပ်ကွက် လမ်းကျဉ်းလေးတွေ ။
Capri ကျွန်း တောင်ပေါ် ရပ်ကွက် လမ်းကျဉ်းလေးတွေ ။
Capri ကျွန်း တောင်ပေါ် က ရှုခင်းလေးတွေ ။
Capri ကျွန်း တောင်ပေါ် က ရှုခင်းလေးတွေ ။

 

 

 

 

တောင်ပေါ်က ပြန်အဆင်းမှာတော့ အပြောင်းအလဲဖြစ်အောင် ၊

Bus ကား နှင့် မဆင်းပဲ Tram လျှပ်စစ် ရထားနှင့် ပဲ ပြန်ဆင်းလာခဲ့ပါတယ် ။

 

ပင်လယ်ကမ်းနားမှာ အဘတို့ အပြန်စီးရမယ့် လျှပ်ပြေးရေယာဉ် စောင့်ရင်း ၊

နေ့လည်စာ လိုလို ၊ ညနေစာ လိုလို ကို အီတလီ တောင်ပိုင်းစာလေးတွေ စားပြီး ၊

လျှပ်ပြေးရေယာဉ်နှင့် Sorrento ဘက်က ဟော်တယ်ကို ပြန်ခဲ့ပါတော့တယ် ။

 

တော်သေးဘီ ။

 

အဘ ဖေါ ( F R ) ။

 

Capri ကျွန်း တောင်ပေါ် ရပ်ကွက် ထဲက လမ်းလေးတွေ ။
Capri ကျွန်း တောင်ပေါ် ရပ်ကွက် ထဲက လမ်းလေးတွေ ။
Capri ကျွန်း တောင်ပေါ် ရပ်ကွက် ထဲက အိမ်လေးတွေ ။
Capri ကျွန်း တောင်ပေါ် ရပ်ကွက် ထဲက အိမ်လေးတွေ ။
Capri ကျွန်း တောင်ပေါ်က အဆင်း စီးခဲ့တဲ့ Tram  မီးရထားလမ်း ရှုခင်းလေးတွေ ။
Capri ကျွန်း တောင်ပေါ်က အဆင်း စီးခဲ့တဲ့ Tram မီးရထားလမ်း ရှုခင်းလေးတွေ ။

 

 

20 comments

  • koaung

    December 22, 2012 at 11:31 pm

    အရင်007 ရုပ်ရှင်ထဲမှာမြင်ဘူးတဲ့ကျွန်းနဲ့တူတယ် (မသေချာ) လှတာတော့ဘာမှပြောဘို့မလိုပါဘူးဗျာ နေရာကလှသလိုလူတွေကလည်း စည်းကမ်းရှိကြတာကိုး

  • padonmar

    December 22, 2012 at 11:57 pm

    င်္FR
    စားအုန်းဆီ (မြန်မာပြည်)လက်ကားဈေး= 1325/ပိဿာ
    ပဲပုပ်ဆီ က 3000 ခန့်၊ပဲဆီ 4000 ခန့် ဆိုတော့ သံလွင်ဆီက နည်းနည်းတော့ များနေသေးတယ်။
    ပုံမှန်လူတန်းစားအတွက်တော့ စဉ်းတောင် မစဉ်းစားနိုင်ပါဘူး။
    …………….
    အိမ်လေးတွေ လမ်းလေးတွေက သန့်ပြန့်နေတာပဲနော်။
    ရေလေးကြည်နေတာလည်း သိသာအောင်ရိုက်ပြထားတာ ကျေးဇူးပါ။
    ………………
    တရုတ် ဖုန်းရွှေ မှာ ကျို့စန်း ခန့်ဟိုင် (တောင်ပေါ်မှာထိုင် ပင်လယ်ကိုကြည့်)လို့ ဖတ်ဖူးတယ်။
    အီတလီသူဌေးတွေလည်း အဲဒီလို အယူရှိတယ်ထင်ပါ့။

  • padonmar

    December 23, 2012 at 12:02 am

    ကြားဖူးဖတ်ဖူးတာ သံလွင်ခက်သရဖူဆောင်းတယ်တို့၊ ခရစ်စမတ်လက်ဆောင်တွေမှာ သံလွင်ခက်ပုံပါတယ်တို့ အဲဒီထဲက အရွက်က အတွင်းချိုင့်တဲ့ အတွန့်လေးတွေနဲ့ တော်တော်လှတယ်လေ။အခု သံလွင်ရွက်က ရိုးရိုးကြီး။
    သံလွင်သီးကြွေတာဘာလို့ မြေနဲ့မထိရတာလဲ။ ဆီကြိတ်ရင် သန့်အောင်လား။

