လူမသေငွေမရှား

aye.kkDecember 25, 20121min20227

လူမသေငွေမရှား ဆိုသော စကားက အဖေပြောနေကြ လက်သုံးစကား ဖြစ်ပါတယ် ။ အဖေက ပြောပါတယ် လူဆိုတာ အသက်ရှင်သမျှ ကာလပတ်လုံး ပိုက်ဆံရှာနိုင်သဖြင့် ပိုက်ဆံလည်း မရှားနိုင် ။ အသက်ရှင်သမျှ ငွေရရှိအောင် ရှာဖွေနိုင်ပါလျှင် ငွေရရှိနိုင်ကြောင်း ။ အမြဲပြောပြလေ့ရှိပါတယ် ။ လူသာလျှင် ပဓာန ဖြစ်ပြီး ငွေကြေးက ရုပ်ဝတ္ထုပစ္စည်း တစ်ခုမျှသာဖြစ်၍ ငွေနှင့်လူယှဉ်လာပါက လူကိုပင် တန်ဘိုးထားရှိရမည် ဖြစ်ကြောင်း ။ အကယ်၍ လူ၏ အသက်တစ်ချောင်းအား အား။ ငွေဖြင့် ကုသကယ်မရန် လိုအပ်လာပါက ငွေကို ပဓာနမထားဘဲ မနှောမြောဘဲ ။ လူ ့အသက်တစ်ချောင်းအား ကယ်တင်ပေးရန် ။ ပြောဆိုဆုံးမခဲ့ပါတယ်။

ထိုစကားနှင့်ပတ်သက်ပြီး ။ နှလုံးသားထဲ၌ ။ စွဲမြဲမှတ်သား ။ လိုက်နာ ကျင့်သုံးတတ်စေရန် ။ ငယ်စဉ်ကလေး ဘဝမှစတင်လျှက် ကြီးပျင်းလာသည်အထိ ။ကျမအား အမြဲလိုလို ပြောဆိုဆုံးမခဲ့သဖြင့် ။ ထိုစကားများကို ကျမမှ နှလုံးသွင်းနိုင်ပြီး ။ နာယူမှတ်သားကာ လိုက်နာကျင့်သုံးနိုင်ခဲ့ပါတယ်။ ထိုလိုက်နာ ကျင့်သုံးခဲ့မှုအပေါ် ဗဟုသုတအဖြစ် ပြန်လည် ပြောပြလိုပါတယ်။
ကျမအိမ်ထောင်ပြုပြီး ဘဝရှေ့ရေး သားသ္မီးနောင်ရေးအတွက် အလေးထားကာ ရရှိသော ဝန်ထမ်းလစာ ငွေထဲမှလည်းကောင်း ။ ခင်ပွန်းသည် ပင်ပင်ပန်းပန်းဖြင့် ရှာဖွေရရှိထားသော ငွေကြေးများထဲမှ နှစ်ပေါက်အောင် စုဆောင်းလာခဲ့ပါတယ် ။ ထိုစုဆောင်း တိုးပွါးကာ ရရှိလာသော ငွေများကိုလည်း ကျမမှလွန်စွာ တန်ဘိုးထားပြီး ပီတိဖြစ်မိခဲ့ရပါတယ် ။ အိမ်လေးတစ်အိမ် ။ ခြံလေးတစ်ခြံ ။ စီးပွါးရေးတစ်ခု ။ ထပ်မံတိုးချဲ ့လုပ်ကိုင်နိုင်မည့် ။ အခွင့်အလန်းက ။ ကျမ၏အနာဂါတ်ဘဝအတွက် ။ မိသားစုဘဝအတွက် လှပနိုင်မည့် ။ မျှော်မှန်းချက် တစ်ခုပါ ။

