♫♥✿မြန်မာပြည်ကို ချစ်ပါလျှင် ♫♥✿

မှုခင်းသတင်းလေးတစ်ခုကြားပြီးကတည်းက ရင်ထဲတော်တော်လေးမကောင်းတာနဲ ့သူငယ်ချင်းတို ့ကို ရင်ဖွင့်တာပါ…

မြန်မာလူမျိုး နှစ်ယောက် တစ်ယောက်က မိန်းကလေး တစ်ယောက်က ယောကျာ်းလေး.. မိန်းကလေး

နာမည်က နန်းဝင်း လို ့သူတို ့ခေါ်ကြပါတယ်..သူတို ့နှစ်ယောက်လုံးက ဈေးထဲမှာ လှည့်ပြီး ပစ္စည်းတွေ

ငွေတွေဖုန်းတွေ လစ်ရင်လစ်သလို ခိုးနေတာ..တစ်နေ ့တော့ သူတို ့လုပ်ရပ်တွေကို ပတ်ဝန်းကျင်မြန်မာတစ်ယောက်က ရိပ်မိပြီး ရဲကို အကြောင်းကြား

ပါတယ်..တိုင်တဲ့သူက ဘာလို ့တိုင်ရလည်းဆိုတော့ ကိုယ့်မြန်မာနိုင်ငံ
ကိုယ့်မြန်မာလူမျိုး သိက္ခာကျမှာ မလိုလားလို ့ပါတဲ့..သူတို
့လိုအကျင့်ပျက်မြန်မာ

တွေကြောင့် တစ်ကယ်ရိုးသား ကြိုးစားတဲ့ မြန်မာတွေလည်း သိက္ခာကျပါတယ်.နိုင်ငံလည်း သိက္ခာကျပါတယ် လို ့သတင်းပေးတဲ့ အစ်မကြီးက

ပြန်ပြောပါတယ်…

..လွန်ခဲ့တဲ့ ၄ နှစ်ကျော်ကလည်း..ဈေးထဲမှာဈေးရောင်းနေတဲ့ ကရင်မလေးတစ်ယောက်

အသက်က ၁၈ နှစ်တောင်မပြည့်သေးပါဘူး..သူ ့ဆိုင်ရှင်ရဲ ့အတွင်းပစ္စည်း ရွှေတွေ၁ဝ ကျပ်သားလောက် ခိုးပြီးထွက်ပြေးသွားပါတယ်.

.ပြန်ဖမ်းမိတဲ့ အချိန်မှာ ကရင်မလေးက သူ ခိုးထားတဲ့ ပစ္စည်းတွေ ကုန်သွားပြီ.လို ့ပြန်ပြောတော့ သူ ့သူဌေးက

ဒီသူခိုးမကို မြန်မာပြည် ပြန်ပို ့လိုက်လို ့ပဲ စိတ်တိုတိုနဲ ့ပြောပါတယ်.ထောင်လဲမချလိုက်ပါဘူး..မြန်မာပြည်ပဲ ပြန်ပို ့လိုက်ပါတယ်.

နောက်တစ်မှုကတော့ အိမ်ဖော်လုပ်နေတဲ့ ကောင်မလေးတစ်ယောက် သူ ့ချစ်သူ နဲ
့ပေါင်းပြီး အိမ်ရှင်အပျိုကြီး.ဖြစ်တဲ့ ရဲမေကို သတ်ပြီး ပစ္စည်းတွေခိုး

ပြီးထွက်ပြေးတာ ရဲတွေလိုက်ဖမ်းတဲ့အခါမှာ ယောကျာ်းလေးက လွတ်ပြီး မိန်းကလေးက မိသွားပါတယ်..

