Bunny Phyo နဲ့ အင်တာဗျူး

zaylayJuly 18, 20101min530

Bunny ဖြိုးရေ မင်္ဂလာပါရှင်။
ဟုတ်ကဲ့။

Sweet ကတော့ MYMC Online Radio Station က Interviewer ပါ။ အခု Bunny ရဲ့ အကြောင်းကို စိတ်ဝင်စားနေတဲ့ ပရိသတ်တွေအောင် Bunny ရဲ့ Personal မေးခွန်းလေးတွေကို Sweetတို့ နည်းနည်းမေးကြည့်မယ်နော်။
ဟုတ်ကဲ့ပါ။

ပထမဦးဆုံးအနေနဲ့ ဒီ Bunny ဖြိုး ဆိုတဲ့ Nick လေး ဘယ်လိုရွေးဖြစ်သွားတယ်ဆိုတာကနေ စလိုက်မယ်နော်။
Bunny ဖြိုး ဆိုတဲ့ Nick က ကျွန်တော် အရင်မေးခွန်းတွေမှာလည်း ဖြေဘူးပါတယ်။ Bunny ဆိုတဲ့ဟာလေးက ကျွန်တော်ရဲ့ ယုန်ပေါ့။ ကျွန်တော့်သူငယ်ချင်းတွေက ကျွန်တော့်ကို ယုန်လို့ ဒီလိုပဲပြောတယ်။ အဲဒီကနေ ကျွန်တော် Bunny ကိုယူတယ်။ နောက် ကျွန်တော့်ရဲ့ နာမည်အရင်းက ဖြိုးကို ကျွန်တော်ထည့်လိုက်တယ်။

ဪ.. ဟုတ်ကဲ့။ အဲဒါဆိုရင် Bunny ဖြိုးရဲ့ နာမည်အရင်းရော သိခွင့်ရမလားရှင်။
ကျွန်တော့်နာမည်အရင်းက ပြည့်ဖြိုးပါ။

ဟုတ်ကဲ့။ Bunny ဖြိုးရဲ့ Birthday လေးကရော။
၉ ရက် ၊ ရ လ ၊ ၁၉၉၂ ။

ဪ.. ဒါဆို ၁ရ နှစ်ပဲ ရှိသေးတာပေါ့နော်။ အဲဒါဆို ငယ်သေးတာပေါ့။ ဟုတ်။ အဲဒါဆို ဒီလိုငယ်ငယ်လေးနဲ့ သီချင်းတွေဆိုခဲ့တာဆိုတော့ ဘယ်အရွယ်လောက်ကတည်းက သီချင်းဆိုတာကို စပြီးဝါသနာပါတာလဲ မသိဘူးနော်။
ဟိုးငယ်ငယ်လေးကတည်းကဗျာ.. အဲလိုသီချင်းစဆိုကတည်းက အတောင်ပံပါရင်မင်းဆီကိုပေါ့။ အဲလိုမျိုးတွေဆိုတယ်။ သီချင်းဆိုရင် ဆိုတယ်ဗျာ။ ဘာမှန်းညာမှန်းမသိဘူး။ သီချင်းဆို ဆိုတယ်။ အဲဒီကနေပြီးတော့ ကြီးလာရင်အဆိုတော်လုပ်မယ် ဘာညာပေါ့။ အဲလိုနဲ့ပဲ အဆိုတော်ဖြစ်လာတာပေါ့။

ဪ.. အဲဒါဆို ဟိုးငယ်ငယ်လေးကတည်းက အဆိုတော်ဖြစ်ဖို့ စိတ်ကူးယဉ်ခဲ့တာပေါ့နော်။
ဟုတ်ကဲ့။