မိမိချွေးနဲစာများထဲက ။ ရှာဖွေစုဆောင်း ရရှိသည့် ထိုငွေများကဖြင့် ကျမလွန်စွာ တန်ဘိုးထားရှိပါတယ် ။ ဘယ်အကြောင်းနဲ ့မှ။ ပြန်မထွက်ချင်သည့် ငွေများပင် ဖြစ်ပါတယ် ။ ကျမလက်ထဲ အိမ်ခြံတစ်ခြံ စိတ်ကူးနိုင်သည့်နေ ့ ရောက်ရှိ်လာသည့်အခါ စိတ်ထဲပျော်ရွှင်ခြင်းများစွာ ရရှိလာသည့်အပြင် ။ မိမိနှစ်သက်မည့် ခြံမြေနေရာလေးအား ရွေးချယ်ရှာဖွေနေမိပါတယ် ။ ခြံမြေနေရာ ကောင်းကောင်းလေး ရှာဖွေတွေ ့ရှိသည့်အချိန်။ ဈေးနှုံးသင့်တင့်စွာဖြင့် တေ့ဆိ်ုင် စကားပြောမည့်အချိန် ။ ထိုအချိန်တွင် ခင်ပွန်းဖြစ်သူ၏ ညီမ ။ ဦးနှောက်အမှေးပါးရောင်ကာ ဆေးရုံသို ့တက်လိုက်ရပါတယ်။
————————————————————————————————

ခင်ပွန်က အလုပ်ကြိုးစားသည့်သူ ။ မိဘမောင်နှမများအား ရှာဖွေကျွေးမွေး ပြုစုသူတစ်ဦးဖြစ်ပါတယ် ။ မိခင်ကတော့ မုဆိုးမပါ ။ မိန်းမရသည်ဆိုသော်လည်း မိဘစကားအား လွန်စွာတန်ဘိုးထားကာ မြေဝယ်မကျနားထောင်ပါတယ် ။ ကျမအနေနဲ ့က ခင်ပွန်းဖြစ်သူနှင့် ယောက္ခမဖြစ်သူ၏ စည်းကမ်းအား လိုက်နာခံခဲ့ရပါတယ် ။ အိမ်ထောင်ပြုပြီးခါစ လက်ထဲငွေကြေး မကိုင်တွယ်ရသဖြင့် ခင်ပွန်းသည်အား လုံးဝ မပေါင်းသင်းနိုင်တော့ကြောင်း ။ မိဘဖြစ်သူအိမ်၌သာ ပြန်လာနေချင်သည့်အကြောင်း အဖေ့အား ငိုယိုကာ တောင်းပန်ပြီး ပြောပြဘူးပါတယ် ။

အဖေကတော့ နဂိုအစကတည်းကပင် ထိုသူနှင့်အိမ်ထောင်ပြုရန် အလျှင်းသဘောမတူခဲ့ပါ ။ အိမ်ထောင်မှု ဘုရားတည် ဆေးမှင်ရည်စုပ်ထိုး ဤသုံးချက်သည် နောင်ပြင်ရန်ခက်သဖြင့် သ္မီးအား အဖေဆုံးမထားခဲ့သည် ။ မိဘတို ့ပေးစားခဲ့ခြင်းမဟုတ် ။ သမီးသဘောဖြင့် ဆုံးဖြတ်လုပ်ကိုင်ခဲ့၍ ။ အိမ်ထောင်ကွဲမည့် ကိစ္စအား အဖေတို ့လက်သင့်မခံနိုင် ။ တစ်လင်တစ်မယား စနစ်ကိုသာ အဖေလိုလားသည် ။ ဂုဏ်ရှိ သိက္ခာရှိရှိ လူ ့လောကအလယ် ၌ပေါင်းသင်းနေထိုင်မှုသာ အဖေမြင်တွေ ့ချင်သည် ။

အခုငွေကြေးကြောင့် မပေါင်းသင်းခြင်ဟု ဆိုလျှင် မှားယွင်းမိုက်မဲသည့် ဆုံးဖြတ်ချက်သာဖြစ်တယ် ။ အဖေလက်မခံနိုင် ။ အိမ်ပြန်လာနေဖို ့အတွက် အဖေခွင့်မပြုနိုင်ပါ ။ ငွေကြေးကြောင့်ဟုဆိုလျှင် အဖေသည် မင်းအမေအား ငွေကြေးတစမျှပင် ပေးမကိုင်ခဲ့ပါ ။ အဖေရှာသမျှ မိဘလက်ထဲကိုသာ တပြားတချပ် မချန်ပါဘဲ အပ်နှံခဲ့သည် ။ အဖေ၏အဖေမှာ ဘိန်းချီး(ဘိန်းမဲ) စွဲသဖြင့် ဘိန်းဘိုးပါ အဖေရှာပေးရသည် ။ သ္မီးအမေ အားမယုံလျှင် သ္မီးကိုယ်တိုင်မေးကြည့်ပါ ။ အဖေ့ မိဘနှစ်ပါးစလုံး မျက်ကွယ်ပြုမြေချပြီးမှသာ အဖေရှာသည့် ပိုက်ဆံများအား သ္မီးအမေကိုင်ခဲ့ရတယ်။ ဒါဟာအဖြစ်မှန်ဘဲ ။ သ္မီးလက်ခံနိုင်ရမယ် ။

