ရီမနေနဲ့ ၅-ခါရှိပြီ

ဖိုးထောင်December 24, 20121min15512

ဒီပို့စ်လေးကိုရေးတာ ဆာဗာလေးဖို့မရည်ရွယ်ပါဘူးဗျာ(ကိုမိုဘိုင်း သို့)

ဝင်ရောက်ဖတ်ရှုသူ ပြုံးသွားရင်ပဲကျေနပ်လှပါပြီ

အနော်က ထိုင်းဘုရင်အသက်ကိုလျော့မပြောတတ်သလို  ထိုင်းဝန်ကြီးချုပ်ကိုလဲ သမ္မတရာထူးတိုးပေးဖို့အရည်အချင်းမရှိပါဘူး(စတာနော် စိတ်ဆိုးရဘူးနော်)

ကဲတော်ပြီ အနော့်ပုံပြင်လေးစတော့မယ်……

ဟိုး………. ရှေးရှေးတုန်းကပေါ့ဗျာ

ပင်လယ်ကမ်းခြေရွာလေးတစ်ရွာရှိတယ်

ကမ်းခြေရွာလေးဆိုတော့ ရွာသားအားလုံးက ပင်လယ်ပြင်မှာ ငါးဖမ်းခြင်းအလုပ်နဲ့အသက်မွေးကြတယ် ရွာသူအိမ်သူသက်ထားတွေကတော့ ငါးခြောက်လှမ်း ငါးပိသိပ် မြို့တက်ရောင်း ပျော်စရာသိပ်ကောင်းတယ် ဆိုပဲ….

တစ်ရွာလုံးကလည်းခရစ်ယာန်ဘာသာဝင်တွေချည်းပဲတဲ့ …..

stock-photo-camogli-beach-and-church-at-sunset-94160371

credit to shutterstock.com

ယောကျင်္ားတွေကပင်လယ်ထဲငါးဖမ်းထွက်ကြ မိန်းမတွေက ငါးခြောက်ခွဲကြလှမ်းကြ ငါးပိသိပ်ကြ နဲ့ပေါ့….

အဲ ပြဿနာကအခြားမဟုတ်ဘူး…. ယောကျင်္ားတွေပင်လယ်ထဲထွက်ငါးဖမ်းရင် မိန်းမတွေရွာမှာ ဖေါက်ပြန် တဲ့ကိစ္စက ဖြစ်လာကြတယ်….ယောကျင်္ားတွေကတော့ လစ်ရင်လစ်သလိုပေါ့လေ ။ ဖေါက်ပြန်လိုက် ပြီးရင်ပြန်ပြီးတော့ Church ကျောင်းသွား ဘုန်းတော်ကြီးဆီမှာ အပြစ်တွေဆေးကျောလိုက် နဲ့ နေလာခဲ့ကြရင်းနဲ့တစ်နေ့ ဘုန်းတော်ကြီးက စဉ်းစားမိသတဲ့ စဉ်းစားမိတဲ့အတိုင်း လဲအဲဒီရွာရဲ့ ဩဇာ တိက္ကမကြီးမားတဲ့သူကြီးအပါအဝင် လူကြီးလူကောင်းတွေနဲ့တိုင်ပင်ကြရော…. (ယောကျင်္ားတွေကတော့ မိန်းမတွေဖေါက်ပြန်နေတယ်လို့ အကုန်ဘယ်သိမလဲ)