ဒါဆိုရင် Bunny မှာ အနုပညာမျိုးရိုးရော ရှိလား။ ဒါမှမဟုတ် ဒီအတိုင်းပဲ ဒီဂီတလောကထဲကို အစိမ်းသက်သက် ဝင်လာခဲ့တာလား။
မရှိပါဘူးခင်ဗျာ။ ကျွန်တော် အစိမ်းသက်သက်ပါ။ ဒီထဲဝင်လာခဲ့ရတာ။

ဟုတ်ကဲ့ရှင့်။ အဲဒါဆိုရင် Bunny ရဲ့ လက်ဦးဆရာတွေရော မရှိခဲ့ဘူးလား။ ရှိခဲ့ရင် ပြောပြပေးပါ။
လက်ဦးဆရာကတော့ အကုန်လုံးပါပဲ။ အကုန်လုံးပါ။ တချို့တွေက ဟိုနေရာကောင်းတယ်။ တချို့တွေက ဒီနေရာကောင်းတယ်။ အဲဒီကောင်းတာတွေအကုန်လုံး ကျွန်တော်လိုက်မှတ်တယ်ဗျာ။ သူတို့ ဒီနေရာကို ဘယ်လိုဆိုလိုက်တယ်။ သူတို့ မကောင်းသွားတဲ့နေရာဆိုရင်လည်းဗျာ သူတို့ ဒီနေရာကို ဘယ်လိုမဆိုလိုက်လို့ မကောင်းသွားလည်းဆိုတာကို ကျွန်တော်ရအောင် ပြန်ရှာတယ်ဗျာ။ ပြီးတော့မှ အဲဒီဟာတွေ အကုန်ပေါင်းပြီးတော့ ကျွန်တော်ပြန်လေ့လာတဲ့အတွက် အားလုံးဟာ ကျွန်တော့်ရဲ့ဆရာတွေချည်းပါပဲ။

ဟုတ်ကဲ့ရှင့်။ ပြီးတော့ ဒီဂီတလောကထဲကို ဝင်တော့မယ် ၊ Vocalist တစ်ယောက်လုပ်တော့မယ်လို့ Decision ချပြီးတဲ့နောက်မှာ အိမ်ကရော ဘာတွေများပြောသေးလဲ မသိဘူးရှင့်။
အစပိုင်းကတော့ ပြောတယ်ဗျ။ ဒီအလုပ်ကိုလုပ်လို့ ဘာမှမဖြစ်ဘူးတို့ဘာတို့။ နောက်အဲလိုပေါ့.. ဒီထဲဝင်လို့ရှိရင် အဲဒီသတ်မှတ်ချက်တစ်ခုရှိတယ်ဗျာ။ အနုပညာလောကထဲ ရောက်လို့ရှိရင် မကောင်းတဲ့ဘက်တွေ ရောက်သွားမယ်.. ရောက်သွားမယ်။ အဲဒီဟာတွေကြားရတာ တော်တော်ဆိုးတယ်ဗျ။ အကုန်လုံးဗျာ။ အမျိုးတွေရော ၊ မိသားစုရော။ အကုန်လုံးက အဲလိုမျိုးသတ်မှတ်တယ်။ ဒါပေမယ့် ကျွန်တော့ကိုယုံပြီးတော့ ပေးလုပ်တဲ့အတွက် ကျွန်တော်အခုလို ဒီအခြေအနေလောက်ထိရောက်အောင် ကျွန်တော်လုပ်ခဲ့နိုင်ပါတယ်။ အခုနောက်ပိုင်းတော့ ဘာမှမပြောတော့ပါဘူး။

ဟုတ်ကဲ့။ အခုလိုကြားရတာ ဝမ်းသာပါတယ်။ Bunny ကရော ပြီးတော့ 92 Born ဆိုတော့ ၁ရနှစ်ပေါ့နော်။ အဲဒီတော့ High School ကပြီးထားတာ ၂ နှစ်လောက်ပဲရှိဦးမှာပေါ့။ ဘယ် High School ထွက်လဲမသိဘူးရှင့်။
ဗိုလ်တထောင် ၆ ပါ။

