ဒေါ်စိမ်းတို့ မြေးအဖွားနှင့် အသုဘ ကူငွေ (၂၀၀၀) ကျပ်

TheWinner GetprizeDecember 23, 20121min32548

ဒေါ်စိမ်း တယောက် ဈေးဆိုင်အလုပ်မအားလပ်တဲ့ကြားမှ ဒီနေ့တော့ ရွာအရှေ့ပိုင်းက ကိုတိုးဝင်း ဆုံးတဲ့ဆီကို မဖြစ်ဖြစ်အောင် ထွက်လာခဲ့မိသည်။

အသုဘ အိမ်နားရောက်တော့ ဒေါ်စိမ်း မျက်လုံးများ ပြူးသွားရသည်။ သရဲတွေ့လို့ မဟုတ်ပါ။ သုံးတန်းတက်နေတဲ့ ဒေါ်စိမ်းရဲ့အချစ်တော် မြေးမလေးကို အသုဘအိမ်မလှမ်းမကမ်းမှာ တွေ့လိုက်လို့ပါ-

“ဟဲ့မြေးလေး တုန်တုန်”

အဖွားကို မြင်လိုက်တော ့ တုန်တုန် လန့်လည်းလန့်၊ ဝမ်းလည်းဝမ်းသာသွားသည်။

“ဟင်အဖွား”

“သမီးကျောင်းချိန်ကြီးမှာ ဘယ်လိုဖြစ်လို့ဒီနားရောက်နေတာလဲ”

မေးလိုက်ကာမှပဲ တုန်တုန်တစ်ယောက် မျက်ရည်များ စီးကျလာတော့သည်။
မြေးမလေး မျက်ရည်မြင်တော့ ဒေါ်စိမ်း အသည်းထဲကျင်သွားသည်။

“သမီးဘာဖြစ်လို့လဲ အဖွားကို ပြောစမ်း၊ ကျောင်းမှာ ဘယ်သူနဲ့ ဘာဖြစ်လာလို့လဲ”

“ကျောင်းမှာ ဘာမှ မဖြစ်ပါဘူးအဖွား။ တုန်တုန် ဒီအိမ်ထဲကို ပြန်မဝင်ရဲလို့ပါ”

“ဟင်၊ သမီးက ဒီအသုဘ အိမ်ကို ဘာလို့ဝင်မှာလဲ ပြောပါဦး။ အဖွားတို့လည်း မပါပဲနဲ့ သမီးတစ်ယောက်တည်း ဘာလာလုပ်တာလဲ။”

“ဆရာမမမမ၊ ဆရာမကလေ”—
တုန်တုန်ပြောရင်းနှင့် ရှိုက်ငိုနေသည်။ ဒေါ်စိမ်း မခံစားနိုင်တော့ပါ။ မြေးမလေးကို ပွေ့ဖက်ရင်း

“ပြောပါဦးသမီးရယ်၊ ဆရာမ ဘာဖြစ်လဲလို့၊”

“ဆရာမက အသုဘ အိမ်ကို ငွေ (၂၀၀၀) လာကူခိုင်းတာ”

“အော်ဒါလား၊ လာလာ အဖွားနဲ့အတူဝင်မယ်နော်။ အဖွားပါလိုက်ခဲ့ပေးမယ်။”

စိတ်ထဲကနေတော့ ဖူးဖူးမှုတ်ထားတဲ့ မြေးမလေး၊ (၃) တန်းအရွယ် ကျောင်းသူလေး ကို ကျောင်းချိန်ကြီးမှာ တစ်ယောက်တည်း အသုဘအိမ်ကို လွှတ်လိုက်တဲ့ ဆရာမကို ကျိန်ဆဲမိလိုက်ပေမယ့် ဒေါ်စိမ်း ဒေါသကို မြိုချပြီး ပြောလိုက်သည်။

“ဟုတ်ဘူးအဖွား၊ အခုက ကူရမှာ မဟုတ်ဘူး”

“ဟင်ဒါဆိုဘာလဲ”

“ဆရာမကလေ အနောက်ပိုင်းက ဦးညိုဝင်း အသုဘကို သွားကူခိုင်းတာ၊ အဲဒါ တုန်တုန်က မှားပြီး ဒီအရှေ့ပိုင်းက ဦးတိုးဝင်းရဲ့ အသုဘကို လာကူမိလို့။ အဲဒါ ဆရာမက စိတ်ဆိုးပြီး အခုသွားပြန်တောင်းဆိုလို့ တုန်တုန်ပြန်လာတောင်းရတာအဖွား။ အခု တုန်တုန် ပြန်မတောင်းရဲလို့ ဒီနားမှာ ထိုင်နေတာအဖွား။”

“ဘုရားရေ”

ဒေါ်စိမ်း တယောက်မခံစားနိုင်တော့ပါ။ မြေးမလက်ကိုဆွဲပြီး အနောက်ပိုင်းက ဦးညိုဝင်းအိမ်ကို တန်းလာခဲ့သည်။ ပါလာသည့် ငွေ (၂၀၀၀) နှင့် မြေးလေးကို ခိုင်းလိုက်သည့် မူလတန်း ကျောင်းအုပ်ဆရာမ နာမည်နှင့် ငွေကို စိုက်ကူပေးလိုက်သည်။

ထို့နောက် အိမ်ကိုပြန်လာပြီး မြေးမလေးကို ထားခဲ့သည်။ တရှုးရှုးနှင့် အလွန်ဒေါသထွက်နေသော ဒေါ်စိမ်းကို သမီးဖြစ်သူ မြမြက အနောက်မှ အတင်းလိုက်ဆွဲသော်လည်း ဒေါ်စိမ်းကိုတော့ မနိုင်ပါ။ ဒေါ်စိမ်းနောက်ကသာ တတ်နိုင်သမျှ ဝင်ထိမ်းဖို့ လိုက်ခဲ့ရတော့သည်။

သွားနေတာကတော့ သမီးငယ်တက်သည့် မူလတန်းကျောင်းကိုပါ။ ကျောင်းမှာက ရုံးခန်းကလည်း သီးသန့်ရှိမနေပါ။ များသောအားဖြင့် ကျောင်းအုပ် ဒေါ်မူမူရှိတတ်သည့် (၄) တန်း အခန်းဘက်ကို အမေက တန်းသွားနေသည်။

“ဆရာမ ဒေါ်မူမူရှိလား၊ သူနဲ့ တွေ့ချင်လို့”။

“အော် – ဒေါ်စိမ်းပါလား၊ ဆရာမကြီးက (၃) တန်းဘက်မှာ၊ တွေ့ချင်လို့လားရှင့်၊ ကျွန်မလိုက်ပို့ပါ့မယ်”။

ကျောင်းကိစ္စတွေမှာ အားတတ်သရော ပေးကမ်း၊ လှူဒါန်းလေ့ရှိတဲ့ ဒေါ်စိမ်းကိုမြင်လိုက်တာနဲ့ ဆရာမလေးက ပြာပြာသလဲပဲ ထလာသည်။

“ဟုတ်ပါတယ် ဆရာမလေး၊ ကျွန်မအရေးကြီးလို့ လိုက်ပို့ပေးပါ”။

“အမေရယ် စိတ်ကိုလျှော့ပါနော်။ လက်မပါပါစေနဲ့နော်။” မြမြဘေးကနေ အမေ့ကို သတိပေးနေရသည်။

(၃) တန်းရှေ့အရောက် ဒေါ်မူမူကို မြင်တာနဲ့၊

“ဆရာမထွက်လာခဲ့ပါဦး”

အရင်က ဆရာမတွေကို လေးစားချစ်ခင်လေ့ရှိတဲ့ ဒေါ်စိမ်းတယောက် ယဉ်ကျေးမှုတွေ ဘယ်ပျောက်ကုန်မှန်း မသိတော့ပါ။

“ညည်းလားအေ့၊ ကျုပ်မြေးကို မသာသွားကူခိုင်းပြီး မှားလို့ သွားပြန်တောင်းခိုင်းတာ”

“ကျောင်းအုပ်ဆရာမဆိုတဲ့ ဂုဏ်ပုဒ်ကိုမှ အားမနာအေ၊ ညည်းမို့ မရှက်တယ်။ ညည်းမိဘတွေကရော မဆုံးမဘူးလား၊ ညည်းရဲ့ သား၊ သမီးဆိုရင်ရော အဲလိုပဲ ခိုင်းမလားအေ့။
ကလေးက ပြန်မတောင်းရဲလို့ ဘယ်လောက်ကြောာ်နေရှာလဲ ညည်းစဉ်းစားမိရဲ့လား။”