ဘုန်းတော်ကြီးနဲ့ ရွာလူကြီးလူကောင်းတွေတိုင်ပင်ကြတာကတော့ ပုထုဇဉ်လူသား သွေးသားနဲ့ တည်ဆောက် ထားတော့ ဆန္ဒရမက်တွေနဲ့ပျော်မွေ့ချင်ကြတယ်ဆိုတာတော့ သဘာဝကျပါတယ် ဒါပေမယ့် ဘုန်းတော်ကြီး ရှေ့မှာအပြစ်ဆေးကျောတဲ့အချိန်ကျရင် ‘ဖေါက်ပြန်တယ်’ ‘ဖေါက်ပြန်တယ်’လို့ပြောတော့ နည်းနည်းရိုင်းရာ ရောက်မယ်တဲ့ အဲဒီတော့ ဖေါက်ပြန်ပြီး အပြစ်ဆေးကျောဖို့လာတဲ့အချိန်ကျရင် ‘ဖေါက်ပြန်တယ်’ ဆိုတဲ့ အသုံးအနှုံးထက်ပိုပြီးယဉ်ကျေးတဲ့ စကားလုံးနဲ့ပြောဆိုစေချင်တယ်လို့ဆိုပြီး ဝိုင်းစဉ်းစားလိုက်ကြတာ နောက်ဆုံးမှာ ‘ချော်လဲတယ်’ ဆိုတဲ့အသုံးအနှုံးနဲ့ပြောင်းသုံးဖို့ တညီတညွတ်တည်း ဆုံးဖြတ်လိုက်ကြတယ်….. ဖေါက်ပြန်ပြီး အပြစ်ဆေးကျောကြရင် ‘ချော်လဲတယ်’ ဆိုတဲ့အသုံးအနှုံးနဲ့ ပြောင်းလဲသုံးဖို့ ရွာထဲမှာရှိတဲ့ ယောကျင်္ားမိန်းမ အားလုံးကိုလည်း အသိပေးလိုက်တယ်တဲ့… (ယောကျင်္ားတွေကတော့ မိန်းမတွေဖေါက်ပြန်နေတယ်လို့ အကုန်ဘယ်သိမလဲ)

အဲဒီတော့ ‘ချော်လဲတယ်’ ဆိုတဲ့စကားလေးဟာ အဲဒီပင်လယ်ကမ်းခြေ တံငါရွာလေးမှာ အဓိပ္ပါယ်တစ်မျိုးနဲ့ ဆက်လက်ရပ်တည်နေခဲ့တာပေါ့….. ဖြဲမကလည်း ခနခန ချော်လဲ၊ ဘဲဥမကလည်း ခနခန ချော်လဲ၊  အမတ်မင်း ကြီးလဲ ခနခနချော်လဲ၊ ဘဘဦးပေတို့ ဘဘဦးပေါက်တို့ ဘဘဦးခင်ခတို့လို ရွာလူပျိုသိုးကြီးအဖွဲ့ တွေကလည်း ချော်လဲ မိတိုက်ဆိုတဲ့ ကောင်မကတော့အဆိုးဆုံးပေါ့ မြို့တက်ငါးခြောက်ရောင်းရင်း ပြည်လမ်းက ရွှေဘုန်းပွင့် ဘုရားနားမှာတောင်ချော်လဲခဲ့သေးသတဲ့(ကြံကြံဖန်ဖန်အေ) …. ဒီလိုနဲ့ ချော်လဲလာလိုက်ကြတာ (အဲဟုတ်ပေါင်မှားလို့) နေလာလိုက်ကြတာ ဘုန်းတော်ကြီးခရစ်တော် မှာအိပ်ပျော်တဲ့အထိပေါ့ …… ဘုန်းတော်ကြီးလွန်သွားတော့ နောက်ထပ် ဘုန်းတော်ကြီးတစ်ပါးထပ်ပြီး အဲဒီတံငါရွာလေးရဲ့ Church ကျောင်းမှာတာဝန် ယူရတာပေါ့ သူကတော့ ပူပူနွေး နွေးခဝဲခြံကျမ်းစာ ကျောင်းဆင်း ဘုန်းတော်ကြီးပေါက်စလေး ခရစ်စ်တိုဖါဖိုးထောင်တဲ့ ရွာကိုရောက်လာခါစဆိုတော့ အရမ်း တက်ကြွစွာလှုပ်ရှား သာသနာရေးတွေဆောင်ရွက်ပေါ့လေ သူကြီးကလည်းအရမ်းကျေနပ် ….. ဒါပေမယ့် သူတို့ ဘုန်းတော်ကြီးကို လျှို့ဝှက်ချက်ပြောပြဖို့မေ့နေကြတယ်တဲ့