နောက်အမှူကတော့ ကရင်ဘုန်းကြီးတစ်ပါး အသက်က ၃၅
လောက်ရှိပါပြီ..ထိုင်းမှာအနေကြာတော့ ထိုင်းမှတ်ပုံတင်တောင်
ရထားပါပြီ..မြန်မာမှတ်ပုံတင်လည်း

ရှိပါတယ်..ကိုယ်တော်က နေ ့လည်ဘက် ကျောင်းထဲမှာနေပြီး ညဘက်မှာ သင်္ကန်းချွတ် အကျီ င်္ဝတ်အပြင်ထွက်ပြီး မိန်းမပျက်တွေနဲ ့ပျော်ပါတယ်..

အဲ့ဒီလိုနေတာကြာတော့ မိန်းမပျက်တွေနဲ ့ရင်းနှီးသွားလို ့
သင်္ကန်းတောင်မချွတ်တော့ပါဘူး..ညဘက် တောင် ထွက်ပြီး
အပျော်ရှာပါတယ်..ပတ်ဝန်းကျင်က

သတိထားမိတော့ ရဲကို အကြောင်းကြားပါတယ်..ရဲက မိန်းမပျက်ကိုအရင်မေးပါတယ်..ညဘက်ဘုန်းကြီး လာတာ တစ်ကယ်ဟုတ်မဟုတ်

မိန်းမပျက်ကလည်း ဝန်ခံပါတယ်။။ အဲ့ဒီနောက် ရဲက
မိန်းမပျက်ကိုအကူအညီတောင်းပါတယ်.အကျင့်ပျက် အယောင်ဆောင်
အချောင်ဘုန်းကြီးကို ဖမ်းတာ ကူညီ

ပေးဖို ့ပေါ့၊၊ မိန်းမပျက် နေတဲ့ အိမ်မှာ ရဲတွေက လျှို ့ဝှက်ကင်မရာ
တပ်ထားပါတယ်..ညဘက် ဘုန်းကြီးရောက်ပြီး အိမ်ထဲကို ဝင် ပြီး မိန်းမပျက်နဲ
့ဈေးညှိနေတဲ့

အချိန်မှာ အပြင်က အသင့်စောင့်နေတဲ့ ရဲတွေက ဝင်ပြီး ဖမ်းလိုက်ပါတယ်။

အဲ့ဒီလို အကျင့်ပျက် အချောင်နေအချောင်စားတဲ့ ဘုန်းကြီးတွေကြောင့် တစ်ကယ် ကိုယ်ကျင့်တရားထိန်းသိမ်းနိုင်တဲ့ တခြား သံဃာတော်တွေ

ဂုဏ်ညှိုးပါတယ်..သာသနာ ညှိုးပါတယ်.။အဲ့ဒီလို အကျင့်ပျက် ဘုန်းကြီးတွေများလာလေ..လူတွေက င်္သဃာတော်တွေကို အရိုအသေ နည်းလာလေပါပဲ..

.ကိုယ့်ကြောင့်

သံဃာ့ဂုဏ်ညှိးတာ မတွေးမိကြဘူးလား မသိဘူးနော် ကိုယ့်အတွက်လဲ အကျိုးမရှိ ..သာသနာအတွက်လဲ အကျိုးမရှိ.ပါဘူး..

နောက်သတင်းတွေကတော့..မြန်မာအမျိုးသမီးတွေ ထိုင်းနဲ ့တရုတ်မှာ ပြည့်တန်ဆာအဖြစ်ရောင်းစားခံရတာ..ကလေးတွေ ရောင်းစားခံရတာ

တော်တော်များတယ်..

သေချာတွေးကြည့်ရင် မြန်မာပြည်က လူတွေ နိုင်ငံခြားမှာ ရောင်းစားခံရတယ်ဆိုတာ နိုင်ငံခြားသားတွေက လာဝယ်တာမဟုတ်ဘူးပါဘူး..

ကိုယ့်နိုင်ငံသားတွေကပဲ သွားရောင်းတာပါ..ကိုယ့်ထမင်းတစ်ဝမ်းဝဖို ့ ကိုယ့်လူမျိုး

..ပြန်ရောင်းရဲတဲ ့လူတွေကို ကျွန်မတော်တော် အံ့ဩတယ်..