ဒေါ်စိမ်းတစ်ယောက် တလစပ် ပါးစပ်သေနတ်ပစ်နေလိုက်မိသည်။
ဒေါ်မူမူသည်လည်း လက်ညှိုးငေါက်ငေါက်ထိုးပြီး ရန်လာတွေ့နေသော ဒေါ်စိမ်းကို အသားများ တဆတ်ဆတ်တုန်အောင် စိတ်တိုနေသော်လည်း ဟုတ်နေတော့ ခေါင်းအောက်ချနေရုံမှ အပ ပြန်မပြောနိုင်ပါ။ စွာတေးလန်ရဲ့ မြေးမကိုမှ သွားခိုင်းမိတာကိုး။
ရင်ထဲရှိတာတွေ တလစပ် ပြောပြီး မကျေနပ်သေး။ ဒေါ်စိမ်းတစ်ယောက် အရှေ့ပိုင်းရှိ ဆရာမ၏ မိဘများအိမ်သို့ ဆက်လက်ချီတက်သွားပြန်ပါသည်။

ကျန်ခဲ့တဲ့ မြမြကတော့-
အင်း – လုပ်သင့်တဲ့ အလုပ်ကို လုပ်ရတော့တာပေါ့ – နောက်နေ့မှာ သမီးလေးကို ဆရာမက ပိုပြီး မမဲအောင် ဆရာမကို ချော့ပြီး ကျန်ခဲ့ရတာပေါ့နော်။

အော် –
– မြေးတွေထိရင် မိုးထိအောင်နာတတ်တဲ့ ဒေါ်စိမ်းကပဲ မှားနေတာလား၊

– (၃) တန်းအရွယ် ကလေးလေးကို အသုဘအိမ်ကို ငွေ ၂၀၀ဝ ကူခိုင်းပြီး၊ အသုဘမှားလို့ ပြန်တောင်းခိုင်းတဲ့ ကလေးတို့ရဲ့ ဆရာမကပဲ မှားနေတာလား၊

ဆိုတာတော့ စာဖတ်သူတို့သာ ဆုံးဖြတ်ပေးပါတော့နော်။

48 comments

  • uncle gyi

    December 23, 2012 at 10:10 pm

    အင်း
    ဟုတ်ရဲ့လားဝင်းနားရယ်
    ရေးသွားတာအကုန်ကောင်းကွက်ကွက်ကွင်းကွင်း
    ၃တန်းကလေးကိုအသုဘကူခိုင်းတယ်ဆိုတာဟုတ်ပါ့မလားလို့
    ဟုတ်တယ်ဆိုသူ့အဘွားကဆရာမကိုပြောတာနည်းတောင်နည်းသေး
    မြို့နယ်ပညာရေးမှူးအထိတိုင်ရမှာ

    • TheWinner

      December 24, 2012 at 10:18 am

      unglegyi ရယ်
      မိသားစုထဲက ကိုယ်တွေ့မို့ ဟုတ်ပါတယ်လို့ ပြောပါ့မယ်ရှင့်။
      နယ်က မူလတန်းလေးက တကယ့်အဖြစ်အပျက်ပါရှင်။

    • ဒါမျိုးကမဖြစ်မှာမယုံမရှိနဲ့အန်ကယ်ကြီးရေ
      ဆရာမတစ်ချို့က ကျောင်းချိန်မှာကလေးတွေကို တော်တော်ခိုင်းတာပါ။
      တောတွေမှာပိုဆိုးတယ်။
      ကျွန်မအနီးအနားက တစ်တန်းအရွယ် ကောင်လေးတစ်ယောက်ဆို
      နေ့တိုင်းကျောင်းတက်ချိန် ကျောင်းခန်းအပြင်ရောက်ရောက်နေတယ်။
      ဘာထွက်လုပ်လဲမေးလိုက်တိုင်း ဆရာမကွမ်းသွားယာခိုင်းလို့ချည့်ပဲ။
      သူများစာသင်ချိန် ၆နှစ်ကလေးလေးက ကျောင်းအနားကအိမ်မှာ ကွမ်းသွားသွားယာပေးနေရတာ တော်တော်အကြည့်ရဆိုးတာပါ။

  • အရီးခင်လတ်

    December 23, 2012 at 10:13 pm

    စပြီး မှား တဲ့ သူ က သူ့ အမှား ကို မှားကြောင်း (သိခဲ့ရင်) လက်ခံရပါတယ်။

    ဒီတော့ အဲဒီ ဆရာမ က စပြီး တောင်းပန် ရပါမယ်။
    အဲဒါကို မှ မကျေအေးရင် တော့ အဖွား အလွန်ပေါ့။
    နောက်ပိုင်း ဒါမျိုးမမှားအောင်လဲ သင်ခန်းစာပေါ့။

    ကျွန်မ နှစ်နေရာလုံးက ဝင်ကြည့်တယ်။
    ဆရာမ နေရာမှာ ဆိုရင်တော့ အဲဒီလို ကလေးကို အာအကြောင်းနဲ့မှ အပြင်ကို တစ်ယောက်ထဲ ပေးမလွှတ်ဘူး။
    အဖွား နေရာမှာ ဆိုရင် တော့ ဒေါသ ဖြစ်မိမှာ အမှန်ဘဲ။

    သူများတွေလဲ ရှုဒေါင့်စုံ အမျိုးမျိုး တွေးနိုင်ပါတယ်။

    • TheWinner

      December 24, 2012 at 10:19 am

      အရီးရယ်၊ ဆရာမကတော့ ဝန်မခံဘူး။ ဆရာမ အမေကတော့ သူ့သမီးလွန်တာပါလို့ တောင်းပန်ပါတယ်။

  • kai

    December 24, 2012 at 5:03 am

    ကျောင်းအုပ်ဆရာမကမှားပါတယ်..
    အကြီးအကျယ်မှားတာပါ..။
    သူ့မှာ.. သူ့အလုပ်ရှင်ဖြစ်တဲ့တပည့်ကို.. ကျောင်းချိန်ထဲ.. ကိုယ်ရေးကိုယ်တာအတွက်.. ခိုင်းခွင့်မရှိပါ..။
    ခိုင်းလိုက်လို့.. ကလေးကမှားယွင်းလုပ်လာတဲ့အလုပ်ကိုလည်း.. စောတကတက်ခွင့်မရှိပါ..။

    အဲလို.. အဖွားမျိုးမြန်မာပြည်မှာ များများလိုပါကြောင်း..
    ယူအက်စ်မှာဆို.. အဲဒီဆရာမ လူသိရှင်ကြားတောင်းပန်ရပြီး. အလုပ်ပါပြုတ်မယ်ထင်ပါကြောင်း..။
    :harr:

    ဆိုတော့..
    ကျောင်းအုပ်ဆရာမနေရာ.. ဆရာတော်ဘုန်းကြီးဆိုရင်ကော.. ဟင်င်င်…
    အစားထိုးစဉ်းစားကြည့်ပါလား..
    ဆိုင်ရာ..မြေး/အဖွား.. ဘာလုပ်ရဲသလည်း/ရဲမလည်း.. စဉ်းစားရင်း.. မြန်မာပြည်ရဲ့..ရှေးစွန်းစွဲဓလေ့ကို …အဖြေထုတ်နိုင်ကြစေသတည်း… :kwi:

    • Foreign Resident

      December 24, 2012 at 7:01 am

      အဘ ကတော့ ၊

      ကျောင်းအုပ်ဆရာမ ( ပက်ပက်စက်စက် ) မှားရင်လည်း ကျောင်းအုပ်ဆရာမ ကိုပြောမှာပဲ ။
      ဆရာတော်ဘုန်းကြီး ( ပက်ပက်စက်စက် ) မှားရင်လည်း ဆရာတော်ဘုန်းကြီး ကိုပြောမှာပဲ ။
      မှားရင် တော့ ပြောမှာပဲ ၊ အသုံး အနှုန်းတော့ နဲနဲ ကွာပေ မပေါ့လေ ။

      Generally ၊ အဘ အမြင် ဒါမှမဟုတ် ဥပဒေ ရဲ့ အမြင်မှာတော့ ၊
      ကျောင်းအုပ်ဆရာမ = ဆရာတော်ဘုန်းကြီး = လူ ၊ ပါပဲ ။
      တစ်ယောက်က အဖြူ အစိမ်း ဝတ် ထားတယ် ။
      နောက် တစ်ယောက်က အဝါရောင် သင်္ကန်း ဝတ် ထားတယ် ။
      နှစ်ယောက်စလုံးကတော့ လူတွေ ဖြစ်ပါတယ် ။

