သည်ကနေ့ ကျွန်တော် ဦးအေးမြင့်သည် လူစည်ကားတတ်သည့် သိမ်ကြီးဈေးကားပါကင်တွင် ခါတိုင်းလို ပါစင်ဂျာရရန် ကားရပ်ထားလို်က်သည်။ မနက်စောစောကတည်းက ကားကိုချွတ်ယွင်းချက် မရှိအောင် ဆီလိုလျှင်ဆီ၊ရေလိုလျှင် ရေ စသည် တို့ကိုလိုက်ဖြည့်သည်။ နို့မဟုတ်လျှင် ခရီးသည်တွေကို တင်ဆောင်ရင်း လမ်းတွင်တစ်ခုခုဖြစ်မှ ခရီးသည်ကငြိုငြင်၊ ကားခလည်းမရ၊ အချိန်လည်းဆုံး။ အဲ့ဒီအခါကျမှ ဟုတ်ပေ့ဖြစ်မှာ။

ယခုအချိန်ထိ ပါစင်ဂျာမရသေးပါ။ ကားရပ်ရန် ပါကင်အဖိုးအခက အရင်ဖြစ်သည်။ စိတ်ရှည်..စိတ်ရှည်။ ငွေရရန်အတွက် လုပ်နေခြင်း

သာဖြစ်သည်ဟု စိတ်ကိုမနည်းချုပ်တည်းထားလိုက်ရသည်။ အိမ်ကထွက်လာကတည်းကိုက ဇနီးသည်၏ ဆီဖိုး၊ဆန်ဖိုး၊ရေဖိုး၊မီးဖိုး ဆိုသည့်

တေးသံမာမာနှင့် သမီး၏ကျူရှင်ဖိုး ဆိုသည့် နားဝင်ပီယံ မငြိမ့်ညောင်းသံတို့ကို အံတုပြီး ငါဒီနေ့ တစ်သောင်း၊ နှစ်သောင်းကျန်အောင် ရပြီး

မှပြန်မည်ဟု စိတ်ပိုင်းဖြတ်လိုက်သည်။

ဟော..စိန်နားကပ်တွဲလောင်းနှင့် အဝတ်အစားသန့်သန့်ပြန့်ပြန့် ဝတ်ထားသည့် မိန်းမကြီးတစ်ယောက် ကားဌားရန် ရပ်စောင့်နေ

ဟန်ရှိသည်။

`အစ်မကြီး..ကားဌားမလို့လား´

`ဟုတ်တယ်၊ပုဇွန်တောင်ကိုသွားမလို့..၊ဘယ်လောက်လဲ´

`၃ဝဝဝ ပဲပေးပါ´

`အို..မတန်မဆ..များလိုက်တာ။ ၂၅၀ဝ ထားလိုက်´

`မရလို့ပါအစ်မရယ်..၊ပုံမှန်ဈေးပါပဲ´

` ၂၅၀ဝ မရရင်မလိုက်ဘူး။ တက္ကစီတွေ များပေါလို့´ ဟု ထိုမိန်းမကြီးကခပ်ပြတ်ပြတ်ပြောပြီး တခြားတက္ကစီကားဆီသွားခါနီး ကျွန်တော်က နောက်ကလိုက်ပြီး

`ဒါဆိုလည်း..တက်ဗျာ၊လာပါ..လာပါ၊တက်ပါ´ ဟုဈေးဦးပေါက် ပါစင်ဂျာကို အဆုံးရှုံးမခံနိုင်သည့် နှင့် ကျွန်တော်ကို်ယ်တိုင် ထိုမိ်န်းမ

ကြီးကို ကားတံခါးဖွင့်ပေး၊ ပိတ်ပေးပြီးမျက်နှာချိုသွေးလိုက်ရသည်။

လမ်းတစ်ဝက်ရောက်တော့ ထိုမိန်းမကြီးဆီမှဖုန်းမြည်လာခဲ့သည်။

`တီတီ´

`ဟယ်လို..၊အေးပြော၊ အင်း..အနီလား၊ အနီလိုချင်လို့လား။ လက်စွပ်အနီလိုချင်တယ်ပေါ့။ စိတ်ချ..ရစေရမယ်၊ဒါဆိုတစ်ခါတည်း ဝမ်းဆက်လေးလည်း ဖြစ်သွားအောင်လက်ကောက်တို့၊ ဆွဲကြိုးတို့ပါယူလိုက်ပါလား။ အခု.လက်ထဲရှိတုန်းမို့ ပြောထားတာနော်၊