  • Hnin Hnin

    December 23, 2012 at 8:36 am

    ဲဘ..ရိုက်ခဲ့တဲ့ ရေပြာပြာတွေရဲ့ လှချက်က James Bond movies တွေထဲက Daniel Craig ရဲ့
    ‘ piercing blue eyes ‘ တွေလိုပဲ ပြာလဲ့၊ကြည်လင်၊စူးရှ လှပလွန်း နေတာ…
    (အသည်းစွဲမိတဲ့ အဲ့မျက်လုံးတွေက contact lenses တွေသုံးထားတာလို့ သတင်းထွက်တာ
    တောင် တွေးမိသွားတာ.. 🙂 )

    ဘရေးတဲ့ ” half price သံလွင်ဆီ ” က တန်လိုက်တာ…ရှလွတ်..ဝယ်တောင် စုချင်မိတယ်…
    ၁ပိဿာမှ ၅၂၂၀.. ဒီမှာက ၂၂ကျပ်ခွဲသား ပုလင်းလေး ၃၈၀၀..၁ပိဿာဆို ၁၅၂၀ဝ ဖြစ်ပြီ…
    ဘတို့ဆီမှာ ဈေးမလျှော့တဲ့နှုန်းနား ကပ်နေပြီ…
    ဒီမှာတော့ သံလွင်ဆီက (လျှော့ဈေး မမြင်ဖူးသေးလို့) ဈေးကြီးပါတယ်…

    • ခိုင်ဇာ

      December 24, 2012 at 10:05 am

      နှင်းနှင်းရယ်။ ရေကြည်ပြာတွေ အမြင်မှာ ကျနော်ကတော့ Damon Salvatore လေးကိုပဲ သတိရမိရဲ့။
      :kwi:

  • MaMa

    December 23, 2012 at 9:15 am

    ရှပ်ပြေးတွေစီးတာ အားကျတယ်။
    ဒီမှာလည်း ရှပ်ပြေးတော့ရှိပါတယ်။
    ဒါပေမယ့် စီးမယ်ဆိုရင် အသက်ကို ဖက်နဲ့ထုပ်ထားရမယ်။ :eee:

    • Foreign Resident

      December 23, 2012 at 9:57 am

      တဖြေးဖြေးတော့ တိုးတက် / လုံခြုံ လာမှာပေါ့ မမ ရယ် ။
      ခဏ တော့စောင့် ၊ စိတ်ရှည်ပါ ။

      အခု အစိုးရက Trial & Error Method ကိုသုံးနေပါတယ် ။
      တိုက် တစ်လုံး ပြိုလိုက် ၊ ဥပဒေ အသစ်တစ်ခု ထပ်ပြောင်းလိုက် ။
      သင်္ဘော တစ်စီး နစ်လိုက် ၊ ဥပဒေ အသစ်တစ်ခု ထပ်ပြောင်းလိုက် ။

      အဲဒီ ပြို တဲ့ ၊ နစ် တဲ့အထဲ ၊ ကိုယ်မပါအောင်တော့ ၊
      ဘုရားသာ နာနာ ရှိခိုးပြီး ၊ ဆုတောင်းကြပေါ့ ။

  • Foreign Resident

    December 23, 2012 at 9:42 am

    Ko Aung ၊ မ padonmar နှင့် မ Hnin Hnin ရေ ။

    ” စားအုန်းဆီ ( မြန်မာပြည် ) လက်ကားဈေး= 1325 / ပိဿာ
    ပဲဆီ 4000 ခန့် ဆိုတော့ သံလွင်ဆီက နည်းနည်းတော့ များနေသေးတယ်။
    ပုံမှန်လူတန်းစားအတွက်တော့ စဉ်းတောင် မစဉ်းစားနိုင်ပါဘူး ”

    ရန်ကုန်မှာ စားအုန်းဆီ ၁၃၂၅ ကျပ်ပဲ ရှိတာလား ။
    အဘ မသိဘူး ။ အဘ က စားအုန်းဆီ ကို ၃၀၀ဝ လောက်ရှိမယ် ထင်တာ ။
    အင်းပေါ့လေ အဲလောက် ဈေးကွာတော့ လဲ ၊
    သံလွင်ဆီ ဘယ်စားမလဲ ၊ စားအုန်းဆီ ပဲ စားကြတော့ မပေါ့ ။