ဪ.. ဟုတ်ကဲ့။ ယောကျာ်းလေးကျောင်းပဲ။
ဟုတ်ကဲ့။

ဪ.. ဟုတ်ကဲ့.. ဟုတ်။ နောက်ပြီးတဲ့အခါကျတော့ Bunny က ဒီသီချင်းဆိုတာတွေအပြင် ဘာတွေများလုပ်သေးလဲမသိဘူး။ ကျောင်းတက်တာတို့ ၊ အလုပ်လုပ်တာတို့ပေါ့နော်။
ကျောင်းက ကျွန်တော်အခုလောလောဆယ်တော့ E-major 1st Year ဖြေထားပါတယ်။ အောင်စာရင်းစောင့်နေတယ်။ အလုပ်ကတော့ ဒီလိုပါပဲ.. ဟုတ်ကဲ့။

ဟုတ်ကဲ့ရှင့်။ ပြီးတော့ Bunny သီချင်းတော်တော်များများကို ကိုယ်တိုင်ရေးထားတာ တွေ့ရတယ်နော်။ အဲလိုသီချင်းရေးဖို့အတွက် Source တွေ ၊ ဒီ Idea တွေကို ဘယ်ကနေဘယ်လို ရတတ်တာလဲ မသိဘူးနော်။
များသောအားဖြင့် ကျွန်တော်ကအဲလို ကျွန်တော့အကြောင်းကို ကျွန်တော်အမျိုးမျိုးလျှောက်စဉ်းစားပြီး ရေးတယ်။ ဟို.. ရည်းစားဖြစ်ပြီးတဲ့အကြောင်းကို စဉ်းစားပြီးရေးရင် ရည်းစားဖြစ်ပြီးတဲ့ အကြောင်းရတယ်ဗျာ။ အဲဒါကို နည်းနည်းအနောက်ပြန်ဆုတ်ပြီးတော့ သူငယ်ချင်းတုန်းက အကြောင်းပြနစဉ်းစားတော့ သူငယ်ချင်းတုန်းကအကြောင်းရတယ်။ အဲလိုမျိုးပေါ့။ ကိုယ့်အကြောင်းကိုပဲ အမျိုးမျိုးလျှောက်စဉ်းစားတယ်။ တခါတလေကျရင် ကိုယ့်အကြောင်းပေါ်မှာ အခြေခံပြီးတော့ ထပ်ပြီးကိုယ့်ဟာကို လျှောက်ဖြည့်ပြီးရေးလိုက်တာမျိုးလည်းရှိတယ်။ နောက် သူငယ်ချင်းတွေ ပြောပြတဲ့ဟာမျိုးတွေ။ သူတို့ ခံစားချက်တွေ ရေးပေးတာတွေရှိတယ်။

ဟုတ်။ အဲဒါဆိုရင် Bunny က စိတ်ကူးယဉ်တတ်တဲ့ လူငယ်တစ်ယောက်လို့ ဆိုလို့ရတာပေါ့နော်။
ဟုတ်ပါတယ်။

ဟုတ်ကဲ့ရှင့်။ ပြီးတော့ Bunny သီချင်းက R&B တွေပဲ ဆိုထားတာများတယ်နော်။ အဲဒါ Bunny က R&B ကိုပဲ အားသန်လို့လား။ ပြီးတော့တခြားဟာတွေရော လုပ်ဖို့ရှိလား။ ဒါမှမဟုတ် ရှေ့ဆက်ပြီးတော့ ဒီ R&B လိုင်းမှာပဲ နေသွားဖြစ်မှာလား။
ကျွန်တော်ကတော့ R&B ပဲ လုပ်သွားမှာပါ။ ဒါပေမယ့် အဲလိုပေါ့နော်။ တခြား အဲလို Produce ပိုင်းတွေမှာကျတော့ အရေးဖြစ်ဖြစ် အတီးဖြစ်ဖြစ်ပေါ့။ အဲဒါတွေကတော့ တခြားအဲလို ဆက်နွယ်နေတဲ့ဟာတွေအကုန်လုံး ကျွန်တော်လုပ်သွားမှာပါ။ Bunny 1