အဲ…. ၂ လ ၃ လလောက်နေတော့ ဘုန်းတော်ကြီး ခရစ်စ်တိုဖါဖိုးထောင်ကလေးတော်တော် ခေါင်းရှုပ်စရာကိစ္စတွေ ဖြစ်လာတယ်တဲ့ ဒါနဲ့ သူကြီးကိုခေါ်ပြီးတိုင်ပင်တာပေါ့….. တိုင်ပင်ပုံကဒီလို……

ဘုန်းတော်ကြီး   –         သူကြီး ကျုပ်က Church ကျောင်းမှာနေနေပေမယ့် ရပ်ရေးရွာရေးကိုတော့ စိတ်ဝင်စားတယ်ဗျ ဒီတော့ကာ ရွာထဲကလမ်းတွေတော်တော် ပျက်နေတယ် ပြုပြင် ဖို့လိုလိမ့်မယ်အဲဒါ သူကြီးပြုပြင်ရင်ကောင်းမယ်

သူကြီး            –  ဘုန်းတော်ကြီး လမ်းတွေက တော်တော်ကောင်းတာကိုး… ဘုန်းတော်ကြီးက ဘာကြောင့် လမ်းတွေပျက်စီးနေတယ်လို့ ပြောတာလဲ

ဘုန်းတော်ကြီး   – ဒါဆိုခင်ဗျားက ရပ်ရေးရွာရေးသိပ်စိတ်မဝင်စားတဲ့သူကြီးပဲ ရွာထဲကလူတွေခနခန ချော်လဲနေကြတယ် တစ်ရွာလုံးလိုလိုပဲ ခင်ဗျားမသိဘူးလား

သူကြီး            – ဟီးဟီးဟီးဟီး…ဟားဟားဟားဟား… (သူကြီးကသဘောကျပြီး ရယ်မောတာပေါ့လေ)

အဲဒီအချိန်မှာဘုန်းတော်ကြီးက    ဒီမှာသူကြီးခင်ဗျားကြီးသိပ်ရီ(ရယ်) မနေနဲ့ဗျ လမ်းပြင်စရာရှိတာ မြန်မြန် ပြင် သူကြီးမိန်းမကို ဒီလထဲ ချော်လဲတာ (၅)ကြိမ်ရှိပြီ မသိဘူးလား ……..(တိန်)

သူကြီးလည်းရီ(ရယ်)နေရာကနေချက်ခြင်း…………………………………………………………………………………………….

………………………………………………..(ကျန်သည့် ဇာတ်သိမ်းပိုင်းကို ဤစာဖတ်နေသူ စိတ်တိုင်းကျဖန်တီးနိုင်ပါကြောင်း)… ညွှတ်ညွှတ်ညွှတ်…….

12 comments

  • mobile (mandalay)

    December 24, 2012 at 6:30 pm

    ကိုဖောင်ထိုးရေ ကျနော်ကို မှတ်မှတ်ရရ သတိတရလေးရှိတာ
    ကျေးဇူးတင်ပါတယ်ဗျ။ ကျနော် ပြောတာရေးတာ အမှားရှိလို့
    အမှန်ကိုပြောပြီး ပြင်ပေးတာ ဝမ်းမြောက်မိပါတယ်ဗျ။
    အားပေးသွားပါကြောင်းးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး

  • မောင်ပေ

    December 24, 2012 at 7:08 pm

    မိတိုက်ဆိုတဲ့ ကောင်မကတော့အဆိုးဆုံးပေါ့ မြို့တက်ငါးခြောက်ရောင်းရင်း ပြည်လမ်းက ရွှေဘုန်းပွင့် ဘုရားနားမှာတောင်ချော်လဲခဲ့သေးသတဲ့(ကြံကြံဖန်ဖန်အေ)
    ဟီးဟီးဟီးဟီး
    အဲဒါ က ပိုရီရသလားလို ့
    ကိုယ့်ဆရာက မှီငြမ်းဆိုပေမယ့်လဲ အင်ထရို နဲ ့ အုန်းခရီအေးရှင်း နဲနဲထပ်ပေါင်းလိုက်တော့
    မူရင်းထက်မသာရင်တောင် မညံ့တဲ့ စာပဲဗျို ့