ရှိတတ်ဖို့က ရှားတယ်..၊ဈေးကဝမ်းဆက်ဆို..သိန်း(၈၀)ဝန်းကျင်ပဲ..အကြီးစားမျိုးလေ၊သိန်း(၈၀)ဆိုတာ သုံးလိုက်ရင်ဘာမှရှိတာမဟုတ်ဘူး၊ ဒါတွေဝယ်ထားလိုက်ရင်အဖတ်တင်တာပေါ့၊ အမလေး..ကျွန်မက(၈၀)မပြောနဲ့..(၁၀၀)တောင်များတယ်လို့ထင်တာမဟုတ်ဘူး..ဟင်းဟင်း

မဖြစ်စလောက်တွေပါ၊ယူထား..ရဖို့ကခဲယဉ်းတယ်၊ အလျှော့အတင်းသိရရင်..ဖုန်းပြန်ဆက်ပေးမယ်လေ..´ ဟုစကားသံဆုံးသွားလေသည်။

`ရပြီ.. ရပြီ၊ဒီနားမှာပဲ..ချပေးလိုက်တော့၊ရော့. (၃ဝဝဝ)၊(၅၀၀)ပြန်အမ်း´

ကျွန်တော်လည်း အိတ်ကပ်ထဲလက်နှိုက်စမ်းပြီး (၅၀၀)တန်ကိုရှာရာမတွေ့။အဲ..အကြွေတော့ရှိကောင်းရှိရဲ့။

`(၄၅၀)ပဲယူလိုက်ပါနော်..၊ဒါအကြွေအကုန်မို့ပါ´

`ဘာပြောတယ်..၊(၅၀၀)ပြန်အမ်းရမှာလေ..၊(၄၅၀)မှမဟုတ်တာ..၊တစ်နေရာက(၅၀၀)ရအောင်လဲပေး..ဒါပေး´

ရော်..ခက်ပါလား၊(၅၀)လောက်ကွာတာလေးကိုပြောနေသေး။

ကျွန်တော်လည်း ပို်က်ဆံအကြွေလဲရန် ဟိုဟိုဒီဒီရှာကြည့်လိုက်ရာ ကွမ်းယာဆိုင်တစ်ဆိုင်ကိုတွေ့သွားသည်။ လဲလို့ရသော်လည်း ထိုမိန်းမကြီးက ပိုက်ဆံ(၅၀၀)တန်ကို ဖင်ပြန်၊ခေါင်းပြန်၊ဟိုလှန်ဒီလှန်ကြည့်ပြီး စိတ်ကျေနပ်တော့မှ ကျွန်တော်လည်း ကားမောင်း ထွက်လာ ခဲ့သည်။

     ပုဇွန်တောင်ဈေးအကျော်လောက်တွင် သားအမိနှစ်ယောက်က ကားကိုလက်ပြတားလိုက်သည်။

`ဘယ်သွားမလဲ အမ´

`ကြည့်မြင်တိုင်ကို´

`(၄၀၀၀)တော့ပေးပါ´

`အေးအေး´ ဟု အမေဖြစ်သူက လေသံမာမာနှင့်ပြောပြီး ကားတံခါးကိုဆွဲဖွင့်သည်။

လမ်းပေါ်တွင်

`နင့်ကြောင့်..ငါစိတ်ညစ်တယ်၊ကျူရှင်လည်..နံ့နံ့တက်ပြီးတက်ချင်တယ်၊စာရသလားမေးတော့လည်း.အတန်းထဲမှာအဆင့်နောက်ဆုံး၊

အဲဒါ..ကောင်းသလား။နင့်ကြောင့်..ငါစိတ်ညစ်တယ်။ခုလည်းကြည့်..မပြောလိုက်ချင်ဘူး၊ဟိုမှာသွားခဲ့တော့..ဘာဖြစ်မှာမို့လို့လဲ` ဟုပါးစပ်ကလည်းစစ်သေနတ်ပစ်၊ လက်ကလည်းကလေး၏ခေါင်းကိုလက်ညှိုးကြီးနှင့်ထိုးထည့်နေသည်။ကလေးကလည်း ငိုမဲ့မဲ့မျက်နှာလေးနှင့်။ ကျွန်တော်လည်းသားသမီးချင်းကိုယ်ချင်းစာနာစွာဖြင့်