ဟုတ်ကဲ့။ နောက်တခုက Bunny ရဲ့ သီချင်းမှာ သံစဉ်တွေက အားလုံးကခပ်ဆင်ဆင်ဖြစ်နေတယ်လို့ ပရိသတ်တွေကပြောတာ ကြားရတယ်ရှင့်။ အဲဒါနဲ့ ပက်သက်ပြီးတော့ Bunny ဘက်က ဘာတွေများပြင်ဆင်ထားတာရှိသေးလဲရှင့်။
ဪ.. အဲဒါက ပုံစံမတူတဲ့သီချင်းတွေကျတော့ ကျွန်တော်သိမ်းထားမိတယ်။ အဲတော့တူတဲ့ဟာတွေ ထုတ်ပြလိုက်မိပြီးတော့ အကုန်လုံးထပ်ကော။ အဲဒီတော့ ပုံစံမတူတဲ့ဟာကျပြန်တော့ သိမ်းထားတဲ့ထဲက တချို့ဟာတွေကို ကျွန်တော် February , maybe valentine ၊ Valentine’s Day နောက်ပိုင်း ကျွန်တော်ဖြန့်ပါမယ်။

ဪ.. အဲဒါဆို ပရိသတ်တွေက ရင်ခုန်စွာစောင့်မျှော်နေရမယ်ပေါ့။ ဟုတ်ကဲ့ရှင့်။ နောက်တစ်ခုက Bunny သီချင်းတွေမှာ Auto-Tune တွေ သုံးထားတာများတယ်လို့လည်း ပြောနေကျတယ်ရှင့်။ အဲဒါကတော့ Bunny က အဲဒီ Auto-Tune ကို သုံးရတာ သဘောကျလို့လား။ ဒါမှမဟုတ် တခြားအကြောင်းကြောင်းတခုကြောင့် ဆက်ပြီးတော့ အသုံးပြုနေဖြစ်တာလားမသိဘူး။
Auto-Tune က စသုံးတော့ ဘာမှန်းမသိဘူးဗျ။ အသံလေးကကောင်းသွားတာနဲ့ ကြိုက်တယ်ဗျာ။ အဲဒါနဲ့ သုံးတယ်။ ဒါပေမယ့် နောက်ပိုင်းကျတော့ သီချင်းတော်တော်များများက Auto-Tune တွေနဲ့ဖြစ်လာတော့လည်း အဲဒါလည်းမကောင်းပြန်ဘူး။ အဲဒါနဲ့ ကျွန်တော်နောက်ပိုင်း ကျွန်တော့်သီချင်းတွေရဲ့ Base တွေ ၊ နောက်ပြီးတော့အဲလိုနည်းနည်းထူးခြားအောင်လုပ်မယ့် နေရာမျိုးတွေ။ အဲလိုဟာမျိုးတွေတော့ ကျွန်တော် Auto-Tune သုံးမယ်။ တခြားဟာတွေတော့ ကျွန်တော် ကျွန်တော့နဂိုအသံနဲ့ပဲ ကျွန်တော်ဆိုသွားပါမယ်။

