“ကြော်” အောင် “ညာ”သည်

minn_annawarDecember 24, 20121min17511

ပုံပါအတိုင်း သတင်းစာမှာတွေ့   လို့    Mountain Bicycle  ကလေးတွေအတွက် ဈေးသက်သာတာနဲ့  အားရဝမ်းသာ ဝယ်ပေးမယ်ဆိုပြီးရောက်သွားပါတယ်။

ပြထားတဲ့ စက်ဘီးတွေထဲက နဲနဲကောင်းတာတွေကို  “SOLD”လို့  ကပ်ထားပါတယ်။

ရောင်းမယ်ဆိုတဲ့စက်ဘီးနှစ်စီးကျတော့ တစ်စီးက တစ်သိန်း၊ နောက်တစ်စီးက ၉၀၀၀ဝ ဆိုပြီးပြောပါတယ်။

သတင်းစာထဲကြော်ညာထားတာနဲ့   ကတော့ တစ်ခြားစီပေါ့။

လူတွေမှာ သွားကြည့်ကြပြီး စရိပ်ကုန်တာ၊ မောတာဘဲ အဖတ်တင်တယ်။

“ကြော်” အောင် “ညာ”ထားတာ ကို နောက်လူတွေ မောမှာစိုးလို့  ၊

ဂီတာတွေတော့   ၃၀၀၀ဝ ကနေ ၅၀၀၀ဝ ဆိုပြီး စီပြထားပါသေးတယ်။

Organ Keyboard တွေလဲပြထားပါတယ်။

စိတ်ဝင်စားရင်တော့  သွားကြည့်ကြပေါ့။

ကြော်ညာခြင်း လုံးဝမဟုတ်ပါ။  မပြောရင် ထပ်မောနေကြ မှာ စိုးလို့  ပြောရတာပါ။

11 comments

  • etone

    December 24, 2012 at 11:47 am

    ကြော်ငြာတွေက အဲ့လိုတွေချည်းပဲ … ။ လူတွေကို … စိတ်မဝင်ဝင်စားအောင် လုပ်ပြီးစွဲဆောင်တယ် .. ထောက်ပြလိုက်လိုက်လျှင်လည်း … white lie ဆိုပဲ … ။ ချင့်ယုံပါဗျို့ …. ။ :om:

  • Thuyazaw

    December 24, 2012 at 11:56 am

    ဪ ဆိုင်သိမ်းလေးပါခင်ည…….. အနော်ဆရာနဲ့တူတူပါသွားတာဗျ……. မောင်တိမ်းကို ကြော်ငြာပါဈေးဆို တော့စိတ်ဝင်စားပီးလိုက်သွားကြည့်မိတာ…… အဟတ် ဟိုလဲရောက်ရော မှန်းချက်နဲ့ နှမ်းထွက်နဲ့ မကိုက်ပါဘူးဗျို့…….. လုပ်လဲလုပ်တတ်ပါပေ့ဗျာ…….

  • မောင့်ကျက်သရေ ဂီ့

    December 24, 2012 at 12:21 pm

    တို့အမျိုးတွေ. အဂရက်စစ်ဖစ်ပါတယ်ဆို. ခိခိ

  • Khaing Khaing

    December 24, 2012 at 2:29 pm

    မယုံကြည်ရတဲ့မြန်မာပြည်မာ တစ်ခါထိလည်း မသိ …. အခါခါ ထိမှ သိမယ် …. ပြောမယုံ ကြုံမှသိ …. သမီးတို့ကတော့ အပင်ပန်းမခံပေါင် … သူများတွေပြောတာနားထောင်ပြီး သတင်းယူလိုက်တယ် ….

  • kai

    December 24, 2012 at 5:31 pm

    ယူအက်စ်မှာလည်း.. အဲလိုလုပ်ခဲ့ဖူးတယ်..
    သတင်းစာထဲ..ကြေညာပြီး.. ကားရောင်းတာမှာပေါ့..။
    နောက်ပိုင်း အစိုးရက..ဥပဒေထုတ်..စားသုံးသူတွေကိုကာကွယ်ပေးပါတယ်..
    လျှော့ဈေး… ကြေညာရင်.. ကားရဲ့.. ဗင်နံပါတ်ပါထည့်ရေးရမယ်လုပ်ခိုင်းတာပါ..။

    ဆိုတော့..
    အစိုးရမှာ.. တာဝန်ရှိကြောင်း….ရယ်လို့…။ :harr:

    • kai

      December 25, 2012 at 4:39 am

      ဟောဒီမှာဗျို့..ဥပဒေ.. ဥပဒေပြုသူတွေသိပါစေ..

      Dealer Advertising
      http://www.atg.wa.gov › … › Business Resources › Auto Dealer Guidelines
      If you are found to be in violation of state advertising rules or laws, you could be … payment amount or the number of payments must include these disclosures: … price; Include the expiration date of ad; Make sure complete VIN number, license …

  • အဲ့လိုကြီးတွေတော့မကြုံဖူးသေးဘူး။
    ကြည့်မောကြီးဖြစ်အောင် မညာကြော်သင့်ပါဘူးနော်

  • padonmar

    December 25, 2012 at 4:23 am

    လမ်းဘေးက လိမ်မော်သီးသည်လိုပေါ့။
    တစ်ထောင်ဖိုး ၁ဝ လုံးအော်ရောင်းလို့ သွားဝယ်တော့ အနားရောက်မှ ၁ဝလုံးတန်က သေးသေးလေးတွေ၊ဒီအကြီးကြီးက တစ်လုံး ၅၀ဝ လို့ ဖြစ်ရော။
    (ဒါလည်း မားကက်တင်းနေမှာပေါ့)

  • mobile (mandalay)

    December 25, 2012 at 1:29 pm

    ဟုက်တယ်ဗျို့ မှန်တယ်ဗျို့ အဲ့ဒါမျိုးတွေ တွေ့ဖူးတယ်ဗျို့

  • uncle gyi

    December 25, 2012 at 10:31 pm

    ဟုတ်တယ်ဗျို့
    ရောင်းမယ်ဆို်လို့သွားတော့ဘယ်နာရီမှမဲဖောက်ပေးမှာနဲ့
    မရဲလည်းကျွဲမစီးနဲ့ပေါ့ဗျာ ဟွန့်

  • minnannawar

    December 26, 2012 at 11:48 am

    ထပ်ပြောပါရစေ၊
    မသွားခင် ဖုံးဆက်မေးလိုက်ပါသေးတယ်။
    အစီး (၂၀)လောက်ကျန်သေးတယ် ဆိုလို့ သွားမိတာပါ။
    ကြော်ညာတဲ့ ဈေးအတိုင်း ရောင်းမှာလားဆိုတာ မမေးမိတာတော့ ကိုယ့်အပြစ်ပဲပေါ့။

Leave a Reply