    ” ဘရေးတဲ့ ” half price သံလွင်ဆီ ” က တန်လိုက်တာ ၊ ဝယ်တောင် စုချင်မိတယ် ”

    ဟုတ်တယ် ၊ ပြီးခဲ့တဲ့ Comment မှာတုန်းကလည်း ။
    အဘကို ရန်ကုန်မှာ သံလွင်ဆီ တစ် ပိဿာ တစ်သောင်းကျော်တယ်လို့ ပြောကြတယ် ။

    တစ်ခုတော့ရှိတယ် ၊ အဘ လဲအခုမှ သတိထားမိတယ် ။
    အခု အဘ ပြတဲ့ ပုံထဲက Olive Oil က virgin အဆင့်ပဲ ရှိသေးတယ် ။
    အဘတို့ သုံးနေကျ Extra Virgin ဆိုရင် A$ 20.00 ထက်လျော့တာ မတွေ့ဖူးဘူး ။
    Extra Virgin က အကောင်းဆုံး တဲ့ ၊ Acid % နည်းတယ် ပြောတယ် ။

    ” ရေလေးကြည်နေတာလည်း သိသာအောင်ရိုက်ပြထားတာ ကျေးဇူးပါ ”
    ” ဘ..ရိုက်ခဲ့တဲ့ ရေပြာပြာတွေရဲ့ လှချက်က James Bond movies တွေထဲက Daniel Craig ရဲ့
    ‘ piercing blue eyes ‘ တွေလိုပဲ ပြာလဲ့၊ကြည်လင်၊စူးရှ လှပလွန်း နေတာ ”

    ” ရေကူးအပန်းဖြေနေသူတွေ ” ဆိုတဲ့ပုံကို သေချာ ကြည့်လိုက် ၊
    အဲဒီပုံ ၊ လှေလေးတွေ ဘေးမှာ ရေကူးနေတဲ့ လူတွေ ရှိတယ် ။
    ပုံ ကို Down ပြီး သေချာ ကြည့်လို့ ၊ Down လို့ရအောင် ၊
    အဘ အဲဒီပုံရဲ့ Resolution / File Size ကို မူရင်းအတိုင်း တင်ပေးထားတယ် ။

    ” နေရာကလှသလို လူတွေကလည်း စည်းကမ်းရှိကြတာကိုး ”
    ” အိမ်လေးတွေ လမ်းလေးတွေက သန့်ပြန့်နေတာပဲနော် ”

    အဘ သတိထားမိတယ် ။
    နိုင်ငံတကာမှာ လမ်းကောင်းတာ သန့်ပြန့်တာကို ၊
    အဘ Post တိုင်းမှာ အထူးအဆန်း လုပ်ပြီးကို ပြောနေကြတယ်နော် ။
    စိတ် မ ကောင်းလိုက်တာ ၊ အဲဒါတွေက နိုင်ငံတကာမှာ ပုံမှန် မထူးဆန်းတဲ့ အရာတွေလေ ။

    ” အဲဒီထဲက အရွက်က အတွင်းချိုင့်တဲ့ အတွန့်လေးတွေနဲ့ တော်တော်လှတယ်လေ။
    အခု သံလွင်ရွက်က ရိုးရိုးကြီး ”

    မ padonmar ပြောလို့ ၊ သေခြာအောင် အဘ Wiki မှာလည်း ကြည့်ပြီးပြီ ၊
    အဘ ရဲ့ သံလွင်ပင် / အရွက် / အသီးတွေ က အမှန်ပါပဲကွယ် ။ မမှားပါဘူး ။

    ” သံလွင်သီးကြွေတာဘာလို့ မြေနဲ့မထိရတာလဲ။ ဆီကြိတ်ရင် သန့်အောင်လား ”
    အကောင်းဆုံး Quality ရအောင်လို့ တော့ ပြောတာပဲ ။

  • ကိုရင်စည်သူ

    December 23, 2012 at 3:27 pm

    အဘရေ.. ဘုတ်အငယ်စားလေးမှာပဲ တက်မကိုင်သွားလုပ်မလားလို့..
    လစာတစ်လဘယ်လောက်လဲ.. အဘ သိလားဟင်…
    ခေါင်းပေါ့လို့ဘာဗျာ.. ခေါင်းပေါ့လို့ဘာ..။ :kwi:

