အခိုးခံရသောGmailများအားပြန်လည်ရယူခြင်း

zaylayJuly 18, 20101min590

password ရော security question
ရော secondary email ပါ အပြောင်းခံလိုက်ရပြီဆိုပါတော့။ သင်ဘာဆက်လုပ်မလဲ။
ဒီအတွက် မပူပါနဲ့။ ဂျီမေးက သင့်အတွက် service တခုပေးထားပါသေးတယ်။

လုပ်ပုံလုပ်နည်း

ဂူဂဲက ပေးထားတဲ့ ဖောင်ကိုဖြည့်ရပါမယ်။ account နဲ့ပက်သက်တဲ့ အချက်အလက်
အသေးစိတ်တွေဖြည့်ရမှာပါ။ account ဖွင့်ထားတဲ့လူသာ သိလောက်မဲ့
အချက်အလက်မျိုးပေါ့။ ဘာအချက်အလက်တွေပါမလဲဆိုတော့
ဥပမာ
နောက်ဆုံး လော့အင်ဝင်ခဲ့တ ဲ့ရက်စွဲ၊
အကောင့် စဖွင့်ခဲ့တ ဲ့ ရက်စွဲ၊
အဲဒီအကောင့်နဲ့ သင်အသုံးပြုနေတဲ့ Google ရဲ့အခြား products တွေအကြောင်း၊
Google Blogger အသုံးပြုရင် အဲဒီ Blogger Account ရဲ့အချက်အလက်အသေးစိတ်။

အရေးအကြီးဆုံးကတော့ မေးခွန်းတွေကိုဖြေရာမှာ အသေးစိတ်နဲ့ အတတ်နိုင်ဆုံး
တိတိကျကျ ဖြေပေးရပါမယ်။ ကိုယ်မသေချာတဲ့အကြောင်းဆိုရင်လဲ အတတ်နိုင်ဆုံး
အနီးစပ်ဆုံးဖြေပေးလိုက်ပါ။

သင့်အကောင့် သင်ပြန်ရမရဆိုတာ သင့်အဖြေက
ဘယ်လောက်နီးနီးစပ်စပ်မှန်လဲဆိုတဲ့ပေါ်မှာ မူတည်ပါလိမ့်မယ်။

ထပ်ပြီးသတိပြုရမယ့် အချက်တွေကတော့

ဖောင်ပို့လျှင် တဖောင်သာ ပို့ရန် (ဖောင်အများကြီးမပို့ရန်)၊
ကိုယ့်ရဲ့အကောင့်ကို အမြဲအသုံးပြုနေကြ စက်(PC) ကပဲပို့ရန်။
ဘာကြောင့်လဲဆိုတော့ သင့်ဖောင်ပို့လိုက်တဲ့ IP address ကို Google
ကမှတ်သွားမှာမို့လို့ပါ။

ဒီ Form ပါမေးခွန်းများကိုသုံးပြီးတော့ ကိုယ့်အီးမေး သူများခိုးယူခြင်းမှ
ကာကွယ်နိုင်ပါသေးတယ်။ ဘယ်လိုကာကွယ်မှာလဲ?။ လွယ်ပါတယ်။
မေးခွန်းတွေကိုလေ့လာပြီး ကိုယ်နဲ့ပက်သက်တဲ့ အချက်အလက်တွေကို
လုံခြုံတဲ့တနေရာ (ဥပမာ ကို Infofreakz အိမ်) မှာသိမ်းထားလိုက်ပေါ့။ နောက်
အီးမေးအခိုးခံရတိုင်း အဲဒီအချက်အလက်အတိုင်းဖြေပြီး ပြန်ရအောင်ယူပေါ့။

Form ဖြည့်ရန် သွားရမယ့်လိပ်စာကတော့

Code:
http://www.google.com/support/accounts/bin/request.py?contact_type=…မသိသေးသူများ
အတွက်သာရည်ရွယ်သည်