ရူးချင်မိတယ်..

လူတွေ..လူတွေ..

ငါကပဲ မတူတာလား…

ဘယ်သူ့ကိုမှ နားမလည်ဘူး..

 

အားငယ်တတ်တဲ့သူ တဲ့..

အားပေးခဲ့ဖူးပါတယ်…

စေတနာကို အမှားထင်တတ်တော့

သင်ခန်းစာလို့ပဲ မှတ်လိုက်တယ်…

 

စီနီယာလူကြီးပါ တဲ့..

အပိုးကျိုးပြီး နာခံဖူးပါတယ်…

တာဝန်ဆို ရှောင်ထွက်သွားတော့..

နာမည်တွင်သွားတယ်…ဖိုက်တာတဲ့…

 

အပြောချိုချိုလေးနဲ့တစ်ယောက်..

စိတ်ထားလေး သိပ်ကောင်းတယ်လို့…

ပေါင်းတာကြာမှ သိလိုက်ရတယ်…

ပါးစပ်ဘုရား..လက်ကားယားလို့…

 

အလုပ်ထဲမှာ ပျော်နေမိတယ်…

ငြိစရာလည်း မရှိဘူးရယ်လု့ိ…

ခံရခက်မှ သိလိုက်ရတယ်..

ပါစင်နယ်နဲ့ ရောတတ်သူတွေကို…

 

အတွေးတွေနဲ့ ဗျာများလာတယ်..

ငါကပဲ မှားနေပြီလား…

အများနဲ့တစ်ယောက်…

စဉ်းစားရင်းနဲ့ ဂေါက်တော့မယ်… ….

31 comments

  • လုံမလေးမွန်မွန်

    December 23, 2012 at 12:51 pm

    လုံမတစ်ယောက် စာရေးဖို့ အခြေအနေမရတာကြောင့် လက်ရှိခံစားချက်တွေကို ကဗျာနဲ့ပဲ ပြောပြလိုက်ပါကြောင်း… :kwi:

  • သျှားသက်မာန်

    December 23, 2012 at 2:48 pm

    ထင်ပါတယ်

  • ကိုရင်စည်သူ

    December 23, 2012 at 3:23 pm

    မွန်လေး..မမှားဝူး.. အလုပ်ထဲမှာ ပစ်ထားတဲ့ အူးစည်အမှားဘာကွာ.. :kwi:

  • ခိုင်ဇာ

    December 23, 2012 at 3:44 pm

    မွန်မွန်လေး ပေါက်ကွဲ နေပါ့လား။
    ရူးချင်မိတယ်တဲ့။

    ရူးသွားလို့ ဒီဒုက္ခတွေက လွတ်ပေမဲ့ နောက် ဒုက္ခတွေက လာဦးမှာ ပေါ့လို့။ 🙁

  • kai

    December 23, 2012 at 3:50 pm

    မနက်စောစောအိပ်ယာထ..
    ပန်းခြံသွား.. ၁နာရီလောက်ထပြေးလိုက်လေ.. :kwi:

    • လုံမလေးမွန်မွန်

      December 23, 2012 at 3:57 pm

      တကယ်လား..ရန်ကုန်ဆောင်းက သိပ်မအေးဝူး… :kwi:
      လောလောဆယ်တော့…applied psycho တက်ရင်ကောင်းမလား စဉ်းစားနေတာ..

  • TheWinner

    December 23, 2012 at 4:00 pm

    ရင်ထဲရှိတာချရေးလိုက်၊
    ဒါပေမယ့် ပြီးရင်တော့ လွှတ်ချလိုက်၊
    အဲလိုမှ မဟုတ်ရင် အကြိမ်ကြိမ်ပြန်ရှုံးမယ်နော်။

  • ရွှေ ကြည်

    December 23, 2012 at 4:10 pm

    အမွန်ရေ ဘယ်သူမှမမှားဘူး လောကကြီးကကိုက အဲဒီလိုပါပဲကွယ်..။ ဂေါက်နဲ့ဦးနော် လိမ္မာတယ်။ အားတင်းထား။ fighting !!!

  • mobile (mandalay)

    December 23, 2012 at 6:06 pm

    ဖတ်ရင်းနဲ့လဲ ဂေါက်ချင်စိတ်တော့မပေါက်ပါဘူး
    ဂေါက်သီးရိုက်ချင်စိတ်ပဲပေါက်သွားတယ် လုံမလေးရေ

  • ဗုံဗုံ

    December 23, 2012 at 6:46 pm

    ဟုတ်ပါ့ မမွန်ရယ် လူတွေက အဲ့လိုဘဲ နောက်တစ်ခါ သည်းမခံနိုင်ရင် ခေါင်းသာ ထုပစ်လိုက်သိလား :harr:

  • မောင်ပေ

    December 23, 2012 at 7:11 pm

    စိတ်လေးတော့ လျှော့ပါ ပူတူးလေးရာ
    ပေ မွန် ့အတွက် စိတ်ပူလို ့ပါါါါါါါါ ။
    ဟီဟိ

  • (((အားငယ်တတ်တဲ့သူ တဲ့..