တစ်လင်မကောင်းတိုင်း ။ တစ်လင်ပြောင်းမယ်ဆိုရင် ။ သ္မီးဘဝ ရေစုန်မြောပြီး အဖတ်ဆယ်မရ ဖြစ်လိမ့်မယ်။ စကားဥပမာ ပြောပြတာပါ ။ ကဲအခု သ္မီးမပေါင်းနိုင်ဘူးထား ။ တခုလပ်ဆိုပြီး အပြောခံရမယ် ။ အတည်အတန် ့ပေါင်းသင်းချင်မည့်သူက တခုလပ်ဆိုကတည်းက စဉ်းစားမည်မဟုတ်တော့ ။ သ္မီးကို အသေအလဲကြိုက်ပါတယ်ဆိုတဲ့ သူကလည်း ။ သ္မီးကိုအနာဟောင်းပေါ် ဒုတ်ကျသလို ဖြစ်ပြီး ညှင်းဆဲနေရင် သ္မီးဘဲစိတ်ဆင်းရဲရမှာ။ ယောက်ျားတွေဆိုတာက မရခင်တော့ ဖျာလိုလိတ် ။ ခေါင်းပေါ်တင်ပြီး ။ ရပြီးရင် ကျောချခင်းပြီး ။ ခြေနဲ ့နင်းမှာက အမှန်ဘဲ ။

သ္မီးဆုံးဖြတ်ချက်က ။ ငွေကြေးအကြောင်းကြောင့် တစ်ခုတည်းဆိုလျှင် ။ အကျိုးအကြောင်း ခိုင်လုံမှုမရှိဘူး ။ အဲဒီအတွက်ကြောင့် ဆုံးဖြတ်မယ်ဆိုရင် ။ အင်မတန်မိုက်မဲတဲ့ အလုပ်ကို သ္မီးရွေးချယ်တာဘဲ ။ မိဘ၏ဂုဏ်သိက္ခာတရား ။ မိဘ၏ မျက်နှာကို အိုးမဲသုတ်တာနဲ ့အတူတူဘဲ ။ သ္မီးဘဝ အကျိုးပေးသည့် ကံတရား အတိုင်း ။ သ္မီးရှောင်လွဲ၍ မရနိုင်ဟု ။ အဖေက ဆုံးမပြောဆိုပြီး ပြန်လွှတ်ပါတယ် ။ အဖေပြောတာ ဟုတ်သလားလို ့။ ကျမက အမေ့ကိုပြန်မေးတော့ အမေက ဝဋ်လည်တာ လို ့ဘဲပြောပါတယ် ။ အမေ့တုန်းကလည်း အိမ်ထောင်ပြုပြီး ။ သ္မီးအဖေရှာတဲ့ ငွေကြေးအား တပြားတချပ်မှ မကိုင်တွယ်ရတဲ့အပြင် ။ ယောက္ခမ စီမံတာကိုပဲ နာခံခဲ့ရတယ် ။ အိမ်ထောင် တစ်ခုဟာ သည်းညည်းမခံနိုင်ရင် အိမ်ထောင်တစ်ခုကို ထိန်းသိမ်းတည်ဆောက် ရဘို ့မလွယ်ကူဘူး ။ သည်းခံခြင်းတရား လက်ကိုင်ထားနိုင်ရင် ဘဝကို အောင်မြင်စွာ ကျော်ဖြတ်နိုင်မှာ အမှန်ဘဲ ။ အမေကလည်း ထပ်မံဆုံးမတော့ နားလည်သဘောပေါက် လက်ခံနိုင်ခဲ့ပါတယ် ။
————————————————————————————————

