မင်္ဂလာပါရှင့်လို့ မိတ်ဆက်ပါတယ်။

ငယ်ငယ်တုန်းက အမေတို့ကောက်စိုက်ခဲ့တဲ့ လယ်ကန်ဆင်းတစ်လျောက်မှာ ဆံရစ်ဝိုင်းလေးနဲ့ ပြေးလွှားကစားခဲ့ပြီး

မေလ ၄ ရက်နေ့မှာ မွေးဖွားခဲ့လို့  လူကြီးတွေက ခေါ်ခဲ့ကြတဲ့ ဆံရစ်ဝိုင်းမေလေး ဆိုတဲ့အမည်လေးကို အမှတ်ရခဲ့ပြီး

အခု ဒီ ဂဇက်ရွာကို ရွာသူအဖြစ်ဝင်ဖြစ်တော့ အဲဒီ အမည်လေးနဲ့ဘဲ ရောက်လာခဲ့ရတာပေါ့။

Mandalaygazette ကို ရွာဆိုပြီးသုံးနှုန်းလို့ ရေးနေကြတာကို မေလေး ဖတ်ခဲ့တဲ့စာတွေမှာတွေ့ရပါတယ်။ မေလေး ဒီ ဂဇက်ကို ဖတ်ဖြစ်နေတာ ၃ နှစ်ကျော်လောက်ရှိပါပြီ။ အခုတော့ ရွာထဲကို ရောက်ခဲ့ပြီပေါ့။

ရွာထဲမှာရှိတဲ့ ရွာသူရွာသားများ မေလေး ကို ခင်မင်စွာနဲ့ လိုအပ်တာလေးတွေ သင်ပြပေးကြပါနော်။

 

ကျေးဇူးတင်ပါတယ်ရှင့်။

ဆံရစ်ဝိုင်း မေလေး။

13 comments

  • ဦးကြောင်ကြီး

    December 23, 2012 at 9:29 pm

    မေလေး
    ရွှေပေး
    လေသွေး
    အေဘေး
    ဖြေငေး
    မြေဈေး
    ခွေတွေး
    ဇေဖွေး..။

  • အလင်းဆက်

    December 23, 2012 at 9:46 pm

    ဆ့ရစ်ဝိုင်း ဝတ္ထုတိုများကိုတော့.ဖတ်ဖူးပါတယ် ။
    ခင်ခင်ထူးရေးတာလေ ။
    အခု ဆ့ရစ်ဝိုင်းလေးရဲ ့
    တင်ဆက်လာမယ့် စာအလှတွေကိုလည်း..
    ဖတ်ဖို ့..စောင့်နေပါတယ် ။

    ခင်မင်လေးစားလျက်..
    အလက်ဆင်း

  • မောင်ပေ

    December 23, 2012 at 9:52 pm

    ဆံရစ်ဝိုင်း
    မှန်ခြစ်ဖိုင်း
    ကန်ပစ်သိုင်း
    ထန်ယစ်မှိုင်း
    ချန်လစ်ပိုင်း
    သံသစ်ဆိုင်း

  • ဦး ဂျစ်

    December 23, 2012 at 10:46 pm

    အော်. ကျုပ်တို့ရဲ့ ရွာသူ သစ်သစ်လေးပေကိုး …
    ကြိုဆိုပါရဲ့ဗျာ …
    ရွာရဲ့ စာတွေကိုဖတ်တဲ့ သက်တမ်း ၃ နှစ်ရှိပီ ဆိုတော့…
    ကျုပ်ထက်တောင် ဝါရင့်သေး… ဆိုတော့….
    တောင်တောင်အီအီ ပြောဆိုရဖွယ် မရှိတော့ပြီပေါ့ ….နော …။

  • mobile (mandalay)