      • kai

        December 24, 2012 at 7:20 am

        “အရောင်ဆည်းကပ်ကိုးကွယ်သူ”မဖြစ်တဲ့.. အဘဖောကိုသာဓုခေါ်ပါတယ်..။
        ဟုတ်ပါတယ်..။
        အရောင်တွေပါပဲ..။ အရောင်ခြယ်ထားတဲ့.. အကာတွေပါ..။
        အရောင်နဲ့လူတန်းစားကို မခွဲသင့်ဘူးပေါ့…။

        ဆိုတော့..
        တခုမေးချင်မိတယ်..။
        ဥပမာပါနော..။ ဥပမာ..။ ဥပမာ..။ ဥပမာ..အကြိမ်၁သိန်း..။
        ကျိုက်ထီးရိုးမှာ.. ညားခါစချစ်သူ၂ဦး..ပွေ့ဖက်နမ်းရှုံ့မိတာကို.. အဲဒီက.. ဘုန်းဘုန်းက.. ကြိမ်စင်္ကြာမွှေ့ဆုံးမပေးတော်မူတယ်..ဆိုပါစို့..။
        ယူအက်စ်မွေးတဲ့.. မြန်မာကလေးတွေဆို.. ပြန်လှန်.. ခိုက်ရန်ဖြစ်မှာ…သေချာပါတယ်..။
        အဲဒီလိုလုပ်ခဲ့ရင်..
        ပါတ်ဝန်းကျင်လူထုက.. အဲဒီစုံတွဲကို ဘယ်လိုတုံ့ပြန်မယ်ထင်ပါသလည်း..။

        ကျုပ်နီးစပ်ရာ.. လိုက်မေးကြည့်သလောက်.. အဲဒီစုံတွဲ.. ဝိုင်းရိုက်.. အသတ်ခံရဖို့..သေချာသလောက်ဖြစ်နေတယ်..
        ဟုတ်လား…. ဟင်င်င်…။ :kwi:

        • ဦးကြောင်ကြီး

          December 24, 2012 at 8:48 am

          ကိလေသာထဖို့ အဲလောက် နေရာရှားသလား……..ဟင်။
          လွတ်လပ်ခွင့်ဆိုတာ သူတပါး တန်ဖိုးထားတဲ့ အရာတွေကို မလေးမစားလုပ်ဖို့ ဟုတ်ဖူးလေ။ မနေနိုင်ရင် တည်းခိုခန်းမှာ ကထဲက အဝဆော်လာခဲ့၊ ဒါမှမဟုတ် အနီးအနားက ချုံတခုမှာ ကဲကြပေါ့။ :saut:

        • TheWinner

          December 24, 2012 at 10:24 am

          ဥပမာ – ဥပမာ – ဥပမာ နော်—
          ဟီးးးးး ဦးကြောင်းကြီးပြောတဲ့အတိုင်းပါပဲ။

        • မောင့်ကျက်သရေ ဂီ့

          December 24, 2012 at 11:16 am

          မီးဒုတ်ရှို့မယ်ဗျာ.
          လူ့အခွင့်အရေးချိုးဖောက်တဲ့ ဖုန်းဂျီးကိုရော.
          တောက်မှန်းကမ်းနားမတိတဲ့အတွဲကိုရော.

          ဟိတ်.
          ဆကာင်မလေးကိုလွှတ်လိုက်
          နာ့ဆီဝို.

          ဒက်ဂလောက်. ဒက်ဂလောက်

        • မောင့်ကျက်သရေ ဂီ့

          December 24, 2012 at 11:24 am

          ဟုတ်တယ်. ကျုပ် ဆိုရင်လည်း
          နှဖူးလေးကြင်ကြင်နာနာနမ်းမိချင်နမ်းမိမယ်
          ဒါဟာ ကိုကိုကြောင်ပြောသလို သူတပါးတနဖိုးထားတဲ့အရာတွေကို
          ဘလားဘလားဘလားတာ မဟုတ်ဝူးလို့ယုံကြည်တယ်
          အဲ့လာကို ကိုယ့်ထမင်းကိုယ်စားပီး
          ကြိမ်လာတို့ချင်ရင်တော့.
          ေ-ာက်ခွက်ကိုရိုက်ပလိုက်မယ်.
          ရှင်းရှင်းလေး.
          ကျုပ်ကွန်ထရိုဗာရှယ် လုပ်နေတာမဟုတ် သလို.
          ကျိမ်တို့ ဆုံးမခံထိရအောင်. ခွေးတွေ နွားတွေလည်းမဟုတ်ကြောင်း
          သက်သေပြမယ်ဟေ့.

          ဖေတစ်ဆယ်ရိုးမ အနှစ်တထောင်ကျိန်ဇာ.
          ထွီ

          (ဆောဒီး ပို့စ့်ပိုင်ရှင်ရေ့. သဂျီးမြှောက်ပေးလို့ပါ ခိခိ)

        • မောင်ဘလိူင်

          December 24, 2012 at 11:51 am

          ကျွန်တော်ဆိုရင်တော့ အဲဒီလိုအတွဲမျိုး တွေ့ရင် ဘာမှ မလုပ်ပါဘူး…ကြည့်ချင်ကြည့်..
          မကြည့်ချင် မျက်နှာလွှဲနေလိုက်မယ်။ ကိုယ်ကိုယ်တိုင်တော့ ဘုရားပေါ် လက်
          တွဲတာလောက်ပဲ လုပ်မိမှာပါ။ အဲဒါမှ လာရိုက်လဲ ထွက်ပြေးယုံပဲ..ဟီဟိ။
          ကိုဂီလိုတော့ မျက်ခွက် ဖြတ်မရိုက်ရဲပေါင်ခင်ဗျာ..။ အဲဒီလိုအချိန် သွားရိုက်
          မိလို့ကတော့ ဘုရားပေါ်မှာ ဆွမ်းကြီးဝိုင်းလောင်းလို့ မသာပေါ်သွားလိမ့်မယ်။
          တခါတုန်းက နားသိပ်မကြားတဲ့ အဘိုးကြီးတစ်ယောက် ကားမှတ်တိုင်မေးတာ
          ကျွန်တော် စိတ်ရှည်လက်ရှည်ပြန်မေးပြီး ဖြေပါတယ်။ ဒါကို အဘိုးကြီးက စိတ်
          မရှည်ဘဲ
          ကျွန်တော့်ကို တောင်ဝှေးနဲ့ ထရိုက်ပါရောဗျို့။ မျက်လုံးထဲတောင် မီးဝင်း
          ဝင်းတောက်သွားတာ..စိတ်တော်တော်ထွက်သွားတဲ့အချိန် ဘေးဘီကြည့်
          လိုက်တော့ အကုန် ရီနေကြတယ်ဗျာ..။ ကျွန်တော် စိတ်လျှော့လိုက်ပါတယ်။

        • Mr. MarGa

          December 25, 2012 at 11:13 am

          ယဉ်ကျေးမှု နဲ့ လွပ်လပ်ခွင့်၊ ကို ရောနှောအသုံးချလို့
          အပြစ်တင်ပါမယ်
          ဒါ မြန်မာနိုင်ငံလေ သဂျီးရယ်
          အဲဒီစုံတွဲ နေရာ အဲလောက်ရှားသလားလို့ အပြောခံရမှာပေါ့