ဟုတ်ကဲ့ရှင့်။ နောက်တစ်ခုဆိုလို့ရှိရင် ချစ်တယ်ဟုတ် ဆိုတဲ့ သီချင်းပေါ့နော်။ အဲဒီသီချင်းက Backstreet Boys ရဲ့ သီချင်းကို Copy လုပ်ထားတယ်လို့ ပြောနေတဲ့သူတွေက ပြောနေကြတယ်ရှင့်။ အဲဒါကရော ဟုတ်ရဲ့လားမသိဘူး။
ဟုတ်ကဲ့။ ဟိုဟာ Backstreet Boys သီချင်း… အဲဒါ ကျွန်တော် အမှန်အတိုင်းပဲပြောတာနော်။ အဲဒါ ကျွန်တော် Backstreet Boys သီချင်းကို လုပ်တာမဟုတ်ဘူး။ Backstreet Boys က အဲကောင်တွေဆီက ပြန်ဝယ်ပြီးပြန်ဆိုလိုက်တော့ Backstreet Boys သီချင်းဖြစ်သွားတာ။ အစကဆိုတဲ့သီချင်းက အဲဒီတီးလုံး Frame နောက်ခံ Background တီးလုံးပုံစံကို ကျွန်တော်ယူလိုက်တာပါ။

ဪ.. ဟုတ်ကဲ့ရှင့်။ နောက်တော့မှ သူ့ကိုယ်သူ တူသွားတာပေါ့နော်.. ဟုတ်ကဲ့ရှင့်။ Bunny ဖြိုးက ထိန်ဝင်းနဲ့တွဲပြီးတော့ Underground Music တစ်ခု ထွက်ထားတာရှိသေးတယ်နော်။ အဲလိုမျိုး ကိုထိန်ဝင်းနဲ့တွဲပြီးဆိုဖြစ်သွားတာက RockStar မှာပါဖို့ ဖြစ်သွားဖို့ရှိလားမသိဘူး။
အဲလိုကြီး မရှိပါဘူးခင်ဗျာ။ တယောက်တည်းပါပဲ။ အကုန်လုံးနဲ့ ဒီလိုပဲအမြဲတမ်း လက်တွဲသွားမှာပါ။

ဟုတ်ကဲ့။ ကိုထိန်ဝင်းနဲ့ပဲတွဲပြီးတော့ တခြားအခွေတွေရော ဆက်ထွက်ဖို့ရှိသေးလားမသိဘူး။
ဟုတ်ကဲ့။ လုပ်ထားတဲ့ သီချင်းတွေရှိပါတယ်။ ဒါပေမယ့် အဲလို မပြီးသေးတဲ့ဟာတို့ ၊ တိုးလို့တန်းလန်းဟာတို့။ အဲဒါတွေပဲ ရှိတယ်ဗျ။

ဟုတ်ကဲ့။ Bunny ရဲ့ Single Album ကရော ဘယ်တော့လောက် ထွက်လာမလဲမသိဘူးရှင့်။
အဲဒါတော့ လိုဦးမယ်ထင်ပါတယ်ဗျာ။ ကျွန်တော်လည်း ကားအကောင်းစားကြီးစီး ၊ Landcruiser တွေဘာတွေ စီးနေတဲ့သူဆိုရင်တော့ အဲဒီကားကြီးရောင်းပြီး ထုတ်လိုက်တာပေါ့။ အခုတော့ မဖြစ်နိုင်သေးပါဘူး။