`ကလေးကို..သိပ်လည်းမဆူပါနဲ့ဗျာ။ခုခေတ်ကြီးကိုကပညာခေတ်လေ၊နေရာတကာမှာ..ပညာရေးကိုဦးစားပေးနေကြတဲ့ခေတ်ဗျ၊

ဒီတော့.ခင်ဗျားတို့၊ကျွန်တော်တို့မိဘတွေကလည်း..ကိုယ့်ကလေးကိုသူများအောက်မရောက်ရအောင်၊အလုပ်အကိုင်ကောင်းကောင်းလေး

လည်းရသွားအောင်..ပညာရေးကိုဦးစားပေးရမှာပေါ့ဗျာ´

`ရှင့်ဘာသာရှင်..ကားမောင်းပါ´

`အား..မရတော့ဘူးအမေ၊သားနာလာပြီ´ ဟုသားငယ်ကအော်နေသည်။

`ဒါကြောင့်..ကလေးတွေကိုရိုက်ရင်လည်း..ခေါင်းကိုတော့မရိုက်ပါနဲ့ဗျာ..၊ခေါင်းဆိုတာ..မှတ်ဉာဏ်တွေအားလုံးစုစည်းထား

တဲ့နေရာ။တော်ကြာ..ကလေးစာကျက်လို့မရတော့မှဖြင့်..´

ကလေးအမေက ကျွန်တော့်ကိုမျက်စောင်းကြီးအခဲသားနှင့်ထိုးနေလို်က်ပုံများ..ကားနောက်ကြည့်မှန်ကနေမြင်ရနေတာ

တောင်ကြောက်စရာ၊လန့်စရာ။

`ကဲ..ပါသာပါချလိုက်တော့ဟေ့´ ဟုကလေးအမေကအော်လိုက်သည်။

`ဗျာ..ဘာပါချလိုက်တာလဲ´

`အီး(မစင်)ကိုပြောတာဟေ့..၊ဘတ်စ်ကားနဲ့ပြန်လည်းရတာကို..၊ဒင်းကအိမ်သာတက်ချင်တယ်ဆိုလို့..တက္ကစီဌားရင်းနဲ့

တခြားဟာတွေပါ..ရောပြီး..ပြောနေတာ၊ဒီတော့မထူးဘူး..၊အိမ်လည်းမရောက်သေးဘူးဆိုတော့..ကားပေါ်မှာသာပါချလိုက်တော့ဟေ့´

အဲဒါမှဒုက္ခော။ ကိုယ့်အပြစ်နှင့်ကိုယ်ခံ။ရှည်လွန်းတဲ့သည်ပါးစပ်။စူပါဂလူးနှင့်အထပ်ထပ်ပိတ်ထားဖို့ပဲတန်သည်။

သားအမိနှစ်ယောက်ဆင်းသွားတော့မှကျွန်တော်နောက်ခန်းကိုဆင်းပြီး ဆပရေးတွေအထပ်ထပ်ဖြန်း၊ ဖန်တွေဖွင့်လိုက်ရ

သည်။သည်တစ်ခါပါးစပ်ပိတ်ပြီးသာကားမောင်းတော့မည်။

 ရှေ့တွင်လူငယ်စုံတွဲလေးနှစ်ယောက်လက်ပြကားတားနေကြသည်။အသက်အရွယ်အားဖြင့်ကိုယ့်သားသမီးအရွယ်သာသာပင်။ခုခေတ်ရေစီးကြောင်းစီးဆင်းမှုကလည်း တယ်လည်းမြန်သကိုး။အထူးသဖြင့်ကိုးရီးယားရေစီးကြောင်းပဲပေ့ါ။ ကလေးမဝတ်ထားသည့် စကတ်ကတိုပါရောလား။ သူများမြင်အောင်ဖော်ထားတော့ရုတ်တရက်မြင်မိတာကိုတဏှာရူးတဲ့။ရင်ကလည်းဟိုက်ဟိုက်နဲ့ကို မြည်နေသေး။

တော်သင့်ပြီ။မမြင်ဖွယ်ရာတွေကိုမရှုတာပဲကောင်းလိမ့်မည်။

`မီးရထားဟိုတယ်ကိုဘယ်လောက်လဲ´

`(၃၅၀၀)ပဲ.ပေးပါ´

ဆစ်ပင်မဆစ်တော့၊သွားရန်လောနေပြီထင်အံ့။ဟော..ဗျာ၊`မိန်းမတို့အိန္ဒြေရွှေပေးလို့မရ´တဲ့။အခုတော့ ဘာပေးရမှန်းမသိရလောက်