        • San Hla Gyi

          December 25, 2012 at 5:31 pm

          ကိုကြောင်ကြီးရေ
          အခုမှတွေ့လို့ ကျနော် ဝင်အားပေးလိုက်ပါတယ်။ ကိုကြောင်ကြီး ပြောတာ မှန်ပါတယ်။ အဲဒီလို အထွတ်အမြတ် နေရာမျိုးမှာ အဲဒါသွားလုပ်ရင်တော့ သွားလုပ်တဲ့လူ လွန်ပါတယ်။ သူများ အထွတ်အမြတ်ကို သွားစော်ကားသလို ဖြစ်နေတာကိုး။ အထွတ်အမြတ် နေရာကို သွားစော်ကားပြီး အထွတ်အမြတ် ပုဂ္ဂိုလ်မျိုးကို ထပ်စော်ကားလည်း ပတ်ဝန်းကျင်က ရိုက်တာ ခံရနိုင်ပါတယ်။
          သို့သော် အမှန်အတိုင်း ပြောရရင်လည်း ဆရာဘုန်းကြီးတွေက အဲဒီလို ကိစ္စမျိုးကို ရိုက်နှက်ဆုံးမတဲ့ ခေတ်မဟုတ်တော့သလို အဲဒီလိုလည်း သိပ်မလုပ်ကြတော့ပါဘူး။ ဒီဘက်ခေတ် အနေအထားပါ။ မင်းတုန်းမင်းခေတ် အနေအထား ဆိုရင်တော့ ဟုတ်ပါလိမ့်မယ်။ အဲဒီအချိန်တုန်းကတော့ အဲဒါမျိုး ဆရာဘုန်းကြီးက လုပ်လည်း ခံရသူကိုယ်တိုင်က ကျေကျေနပ်နပ် လက်ခံခဲ့တဲ့ အနေအထား ဖြစ်ပါတယ်။ ဒီဘက်ခေတ်မှာ သိပ်မရှိတော့ပါဘူး။ ခေတ်တိမ်သွားပါပြီ။
          ယေဘူယျ သဘောအားဖြင့် မရှိတော့သလောက်လို့ ပြောလို့ ရပါတယ်။ တနေရာ နှစ်နေရာမှာ တွေ့ခဲ့တယ်လို့ ပြောလို့ ရနိုင်လည်း ယေဘူယျကို ပြောတဲ့ နေရာမှာ တယောက် နှစ်ယောက်ရဲ့ ချွင်းချက်ကို ချန်ထားခဲ့ရပါတယ်။
          ပြောပလောက်အောင် ဘုန်းကြီးတွေက ရိုက်နှက်ဆုံးမတယ်ဆိုတာ တနိုင်ငံလုံး အတိုင်းအတာ အနေနဲ့ ပြောရခက်သွားပါပြီ။ မရှိတော့ဘူးလို့တောင် ပြောလို့ ရပါတယ်။ ခေတ်ပြောင်းခဲ့ပါပြီ။
          ပြောတဲ့လူ အနေနဲ့ကတော့ ချွင်းချက်ကို ယေဘူယျ လုပ်ပြောတာကတော့ ထုံးစံအတိုင်း ထေရဝါဒတို့ သံဃာတို့ ဘာတို့ကို နှိမ်ချင်တာ ဖြစ်မှာပေါ့လေ။ စိတ်ထား စိတ်ထားပေါ့။
          ဟိုတုန်းကတော့ အတွဲတွေ အဲဒီလိုမျိုး ကဲတာ ရှိရင်လည်း မိတဲ့ လူကြီးတွေက မိဘတွေကို ခေါ်ပြီး အပ်တာတွေ ပေးစားတာတွေ လုပ်နေပါပြီ။ ဆရာဘုန်းကြီး ရိုက်တယ်လို့ မကြားမိတော့ပါဘူး။ လွန်ခဲ့တဲ့ ၁ဝ နှစ်လောက်ကတည်းကပါ။
          ရယ်စရာ တခု ပြောရအုံးမယ်ဗျ။ အမျိုးသမီး မိတ်ဆွေများ ဖတ်မိရင် နားနဲ့မနာ ဖဝါးနဲ့နာပေါ့ဗျာ။ လွန်ခဲ့တဲ့ ၁ဝ နှစ်လောက်ကပဲ ထင်တယ်။ GTC တတ်နေတဲ့ ညီဝမ်းကွဲလေး တယောက်က ပြောဖူးတာတော့ သူတို့ သန်လျင်က ညောင်ပင်အောက်မှာ အတွဲတတွဲ အဲဒီလို သွားကဲတာ ပြန်ခွာလို့ မရတော့ပဲ တန်းလန်းကြီး ဖြစ်နေတယ်တဲ့ဗျ။ ဆေးရုံတောင် ရောက်သွားတယ်ဆိုပဲ။ သူပြောတာတော့ သေသွားတယ် ပြောတယ်။ ကျနော်က မယုံလို့ နောက်တယောက်ကို ထပ်မေးတော့လဲ အဲဒီလိုပဲ ပြောတယ်။ ရယ်စရာပေါ့ဗျာ။ ကျုပ်ကိုယ်တိုင် မမြင်ခဲ့ပါဘူး။ ရယ်စရာ အနေနဲ့ ပြောတာပါ။
          သူပြောတဲ့အတိုင်း အမှန်ဆိုရင် ချုံတချုံမှာ သွားကဲရင်တောင် ချုံပိုင်ရှင် ရှိမရှိ အရင်ကြည့်ရမလို ဖြစ်နေတယ် ကိုကြောင်ကြီးရေ။ ကိုကြောင်ကြီး ပြောတာလေးကို လက်မထောင်ပါကြောင်း။

      • TheWinner

        December 24, 2012 at 10:22 am

        ဘဖော၊ ဂွတ်ရှယ်ပဲ။။။ ထောက်ခံပါတယ်။

    • ခိုင်ဇာ

      December 24, 2012 at 9:45 am

      နယ်တွေမှာဆို ဆရာမ ရောင်းချင်တဲ့ ပစ္စည်းတွေ ဆို တခြား အတန်းက သူငယ်ချင်းတွေဆီလည် ရောင်းပေးရတာမျိုးတွေ သူကြီးမသိသေးလို့။
      ဪ။ ဆရာ/ဆရာမ ဆိုတာ ကလေးတွေရဲ့ ဒုတိယ မိဘတဲ့။ တနေကုန်သူတို့နဲ့ နေရတာ။ တကယ်မိဘလို အုပ်ထိန်းတဲ့ ဆရာမတွေလည်း တစ်ပုံကြီးပေါ့လေ။

      အဟမ်း။ နောက်ဆို ဆရာဖြစ် သင်တန်းတွေမှာ ကလေးဆိုက်ကို Test တို့။ IQ/EQ Test တို့များများဖြေခိုင်းပစ်။ ဟစ်ဟစ်။
      :kwi:

      • TheWinner

        December 24, 2012 at 10:25 am

        ခိုင်ဇာပြောတာ ကွက်တိပဲ။ တို့လည်း ငယ်ငယ်က ဆရာယူလာတဲ့ မုန့်တွေကို ဝိုင်းရောင်းခဲ့ရဘူးတယ်။
        ဆရာမက သမီးက လိမ်မာတယ်လို့ အပြောခံချင်တာကိုး။

    • TheWinner

      December 24, 2012 at 10:21 am

      သူကြီးရှင့်၊
      ကျွန်မနဲ့ ဒေါ်စိမ်းလိုသာဆိုရင်တော့ –
      ဆရာတော်ထွက်ခဲ့ပါဦးသာ ခေါ်မထုတ်ရင် နေမယ်။
      ဆရာတော် ဘယ်လိုလုပ်လိုက်တာလဲဆိုပြီးတော့ တော့ သွားပြောမိမှာပဲ။
      အဖြေထုတ်လိုက်ပြီနော်။

  • mobile (mandalay)

    December 24, 2012 at 8:47 am

    အားပေးသွားပါတယ် သည်ဝင်းနားရေ သူကြီးမေးတဲ့
    ဦးပမာ ကြီးကတော့ ဖြေရမှာ ခွကျလှသမို့ မဖြေတတ်သည်ကတစ်ကြောင်း
    မဖြေခဲ့တော့ပါဘူးဗျာ။

  • Mon Kit

    December 24, 2012 at 9:13 am

    ဖတ်ကောင်းလွန်းလှတဲ့ ပို့စ်လေးပါ…
    အဖွားဒေါ်စိမ်း နဲ့ထပ်တူ ဒေါသတွေ ထွက်မိသွားရပါတယ်..
    အဲလို ဆရာမမျိုးလည်း လောကမှာ ရှိပါသေးလားလို့လည်း တွေးမိသွားရပါတယ်…
    ချဉ်ထှာနော်….. :byae:

  • TheWinner

    December 24, 2012 at 10:27 am

    ကိုမိုဘိုင်းနဲ့ မမွန် တို့အားပေးတာ ကျေးဇူးနော်။

  • Thuyazaw

    December 24, 2012 at 11:51 am

    ဒါမျိုးကြီးဒွေဖြစ်တတ်ပါတယ်……..