  • ဒါလေးကိုခဏခဏဖတ်ဖူးတယ်..ခရိယာန်မှုတော့မဟုတ်ဘူး။
    မြန်မာမှုလေးတွေချည့်ဖတ်ဖူးတာ။
    အခုဟာကဆက်ဦးမှာလား။အရင်ဟာတွေကဖြင့် တဂျီးမိန်းမချော်လဲပြီးရင်ပြီးသွားတယ်။
    ဆက်ဦးရင်တော့ စိတ်ဝင်စားစရာပဲ
    :harr:

  • Mr. MarGa

    December 24, 2012 at 9:18 pm

    မြန်မြန်ဆက်ပါဗျို့
    ဆက်မယ်ဆိုရင်

  • Good™

    December 24, 2012 at 10:03 pm

    ဟုတ်ပ ဒီ ပို့လေး ကို ကြားဖူး သလိုလို ရှိ ပ၊ ခု ပြန်တေ်တော့ လဲ ရီနေရသေးတာပဲ၊ ကိုဖိုးထောင်ရော ချော်လဲတာ ဒူးပြဲ သွားသေးလား။

  • aanyar thar

    December 24, 2012 at 10:43 pm

    ..သူတောင်းစားတစ်ယောက်ပေးတဲ့ သင်ခန်းစာ ဆိုတဲ့ ပို့စ်တင်တဲ့ အကို..တစ်ယောက်လည်း ခရက်ဒစ်မပေးခဲ့ဘူး.(ကျနော်မေးပါသေးတယ် ကိုယ်တိုင်ရေးလား..ကူးယူခွင့်ပေးပါလို့..သူပြန်မဖြေပါဘူး…).ခု့ပို်စ့်ကလည်း..နာမည်လေးပဲပြောင်းတာပါဗျာ..တင်ပေးတဲ့ အတွက်တော့ ကျေးဇူးတင်တယ်…ဒါပေ့မယ့် ဒီဟာသကိုဖတ်ဘူးတဲ့သူတွေ ရွာထဲမှာ အများကြီးဗျ..ကျနော်တို့မြန်မာတွေရဲ့ လူ့ယဉ်ကျေးမှု့ဆိုတဲ့ ..ဟန်ဆောင်ခြင်းနဲ့..ပဲ..မသိ့သလို.နေနေကြတာပါဗျာ..ကျနော်ကတော့ သိ့သိ့ကြီးနဲ့မနေတတ်လို့ပါ(ယူလာတဲ့ နေရာကို ခရက်ဒစ်ပေးလိုက်ပါဗျာ…ဘယ်သူရေးတာလဲ သိ့စရာမလိုပါဘူး ကိုယ်ယူလာတဲ့နေရာကိုယ်ပဲ ခရက်ဒစ်ပေးပါလို့.ပြောပါရစေခင်ဗျာ)..ဒါလေးက ဟိုအစ်ကိုရဲ့ သူတောင်းစားတစ်ယောက်ကပေးတဲ့ သင်ခန်းစာဆိုတဲ့လင့်ပါ..(ဒီလင့်မှာပါတဲ့သူက ရေးတယ်လိူ့ ကျနော်ဆိုလိုတာမဟုတ်ဘူးနော် .ဒါမျိုးတွေကို ရွာသူ ရွာသားတွေ သိ့ကြပြီးဖြစ်တယ်ဆိုတာသိ့စေ့ယုံပါ..ယဉ်ကျေးမှု့ဆိုတဲ့ ဟန်ဆောင်ခြင်းကြောင့်သာ…)ဆိုတော့ကား..ကိုယ့်ထမင်းကိုယ်စားပြီး အညာသားကတော့ .မုန်းချင်လည်း..မတားလိုပါဗျာ…http://wytumyanmar.com/profiles/blogs/4553351:BlogPost:299498..ပို့စ်ပိုင်ရှင်ရဲ့ ကွန့်မန့်လေး.ပြန်ခြင်းခတ်လျှင်ဖြင့်…ကျေးဇူးတင်စွာ..ပျော်ရွှင်စေတဲ့ ဆန္ဒကို လေးစားမှု့ဖြင့်..