ဟုတ်ကဲ့ရှင့်။ တခြား 2nd Generation က Artists တွေနဲ့ရော တွဲပြီးတော့လုပ်ဖို့ စီစဉ်ထားတာရှိလားမသိဘူး။
အဲဒီမေးခွန်းနဲ့ ပက်သက်ပြီးတော့ ကျွန်တော်အဲလို 1st တွေ ၊ 2nd တွေ ၊ 3rd တွေ အဲလိုမျိုး ကျွန်တော့်စိတ်ထဲမှာသီးသန့်ကြီးဗျာ.. ဟိုဟာမှဟိုဟာဖြစ်ရမယ်။ ဒီလူတွေကဒီလို.. အဲလိုတွေ ကျွန်တော်မခွဲထားပါဘူးဗျာ။ အကြီးတွေကလည်း အငယ်တွေနဲ့ ဆိုကြပါတယ်။ အကုန်လုံးလည်း လက်တွဲခေါ်ကြတယ်။ အဲတော့ အကုန်လုံးက ကျွန်တော့်စိတ်ထဲမှာ မြင်တာပေါ့နော်.. သူများတွေအမြင်နဲ့တော့ ကျွန်တော်တူချင်မှ တူမယ်ဗျာ။ ကျွန်တော်မြင်တာက အကုန်လုံး ညီအကိုလိုပါပဲဗျာ။ အဲလို ဒီအကုန်လုံးစုပြီး လုပ်တဲ့အတူတူ ကျွန်တော်လည်း လူကြီးတွေနဲ့ လုပ်ရင်လည်းလုပ်မယ်။ လူကြီးတွေကလည်း ကျွန်တော်နဲ့လုပ်မယ်။ အကုန်လုံးပါပဲ။ ကျွန်တော် အကုန်လုံးနဲ့ လုပ်ချင်ပါတယ်ဗျာ။ အကုန်လုံး ကျွန်တော်ကြိုက်ခဲ့ရတဲ့ သူတွေချည်းပါပဲ။

Bunny 2ဪ.. ဟုတ်ကဲ့။ ပြီးတော့ အခုနောက်ပိုင်း Bunny ကို Show တော်တော်များများမှာ တွေ့နေပြီနော်။ အဲဒီတော့ ဆိုခဲ့သမျှ Show တွေနဲ့ အဲဒီ Show တွေတိုင်းမှာပေါ့နော်.. Bunny ရဲ့ အခုအချိန်အထိပေါ့နော် မှတ်မှတ်ရရဖြစ်နေတယ့် Experience တခုခုကို Sweet တု့ိကို မျှပေးပါဦး။
Show က အများကြီးရယ်လို့တော့ မဟုတ်သေးပါဘူး။ ဒါပေမယ့်ဆိုခဲ့သမျှ Show တိုင်းကတော့ အမှတ်ရစရာတွေကြီးပါပဲ။ ဘာလို့လဲဆိုတော့ ကျွန်တော်ပထမဆုံးစဆိုရတာက Saturn နဲ့ Playa-K သီချင်းပါ။ ကျွန်တော် Featuring လုပ်ပေးထားတဲ့သီချင်းပါ။ အဲဒီသီချင်းမှာစဆိုတာ။ အဲဒီတုန်းကလဲ ဆိုဖို့အတွက်ကို ဆိုခါနီးကျမှ အခွေဖွင့်တာ။အခွေကဘယ်လိုမှ ဖွင့်လို့မရဘူး။ အဲဒါနဲ့အခွေအသစ်ထပ်ကူးရတယ်။ အဲဒီနေရာမှာချက်ချင်း။ နောက်..ကျွန်တော့် Solo ပထမဆုံး Show က သီတင်းကျွတ်.. သီတင်းကျွတ်ည။ အဲဒီတုန်းကလဲ CD ပျက်တယ်။ ၂ပုဒ်ဆိုဖို့ စီစဉ်ထားတာ ကျွန်တော်၁ပုဒ်ပဲဆိုပြီးတော့ တာ့တာဆိုပြီး ပြန်ဆင်းသွားခဲ့ရတယ်။ နောက် ကိကိနဲ့ (BCMC) British Council Music Charity တုန်းကလဲ အဲလိုပဲ။ ကျွန်တော့် Program သပ်သပ်ပါတယ်။ ဒါပေမယ့်ဗျာ ကျွန်တော်ဆိုဖို့အတွက် လုပ်လိုက်တာ CD ကကျော်ကျော်ပြီးတော့ သီချင်းအဆုံးထိရောက်သွားတယ်။ အဲဒါနဲ့ မဆိုခဲ့ရဘူး…အဲဒီတုန်းကလဲ။ ပြီးတော့တခြား Show။ နောက်စမ်းချောင်း (၂) မှာ ကိုစိုင်းတို့နဲ့သွားဆိုတာ အဲဒီတုန်းကဆိုရင်လဲ CD ပျက်သွားတဲ့အတွက်ကြောင့် ကားပေါ်မှာပါလာတဲ့သီချင်းခွေဖွင့်ပြီး ဆိုလိုက်ရတယ်။ နောက် ကျွန်တော်အဆင်ပြေသွားတာက ဟိုဟာမှ..Christmas.. Christmas Show ကျမှ အဆင်ပြေသွားတာ။ အဲဒါကလဲ ကျွန်တော် ပထမဆုံးအဆင်ပြေပြေနဲ့ အကုန်ဆိုလိုက်ရတယ်။အဲဒါလဲအမှတ်ရပါတယ်။နောက်ပြီးတော့ ဒီပြီးခဲ့တဲ့ new year show မှာ… ဒီnew year show မှာပျော်တယ်ဗျာ။ဘာပဲပြောပြော ကျွန်တော်ငယ်ငယ်တုန်းက show သွားကြည့်ရင် အပေါ်မှာ အဆိုတော်ကြီးတွေက လက်တွေလေထဲမြှောက်လိုက်ပါဆိုလို့ လက်တွေလေထဲမြှောက်သွားတာ။ ကျွန်တော်လဲအဲလိုမျိုးဖြစ်ချင်တယ်ဗျာ။ အဲဒီနေ့က ကျွန်တော် အဲဒီလိုဖြစ်ခွင့်ရလိုက်တယ်။အဲဒါအရမ်းပျော်ပါတယ်။ အဲဒါလဲအခုထက်ထိ အမှတ်ရဆုံးပါပဲ။