ဒါပေမယ့် ကျမအနေနဲ ့ပြောပြချင်တာက ။ ယောက္ခမကတော့ တော်သေးတယ်ဟု ဆိုရမှာပါ ။ သားဦးမွေးပြီး ငွေစအနည်းငယ် စုဆောင်းဘို ့ပေးပါတယ် ။ ကလေးအတွက်လို ့ဆိုပါတယ် ။ အနစ်နာခံပြီး အတိုင်းတာနဲ ့စုခဲ့ရတဲ့ ပိုက်ဆံမို ့ နှမြောတဲ့စိတ်က။ ကျမရင်ထဲမှာရှိနေပါတယ် ။ ယောက္ခမက လည်း ငွေကြေးအကြပ်အတည်းနဲ ့ကြုံတွေ ့တဲ့အချိန်မှာ ဖြစ်နေတော့ ။ ဆွေမျိုးဆိုတာက လက်ရှောင်ကုန်ပါတယ် ။ မနေသာတဲ့ ကျမက အဖေ့ဆုံးမစကားကို နားထဲကမထွက်ခဲ့ပါဘူး။
လူ ့အသက်တစ်ချောင်းကယ်တင်ဘို ့အတွက်နဲ ့သ္မီးရှာဖွေရရှိ စုဆောင်းထားတဲ့ငွေကြေး နှစ်ခုယှဉ်ပြီး ဆုံးဖြတ်ရမယ်ဆိုရင် ။ လူ ့အသက်တစ်ချောင်းက သာလျှင် တန်ဘိုးရှိတယ် ။ ငွေဆိုတာက အသက်မသေမချင်း ပြန်ရှာဖွေလို ့ရတယ် ။ လူ့အသက်က ပြန်မရရှိနိုင်ဘူး ။ ငွေကရုပ်ဝတ္ထု ဒြပ်ပစ္စည်းတစ်ခုပဲဆိုတာ ။ သမီးခွဲခြား နားလည်နိုင်ထားရမယ် ။
အဖေက ရုပ်ဝတ္ထုပစ္စည်းနဲ ့လူအား နှိုင်းယှဉ်ပြခိုင်းပါတယ် ။ နှမြောတယ်ဆိုပေမယ့် ။ လူ ့အသက်ကသာလျှင် တန်ဘိုးရှိတာ ။ မှတ်ထားရမယ် ဆိုတဲ့အကြောင်းပါ ။

အဖေဆုံးမသည့် စကားများသာ ကျမနားထဲမှာ ။ အထပ်ထပ်ကြားယောင်နေခဲ့ပါတယ်။ ခင်ပွန်းဖြစ်သူ၏ ညီမ ဆေးရုံတက်ရောက်ရကာ အသက်အန္တရာယ်ကြုံတွေ ့နေချိန်၌ ။ ကျမ အနေဖြင့် မတွေဝေနေတော့ဘဲ ။ အသက်တစ်ချောင်းအား ကယ်မနိုင်ရေး ကူညီရန်အတွက် မဆိုင်းမတွပင် ဆုံးဖြတ်ချက်ချမိပါတယ် ။
ငွေကြေးလိုအပ်နေမှု အပေါ်မှာ ။ ကိုယ့်မျက်စိရှေ့မှောက်၌ တွေ ့မြင်နေရသဖြင့် ။ ကျမအနေဖြင့် မနေသာ နိုင်ခဲ့ပါ ။ မိမိကိုယ်ပိုင်ငွေကြေးရှိသမျှတို ့အား ။ ခြံမြေဝယ်ယူမည့် ကိစ္စအား မပြုလုပ်တော့ဘဲ ။ အိပ်သွန်ဖာမှောက် ။ ရှိသမျှ ငွေအင်အားဖြင့် ကူညီဆောင်ရွက် ပေးခဲ့လိုက်ပါတယ် ။