    • Foreign Resident

      December 24, 2012 at 3:53 am

      ကိုရင်စည်သူ ရေ ။

      ပုံထဲက ဘုတ်အငယ်စားလေးရဲ့ တက်မကိုင် လား ။ 😛
      မြင်သာမြင် မကြင်ရတဲ့ ဘုတ်သမား ဘဝ လေး ဖြစ်နေမယ်နော် ။

  • “ဘီလူးကြီး”ogre

    December 23, 2012 at 4:27 pm

    ကျုပ်ကတော့
    ဘုတ်ပေါ်က ““မမ””တွေနဲ့အတူ
    ကိုရင်စည်သူမောင်းတဲ့ ဘုတ်ကိုစီးချင်တယ်ဗျို့ 🙂

  • mobile (mandalay)

    December 23, 2012 at 4:42 pm

    ဗဂျီးဖော ရေအားပေးသွားပါဒယ်ဗျာ။
    ဒီတစ်ခါပုံလေးတွေကတော့ ကျနော် အကြိုက်မပါလို့ ကူးယူမထားလိုက်တော့ဘူးဗျာ။
    အီတလီ သူချောချောလေးတွေတွေ့ရင် လုပ်ပါ့ဦး။ ကျနော် တို့ရွာသားတွေ
    မျက်စိ အရသာခံဖို့အတွက်ပါ။

    • Foreign Resident

      December 24, 2012 at 3:50 am

      ” ဒီတစ်ခါပုံလေးတွေကတော့ ကျနော် အကြိုက်မပါလို့ ”

      လူတစ်ကိုယ် အကြိုက် တစ်မျိုး ဆိုတာ တကယ့်ကို မှန်တာပဲ ။
      အဘက ” ရေကူးအပန်းဖြေနေသူတွေ ” နှင့်
      ” မြေထဲပင်လယ် နှင့် Capri ကျွန်း အလှ ”
      ပုံ နှစ်ပုံကို တော်တော် ကြိုက်တာကွဲ့ ။
      ” ရေကူးအပန်းဖြေနေသူတွေ ” ဆိုတဲ့ပုံဆိုရင်
      Down ချင်ရင် Down လို့ရအောင် Original File ပါတင်ပေးထားတာ ။

  • မင်းနန္ဓာ

    December 23, 2012 at 7:36 pm

    Capri ကျွန်း ကမ်းပါးအမြင့်ကြီးပေါ်ကနေ ရေပြာပြာ ကြည်လဲ့ မြေထဲပင်လယ်ထဲကို
    ဒိုင်ဗင်ထိုးချချင်လိုက်တာဗျာ..

  • အရီးခင်လတ်

    December 24, 2012 at 5:00 am

    အဘဖောရေ

    အီတလီ ရဲ့ အင်မတန်လှတဲ့ သဘာဝ ရှုခင်း လေးတွေ ကို ငေးသွားပါတယ်။
    သူဌေးတွေ လို ဒီလို ကျောက်ဆောင်ပေါ် နေရဖို့ ဟယ်လီကော်ပတာ သုံး မှ ရမယ်ထင်ရဲ့။
    အတော် စရိတ်ကြီးမှာဘဲ။

    Olive Oil က တော့ ဒီမှာ 1 Litre ကို ၄ပေါင် လောက် ရှိပါတယ်။
    အသုတ်သုတ်ရင် တော့ သုံးပါတယ်။
    ဆီသတ်ချက်တဲ့ ဟင်းမျိုး ဆိုရင်တော့ sunflower oil ကို သုံးတယ်။
    အဲဒါက 1 Litre ကို ၁ပေါင်ခွဲ။

    ဒါထက်
    {{ ချစ်သူအချင်းချင်း နမ်းရှုံ့ပြီး ဆုတောင်းရင် ၊ ဆုတောင်းပြည့်ပြီး ရာသက်ပန် ပေါင်းရတယ်လို့ ဆိုပါတယ် ။
    ဟဲ ဟဲ ၊ အဲဒီတော့ကာ ၊ အဘလည်း တာဝန်ကျေသွားအောင် ၊ ဟဲ ဟဲ ။ }}

    ၂၁ရက်နေ့ ကမ္ဘာပျက်မဲ့အကြောင်း တွေ ဆွေးနွေးတော့
    {{ တကယ် ကမာ္ဘပျက်မယ်ဆို ၊ အဘ ဝမ်းသာအားရ လှိုက်လှိုက် လဲလဲ ကို ကြိုဆိုပါတယ် ။ }}

    ဘာမှ မဆိုင်ပါဘူးလေ။ မဟုတ်လား။
    အဟိ။ ဖွတာ။

    အီတလီ ရောက်ဖူးသွားလို့ ကျေးဇူးပါ။ :hee:

    • Foreign Resident

      December 24, 2012 at 7:11 am

      ” တကယ် ကမာ္ဘပျက်မယ်ဆို ၊ အဘ ဝမ်းသာအားရ လှိုက်လှိုက် လဲလဲ ကို ကြိုဆိုပါတယ် ”

      အရီးခင်လတ် ရေ ။

      အဘ ကတော့ ၊ လူ့ ဘဝ ကြီးမှာ နေရတာ သိပ် အပျော်လှကြီးတော့ မရှိပါဘူးဗျာ ။
      ( ငယ်စဉ် အခါတုန်းကတော့ သိပ်ပျော်ခဲ့ဘူးပါတယ် )
      သူ့သဘော သူဆောင်နေတဲ့ လောကကြီးကို ဘေးက ထိုင်ကြည့်နေရသလိုပါပဲ ။
      ဘယ်အရာကမှ စိတ်ကို အရမ်း မလှုပ်ရှားစေတော့ပါဘူး ။ အိုပြီကိုး ဗျ ။
      တတ်နိုင်သမျှ လူသက်သာအောင် နှင့် စိတ်ပျော်အောင်တော့ ၊
      ကြိုးစားပြီး နေနေပါတယ် ။ ဒါပါပဲလေ ။

      • pooch

        December 24, 2012 at 11:40 am

        ကျမက မအိုပဲနဲ့ တခါတခါ ဘာလို့ အဲ့ဒီလို တွေ ခံစားနေရသလဲ မသိဘူး ။ ကိုယ့်ကိုယ်ကို ပုံမှန်မဟုတ်ဖူးလို့တောင် ထင်တယ်။ ကြည့်ရတာ စိ်တ်အိုတာ မြန်တယ်ထင်ရဲ့။

        ဒါပေမဲ့ ခုတလော ကျန်းမာရေးမကောင်းတာတောင် လုပ်ချင်တာတွေ ဖြစ်အောင် လုပ်နေရလို့ ကိုယ့်ကိုယ်ကို ကျေနပ်နေတယ် တနည်း နည်းနည်းပျော်နေတယ်ပေါ့ ဟီး 😀

        သံလွင်ဆီကို ဟိုရက်ကမှသေချာစားဖူးတယ် ။ တီချယ့်အိမ်မှာ မုန့်ပစ်သလက်နဲ့ တို့စားတာ အတော်လေး စားကောင်းတာပဲ ။ ကြိုက်တောင် သွားတယ်။

        အရင်က သိပ်စိတ်မဝင်စားဘူး။ အိမ်ကို နည်းနည်းဆွယ်တရားဟောကြည့်အုန်းမှပဲ ။ မားသားကြီးက မြေပဲ ဆီမှ ကောင်းတယ် ထင်တာ။

        ဒီပုံတွေ ကြိုက်တယ် ကျမက ပင်လယ်ပြာ ကောင်းကင်ပြာ သစ်ပင်စိမ်းတွေ မြင်ရရင် ဘာနဲ့မှ မတူအောင် စိတ်ချမ်းသာတယ်။

  • ခိုင်ဇာ

    December 24, 2012 at 10:09 am

    ဘဖော ဒီကမ်းခြေ၊ ရေကြည်ကြည်ပြာပြာ၊ ကျောက်ဆောင်တွေက တော့ ရင်သတ်ရှုမောဖြစ်အောင် လှလွန်းရဲ့။ ကေဘယ်ကား အလုံပိတ်လေးကိုကို အတော်သတ္တိမွေးရတာ။ ခု ကြည့်ရတာ အဲလို ထိုင်ခုံလေးနဲ့ပဲ ဆိုတော့အသည်းယားစရာ။ :harr:

  • Mr. MarGa

    December 24, 2012 at 8:47 pm

    ်အဘရေ
    ပင်လယ်လေတော့ တဝကြီး ရှူပြီးပြီ
    နောက်တစ်နေရာက ဘယ်လဲဗျ

  • သွားရေကတော့ကျပြီးရင်းကျပါတယ်အဘရေ…
    ရောက်နိုင်ဖို့တော့ ကျွန်မတို့နဲ့ဝေးလှပါတယ်။
    အခုပဲ အသက်က၃ဝနားကပ်နေပြီ။နိုင်ငံခြားဆိုလို့ မဲဆောက်နဲ့ဂျယ်ဂေါင်တောင်မထွက်ဘူးသေးဘူး
    :harr:

Leave a Reply