.ဒီသတင်းကို ကျွန်မ ဘာလို ့ပြောပြနေရလဲဆိုတော့ ကျွန်မတို ့မြန်မာလူမျိုးတွေ ရေမြေခြားမှာနေရတဲ့အခါ..

ကျွန်မတို ့ရဲ ့အပြုအမူအကောင်းအဆိုးမှန်သမျှ ကျွန်မတို ့ချစ်တဲ့ အမိမြန်မာနိုင်ငံတော်ကြီး နဲ ့

အမျိုး ဘာသာ သာသနာလဲ ထပ်တူထပ်မှ ကောင်းကျိုး ဆိုးကျိုးခံစားနေရပါတယ်.

.ကျွန်မတို ့မကောင်းတာ လုပ်ရင် ကျွန်မတို ့ကို သူများနိုင်ငံကလူတွေက အမေပေးတဲ့နာမည်မတပ်ပါဘူး..

မြန်မာပြည်မှာမွေးခဲ့လို ့မြန်မာလူမျိုးဆိုတဲ့ နာမည်ပဲတပ်ပါတယ်..မြန်မာပြည်မှာ လူမျိုး ၈ မျိုးရှိတာလဲ သူတို ့မသိဘူး..

သူတို ့သိတာ မြန်မာပြည်က လာရင် မြန်မာပါပဲ..စဉ်းစားကြည့်လေ တော်တော် ဝမ်းနည်းရလေပဲ..

..

အခုလဲ ကျွန်မတို ့ မြန်မာနိုင်ငံသားတွေ ကမ္ဘာအနှံ ့မှာ အကြောင်းအမျိုးမျိုးကြောင့် နေထိုင်ခွင့်ရတဲ့ခါ..အထူးသတိထားရမှာက

ကိုယ့် အမိနိုင်ငံတော် ဂုဏ်မညှိုးအေင် ကိုယ်ကျင့်တရားနဲ ့သိက္ခာကို
အပျက်မခံပါနဲ ့လား..မြန်မာလူမျိုးတွေဟာ သူခိုးမျိုး..၊
_ါသည်မျိုးမဟုတ်ပါဘူး..

ကိုယ့်ကြောင့် မြန်မာနိုင်ငံ မြန်မာလူမျိုး သူများအထင်သေးတာမဖြစ်ပါစေနဲ
့..ကိုယ့်အမျိုး ဘာသာ သာသနာကို စည်းစိမ်တွေပုံပြီး ပေးကမ်းမှ စောင့်ရှောက်

ကာကွယ်တာမဟုတ်ပါဘူး…ကိုယ့်ရဲ ့ကိုယ့်ကျင့်တရားနဲ ့အသိစိတ်ဓါတ်နဲ ့ကိုယ့်ကိုယ်ကို တန်ဖိုးရှိအောင်နေရင်ပဲ..လုံလောက်ပါပြီ..

ကျွန်မတို ့ဘိုးဘွားတွေ တစ်ချိန်တုန်းက ကြွေးကြော်ခဲ့တာ *** သခင်မျိုးဟေ့ တို ့ဗမာ.*** .ဆိုတဲ့ စကားပါ..

***သူခိုးမျိုးဟေ့…တို ့ဗမာ.***…***လူလိမ်မျိုးဟေ့ တို ့ဗမာ***…  *** _ါသည်မျိုးဟေ့ တို ့ဗမာ *** မဟုတ်ပါဘူးနော်…

***ငါးခုတ်မတစ်ကောင်ကြောင့် တစ်လှေလုံးပုတ် ***တယ် ဆိုတဲ့ စကားဟာ
လူတွေရဲ ့ဝါးလုံးရှည်နဲ ့ရမ်းတဲ့ အတွေးကြောင့်လား..မသန် ့ရှင်းတဲ့
ငါးခုတ်မက