ဟုတ်ကဲ့ရှင့်။နောက်တစ်ခုက အခု Bunny Phyoရဲ့ Hit Song တစ်ခုဖြစ်ထားတဲ့ နှစ်ပါတ်လည်သီချင်းကကော True Story ကို Base လုပ်ပြီးတော ့သီဆိုထားတာလားမသိဘူးနော်။
ဟုတ်ကဲ့ပါ။ တကယ် True Story ပါ.. အဲဒါက။

ဪ..ဟုတ်ကဲ့။အဲဒါဆိုရင် Bunny ရဲ့ R&B ဆိုပုံလေးတွေက အလွမ်းဓါတ်ခံတွေ လွှမ်းနေတတ်တယ်နော်။ အဲဒါကော ကိုယ်ချစ်တဲ့ကောင်မလေးက ကိုယ့်အနားမှာမရှိလို့လား။ ဒါမှမဟုတ် Bunny ဖြိုး ဆိုတဲ့ ဒီလူငယ်တစ်ယောက်က အလွမ်းဓါတ်ခံတွေ စုနေတတ်လို့လား။
လောလောဆယ်ထိတော့ဘေးနားမှာရှိနေသေးတယ်။နောက်နှစ်လောက်ကျရင်သွားတော့မှာ။

အဲဒါကြောင့်….ကြိုပြီးတော့ခံစားထားတာပေါ့…. ဪ..ဟုတ်ကဲ့။အဲဒါဆိုရင် Bunny ကခုနကပြောထားသလိုပဲ စိတ်ကူးယဉ်တတ်တဲ့ လူငယ်ဆိုတော့ ကြိုပြီးအလွမ်းတွေဆုထားတဲ့ သဘောပေါ့နော်။ Bunny လက်ကလက်စွပ်ကလေးကို မိန်းကလေး Fun တော်တော်များများက စိတ်ဝင်စားနေကြတယ်။ အဲဒီလက်စွပ်လေးနဲ့ Bunny ရဲ့ Life နဲ့ ပါတ်သက်ပုံကလေးကိုလဲ ပြောပြပေးလို့ရမလားမသိဘူး။
ဟုတ်ကဲ့။အဲဒါကျွန်တော် နှစ်ပါတ်လည်သီချင်းထဲကလိုပေါ့။ ကျွန်တော်နဲ့ ကျွန်တော့်ကောင်မလေးနဲ့ လက်စွပ်ဆင်တူဝတ်ထားပါတယ်ပေါ့။ ဒီလောက်ပါပဲ။ အရမ်းကြီးနက်နက်နဲနဲ အဓိပ္ပါယ်ကတော့ဒီလိုပါပဲဗျာ။