    December 24, 2012 at 12:21 am

    ဆံရစ်ဝိုင်းမေလေးရေ
    ယခုလိုဆုံရတွေ့ရတာ မင်္ဂလာပါ။
    ကြိုဆိုပါတယ်ဗျာ ယနေ့မှစ၍ ဤရွာထဲတွင်
    ပျော်ပျော်ရွှင်ရွှင်ဖြင့် အကောင်းဆုံးပို့စ်များ
    အကောင်းဆုံးကွန်မန်းများဖြင့် ဆွေးနွေးမှုများ ပြုလုပ်နိုင်ပါစေကြောင်း
    ဆုမွန်ကောင်းတောင်းလိုက်ပါတယ်ဗျားးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး
    မိုဘိုင်း

  • kai

    December 24, 2012 at 6:29 am


    ဆံရစ်ဝိုင်း

    ဆံရစ်ဝိုင်းဆိုသည်မှာ အားလုံးသိကြသည့်အတိုင်း ရှေးက မြန်မာ လုံမငယ်တို့ ဆင်ယင်ထုံးဖွဲ့လေ့ရှိသော ဆံပင် ပုံစံတမျိူးကို ခေါ်ခြင်းဖြစ်သည်။ နဖူးဆံစ ဦးခေါင်း ပါတ်ပါတ်လည် စက်ဝိုင်းသဏ္ကာန် ရစ်ထားသောဆံပင်များကို အောက်သို့ အတန်းလိုက် ချတာကချ၊ အပေါ်သို့စုထုံးဖို့ လှန်တင်တာက တင်ထားရသည်။ ပန်းကုံးညီမှလှသည်။ ဆံရစ်ဝိုင်းပုံစံမှာ အရိုးရှင်းဆုံးနှင့် အကြော့ရှင်းဆုံးဖြစ်ပြီး ကလေးဆန်ခြင်းကို ပြသည့်သဘောလည်းဖြစ်သည်။ အသက် လေးငါးနှစ်သမီး အရွယ် ဆံပင်စထားပြီ ဆိုကတည်းက ဆံရစ်ဝိုင်းပုံကို စတင်ထားတတ်ကြသည်မှာ ရှေးမြန်မာတို့ဓလေ့ပဲ ဖြစ်သည်။ ဆယ်ကျော်သက် အရွယ်ရောက်လျှင်တော့ ဆံပင်ကို အုပ်လုံးသုံးပြီး ဆံထုံး၊ ဆံတောက် စသဖြင့် အလှအပ အဆင်တန်ဆာတွေ စိတ်ကြိုက်ပြုပြင်ကြတော့သည်။

    (ခင်ခင်ထူး – ဆံရစ်ဝိုင်း ဝတ္တုတိုများ မှ)
    =
    ဒေါ်အောင်ဆန်းစုကြည်က.. ဆံတောက်များထားခဲ့ဖူးသလားလို့..

  • ခိုင်ဇာ

    December 24, 2012 at 9:51 am

    ကြိုဆိုပါတယ်ကွယ်။ :hee:

  • ko chan

    December 24, 2012 at 10:10 am

    ကောင်းပါတယ်။

  • pooch

    December 24, 2012 at 12:00 pm

    မင်္ဂလာပါ မေလေး ကြိုဆိုပါတယ်နော်။ 😀

  • မင်းနန္ဓာ

    December 24, 2012 at 12:30 pm

    ဆံရစ်ဝိုင်းမေလေး
    အချစ်ရိုင်းတွေပေး
    အသစ်ဒီဇိုင်း ဖေငေး
    မပစ်ပိုင်း လေသွေး

  • ဗုံဗုံ

    December 24, 2012 at 12:53 pm

    မေလေးရေ ကြိုဆိုပါတယ်နော် 🙂

  • Welcome ပါမေလေးရေ။
    မေလေးဘာတွေရေးဦးမလဲလို့ စောင့်စားအားပေးနေပါ့မယ်။
    ဂေဇက်မှာနေပြီး ဗဟုသုတများစွာရှာမှီးနိုင်မှာအသေအချာပါပဲ။

  • Mr. MarGa

    December 25, 2012 at 10:55 am

    ဝဲလ် ကမ်းပါဗျာ
    ဦးမာဃလဲ ကြိုဆိုပါတယ် ဆိုတာ
    အဲဒါလေး လာပြောတာ အဟဲ

Leave a Reply