ကိုယ့်တစ်ကောင်ကြောင့် အများပါ ပုတ်မယ်ဆိုတာ မတွေးမိလို ့လားဟင်..:(   🙁

http://www.youtube.com/watch?v=anxEV6z2NH4

Written..By ရွာသူလေးချမ်းချမ်း(ရင်တွင်းဖြစ်) http://www.haymonchan.blogspot.com

18 comments

  • mobile (mandalay)

    December 23, 2012 at 12:11 am

    ချန်းချန်း ရေအားပေးသွာကြောင်းပါဗျာ။
    ဘာမှတော့ထွေထွေထူးထူး မန်းမနေချင်တော့ပါဘူး။
    တစ်ခုလောက်တာ့ မေးချင်တယ်ဗျ အပေါ်က ဂီတ အမှတ်အသားလေးတွေ
    အသဲးပုံလေးတွေက ဘယ်ခလုပ်ကိုနှိပ်ရင် ပေါ်တာလဲးဗျ ကျုပ်မလုပ်တတ်လို့ပါဗျာ။

    • ချမ်းချမ်း (ရွာသူလေး)

      December 23, 2012 at 12:48 am

      အသဲပုံက အခုချမ်းချမ်းတင်ထားတာကို ကူးပြီးသိမ်းထားပါ..ခေါင်းစဉ်တပ်ရင် ထည့်လိုက်ရုံပဲလေ..ချမ်းချမ်းလဲ သူများဆီက ဒီလိုပဲ ကူးထားတာပါ..:D

  • padonmar

    December 23, 2012 at 12:36 am

    ချမ်းချမ်းပျောက်နေတာကြာပြီနော်။
    အရင် ချမ်းချမ်းစာလေးတွေ ကောင်းလွန်းလို့ ပရင့်ထုတ်ပြီးတောင် ဖတ်ခိုင်းရတယ်။
    အခုစာလည်းကောင်းပါတယ်။
    အရင်လို အားရပါးရရေးပါအုံး။
    သူများတိုင်းပြည်ရောက်နေတော့ အကျင့်မကောင်းတဲ့သူတွေက ပိုသိသာနေသလားလို့။
    ပြည်တွင်းမှာလည်း အဲလိုလူတွေ တပုံကြီးပါပဲ။

  • ချမ်းချမ်း (ရွာသူလေး)

    December 23, 2012 at 12:54 am

    padonmar ရေ ချမ်းချမ်းက စာရေးဆရာမတော့မဟုတ်ပါဘူး…ပတ်ဝန်းကျင်မှာမြင်တွေ ့တာလေးတွေကို သင်ခန်းစာအနေနဲ ့ရေးတာပါ..ချမ်းချမ်းကပေါက်တိကပေါက်ချာရေးထားတာကို ပရင့်ထုတ်ပြီးတောင် ဖတ်တဲ့အတွက် ကျေးဇူးလဲအရမ်းတင်ပါတယ်..:D.

  • kai

    December 23, 2012 at 3:08 am

    မြန်မာတွေဟာ.. ယူအက်စ်ရောက်ရောက်.. ဥရောပရောက်ရောက်.. ဂျပန်ရောက်ရောက်.. ထိုင်းရောက်ရောက်.. မလေးရောက်ရောက်.. စင်္ကာပူရောက်ရောက်..
    မြန်မာ့အကျင့်က.. မြန်မာ့အကျင့်ပါပဲ..။
    မြန်မာပြည်တွင်းမှာလည်း.. ကိုလိုနီခေတ်..။ လွတ်လပ်ရေးမရခင်ခေတ်..။ လွတ်လပ်ရေးရပြီးခေတ်..။ စစ်အစိုးရခေတ်.. အတူူတူပါပဲ.
    ဒေါ်စုခေတ်ရောက်လာစေဦး.. အတူတူဖြစ်မှာပါပဲ..။