အောင်ပင် အခက်တွေ့နေသည်။ မမြင်ဖွယ်ရာတွေကို ကားပေါ်မှာမလုပ်ကြပါနဲ့ဟုပင် အကြိမ်ကြိမ်ဆုတောင်းနေမိတော့သည်။မီးရထား

ဟိုတယ်မှအထွက် ဗိုက်ထဲကလည်းအချက်ပြနေပြီဖြစ်သောကြောင့်အလုံမြို့နယ်ကွင်းကျောင်းလမ်းရှိစားနေကျမြန်မာထမင်းဆိုင်သို့ ထွက်

လာခဲ့သည်။ မည်သည့်အသားဖြင့်စားစား၊ အသားဟင်းတစ်ပွဲ၊ဟင်းစုံနှင့်ထမင်းတို့ကို အဝစားမှ(၈ဝဝ)ကျပ်ဖြစ်၍ ယင်းဆိုင်သို့ပုံမှန်လာစား

နေခြင်းဖြစ်သည်။အသားဟင်းနှင့်တစ်ခါစားတစ်ထောင်မကျော်ဘဲသပ်သပ်ရပ်ရပ်၊သန့်သန့်ရှင်းရှင်းစားနိုင်သောဆိုင်မှာရန်ကုန်တွင်ရှားနေ

ပြြီဖစ်သည်။ငါးရံ့၊ဒန့်သလွန်ချည်ရည်ဟင်း၊ဟင်းရန်များကိုအရသာရှိရှိစားပြီးသောအခါမွန်းလွဲ(၁)နာရီပင်ကျော်လေပြီ။

တက္ကစီသမားတစ်ယောက်၏နိစ္စဓူဝဖြစ်သောအလုပ်ကိုဆက်လက်ဆောင်ရွက်ရန် ကျွန်တော်ဝမ်းဗိုက်ကိုအစာဖြည့်ပြီးသည့်သကာလ ထိုထမင်းဆိုင်ရှေ့ပြန်လည်ထွက်ခွာခဲ့ရသည်။

၄။

     ထမင်းဆိုင်ရှေ့ကထွက်အလာရှေ့တွင်အမျိုးသမီတစ်ယောက်လက်ပြကားတားနေသည်။

`တာမွေဈေးဘလီကို..ဘယ်လောက်လဲ´

`(၄ဝဝဝ)တော့ပေးပါ´

`ဟာ..ရှင်ကလည်း..မများလွန်းဘူးလား´

`ပုံမှန်ပါပဲ၊ပြီးတော့..အစ်မမှာလည်း..ပစ္စည်းတွေကတစ်ပုံတစ်ခဲကြီး..၊ဟော..ဟိုရှေ့ကကောင်လေးလည်းကားဌားမလို့နဲ့တူတယ်၊

ကျွန်တော်မေးကြည့်လိုက်မယ်..၊ခရီးတူရင်တစ်ဝက်သက်သာတာပေ့ါ၊ခဏနော်´

ကျွန်တော်လည်းရှေ့ကကားဌားနေသည့်ကောင်လေးကို

`ငါ့ညီ..ဘယ်သွားမှာလဲ´

`ရွှေဗဟိုရုပ်ရှင်နား´                       `ကဲ..ငါ့ညီလည်းတစ်ဝက်သက်သာသွားအောင်..ဟိုကအစ်မကြီးနဲ့ပေါင်းစီးလိုက်ပါလား။အဲ့အစ်မကြီးကလည်း..တာမွေဘက်ကိုသွား

မှာ´

`ဘယ်လောက်လဲ´

နှစ်ယောက်ပေါင်း.. (၄ဝဝဝ)ပဲပေးပါ´

`ကောင်းပြီ´

နောက်ဆုံးတော့ကျွန်တော်တို့သဘောတူညီမှုရရှိပြီးထိုနေရာမှထွက်လာခဲ့ကြသည်။ လမ်းတစ်ဝက်တွင်ကောင်လေးကအိတ်ကပ်ထဲ

