လူတွေ..လူတွေ..

ငါကပဲ မတူတာလား…

ဘယ်သူ့ကိုမှ နားမလည်ဘူး..

 

အားငယ်တတ်တဲ့သူ တဲ့..

အားပေးခဲ့ဖူးပါတယ်…

စေတနာကို အမှားထင်တတ်တော့

သင်ခန်းစာလို့ပဲ မှတ်လိုက်တယ်…

 

စီနီယာလူကြီးပါ တဲ့..

အပိုးကျိုးပြီး နာခံဖူးပါတယ်…

တာဝန်ဆို ရှောင်ထွက်သွားတော့..

နာမည်တွင်သွားတယ်…ဖိုက်တာတဲ့…

 

အပြောချိုချိုလေးနဲ့တစ်ယောက်..

စိတ်ထားလေး သိပ်ကောင်းတယ်လို့…

ပေါင်းတာကြာမှ သိလိုက်ရတယ်…

ပါးစပ်ဘုရား..လက်ကားယားလို့…

 

အလုပ်ထဲမှာ ပျော်နေမိတယ်…

ငြိစရာလည်း မရှိဘူးရယ်လို့…

ခံရခက်မှ သိလိုက်ရတယ်..

ပါစင်နယ်နဲ့ ရောတတ်သူတွေကို…

 

အတွေးတွေနဲ့ ဗျာများလာတယ်..

ငါကပဲ မှားနေပြီလား…

အများနဲ့တစ်ယောက်…

စဉ်းစားရင်းနဲ့ ဂေါက်တော့မယ်… ….

လုံမလေးမွန်မွန်

About လုံမလေးမွန်မွန်

has written 168 post in this Website..

ကိုယ်ချစ်တဲ့သူတွေကို ကိုယ့်ရဲ့မေတ္တာတရားကို ပြသဖို့ ၀န်မလေးပါနဲ့... ဘ၀ဆိုတာ တိုတိုလေးရယ်ပါ... .... CJ # 11202010

   Send article as PDF