  • etone

    December 24, 2012 at 12:41 pm

    ဖတ်လိုက်ရတာ ဒေါကွီးစေတဲ့ ဖီလင်တစ်မျိုးရလိုက်တယ် … ။
    ဘယ်နှာတော် .. သူများအိမ်က မထိရက် မခိုင်းရက်တဲ့ မူလတန်းအရွယ် မြေးမလေးကို စာသင်အောင် လွှတ်လိုက်တာ ၊ ဆြာမရဲ့ ပါဆယ်နယ်ကိစ္စလိုက်လုပ်ပေးနေရတယ် …. ။ အဘွားဖြစ်သူက ရန်သွားတွေ့တာတော့ ဟုတ်ပါရဲ့ …. ။ ဒါပေမယ့်စာသင်ချိန်ကြီး ဖြစ်နေတာလည်း မဟုတ်သေးဘူး … ။ ကျောင်းချိန် ၊ ကျောင်းထဲက ကလေးအပြင်ထွက်တာ ၊ အပြင်လူ ကျောင်းထဲ ဝင်တာတွေကို စောင့်ကြည့်မယ့် ဝန်ထမ်း၊ကျောင်းစောင့်၊တာဝန်ကျ ဆရာမ … အားလုံး ပေါ့လျော့ ပျက်ကွက်ကြတယ် ထင်ပါရဲ့ ….. ။
    အကြောင်းကြောင့် အကျိုးဖြစ်တယ် …….အကျိုးကြောင့် .. အကြောင်းဖြစ်တယ် … ဪ .. အနိစ္စ … :mrgreen:

    • TheWinner

      December 25, 2012 at 10:24 am

      အိတုန်းရေ-
      အဲဒီကျောင်းလေးမှာတော့ ကျောင်းစောင့်ရယ်လို့လည်း သတ်သတ်မှတ်မှတ် မရှိနေပါဘူး။ မှတ်မိသလောက်တော့ နယ်မှာက ကျောင်းနားမှာ နေတဲ့ မိသားစု တခုခုက အဲဒီအလုပ်ကို လုပ်ကြပါတယ်။ တိတိကျကျ တာဝန်ယူတာမျိုးတော့ မတွေ့မိပါဘူး။ Proper ခြံစည်းရိုးလည်း မရှိတဲ့ နယ်ကျောင်းတွေလည်း အများကြီးပါ။
      လုပ်စရာတွေ အများကြီးပါပဲ အိတုန်းရယ်။

  • pooch

    December 24, 2012 at 12:45 pm

    အဲ့ဒီလို ဆရာမတွေကို ရှုံ့ချတယ်။ ဒါပေမဲ့ ခုထိ ရှိနေတုန်းပဲ ဒီကျောင်းလောကမှာ။
    ကျမ ညီမဆို ကျောင်းက ဆရာမက အတိုင်းပေးပြီး အကျီ င်္ဆိုင်ကို လှမ်းအပ်ခိုင်းတာတောင် ရှိတယ်။ သူက မလာအားလို့ ဆိုပဲ ။

    အမှန်က ကျောင်းစည်းကမ်းထဲ ဆရာမတွေ ကိုယ်ရေးကိုယ်တာ ကျောင်းသားတွေကို မခိုင်းရ ။ တွေ့ရှိက ပြစ်ဒဏ် ကြီးကြီး ချမှတ်ခံရမယ်ဆို ဘယ့်နှယ့်နေမယ်မသိ။
    ပြသာနာကကျောင်းအုပ်က စဖောက်နေတတ်တာ :mrgreen:

    • TheWinner

      December 25, 2012 at 10:27 am

      pooch ရယ်-
      အမလည်း ဆရာသမားတွေကို စော်ကားသလိုဖြစ်နေမလားတော့ မသိဘူးနော်။
      နောက်မှပဲ အာစရိယဂုဏ်ပီသတဲ့ ဆရာသမားတွေအကြောင်းလည်း ရေးဖို့ အမမှာ တာဝန်ရှိလာပြီ။

  • မိုချို

    December 24, 2012 at 1:42 pm

    ကျောင်း ချိန်တွင်း အပြင် ထွက်ခိုင်း တာ ကို က ဒီဆရာမ လွန်လှ ပြီ။ ကျောင်း ချိန်တွင်း မှာ ကျောင်းသား က ကျောင်း ဝန်း ထဲမှာ ပဲ ရှိ ရ မယ်။ ကျမ သား သာ ဆိုရင် ဒီ ဆရာမ မျိုး အပြုတ်ပဲ။ ပြောသာပြော ရတာ တောတွေ မှာ က ဆရာမ မမြဲတော့ ၊ ဆရာ၊ဆရာ မတွေကို ရွာခံ တွေ က ဖူးဖူး မှုတ် ထား ရ တယ်။
    အပေါ် ကသဂျီး ပြောတဲ့ ဘုန်း ကြီး နဲ့ အတွဲ နဲ့ က ဘယ်လို အနမ်း မျိုး လည်း ၊ ရင်ပြင်တော် ဘယ်နေ ရာ မျိုးလည်း ဆိုတာက အရေး ကြီး တဲ့အချက် ပဲ။
    ဘုရား ဝတ်ပြု တဲ့ နေရာ တဝိုက် က ရင် ပြင် မှာ ပြင်သစ် အနမ်း ကို ကြာကြာနမ်းနေကြ ရင်တော့ ဘုန်းကြီး မလွန်ဘူး။
    ဝတ်ပြုတဲ့နေရာနဲ့ ဝေးတဲ့ ရင်ပြင် ၊ ဒါမှမဟုတ် ရင်ပြင် ပတ်လည် က အုတ်ခုံ တွေ မှာ ထိုင်ရင်း သာယာတဲ့ ရှုခင်း လေးတွေ ကြည့် ရင်း ချစ်သူ ၊ဇနီးမောင်နှံ တွေ အချင်းချင်း ပခုံး လေး ဖတ်ထား မယ်၊ ကြည်နူးတဲ့ စိတ်နဲ့ နဖူးလေး ပါးလေး အမှတ်တမဲ့ နမ်း လိုက် မိ တာ မျိုး ကို မှ လာဆော် တာ မျိုး ဆိုရင်တော့ ဘုန်းကြီး လွန်တယ်။

  • လုံမလေးမွန်မွန်

    December 24, 2012 at 9:06 pm

    အဟဲ..
    Personal & Professional .. (ဆိုင်ဆိုင်မဆိုင်ဆိုင် ဆိုင်တယ်မှတ်.. 🙂 )

    ဒေါ်စိမ်းလုံးဝမမှားပါ… အားပေးပါ၏..ထောက်ခံပါ၏…. :harr:

    တွေးမိသွားတာက ကူငွေကိစ္စ…တကယ်တော့ နာရေးဆိုတာ ကူငွေထည့်ရုံနဲ့ ပြီးသွားတဲ့ကိစ္စမဟုတ်ဘူး ထင်တာပဲ… ပြောကြပါတယ်..သာရေးသာမသွားရင်နေမယ်..နာရေးကတော့ သွားသင့်တယ် ဆိုပြီး…
    ကျောင်းအုပ်ဆရာမတစ်ယောက်အနေနဲ့ နာရေးတစ်ခုကို ကိုယ်တိုင်မသွားဘဲ သုံးတန်းကလေးတစ်ယောက်နဲ့ ပိုက်ဆံကူခိုင်းတယ်ဆိုတာ လူမှုရေးရှုထောင့်ကကြည့်ရတာလည်း သိပ်အဆင်မပြေဘူး ထင်တာပဲ.. 🙂

    • TheWinner

      December 25, 2012 at 10:35 am

      လုံမလေးရေ-
      နယ်မှာက ကူငွေကို အဓိကထားပြီး စားပွဲလေးနဲ့ ကောက်ခံတတ်တဲ့ မိသားစုတွေရှိလို့လည်း ဒီလိုမျိုးလူအစား ကူငွေထည့်တဲ့ ယဉ်ကျေးမှုလေးတွေလည်း ရှိနေတာပါ။
      လူကိုယ်တိုင်အားပေးနှစ်သိမ့်နိုင်ရင်တော့ အကောင်းဆုံးပေါ့။

