ဒီပို့စ်လေးကိုရေးတာ ဆာဗာလေးဖို့မရည်ရွယ်ပါဘူးဗျာ(ကိုမိုဘိုင်း သို့)

ဝင်ရောက်ဖတ်ရှုသူ ပြုံးသွားရင်ပဲကျေနပ်လှပါပြီ

အနော်က ထိုင်းဘုရင်အသက်ကိုလျော့မပြောတတ်သလို  ထိုင်းဝန်ကြီးချုပ်ကိုလဲ သမ္မတရာထူးတိုးပေးဖို့အရည်အချင်းမရှိပါဘူး(စတာနော် စိတ်ဆိုးရဘူးနော်)

ကဲတော်ပြီ အနော့်ပုံပြင်လေးစတော့မယ်……

ဟိုး………. ရှေးရှေးတုန်းကပေါ့ဗျာ

ပင်လယ်ကမ်းခြေရွာလေးတစ်ရွာရှိတယ်

ကမ်းခြေရွာလေးဆိုတော့ ရွာသားအားလုံးက ပင်လယ်ပြင်မှာ ငါးဖမ်းခြင်းအလုပ်နဲ့အသက်မွေးကြတယ် ရွာသူအိမ်သူသက်ထားတွေကတော့ ငါးခြောက်လှမ်း ငါးပိသိပ် မြို့တက်ရောင်း ပျော်စရာသိပ်ကောင်းတယ် ဆိုပဲ….

တစ်ရွာလုံးကလည်းခရစ်ယာန်ဘာသာဝင်တွေချည်းပဲတဲ့ …..

stock-photo-camogli-beach-and-church-at-sunset-94160371

credit to shutterstock.com

ယောင်္ကျားတွေကပင်လယ်ထဲငါးဖမ်းထွက်ကြ မိန်းမတွေက ငါးခြောက်ခွဲကြလှမ်းကြ ငါးပိသိပ်ကြ နဲ့ပေါ့….

အဲ ပြဿနာကအခြားမဟုတ်ဘူး…. ယောင်္ကျားတွေပင်လယ်ထဲထွက်ငါးဖမ်းရင် မိန်းမတွေရွာမှာ ဖေါက်ပြန် တဲ့ကိစ္စက ဖြစ်လာကြတယ်….ယောင်္ကျားတွေကတော့ လစ်ရင်လစ်သလိုပေါ့လေ ။ ဖေါက်ပြန်လိုက် ပြီးရင်ပြန်ပြီးတော့ Church ကျောင်းသွား ဘုန်းတော်ကြီးဆီမှာ အပြစ်တွေဆေးကျောလိုက် နဲ့ နေလာခဲ့ကြရင်းနဲ့တစ်နေ့ ဘုန်းတော်ကြီးက စဉ်းစားမိသတဲ့ စဉ်းစားမိတဲ့အတိုင်း လဲအဲဒီရွာရဲ့ သြဇာ တိက္ကမကြီးမားတဲ့သူကြီးအပါအဝင် လူကြီးလူကောင်းတွေနဲ့တိုင်ပင်ကြရော…. (ယောင်္ကျားတွေကတော့ မိန်းမတွေဖေါက်ပြန်နေတယ်လို့ အကုန်ဘယ်သိမလဲ)

ဘုန်းတော်ကြီးနဲ့ ရွာလူကြီးလူကောင်းတွေတိုင်ပင်ကြတာကတော့ ပုထုဇဉ်လူသား သွေးသားနဲ့ တည်ဆောက် ထားတော့ ဆန္ဒရမက်တွေနဲ့ပျော်မွေ့ချင်ကြတယ်ဆိုတာတော့ သဘာဝကျပါတယ် ဒါပေမယ့် ဘုန်းတော်ကြီး ရှေ့မှာအပြစ်ဆေးကျောတဲ့အချိန်ကျရင် ‘ဖေါက်ပြန်တယ်’ ‘ဖေါက်ပြန်တယ်’လို့ပြောတော့ နည်းနည်းရိုင်းရာ ရောက်မယ်တဲ့ အဲဒီတော့ ဖေါက်ပြန်ပြီး အပြစ်ဆေးကျောဖို့လာတဲ့အချိန်ကျရင် ‘ဖေါက်ပြန်တယ်’ ဆိုတဲ့ အသုံးအနှုံးထက်ပိုပြီးယဉ်ကျေးတဲ့ စကားလုံးနဲ့ပြောဆိုစေချင်တယ်လို့ဆိုပြီး ဝိုင်းစဉ်းစားလိုက်ကြတာ နောက်ဆုံးမှာ ‘ချော်လဲတယ်’ ဆိုတဲ့အသုံးအနှုံးနဲ့ပြောင်းသုံးဖို့ တညီတညွတ်တည်း ဆုံးဖြတ်လိုက်ကြတယ်….. ဖေါက်ပြန်ပြီး အပြစ်ဆေးကျောကြရင် ‘ချော်လဲတယ်’ ဆိုတဲ့အသုံးအနှုံးနဲ့ ပြောင်းလဲသုံးဖို့ ရွာထဲမှာရှိတဲ့ ယောင်္ကျားမိန်းမ အားလုံးကိုလည်း အသိပေးလိုက်တယ်တဲ့… (ယောင်္ကျားတွေကတော့ မိန်းမတွေဖေါက်ပြန်နေတယ်လို့ အကုန်ဘယ်သိမလဲ)