  • Khaing Khaing

    December 26, 2012 at 3:14 pm

    ဟီး … ဟီး … ရီရဒယ် …. အရင်ကတော့ မဖတ်ဖူးသေးဘူး ……..

  • ဖိုးထောင်

    December 26, 2012 at 3:38 pm

    ဟုတ်ကဲ့ အားပေးတဲ့လူအားလုံးကို ကျေးဇူးဥပကာရအထူးတင်ရှိပါကြောင်း
    ကိုအညာသား ပြောသလို ကျနော် ဘယ်ဆိုဒ်ကမှဖတ်လာကူးလာခြင်းမဟုတ်ပါကြောင်း ကျနော်ခပ်ငယ်ငယ်ကတည်းက ဦးလေးတွေကနေ တဆင့်စကား တဆင့်နားနဲ့ကြားလာတဲ့ပုံပြင်လေးသာဖြစ်ပါကြောင်း ကျနော်ဒီပို့စ်နဲ့အတူ တင်ပေးထားတဲ့ ပုံလေးကိုတော့ ကူးယူလာတဲ့ ဆိုဒ်ကို ခရက်ဒစ်ပေးထားတာ ကိုအညာသားမြင်မိမယ်ထင်ပါတယ် အကယ်၍ဒီပုံပြင်ကို အခြားဆိုဒ်တစ်ခုခုမှာရေးထားတာတွေ့တယ်ဆိုရင် ကျနော် ခရက်ဒစ်ပေးဖို့ဝန်မလေးပါဘူးခင်ဗျာ (ကိုအညာသားညွှန်းတဲ့ဆိုဒ်သွားကြည့်တော့ သူတောင်းစားပို့စ်ဖြစ်နေလို့ပါ) ကိုအညာသားမန့်ထားတာကို နားလည်သလိုကျေးဇူးလည်းတင်ပါတယ် နောက်ထပ်ကျနော်ရေးမယ့်ပုံပြင်တွေမှာ အဲဒီပုံစံမျိုးဖြစ်နေရင်လည်း လမ်းညွှန်ပေးပါ ……

  • aanyar thar

    December 26, 2012 at 4:24 pm

    အများကြီးပေါ့ အကို.. ..ဒါလေးက နှိုင်းနှိုင်း.http://www.99sanay.com/2009/12/blog-post_19.html…(၂)http://www.owaymyo.net/?p=26(၃)http://myanmarhumour.grou.ps/blogs/item/1608955..

  • ကြုံတုံးလေး ဝင်ပြောသွားရဦးမယ် …
    ဟို မိတိုက်တို့ မိဥတို့ မိဗျဲ တို့ ဆိုတာလေ ..
    ဘယ်သူနဲ့ ချော်လဲတယ် မှတ်လဲ ..
    ဟောဒီက ကိုကိုအံ နဲ့ပေါ့ကွယ် ……. ငွင်းးး ငွင်းးး
    :mrgreen:

  • Shwe Tike Soe

    December 28, 2012 at 2:23 pm

    အမလေး ဒီမယ်ကိုကိုထောင် ရှင် ကျမ အိပ်နေတာကို လှမ်းဖုန်းဆက်ပြီး အေးအေးဆေးဆေးမပြန်ပဲ လာနောက်တာလေ……
    သိပ်အနောက်သန်န်န်န်န်ဒဲ့လူဂျီးးးးးးးးးးးး ခိခိခိ

Leave a Reply