  • padonmar

    December 25, 2012 at 4:19 am

    မြို့သေးသေးတွေမှာတော့ ရပ်ဆွေရပ်မျိုးဆိုတာလိုရှိတတ်ကြတော့ ဆရာဆရာမတွေက ကလေးတွေကို အကြုံပစ္စည်းပေးတာမျိုးကို သိပ်ရှောင်လို့ရမှာ မဟုတ်ပါ။
    (မှတ်ချက်-ကလေး တစ်နိုင်၊ကျောင်းချိန်ပြင်ပ)
    အခုပို့စ်မှာပါသလို ကျောင်းချိန်ဆိုတာက တစ်ချက်၊အသုဘအိမ်ကိုကူငွေပေး(ပုံမှန်တော့ အသုဘဆို လူတိုင်းနီးပါးကြောက်ကြပါတယ်) ခိုင်းတာက တစ်ချက် ဆရာမရဲ့ အမှား သက်သက်သာဖြစ်ပါတယ်။
    ……..
    သူကြီးရဲ့ မေးခွန်းအတွက်ကတော့ အော်မေ့ဂိုဏ်းကိုယ်စား ဖြေရရင် ဘုရားဆိုတာ အတွဲတွေ
    (ညားခါစချစ်သူ၂ဦး..ပွေ့ဖက်နမ်းရှုံ့မိတာ)အဲဒီ အဆင့်ထိ နေရင် အဂါရဝ ဖြစ်ပါမယ်။ နိုင်ငံခြားသားတွေတောင် ဘုရားပေါ် အဲဒီလိုနေတာ မတွေ့ဖူးပါ(ကျမ မတွေ့တာပါ)
    ဆိုတော့ ဆရာတော်လို ကြိမ်စကြာ မမွှေ့ချင်ပေမယ့် ကိုယ့် အသိစိတ်နဲ့ ကိုယ် (နိုင်ငံခြားသား အထင်မသေးအောင်)ဆင်ခြင်သင့်ပါတယ်။

    • San Hla Gyi

      December 25, 2012 at 5:59 pm

      ဒေါက်တာ ပဒုမ္မာရေ အဲဒီလို ဘုန်းကြီးလာရိုက်တယ် ဆိုတဲ့ ကေ့စ်က ဘယ်လောက်များများနေလို့လဲ ခင်ဗျာ။ ကျနော်တော့ အဲဒီလို ကိစ္စမျိုး သိပ်တောင် မကြားမိတော့ပါဘူး။ သတိထား ချွင်းချက်ကို ယေဘူယျ လုပ်နေပါပြီ။ ထောင်ချောက် ထောင်ချောက် မိုးပြာဆရာတော် ဥတ္တိရိမနုဿ ပါပရေပါပ လစ်ဘရယ် ဒီမိုဝါဒ ကွိ ကွ။ ဘာမှမဟုတ်ပါ။ ပါးစပ်ထဲတွေ့တာ ရွတ်ကြည့်ခြင်းသာ ဖြစ်ပါ၏။
      ဒေါက်တာကို ပြောခြင်းလည်း မဟုတ်ပါ။

  • kai

    December 25, 2012 at 4:59 am

    Article 1.

    All human beings are born free and equal in dignity and rights.They are endowed with reason and conscience and should act towards one another in a spirit of brotherhood.

    =
    ဆိုတာသဘောပေါက်ရင်..
    ဆရာတော်မှမဟုတ်..စစ်သားမှမဟုတ်.. ဆရာမှမဟုတ်..လူကြီးမှမဟုတ်..လူလေးမှမဟုတ်..ဗလကြီးသူမှမဟုတ်.. လက်နက်ကိုင်ထားသူမှမဟုတ်.. ဘယ်သကောင့်သားမှာမှ.. လူသားတယောက်က.. လူသားတယောက်ကို.. ကိုယ်တိုင်ဆုံးဖြတ်ချက်နဲ့.. ကိုယ်ထိလက်ရောက်.. ရိုက်နက်ဆုံးမခွင့်မရှိဘူးဆိုတာပါပဲ..။
    ဒီလို လူသားအခွင့်ကိုကျော်လွန်လုပ်တာက.. တိရိစ္ဆာန်တွေအကျင့်စရိုက်ဖြစ်ပါတယ်..။

    အများလူထုရှေ့မှာ.. မတော်တာလုပ်ရင်..တားမြစ်တဲ့.. ဥပဒေရှိရပါတယ်..။ မြန်မာပြည်မှာလည်းရှိမယ်ထင်ပါတယ်..။ မရှိလည်း.. ရှိအောင်.. ဥပဒေပြုသူတွေပြုကြရပါမယ်..။
    ယူအက်စ်မှာ.. ပြည်နယ်..ဒေသတခုနဲ့တခုမတူပါ..။ အောက်မှာ.. ဥပဒေအရ.. လူထုအများရှေ့.. ကိုယ်တုံးလုံးချွတ်တာခွင့်ပြု/မပြု..။ နမ်းတာခွင့်ပြု/မပြု.. ဥပမာတွေ…

    San Francisco Officials Vote to Ban Public Nudity – NYTimes.com
    http://www.nytimes.com/…/san-francisco-officials-vote-to-ban-publi...
    Nov 20, 2012 – As long as it is not lewd or offensive, public nudity is legal under state law. But on Tuesday, San Francisco joined many other cities that prohibit …
    =
    9 of the Craziest Kissing Laws Around the U.S. | LambsLife.com
    lambslife.com/2010/08/…/craziest-kissing-laws-around-the-u-s…
    Aug 26, 2010 – We live in the “Land of the free” But yet there are still laws, “Kissing laws” that … beliefs, some argue the fact that Blue laws are against the U.S. Constitution. … Iowa – A man with a mustache may never kiss a woman in public.
    ==

    နေရာဒေသအလိုက်.. နားလည်မှုနဲ့.. အလိုက်တသိယဉ်ကျေးမှုကာကွယ်ကြရမယ်.. သိကြ.. လုပ်ကြရမယ်ဆိုတာ..မရှိသင့်ပါ..။
    ဥပဒေဖောက်သူက..ဖောက်ရင်.. သတိပေး..အရေးယူရမှာ.. ရဲနဲ့လုံခြုံရေးများအလုပ်သာဖြစ်ကြောင်း..
    ကိုယ့်ဖာကိုယ်.. အကြီးအကဲ..တာဝန်ရှိသူကြီးခန့်.. ကြိမ်လုံးကိုင်.. တဖက်သားရဲ့အခွင့်အရေးကိုထိခိုက်ပြီး…. ကိုယ်ထိလက်ရောက်ဆုံးမခွင့်လုံးဝမရှိပါကြောင်း..။
    ဒီဟာကိုအခြေခံထားတဲု့.. စိတ်ဓါတ်ဟာ.. မြန်မာအများမှာ.. အလွန်ခိုင်စွာအမြစ်တွယ်နေပါကြောင်း..

    မြန်မာပြည်မှာတော့.. ဒီလိုလုပ်တာ.. လုံးဝ(လုံးဝ) မတရားတာမသိကြယုံတင်မဟုတ်.. မတရားတာလုပ်နေသူကိုပါ.. မသိစိတ်က.. အလိုအလျှောက်အကာအကွယ်ပေး/တွေးနေကြတဲ့.. ရှေးစွန်းစွဲလွန်းနေတာဖြစ်ပါကြောင်း..

    ဒီမိုကရေစီနဲ့..လူ့အခွင့်အရေးလမ်းပေါ်တက်ဖို့.. ၂ထပ်ပိတ်နေပါကြောင်း…. ရယ်..။ :harr:

    ကျယ်ကျယ်ပြန့်ပြန့်ဖြစ်စေချင်တာမို့.. ပြန်လှန်ချေပငြင်းကြစေလိုကြောင်း.. :kwi:

    • အရီးခင်လတ်

      December 25, 2012 at 5:11 am

      {{ ဆရာတော်မှမဟုတ်..စစ်သားမှမဟုတ်.. ဆရာမှမဟုတ်..လူကြီးမှမဟုတ်..လူလေးမှမဟုတ်..ဗလကြီးသူမှမဟုတ်.. လက်နက်ကိုင်ထားသူမှမဟုတ်.. }}

      ထပ်ဖြည့်ပါရစေ။
      “မိဘမှ မဟုတ်..”
      ဒီမှာ ကိုယ့်ကလေးကို ကိုယ် ရိုက်ရင်တောင် တရားစွဲခံရပါမယ်။ 😆