အဲဒီတော့ ‘ချော်လဲတယ်’ ဆိုတဲ့စကားလေးဟာ အဲဒီပင်လယ်ကမ်းခြေ တံငါရွာလေးမှာ အဓိပ္ပါယ်တစ်မျိုးနဲ့ ဆက်လက်ရပ်တည်နေခဲ့တာပေါ့….. ဖြဲမကလည်း ခနခန ချော်လဲ၊ ဘဲဥမကလည်း ခနခန ချော်လဲ၊  အမတ်မင်း ကြီးလဲ ခနခနချော်လဲ၊ ဘဘဦးပေတို့ ဘဘဦးပေါက်တို့ ဘဘဦးခင်ခတို့လို ရွာလူပျိုသိုးကြီးအဖွဲ့ တွေကလည်း ချော်လဲ မိတိုက်ဆိုတဲ့ ကောင်မကတော့အဆိုးဆုံးပေါ့ မြို့တက်ငါးခြောက်ရောင်းရင်း ပြည်လမ်းက ရွှေဘုန်းပွင့် ဘုရားနားမှာတောင်ချော်လဲခဲ့သေးသတဲ့(ကြံကြံဖန်ဖန်အေ) …. ဒီလိုနဲ့ ချော်လဲလာလိုက်ကြတာ (အဲဟုတ်ပေါင်မှားလို့) နေလာလိုက်ကြတာ ဘုန်းတော်ကြီးခရစ်တော် မှာအိပ်ပျော်တဲ့အထိပေါ့ …… ဘုန်းတော်ကြီးလွန်သွားတော့ နောက်ထပ် ဘုန်းတော်ကြီးတစ်ပါးထပ်ပြီး အဲဒီတံငါရွာလေးရဲ့ Church ကျောင်းမှာတာဝန် ယူရတာပေါ့ သူကတော့ ပူပူနွေး နွေးခဝဲခြံကျမ်းစာ ကျောင်းဆင်း ဘုန်းတော်ကြီးပေါက်စလေး ခရစ်စ်တိုဖါဖိုးထောင်တဲ့ ရွာကိုရောက်လာခါစဆိုတော့ အရမ်း တက်ကြွစွာလှုပ်ရှား သာသနာရေးတွေဆောင်ရွက်ပေါ့လေ သူကြီးကလည်းအရမ်းကျေနပ် ….. ဒါပေမယ့် သူတို့ ဘုန်းတော်ကြီးကို လျှို့ဝှက်ချက်ပြောပြဖို့မေ့နေကြတယ်တဲ့

အဲ…. ၂ လ ၃ လလောက်နေတော့ ဘုန်းတော်ကြီး ခရစ်စ်တိုဖါဖိုးထောင်ကလေးတော်တော် ခေါင်းရှုပ်စရာကိစ္စတွေ ဖြစ်လာတယ်တဲ့ ဒါနဲ့ သူကြီးကိုခေါ်ပြီးတိုင်ပင်တာပေါ့….. တိုင်ပင်ပုံကဒီလို……

ဘုန်းတော်ကြီး   –         သူကြီး ကျုပ်က Church ကျောင်းမှာနေနေပေမယ့် ရပ်ရေးရွာရေးကိုတော့ စိတ်ဝင်စားတယ်ဗျ ဒီတော့ကာ ရွာထဲကလမ်းတွေတော်တော် ပျက်နေတယ် ပြုပြင် ဖို့လိုလိမ့်မယ်အဲဒါ သူကြီးပြုပြင်ရင်ကောင်းမယ်

သူကြီး            –  ဘုန်းတော်ကြီး လမ်းတွေက တော်တော်ကောင်းတာကိုး… ဘုန်းတော်ကြီးက ဘာကြောင့် လမ်းတွေပျက်စီးနေတယ်လို့ ပြောတာလဲ

ဘုန်းတော်ကြီး   – ဒါဆိုခင်ဗျားက ရပ်ရေးရွာရေးသိပ်စိတ်မဝင်စားတဲ့သူကြီးပဲ ရွာထဲကလူတွေခနခန ချော်လဲနေကြတယ် တစ်ရွာလုံးလိုလိုပဲ ခင်ဗျားမသိဘူးလား

သူကြီး            – ဟီးဟီးဟီးဟီး…ဟားဟားဟားဟား… (သူကြီးကသဘောကျပြီး ရယ်မောတာပေါ့လေ)

အဲဒီအချိန်မှာဘုန်းတော်ကြီးက    ဒီမှာသူကြီးခင်ဗျားကြီးသိပ်ရီ(ရယ်) မနေနဲ့ဗျ လမ်းပြင်စရာရှိတာ မြန်မြန် ပြင် သူကြီးမိန်းမကို ဒီလထဲ ချော်လဲတာ (၅)ကြိမ်ရှိပြီ မသိဘူးလား ……..(တိန်)

သူကြီးလည်းရီ(ရယ်)နေရာကနေချက်ခြင်း…………………………………………………………………………………………….

………………………………………………..(ကျန်သည့် ဇာတ်သိမ်းပိုင်းကို ဤစာဖတ်နေသူ စိတ်တိုင်းကျဖန်တီးနိုင်ပါကြောင်း)… ညွှတ်ညွှတ်ညွှတ်…….

About ဖိုးထောင်

has written 22 post in this Website..