    အားပေးခဲ့ဖူးပါတယ်…

    စေတနာကို အမှားထင်တတ်တော့

    သင်ခန်းစာလို့ပဲ မှတ်လိုက်တယ်…))))

    တကယ့်မှန်တယ်..အားနာသနားတတ်သူတွေရဲ့ပျော့ကွက်ပေါ့အမွန်ရယ် :chee:

    • လုံမလေးမွန်မွန်

      December 23, 2012 at 7:31 pm

      ဟုတ်ပါ့ ဟုတ်ပါ့..
      သူတို့က ဘယ်လိုမျိုးလဲဆိုတော့ ဘဝကို အားငယ်တတ်တယ်..
      အားပေးပြီးတော့ ကြိုးစားခိုင်းတော့ကျတော့လည်း ဘုဂလန့်တိုက်တယ်..
      နားမလည်တော့တာနဲ့ပဲ ဘာမှကိုမပြောတော့ဝူး… 🙂

  • ဦးကြောင်ကြီး

    December 23, 2012 at 9:22 pm

    ရူးချင်
    ဗူးစင်
    ထူးအင်
    မြူးရွှင်
    ပူးကြင်
    တူးချဉ်
    စူးဝင်
    ဂျုးလင်…။

  • အလင်းဆက်

    December 23, 2012 at 10:04 pm

    ကဗျားလေးကိ်ုပဲ..
    အတော် ခံစားလိုက်ရပါကြောင်း…

  • Mr. MarGa

    December 25, 2012 at 11:03 am

    လူတစ်ကိုယ် စရိုက်တစ်မျိုး
    လူအမျိုုးမျိုး စိတ်အထွေထွေ ဆိုတော့လည်း
    မွန်မွန်လေးရေ
    ကိုယ့်စိတ် ကိုယ့် စတိုင်မလိုင်တွေနဲ့သာ နေပါ လို့
    (ငါ တင် မဟုတ်ပါဘူးကွယ် လူတိုင်း ဂေါက်(ရူး) နေကြတာပါ)
    :hee:

      • မဟာရာဇာ အံစာတုံး

        December 27, 2012 at 11:43 pm

        ဟေ့လူ ဥမာဃ …

        ခညား ရူးတယ်ဆိုလည်း ကိုယ့်ဟာကိုယ် ရူးတယ်လို့ ပြောဘာ ..
        ဝါးလုံးရှည်နဲ့ မရမ်းချင်ဘာနဲ့ ….။
        ခညားက သကြားရူး ရူးနေတဲ့ လူဂျီး .. ကျုပ်သိတယ် .. (ဆော်ထားမှ)
        ကျုပ်ကတော့ မရူးဘူး … (ကျိုပေါထားဒါ)

        လုံမလေးရေ ….
        မရူးချင်ဘာနဲ့ကွယ် …
        ဘေးနားမှာ အားပေးနေမယ့် ကိုကိုအံ တစ်ယောက်လုံး ချိနေဒါဘဲကွယ် ..
        မရူးချင်နဲ့နော် .. စိတ်မညစ်နဲ့နော် …
        နော် … လို့ ….. :mrgreen:

  • MaMa

    December 28, 2012 at 6:40 am

    လုံမရေ-
    တိုတိုထိထိမိမိ ရေးထားတာ သဘောကျတယ်။
    ဒီစာကိုဖတ်ပြီး စိုင်းဆိုင်မော တစ်ကိုယ်တော်ရှိုးပွဲလုပ်တုန်းက ဆိုသွားတဲ့ …
    ုဖြစ်တတ်တဲ့ လောကရဲ့ သဘာဝ ဆိုလား ဘာလား ….
    အဲဒီသီချင်းလေးကို သွားသတိရမိတယ်။
    မွန်မွန်ဆိုတာလည်းခေသူမဟုတ်တာမို့…….
    အခုလောက်ဆို အဆင်ပြေအောင်နေနိုင်လောက်ပြီ ထင်ပါရဲ့။
    (ပိုစ့်တင်စကတည်းက ဖတ်မိပေမယ့် ခုမှအချိန်တန်ပြီထင်လို့ မန့်လိုက်တာ) :kwi:

    • လုံမလေးမွန်မွန်

      December 28, 2012 at 10:53 pm

      အန်တီဌာနမှူးရေ…
      ကွန်မန့်အတွက် ကျေးဇူးပါနော်… အဆင်ပြေအောင် မနေလို့မရတော့လည်း နောက်ဆုံးမှာ အဆင်ပြေအောင် နေလိုက်ရတော့တာပဲပေါ့နော်… :mrgreen:

Leave a Reply