    • ဦးကြောင်ကြီး

      December 25, 2012 at 8:45 am

      ဥပဒေဆိုတာသာ ရေးထားသလို အသုံးဝင်ရင် လူထုအခြေပြုအဖွဲ့စည်း၊ အန်ဂျီအို ယဉ်ကျေးမှု ထွန်းကားလာစရာ အကြောင်းရှိဘူးဗျို့…။ ဥပဒေအသက်ဝင်ဖို့ လူအများဂျီးလိုတယ်၊ လူမျာတော့ ဘာဖြစ်သလဲ၊ သေချာတာ လူများရင် ချီးများတယ်… ကျန်တာက သေချာဘူး။ ဘာသာရေးလို သူများအထွတ်အမြတ် ထားရာနေရာမှာ ထိုက်သင့်တဲ့ အရိုအသေ ဂါဝရတရား မပေးနိုင်ရင် မသွားနဲ့ပေါ့ဗျာ။ ဘယ်သူက အတင်းဆွဲခေါ်နေလို့လဲ။ ဒီလိုပဲ ကူမြူနစ်ပါတီ ဌာနချုပ်သွားပြီး ဘုရားတရားအကြောင်း ပြောလို့ဖြစ်နိုင်ပါ့မလား။ သိပ်လျှာယားနေရင် ပြည်သူ့ရင်ပြင်လိုမျိုးမှာ ပြောပါ။ စုံတွဲတွေလည်း သိပ်ယားနေကြရင် မမြင်ကွယ်ရာနေရာတွေ၊ မမြင်တမြင် ပန်းခြံလိုမျိုးတွေ အများဂျီးမှ အများဂျီးရှိတယ်။ စိတ်ကြိုက် မီးကုန်ယမ်းကုန် အယားဖြေနိုင်ပါတယ်။ မယားတယား နမ်းရှုံ့ပွတ်သီးပွတ်သပ် လုပ်တာမျိုး ဟိုမကျဒီမကျဆိုရင် ရုပ်ရှင်သွားကြည့်ကြပါ။ အခုဆို ဘတ်စ်ကားပေါ်မှာတောင် လုပ်နေကြပြီပဲ။ ဘာသာရေး အဆောက်အအုံ အထိမ်းအမှတ်ဆိုတာ ယုံကြည်ကိုးကွယ်သူတွေ၊ တန်ဖိုးထားမြတ်နိုးသူတွေ၊ လေ့လာမှတ်သားလိုသူတွေအတွက် ဖြစ်ပါတယ်။ အများပြည်သူ စာကြည့်တိုက် ကွန်ပြူတာမှာ အပြာကား ကြည့်ခွင့်မရှိတဲ့သဘောနဲ့ အတူတူပဲ…။ လက်မခံနိုင်ရင် ဂေဇက်မှာ အပြာဆက်ရှင် မပြာ့တပြာဆက်ရှင် သီးသန့်ဖွင့်ပေးပါလား…။

      • San Hla Gyi

        December 25, 2012 at 5:46 pm

        ကိုကြောင်ကြီးရေ
        အပေါ်မှာ ပြောပြီးပါပြီ။ အခုခေတ်မှာတော့ ဆရာဘုန်းကြီးက ရိုက်နှက်ဆုံးမတယ်ဆိုတာ ပြောရလောက်အောင် အရေအတွက် မများတော့တာ သေချာပါတယ်။ ယေဘူယျကို ချွင်းချက်လုပ်တာတော့ လုပ်သူရဲ့ သဘောပေါ့လေ။
        အဲဒီပြဿနာဟာ ဘာနဲ့ တူလဲဆိုတော့ အင်္ဂလိပ်တွေ ဘုရားရင်ပြင်တော်တို့ မြန်မာဘုရင်ရဲ့ ရှေ့တို့ကို ဖိနပ်စီးပြီး ဝင်ချင်တဲ့ ပြဿနာနဲ့ တူနေတယ်ဗျ။ သူတို့က အဲဒီအချိန်တုန်းက အဲဒီ ပြဿနာကို စစ်ဖြစ်ရလောက်အောင် အထိ အကြောင်းရှာခဲ့တယ်။ နိုင်နေချိန်ကိုး။
        နှစ်ဘက် ပြောကြည့်မယ်ဗျာ။ သူတို့ဘက်က ပြောမယ်။ မင်းတို့ကလည်း ရှေးစွန်းစွဲတွေကွာ ဒါလေး မချွတ်နဲ့လို့ လျှော့ပေါ့ပေးလိုက်တော့ ဘာဖြစ်မှာလဲ။ တို့မှာ ထုံးစံမရှိလို့ပါ။
        တဘက်ကလည်း ပြန်ပြောမယ်ဗျာ။ ဟာ ဒါဆို မင်းတို့လည်း သူများထုံးစံကို လိုက်နာပြီး အဲဒီနေရာကို လာရင် ဖိနပ်ချွတ်ရမယ်ဆိုတဲ့ ထုံးစံလေးကို လိုက်နာလိုက်ပေါ့ကွာ။ ဖိနပ်ချွတ်တယ် ဆိုပြီး လျှော့ပေါ့ပေးလိုက်တော့ မင်းတို့ ဘာဖြစ်သွားမှာမို့လဲ။ ဘယ်သူက လာပါလို့ အတင်းဆွဲခေါ် နေလို့လည်းကွပေါ့ဗျာ။ ငါတို့လည်း မစီးဘူးလေကွာပေါ့။ ထုံးစံအတိုင်း နှစ်ဘက်မြင်ပေါ့ဗျာ။
        ကဲ ပို့စ်ပိုင်ရှင်ရေ ခင်ဗျားပို့စ်မှာ ပြောခွင့်ရလို့ ကျေးဇူးတင်ကြောင်းပါ။ ရုတ်တရက် ပြောချင်စိတ် ပေါ်လာလို့ပါ။ ကျနော်တော့ နှစ်ယောက်စလုံးကို မထောက်ခံပါဘူး။ ကိုကြောင်ကြီးဘက်က ထောက်ခံပါတယ်။

        • kai

          December 26, 2012 at 4:06 am

          “ညည်းလားအေ့၊ ကျုပ်မြေးကို မသာသွားကူခိုင်းပြီး မှားလို့ သွားပြန်တောင်းခိုင်းတာ”

          :chee:

  • TheWinner

    December 25, 2012 at 10:31 am

    သူကြီးရော၊ ဦးကြောင်းကြီး ပြောတာရော နှစ်ဦးလုံးကို ထောက်ခံပါတယ်။
    ဥပဒေကို အသက်ဝင်ဖို့ နိုင်ငံသားတိုင်းမှာ တာဝန်ရှိသလို၊ ဥပဒေမှ မဟုတ်ပဲ culture ကိုထိမ်းသိမ်းဖို့သည်လည်း နိုင်ငံသားတိုင်း တာဝန်ပါ။
    တချို့တချို့သော ဘုန်းကြီး၊ ဆရာသမား၊ ရပ်မိ၊ ရပ်ဖတွေကလည်း တနိုင်တပိုင် culture crisis ကို ကာကွယ်စောင့်ရှောက်နေကြတာကို အားပေးထောက်ခံသင့်ပါတယ်။

    • kai

      December 25, 2012 at 1:46 pm

      တချို့တချို့သော ဘုန်းကြီး၊ ဆရာသမား၊ ရပ်မိ၊ ရပ်ဖတွေကလည်း တနိုင်တပိုင် culture crisis ကို ကာကွယ်စောင့်ရှောက်နေကြပါသည်.. ဆိုသလိုလိုနဲ့.. သူတပါးကို.. ရိုက်နက်ဆုံးမနေတာကို.. အပြင်းအထန်ကန့်ကွက်ပါတယ်..
      ဆရာ..မိဘများက.. တပည့်..သားသမီးတွေကို.. ကိုယ့်အကျိုးစီးပွားအတွက်အသုံးချတာ.. ရိုက်နက်ဆုံးမတာကို.. အပြင်းအထန်ကန့်ကွက်ပါတယ်.။
      မြန်မာပြည်သည် တာလီဘန်အစွန်းရောက်တို့၏ တိုင်းပြည်မဟုတ်..။ :gee:

      ဆိုတော့…
      – ဘုရားကျောင်းကန်လူမြင်ကွင်းမှာ.. ချစ်သူစုံတွဲ.. ဂေးတွေ.. အစွန်းရောက်ပွေ့ဖက်နမ်းရှုံ ့.. လှုပ်ရှားကြတာကို.. ခွင့်ပြု/မပြုကတပိုင်း…
      – တည်ရှိဆဲဥပဒေအရ အရေးယူတာကတပိုင်း..
      – အရေးယူခွင့်အာဏာကို.. ကိုယ့်ဖာကိုယ်ပြဌာန်းပြီး.. လူတဖက်သားကို.. ကိုယ့်သဘောနဲ့ဆုံးမတယ်ဆိုပြီး.. စော်ကားရိုက်နက်တာက..တပိုင်း…
      ခွဲကြစေလိုကြောင်း…

