လဒ ( ၆ ) ကောင် ။

” ( ၂၃.၁၂.၂၀၁၂ )
ညနေ ၄နာရီဝန်းကျင်က
ရွှေတိဂုံပေါ်တွင်
လဒ ( ၆ ) ကောင် တွေ့ “

အင်္ဂါထောင့်က ခေါင်းလောင်းတော်အထက်ဖောင်းရစ် နေရာနဲ့
တနင်္ဂနွေထောင့် ငှက်ပျောဖူးအောက်ကြာမှောက်ကြာလန်နားမှာ
( ၃ ) ကောင်စီပါ ။

Reference and Credit to – မချိုဝေလွင်

ဆိုပြီး ဓါတ်ပုံ တွေ တက်လာတယ် ။

အဘ လို အယူသိပ်မသည်းတဲ့သူတောင် ၊
ဘာဂလို တိုတို ဖြစ်သွားတယ် ။
ရွာသူားထဲက နဲနဲ နားလည်တဲ့သူများ ရှိရင် ၊
ဆွေးနွေးကြည့်ပါအုန်း ။

 

12128_511973555490796_1582922871_n

547544_511973192157499_1795090138_n

Comment လေးတွေကလဲ  ၊

Ko Kyaw Thu
နာဂစ် မှန်တိုင်းကြီး မတိုက်ခင် တစ်လကျော်ကျော် လောက်မှာ ၊
ရန်ကုန်ပတ်ဝန်းကျင် လင်းဒ တွေ ကျခဲ့ဘူးပါတယ် ။
တွံတေးဘက်မှာကျွန်တော်ကိုယ်တိုင် ဓါတ်ပုံသွားရိုက်ခဲ့ပါသေးတယ် ၊
သတိဝီရိယတော့ရှိကြပါ ။

Seven July Moe
ဗန်းမော်ဆရာတော်ကြီးပြောခဲ့တဲ့စကားကိုပဲ နိမိတ်ယူပြီးပြောရမှာပဲဗျာ ။
ရွေဟင်္သာကြီး ကျောင်းခေါင်မိုးမှာ လာနားတယ်ဆိုပီး နိမိတ်ယူခဲ့တာ ကြားခဲ့ဘူးပါတယ် ။

Thein Win Aung
ပေါက်ကရပြောတော့မယ် ။
ဒီကောင်ကြီးတွေ နှစ်တိုင်း ဒီအချိန်ဆို လာနေကြပါ ။
ဒီရာသီဆို ဟိမဝန္တာ က နေ ဟိုး အင်ဒိုနီးရှားထိအောင် သွားပါတယ်။
အရင်တုန်းကလည်း ရွှေတိဂုံဘုရားပေါ်နားတာတွေ့ ဖူးပါတယ် ။
ဒီနှစ်ကြမှ ဘယ်လိုဖြစ်လို့ ဖွကြတယ်မသိဘူး။

ကို ဒင်္ဂါး
ဘိုးတော်ဘုရား အမရပူရနန်းမှာ လင်းတနားတော့
နိမိတ်မကောင်းဘူးလို့ယူပြီး ဘုန်းကြီးပင့်ပရိတ်ရွတ်တယ်။
အယူတော်မင်္ဂလာဦးနိုးသိတော့ နိမိတ်ကောက်ပညာနဲ့ ၊ ကောင်းတယ် ။
မကြာခင် သမီးကညာဆက်သတာကို သိမ်းပိုက်ရမယ်လို့ဟောတယ်။
၁ဝရက်အတွင်းဖြစ်ခဲ့လို့ ဆုလာဘ်ချီးမြင့်ခံရတယ်။

Ye Thiha
ဒလ မြေဈေး တက်လိမ့်မည် ။

အဘ ဖေါ ( F R ) ။

About Foreign Resident

Foreign Resident has written 203 post in this Website..

စားဝတ်နေရေးအတွက် သင်္ဘောလိုက်နေရင်း ၊ ကံဇတ်ဆရာရဲ့အလိုကျ ကျွန်းကြီးတစ်ကျွန်း ပေါ်မှာ သောင်တင်နေမိပြီး ၊ အမိမြေကို လွမ်းဆွတ်နေရသူပါ ။