    ရှေးစွန်းစွဲချက်က..
    ပြဿနာရဲ့အဖြေကိုမရှာကြတာမဟုတ်..။ ရှာကြတဲ့သူတွေကို.. ရှာခွင့်တောင်မပြုနိုင်ကြတဲ့အခြေအနေပါ..။ အခွင့်အလန်းရဖို့.. ၂ဆင့်ပိတ်နေပါတယ်.။

    ဒါတွေဟာ…
    စနစ်ကြောင့်မဟုတ်.. စနစ်ကြောင့်မဟုတ်.. 😥

    • mobile (mandalay)

      December 23, 2012 at 4:32 pm

      သူကြီးပြောတာလေးကို မှတ်သားလိုက်ပါ၏။
      ထောက်ခံပါ၏။

  • ရွှေ ကြည်

    December 23, 2012 at 7:39 am

    အလုပ်မှာတောင် တခုခုဆိုမြန်မာတမျိုးလုံးနဲ့ချီပြောခံရမှာစိုးလို့ အလုပ်ချိန်ကိုကြိုရောက်အောင်သွား ကြိုးစားပြီးနားလည်အောင်လုပ်
    မသိတာတွေအိမ်သယ်ပြီးစဉ်းစား သူငယ်ချင်းတွေနဲ့တိုင်ပင် အဲလိုလေးတွေလုပ်ဖြစ်ပါတယ်။
    မှန်ပါတယ် တိုင်းတပါးမှာ ကိုယ့်အပြုအမူတွေက မြန်မာဆိုတာနဲ့ အမြဲယှဉ်တွဲနေတာမို့ အစစအရာရာသတိထားပါတယ်။ တွေ့ဖူးတဲ့တော်တော်များများကလည်း အခုလိုပဲမြန်မာစိတ်ဓါတ်ကို အထင်မသေးရအောင် နေကြပါတယ်။
    အခုလိုမျိုးပို့စ်ထဲကလူမျိုးတွေအကြောင်းကြားရတော့လည်း စိတ်လေပါတယ် စိတ်မကောင်းဖြစ်ရတယ်။
    ပို့စ်ပိုင်ရှင်ကို ထောက်ခံပါတယ်။

  • MaMa

    December 23, 2012 at 9:26 am

    င်ငံရပ်ခြားရောက်ရင် ကိုယ့်လုပ်ရပ်ဟာ ကိုယ့်တိုင်းပြည်ကို ကိုယ်စားပြုသလို ဖြစ်နေတော့…………..
    အရင်က ကိုယ့်ဆီမှာနေတုန်းက ပေါ့ပျက်ပျက် အလေးအနက် မထားတတ်သူကတောင် နိုင်ငံရပ်ခြားရောက်တဲ့အခါ မခံချင်စိတ်နဲ့ ပိုကြိုးစားပြီး ပိုတော်ပိုတတ်သွားတာမျိုးလည်း တွေ့ဖူးတယ်။ :hee:

  • အကျင့်ဆိုတာက မျိုးဗီဇတစ်ခုလားရှင်။
    လူနေမှုဘဝတွေနဲ့သတ်ဆိုင်တယ်လို့ပဲမြင်တယ်။
    လူနေမှုဘဝနိမ့်ကျတာနဲ့အမျှ အတော်များများကအမူအကျင့်ပြောင်းလဲကုန်ရာက အကျင့်ပါကုန်တာလဲဖြစ်နိုင်ပါတယ်။
    လူနေမှုဘဝနိမ့်ကျတဲ့လူများစွာရှိတဲ့နိုင်ငံကလူတွေအပေါ် မြန်မာတွေရဲ့အကျင့်ကဘယ်လို ဆိုတာကတော့ ဝါးလုံးရှည်နဲ့သိမ်းရမ်းလိုက်သလိုပါပဲ။
    လွန်တာရှိဝန္ဒာမိပါ။