ဟုတ်ကဲ့ရှင့်။ အဲဒါဆို နောက်မေးခွန်းတစ်ခု သွားမယ်နော်။ Bunny ကိုပရိတ်သတ်တွေဆက်သွယ်နိုင်မယ့် E-mail ကလေးကကော။
1992bunny ပါ။

@gmail.com ပေါ့နော်။
1992bunny@gmail.com ပါ။

ဟုတ်ကဲ့ပါရှင်။ နောက်ဆုံး Question တစ်ခုအနေနဲ့ Bunny ရဲ့ MYMC အပေါ်ရင်ခုန်သံနဲ့ အကြံပေးချက်ကလေးသိပါရစေ။
အရမ်းမိုက်ပါတယ်။ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော် Online တက်တိုင်း နားထောင်နေတာကဗျာ။ အခုဆိုပိုဆိုးတယ်။ Laptop က Wifi ဖွင့်လိုက်လို့ရှိရင် သီချင်းနားထောင်လို့မရတော့ဘူး။ ကျန်တဲ့ဟာတွေ Itune တွေဘာတွေ ဘာမှဖွင့်လို့မရတော့ဘူး။ ကျွန်တော်အဲဒါနဲ့ အွန်လိုင်းမှာပဲ တစ်ခါတည်းနားထောင်ဖြစ်တယ်။ MYMC က အရမ်းမိုက်တယ်ဗျာ။ ကျွန်တော်နားထောင်ချင်တဲ့သီချင်းတွေလဲ အကုန်လုံးလိုလိုရှိတယ်။ြ ပီးတော့ အမြဲ Up To Date ဖြစ်တယ်။ မြန်မာသီချင်းဆိုလဲ လူကြီးတွေဆိုတာ.. ကလေးတွေဆိုတာကော အကုန်ရှိတယ်။ Underground ကအစ..အဲဒီလိုပေါ့ အရမ်းမိုက်ပါတယ်။

ဟုတ်ကဲ့ရှင့် အခုလိုအချိန်ပေးပြီး ဖြေကြားပေးတဲ့ Bunny Phyo ကို MYMC ကော ၊ ပရိတ်သတ်တွေကိုယ်စားကော Sweet ကအရမ်းပဲကျေးဇူးတင်ပါတယ်။
ဟုတ်ကဲ့။ကျွန်တော်ကလဲ ကျွန်တော့ကိုပရိတ်သတ်ကြီးနဲ့ တခြားသော မျိုးစုံ ၊ ဘက်ပေါင်းစုံကလာမယ့် ကျွန်တော့်ရဲ့ပရိတ်သတ်တွေ အတွက်ကော ကျွန်တော်နဲ့ ထိတွေ့ခွင့်ပေးတဲ့အတွက် ကျွန်တော်ကလဲအများကြီးကျေးဇူးတင်ပါတယ်ဗျာ။

ဟုတ်ကဲ့ပါ။ bunny ဒီထက်ပိုပြီးအောင်မြင်မူတွေနဲ့ တွေ့ကြုံနိုင်ပါစေလို့ ဆုတောင်းရင်း sweet တို့ဒီနေရာမှာပဲအဆုံးသတ်လိုက်တော့မယ်နော်။
ဟုတ်ကဲ့။ပေးတဲ့ဆုနဲ့အကြီးကြီးပြည့်ပါစေဗျာ။