ကဆေးလိပ်ကိုထုတ်၊မီးခြစ်ကိုခြစ်လိုက်ပြီးဖွာကောင်းကောင်းနှင့်ဖွာနေစဉ်နောက်လက်တစ်ဖက်ကလည်းဝတ္ထုစာအုပ်ကိုသဲကြီးမဲကြီးဖတ်နေသည်။ သည်ကောင်လေး`ဆေးလိပ်မသောက်ရ´ဟုစာကပ်ထားသည်ကိုမမြင်၍ဖြစ်မည်ဟုမှတ်ယူပြီး

`ငါ့ညီ..၊ကားထဲမှာ..ဆေးလိပ်မသောက်ပါနဲ့လား´

`ကားထဲမှာ..သောက်တာမှမဟုတ်တာ..၊ဆေးလိပ်ကိုအပြင်ဘက်ထုတ်ပေးထားတာပဲ´

`အန္တရာယ်ဆိုတာ..ပြောလို့မရဘူးလေ´

`အခုဘာမှမဖြစ်ရင်..ပြီးရောမဟုတ်ဘူးလား´

ကျွန်တော်လည်းစကားကြောရှည်မနေတော့ဘဲ ကားသာဆက်မောင်းလာခဲ့သည်။ဆင်းလိုသည့်နေရာရောက်တော့အသီးသီးကိုချပေး

လိုက်သည်။

သည်အချိန်သည်ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ်ကျောင်းဆင်းချိန်ဖြစ်သည်။ထို့ကြောင့်ကားကိုမြန်မြန်လေးနင်းထားလိုက်သည်။

ကျောင်းရှေ့ရောက်ရုံရှိသေး ကလေးမတစ်ယောက်က

`အာရှတော်ဝင်ရှေ့ကနေဝင်သွားရင်..ရွှေသံလွင်အိမ်ရာရှိတယ်..၊အဲဒီကိုသွားချင်လို့´

`(၁၅ဝ၀)ပဲပေးပါ´

`ဟင်..ဦးကလည်းလျှော့ပါဦး´

`ဒါပုံမှန်ပါပဲ..သမီးရယ်´

ကလေးမလေးလည်းထပ်ပြောမနေတော့ဘဲကားပေါ်တက်လိုက်သည်။                    `အမှန်ဆို..ဒီအချိန်..ဦးက(၂၀၀၀)တောင်းရမှာ..၊ဒါပေမဲ့.သမီးသွားမယ့်နေရာကအာရှတော်ဝင်ရှေ့ဆိုတော့..ဦးအတွက်ပါစင်ဂျာပြန်ရနိုငတဲ့နေရာဖြစ်လို့..လျှော့ယူလိုက်တာ၊မဟုတ်ရင်.နည်းနည်းပိုယူတာပေါ့´

`အော်..ဒီလိုကိုး´

ကျွန်တော်လည်းရွှေသံလွင်အိမ်ရာထဲကို ကားကွေ့ဝင်လိုက်သည်ဆိုရင်ပဲဂိတ်စောင့်က car pass လှမ်းပေးသည်။တယ်လည်းလုံခြုံသကိုး။ ကြီးကျယ်ခံ့ညားသည့်အိမ်နှင့်ခြံဝန်းတစ်ခုအရှေ့တွင်ကားရပ်လိုက်သည်။

၅။

ကဲ..လက်ထဲမှာလည်းမိန်းမအတွက်ရော၊သမီးအတွက်ပါငွေလုံလုံလောက်လောက်ရနေပြီ။ နာရီကလည်း(၅)နာရီထိုးတော့မည်။

သည်ကနေ့တော့ အိမ်စောစောပြန်၊ရေမိုးချိုး၊ဘောလုံးဂျာနယ်လေးဖတ်ပြီးအနားယူတော့မည်။အဲ..နောက်ပြီးကျွန်တော့်အကြာင်းနေ့တိုင်း

စနည်းနာချင်တဲ့သမီးငယ်လေးကိုလည်း ကျွန်တော့်နိစ္စဓူဝကိုဟာသကလေးရောပြီးပြောပြရဦးမည်။

လူ့အတွေးကနေကားတာယာဆီကူးစက်ပြီး ချယ်ရီဝယ်ဂွန်တက္ကစီလေးကခါတိုင်းနေ့တွေထက်ပင် ပိုပြီးသွက်လက်မြန်ဆန်လှသည်။

ညနေ နေဝင်ဆည်းဆာအရောင်ဖျဖျလေးသန်းနေချိန်မှာ ကားလေးကသာကေတလမ်းကြောင်းဘက်သို့သာ။

About Mon Lay

Mon Lay has written 409 post in this Website..