    • kai

      December 24, 2012 at 7:09 am

      ဓလေ့အကျင့်..စရိုက်ဆိုတာတွေက.. (တည့်တည့်ပြောရရင်..) ဘာသာရေးကလာတာပါပဲ…
      မြန်မာဟာ.. ကမ္ဘာ့နိုင်ငံတွေနဲ့နှိုင်းယှဉ်ရင်.. နောက်ကတွက်ရင်.. ၁ကနေ ၁ဝထဲအများးးးးးးးးးးးးကြီးပါနေသေးတယ်…။ပါဆဲ..ပါလတံ့တွေအများကြီးမြင်နေရတယ်..။
      ဒါတွေကို..အပြုသဘောနဲ့.. ထောက်ပြပြောဆို.. ပြင်ဆင်ကြစေဖို့အဓိကပါ..။

      ဆိုတော့..
      အတွေးအခေါ်.. ဘာသာရေး.. လက်ရှိ”ဟာ”တွေလွှတ်ချ.. ယူတန်း U-turn တန်းကြဖို့အချိန်အခါ..သင့်လွန်းမကသင့်နေပြီဆိုတာ.. ပြောလိုရင်းဖြစ်ပါတယ်..။
      ကျောင်းဆရာဆရာမတွေ.. ဘုန်းကြီးတွေမှာ..အင်မတန်တာဝန်ရှိပါတယ်..။
      မျက်စိများဖွင့်စေ/ပွင့်စေလိုလို့.. အတင်းဖြဲကားဖွင့်ပေးနေရတာသာဖြစ်ပါကြောင်း..

      မြန်မာတွေရဲ့.. ကောင်းတာတွေရွေးပြောလည်း..” ပြောမဆုံးပေါင်..တောတသောင်း” ရှိတာပါပဲ..
      လူကြိုက်လူချစ်များမှာပေါ့..။ ဘာခက်တာလိုက်လို့…။ :kwi:
      ဘာတဲ့..
      သစ်တောတွေစောင့်ရှောက်ကြ..။
      ဧရာဝတီကို..ကယ်တင်ကြ..။
      သဘာဝပါတ်ဝန်းကျင်ကိုထိန်းသိမ်းကြ..။
      ဆဲဖုန်းတလုံး ၅၀၀ဝနဲ့ရအောင်လုပ်ကြ..မရရင်ဆန္ဒပြကြ..။
      ဦးသိန်းစိန်ကို အပုပ်ချကြ..။.. ဒေါ်စုကို.. ဆုံးမလမ်းညွှန်ကြ..။
      ဘင်္ဂလီတွေကိုမုန်းတီးသတ်ဖြတ်ပြကြ.. ။ ကုလားတွေမုန်းပြကြ..။ ဗုဒ္ဓဘာသာကာကွယ်ကြ..။
      အမျိုးဘာသာသာသနာ..။
      ဘုန်းကြီးတွေ ဘာလုပ်လုပ်အမှန်..။
      ဆရာတော်ကြီးတွေ.. ထိုင်ကန်တော့ကြ..။
      စေတီပုထိုးတွေတည်ကြ..။လှူကြ..။
      မြန်မာသည်သာ ကမ္ဘာမှာအမြတ်ဆုံး..
      မြန်မာသည်သာ.. ကမ္ဘာ့စိတ်အချမ်းသာဆုံးလူမျိုး…။
      ဝိပဿနာသည်သာ.. ထွက်ရပ်ပေါက်လမ်း..
      ဒါတွေ.ဒါတွေ.. ထိုင်ပြောတင်နေယုံ…။ :kwi:

      ဒါပေမယ့်.. သို့သော်..
      .. တကယ့်အချက်အလက်တွေတော့.. (မြှောက်ပြောပြောပြီး) လစ်လှူရှုမပြနိုင်ပါဘူး..
      အဖမြေကို.. ချစ်လို့ပါ…
      တကယ်ချစ်ရင်…
      တကယ်ပြောရဲ..
      အဲဒီကမှ.. တကယ်ပြင်ပြ..ပြင်ကြရပါမယ်..။