      • ဦးကြောင်ကြီး

        December 25, 2012 at 8:24 pm

        ဆိုင်ဘူးလေ မာမွတ်ရှာပွတ် သဂျီးရဲ့။ တက္ကသိုလ်ကျောင်းပရဝုဏ်မှာ အာဏာပိုင်သည် ပါချုပ်၊ တက္ကသိုလ်စည်းမျဉ်းဥပဒေနဲ့ အုပ်ချုပ်တယ်၊ ဆေးရုံမှာ ဆေးရုံအုပ်၊ သာသနိက အဆောက်အအုံမှာလည်း သက်ဆိုင်ရာ ဥပဒေစည်းကမ်းများရှိတယ်။ အဲဒီအတိုင်း အရင်သွားရတယ်။ အစိုးရက တည်ဆဲဥပဒေဆိုပြီး နေရာတိုင်း ဝင်လို့မဖြစ်ဘူး။ အဆုံး မတတ်သာမှ ဝင်ရတယ်။
        တစိတ်ကို တအိပ်မလုပ်နဲ့၊ အတိတ်ကို ပစ္စုပ္ပန် ပုံဂျီးမချဲ့နဲ့။ ဘာသာရေး မယုံရင် ဘာသာတရားနဲ့ ကင်းကင်းနေ။ အလွန်အကျွံဖြစ်လာရင် ဒီခေတ်ကြီးမှာ ဘယ်သူမှ လက်ပိုက်ကြည့်မနေဘူး။ အရာရာတိုင်းသည် အကြောင်းကြောင့် အကျိုးဖြစ်လာတာ၊ သူ့ချည်းသက်သက် ဗလိုင်းဂျီး ဖြစ်မလာဘူး။

        • kai

          December 26, 2012 at 4:03 am

          ဆိုတော့…
          – ဘုရားကျောင်းကန်လူမြင်ကွင်းမှာ.. ချစ်သူစုံတွဲ.. ဂေးတွေ.. အစွန်းရောက်ပွေ့ဖက်နမ်းရှုံ ့.. လှုပ်ရှားကြတာကို.. ခွင့်ပြု/မပြုကတပိုင်း…
          – တည်ရှိဆဲဥပဒေအရ အရေးယူတာကတပိုင်း..
          အရေးယူခွင့်အာဏာကို.. ကိုယ့်ဖာကိုယ်ပြဌာန်းပြီး.. လူတဖက်သားကို.. ကိုယ့်သဘောနဲ့ဆုံးမတယ်ဆိုပြီး.. စော်ကားရိုက်နက်တာက..တပိုင်း…
          ခွဲကြစေလိုကြောင်း… :kwi:

        • ဦးကြောင်ကြီး

          December 26, 2012 at 8:36 am

          ကျုပ်သာ ဘုန်းကြီးဖြစ်လို့ကတော့ သဂျီးကို ကြိမ်နဲ့မရိုက်ဘူး၊ ကျာပွတ်နဲ့ဆော်မယ်… :harr:

        • San Hla Gyi

          December 26, 2012 at 3:27 pm

          ပို့စ်ပိုင်ရှင် The winner ကိုမထင်မှတ်ပဲ လာရောက်ခဲ့ရတဲ့အတွက် တောင်းပန်ပါကြောင်းနဲ့ ပြောရတဲ့အတွက် ကျေးဇူးတင်ရှိပါကြောင်း ပြောသွားပါတယ်။ ဒီလိုပါ။ ဒီပို့စ်မှာ ရန်တွေ့တဲ့ အဘွားမမှားပါဘူး။ အဲဒီအတွက် လုံးဝ ကန့်ကွက်စရာ မရှိပါဘူး။
          ဒီပို့စ်ရဲ့ ရည်ရွယ်ချက်ကလည်း ဆရာဘုန်းကြီးတွေ အတွဲတွေကို ကြိမ်နဲ့ရိုက်တယ် ဆိုတာ နည်းနည်းတောင် မပါပါဘူး။ ဒါပေမယ့် အဲဒါကို ဥပမာအနေနဲ့ ယူသုံးပြီး ဆရာဘုန်းကြီးတွေက အတွဲတွေကို ကြိမ်နဲ့ရိုက်တာ ဘယ်လိုလုပ်မလဲ ဆိုတဲ့ သဘောမျိုး ဖြစ်လာလို့ တကယ်ဘုန်းကြီးတွေက ကြိမ်နဲ့ရိုက်နေတယ်လို့ ထင်စရာ ဖြစ်သွားလို့ ဝင်ပြောတာပါ။
          ဥပမာပေးတာ မရဘူးလားလို့ မေးရင် မရပါဘူးလို့ ဖြေပါမယ်။ ဘာလို့လဲဆိုတော့ ချီးကျူးချင်တဲ့ ဥပမာ မဟုတ်ပဲ ကဲ့ရဲ့တဲ့ ဥပမာ ဖြစ်နေလို့ပါ။ ကဲ့ရဲ့တဲ့ အနေနဲ့ သုံးမယ်ဆိုရင် ဘယ်နေရာ ဘယ်ကျောင်းတိုက်မှာ ဘယ်ကိုယ်တော်က ဘယ်အတွဲကို လုပ်တာလဲဆိုတာ တိတိကျကျ ပါရပါမယ်။ အဲဒီလို မဟုတ်ရင်လည်း အတွဲတွေကို ဘုန်းတော်ကြီးတွေက ကြိမ်နဲ့ လိုက်ရိုက်နေကြတာ မမြင်ချင်မှအဆုံး ဆိုရင်တော့ ပြောနိုင်ပါတယ်။ အဲဒီလိုလည်း မဟုတ်ပါဘူး။ မလုပ်တဲ့လူတွေကို သွားပြီး သူတို့လုပ်သယောင်ယောင် ဥပမာပေးလို့ မရပါဘူး။ မင်းတုန်းမင်းနဲ့ ငါးခြောက်ပြားဇတ်လမ်းက လွန်ခဲ့တဲ့ နှစ်တရာကျော်မှာ ကျန်ခဲ့ပါပြီ။
          အဲဒါကြောင့်ပါ။ အဲဒီလို ဥပမာပေးရမယ် ဆိုရင် ကျနော်လည်း ပေးနိုင်ပါတယ်။ နောက်တခါကျရင် ဥပမာလို့ စကားခံပြီး မွတ်ဆလင်ဗလီဆရာ တယောက်က မုဒိန်းမှု ဖြစ်တယ် ဆိုပါတော့ကွာလို့ ပြောကြည့်ပါမယ်။ လက်ခံနိုင်မယ် ထင်ပါသလား။ ဘယ်မှာလဲ ဖြစ်လို့လား မဟုတ်ပဲနဲ့ ဥပမာပေးရအောင် ဒီလောက် ဥပမာ ရှားသလား ဖြစ်လာနိုင်လို့ပါ။ ဒါကြောင့် ဒါကြောင့်……ဟဲ ဟဲ။

  • San Hla Gyi

    December 25, 2012 at 9:49 pm

    သူ၏ နာမည်အမှန်မှာ မာမွတ်ရှပွတ် အဒူလဇစ် အဗ္ဗဒူကာရင် မိုဟာမက် ကာစင်ဘိုင် ဖြစ်ပါသည်။

  • တောက ကိုရင်

    December 26, 2012 at 12:22 pm

    နာသုံးနာပြည့်ဝသော ဆရာကောင်းဆရာမြတ်များကို ရိုသေပါသည်။ လေးစားပါသည်။
    ဆရာကျင့်ဝတ်မညီသော တချို့ဝသိပင်မသိသော အတ္တဆရာများစွာ ( များစွာ) ကို ပြင်းပြ်င်းထန်ထန် ရူံ့ ချပါသည်။
    ကျောင်းချိန်အတွင်း
    ဆရာ့ကိုယ်ရေးကိုယ်တာကိစ္စကြောင့် အပြင်ရောက်နေသော ထိုကလေး
    တစုံတခု ဖြစ်ခဲ့သော်
    ှု

  • မောင်ပေ

    December 26, 2012 at 1:07 pm

    ကိုဝင်းနား ရဲ ့ပို ့စ်ထဲ ဝင်ဖတ်တာ အကြောင်းအရာတော်တော်ကို စုံအောင်ဖတ်ရတယ်ဗျို ့

  • TheWinner

    December 26, 2012 at 4:06 pm

    လေးပေနော် – နှစ်ခါရှိပြီ “ကိုဝင်းနား” ခေါ်တာ။

  • ကျုပ်ကတော့ …
    ဘယ်သူ မှားလဲ၊ မှန်လဲ မပြောတတ်ဘူး …
    ယေဘုယျအားဖြင့်တော့ ကျောင်းဆရာမ မှားတယ်လို့ ထင်မိတယ် ..
    ဘာပဲပြောပြော ကိုယ်ထိလက်ရောက် မဖြစ်တာ အတော်လေး ကောင်းသွားတယ်လို့ မြင်မိတယ် …

Leave a Reply