မင်္ဂလာပါလို့  ကျနော်ကိုစလုံးမိတ်ဆက်ပရစေ။
ရန်ကုန်မှာရှိတဲ့ကျွန်တော့်သူငယ်ချင်းကိုလိမ်ဖို့ ကြိုးစားတဲ့အကြောင်းရာလေးတခုတင်ပြပရစေ။
လာလိမ်ဖို့ ကြိုးစားတဲ့သူက မိန်းကလေး ချောချောပါ ကရင်လေသံနဲ့ ဆိုတော့ ကရင်မလေးပဲဆိုပါစို့ . ၂ကြိမ်မြောက်လာလိမ်မှ နဲနဲရိပ်မိတာပါ။
(၁) ပထမအကြိမ်
လွန်ခဲ့တဲ့တစ်နှစ်လောက်က ရန်ကုန်မှာရှိနေတဲ့ညီတယောက်ငွေလိုတယ်ဆိုရင် ကျနော်သယ်ငယ်ချင်းမိန်းကလေးတယောက်ဆီပဲသွားယူခိုင်းပါတယ်။ နောက်မှ သူနဲ့ ကျနော်ရှင်းပေါ့။ ဒါနဲ့ ကျနော်ကယူခိုင်းပါတယ်ဆိုပြီး ကောင်လေးတစ်ယောက်လာလို့  ငွေငါးသောင်းပေးလိုက်တယ်လို့  သူငယ်ချင်းလုပ်သူဖုန်းဆက်တော့ ကျနော် ညီလုပ်သူကိုတမ်းပြီးဖုန်းဆက်မေးပါတယ် ” မင်းဘာဖြစ်လို့ ငါ့ကိုအသိမပေးပဲ သွားယူရတာလဲပေါ့ ” ညီလုပ်သူလည်း သူတကယ်မယူတဲ့အကြောင်းပြောပါတယ်။ ကဲရှိစေတော့ဆိုပြီး  ကျနော့် သူငယ်ချင်းလုပ်သူကိုပိတ်လိုက်ပါတယ် ကျနော့် နာမည်ပြောပြီးဘယ်သူပဲလာယူယူမပေးဖို့ ။
(၂)ဒုတိယအကြိမ် (21.12.12)
ဒီတစ်ခါတော့ မိန်းကလေးချောချောလေးပါ. ကျနော်ကလွတ်လိုက်လို့ စာရွက်စာတမ်းတွေနိုတြီပြန်ချင်လို့ လိုက်ပို့ ပါဆိုပြီး ပြောပါတယ်။ ကုန်ကျစရိတ်ကိုလည်း အမစိုက်ထားပါကျနော်နဲ့ ရှင်းမယ်ဆိုပြီးပေါ့ .. စိုက်ပေးတာအကြောင်းမဟုတ်ပေမယ့် ငွေစရင်းရှင်းတမ်းတွေပါလက်မှတ်ထိုးဖို့ ပါပါတယ်. ထူးခြားတာက ဒီလောက်စကားပြောလည်တဲ့မိန်းကလေးက ဒီဆိုင်တွေမသွားတတ်ဘူးဆိုပြီး  သူငယ်ချင်းလုပ်သူ ကိုပဲအပြင်အတင်းခေါ်ထုတ်ပါတယ်.. သူငယ်ချင်းလုပ်သူလည်း လန့် ပြီး ကျနော်ကိုသေချာအောင်မေးမယ်စိတ်ကူးနဲ့  နောက်ရက်မှလာခဲ့ငါ ဒီနေ့ မအားသေးဘူးလို့ ပဲပြောပြီး ကျနော်ဆီကိုဖုန်းဆက်တော့ ကျနော်လည်းအံအားသင့်သွားပါတယ်။ ဒါနဲ့ နောက်ရက်လာခဲ့လို့ ရှိရင် ဓတ်ပုံသာရိုက်ယူထားလိုက် ဆိုပြီးမှာထားပါတယ်
ဒါပေမယ် လူလိမ်မကလူကိုယ်တိုင်မလာပါဘူး ကျမအရမ်းအရေးကြီးလို့ ကားလွတ်လိုက်ပါမယ် အမအမြန်လာပါပဲ အတင်းဖုန်းဆက်ခေါ်ပါတယ်. ခေါ်တဲ့ဖုန်းကလည်း PCO ဖုန်းနဲ့ ပါ။  ဒီတော့မှ သူငယ်ချင်းလုပ်သူလဲ.. နင်ဘယ်သူလဲ ဘာရည်ရွယ်ချက်နဲ့ ဒီလိုလုပ်တာလဲ . ငါအကုန်မေးပြီးဘီ. နင့်ကိုရဲတိုင်လို့ ရတယ်ဆိုမှ ချက်ချင်းဖုန်းချသွားပါတယ်။
သူငယ်ချင်းဖြစ်သူမိန်းကလေးကို အပြင်အတင်းခေါ်ထုတ်တယ်ဆိုတော့ ငွေလိမ်ချင်တာလား လူပွဲစားလားဆိုတာ ကျနော်စဉ်စားလို့ မရပါဘူး။
ပြောချင်တာကတော့ အခုနောက်ပိုင်းလိမ်တဲ့လူတွေဟာ အဆင့်မြင့်ပါတယ်. ရုပ်ကလည်းထင်ရက်စရာမရှိပါဘူး။ အားလုံးသတိထားကြဖို့ ပါ။ အခုလိုအဖြစ်မျိုးကြုံတဲ့လူရှိရင် လိမ်ဖို့ ကြိုးစားတဲ့လူကို ဖုန်းနဲ့ မှတ်တမ်းတင်ပြီး ပြန်လည်မျှဝေဖို့ အကြံပေးချင်ပါတယ်
လေးစားစွာဖြင့်
ကိုစလုံး
About Sa Lone
Sa Lone has written 1 post in this Website..