      သခင်မျိုးဟေ့.. ဒို့ဘားမန်း(Burman) :harr:
      ( တောင်ငူနန်းသူမမကို ကိုုက်ရိုက်ပြောတာမဟုတ်ပါနော..
      အကြောင်းတိုက်ဆိုင်လို့.. ပြောချင်တာကို.. တွန်းပြောပြောလိုက်တာသာဖြစ်ကြောင်း.. )

      • ဦးကြောင်ကြီး

        December 24, 2012 at 8:56 am

        သဂျီးဦးခိုင် စက်ဘီး လေထိုးကျွတ်ဖာ ကုမ္မဏီလိမီတက်မှ ယူအက်စ်လေ အစစ်ဖြင့် ထိုးပေးနေပါသည်။ ပြည်တွင်းဖြစ်အားလုံး မစွံ၍ တကယ်ပြင်လိုလျင် ဦးခိုင်လေ သုံးမှဖြစ်မည်။ ဖူး ဖူး.. :harr:

        • kai

          December 24, 2012 at 10:49 am

          ငယ်ငယ်ကျောင်းသားဘဝက. သုံးခဲ့တဲ့.. .ပြည်တွင်းဖြစ် ဒန်ထမင်းဘူးများ.. နာမယ်က..ဦးစ(USA) တဲ့..။
          တော်တော်ကောင်းတာ..။ :harr:

        • pooch

          December 24, 2012 at 1:26 pm

          Myanmar ကလာတယ် လူမျိုးက Burman အဲ့လိုပြောလည်း ရမယ်ထင်တယ်နော်
          ဘာမှ မဟုတ်ဖူး Burman မြင်လို့ ဝင်ပြောတာ။ :mrgreen:

          သူကြီးလေသံတွေနဲ့ မားသားကြီးကို သွားကလိတာ
          စိတ်မထင်ရင် ကောက်ကောက်ထုတာ ထွက်ပြေးရတာ ခလုုပ်ကို တိုက်လို့ ဟီး 😀

  • မောင်ပေ

    December 23, 2012 at 7:23 pm

    ကျုပ်အနေနဲ ့ရွာသူလေးချမ်းချမ်းကို အင်တာဗျူးချင်မိတာလေးတစ်ခုက ဒီလိုပါ
    အရင်တုန်းက
    ပြီးခဲ့တဲ့ ၂၀၁၁ အစောပိုင်းတုန်းက
    ချမ်းချမ်းရဲ ့ကဗျာတွေကို ၊ ဒီမန်းတလေးဂေဇက်ထဲမှာ တစ်ခြားတစ်ယောက် က ချမ်းချမ်း နာမည် ခရက်ဒစ်မပေးပဲ လာတင်တာကို မသိခဲ့တာလား ဆိုတာပါပဲ

  • koaung

    December 23, 2012 at 7:50 pm

    ဂျပန်မှာနေတုံးက နာဂအိဆိုတဲ့ရပ်ကွက်ကမြန်မာလူမျိုးအများဆုံးနေထိုင်တာ ဒုစရိုက်မှူလဲများတယ် အနားကိုမကပ်ရဲဘူး ရထားပေါ်မှာဂျပန်လူမျိုးတွေရဲ့အိတ်တွေ အလစ်သုတ်တာ ဆေးကြောင်ပြီးကိုယ့်ဖာသာကိုယ် သတ်သေတာ ထိုင်ဝမ်မှာလဲရှိတယ် ဒါကြောင့်မို့ဝေးဝေး မှာဘဲနေတယ် ရိုးရိုးသားသား နဲ့ကြီးပွါးချမ်းသာတဲ့ မြန်မာပြန်တွေလဲရှိတယ် ဆရာဝန်တွေများပါ့ (ဒါပေမဲ့ အဲဒီလူတွေက ကျနော်ဒို့လို တရုတ်မျိုးဟေ့ဒို့ဘမာတွေ) ခိုးမစားဘူး ကြိုးစားတယ်
    :mrgreen:

  • etone

    December 24, 2012 at 11:14 am

    ပို့စ်ထဲက စာကြောင်း တစ်ချို့ကို …. ကန့်ကွက်ပါတယ် ။

    အပြစ်ရှိသူကို ထိုက်တန်တဲ့ အပြစ်ပေးတာ .. လူမျိုးတွေ ၊ ဘာသာတွေ ကိုင်စွဲစရာမလိုဘူးလို့ ထင်ပါတယ် .. ။
    လူမျိုး၊ ဘာသာခွဲခြားပြီး ၊ အပြစ်ဒဏ်ဖုံးဖိတာ ၊ ပေါ့လျော့စွာ ကျခံစေတာတွေက .. မလုပ်သင့်မလုပ်အပ်တဲ့အပြုမူမျိုးတွေပါ ။ နိုင်ငံတွင်းနေထိုင်သူတိုင်းက ၊ နိုင်ငံက ချမှတ်ထားတဲ့ ဥပဒေအတိုင်းလိုက်နာပြီး ၊ အပြစ်ရှိသူသာ အပြစ်ဒဏ်အတိုင်း ကျခံစေသင့်ပါတယ် ။

    အပြစ်လုပ်သူက ဘာလူမျိုး ၊ ဘာဘာသာဖြစ်ဖြစ် … သူလုပ်တဲ့ ပြစ်မှူက .. သူတဦးတစ်ယောက်တည်းပေါ်မှာပဲ မူတည်သင့်ပါတယ် ။ မလိုလားအပ်ပဲ .. ဘာသာတွေ ၊ လူမျိုးတွေ ရောသိမ်းတွဲမပြောသင့်ပါဘူး ။
    အသိဉာဏ် နည်းတဲ့ အာဏာရှင် ဘုရင်စနစ်တွေတုန်းက ၊ မိသားစုလိုက် သုတ်သင်ခံခဲ့ရတဲ့ ဇာတ်လမ်းတွေလည်း ရှိခဲ့ဖူးတယ် …. ။ အပြစ်သားကို ကိုယ့်လူမျိုးမို့ … ၊ကိုယ့်ဘာသာတူမို့ .. ဖုံးဖိပေးထားမယ် .. ထိန်ဝှက်ပေးထားမယ်ဆို …ကိုယ့်လူမျိုးထဲ ၊ ကိုယ့်ဘာသာထဲ သူခိုး ၊ ကြမ်းပိုးတွေချည်း ပွားများစေတဲ့ တရားခံက … မိမိကိုယ်တိုင်ပဲ ဖြစ်ပါလိမ့်မယ် … ။

  • Thuyazaw

    December 24, 2012 at 12:04 pm

    ကျုပ်တို့လူမျိုးတွေဟာလေ ပြည်ပ ရောက်ရင် ဘာလုပ်လုပ် ဘယ်သူမှ မသိဘူးဆိုတဲ့ စိတ်သိပ်မွေးတတ်ကျတာ….. အကျင့်ပါနေလို့ပါဗျာ…..ခိခိ

    • ရဲစည်

      December 24, 2012 at 12:23 pm

      ခင်ညားကြီး ကျုပ်ကို စောင်းမပြောနဲ့
      ကျုပ် အွန်လိုင်းမှာ အာချောင်တာကလွဲလို့ ဘာဆိုဘာမှ မလုပ်ဘူး
      တကယ်ချစ်လို့ ပြန်လာဒယ်နော်
      တကယ်ချစ်လို့ ပြန်သွားဒယ် .. နည်းနည်းတော့ မသွားမပေါ့ .. စားရိတ်လေ .. စားရိတ် ..
      :harr:

Leave a Reply