ကျမကိုယ်ပိုင် စုဆောင်းရရှိထားခဲ့တဲ့ ငွေကြေးဥစ္စာ ။ ကိုယ့်အနာဂါတ် နောင်ရေး ။ စီမံဆောင်ရွက်ဘို ့အတွက် ။ ကိုယ့်ချွေးနဲစာထဲကနေ ခြစ်ခြစ်ကုပ်ကုပ် နဲ ့စုဆောင်းထားခဲ့တာတွေ အားလုံးအပါဝင် ကျမရဲ ့လုပ်အားခငွေကြေးများနဲ ့ ။ လူ ့အသက်တစ်ချောင်း အတွက် လဲလှယ်နိုင်ခဲ့တာကို ကြေနပ်နိုင်ခဲ့မိပါတယ် ။
ငွေက အသက်မသေမခြင်း ပြန်ရှာရင် ရနိုင်တာမျိုးမို ့ပါ ။ လူမသေငွေမရှား ။ လို ့ဘဲဆိုချင်မိပါတယ် ။ကျမဘဝမှာ ။ ရည်မှန်းချက်တွေနဲ ့စုဆောင်းပြီးရလာတဲ့ ပိုက်ဆံတိုင်းဟာ လူ ့အသက်ကယ်ဘို ့အတွက် တိုက်ဆိုင်မှုဖြစ်ခဲ့ရတာတွေ ဘဝမှာ သုံးကြိမ်တိတိ ကြုံဆုံခဲ့ရပါတယ် ။ ဒါဟာ ကျမ၏ ဘဝပေး ။ ကုသိုလ်ကံကြမ္မာ ။ ဘုရားပေးတဲ့ ဆုလာဘ်တစ်ပါးလို ့ဘဲထင်မိပါတယ်။။

27 comments

  • Hnin Hnin

    December 25, 2012 at 2:45 pm

    တီကေရေ..
    တီကေ့ရဲ့ အိမ်ထောင်သည်ဘဝကို သနားလို့ ဖတ်ရင်းနဲ့ မျက်ရည်တောင် ဝိုင်းသွားရတယ်။
    အိမ်ထောင်တစ်ခု ထူတယ်ဆိုတာ မိန်းမတစ်ယောက်အတွက် ခိုကိုးရာတစ်ခု ရှာတာပဲမို့ လင်ယောက်ျားရဲ့ပိုက်ဆံကို ကိုင်တွယ် စီမံခွင့်တော့ သူ့မှာ ရှိနေပါတယ်။ အလုပ်လုပ်တဲ့
    အိမ်ရှင်မလည်း အလားတူပါပဲ။ လင်ယောက်ျားရဲ့ ငွေကြေးကို မကိုင်တွယ်၊မစီမံရရင် အဲဒီမိန်းမရဲ့
    အိမ်ထောင်သည်ဆိုတဲ့ ဘဝဟာ ပျော်ရွှင်ခြင်းအပြည့်မှ ရှိပါ့တော့မလား။
    ” ခန္တီပါရမီ ” ကိုပဲ တစ်သက်လုံး ဖြည့်ဆည်း နေသွားရတော့မှာလား။

    အရင်ခေတ်မှာတင် မဟုတ်။အခုခေတ်မှာလည်း အလုပ်လုပ်တဲ့ အသိ အိမ်ရှင်မ တစ်ယောက်
    လည်း ဒီလို အိမ်ထောင်သည်ဘဝမျိုးနဲ့ပါပဲ။ သူရှာတဲ့ ပိုက်ဆံ သူနဲ့ကလေးအတွက်ပဲ သုံးရတာ။
    အလုပ်လုပ်မလုပ်တဲ့ အိမ်ရှင်မသာဆိုရင် ယောက္ခမဆီက လက်ဝေခံဖြစ်ရင် သူ့ခမျာ သနားစရာပါ။

    လူတစ်ယောက်ရဲ့ အသက်ကို ရည်ရွယ်ချက်တစ်ခုထားပြီး အနှစ်နှစ်အလလ စုဆောင်းထားတဲ့
    ကိုယ့်ရဲ့ငွေကြေးနဲ့ ၃ကြိမ်တောင် ကယ်ခဲ့ရတယ်ဆိုတော့ ဖြစ်ချင်ခဲ့တာတွေအတွက် သည်းညည်းခံ
    မျိုသိပ်ခဲ့ရမှာပဲ…တီကေရဲ့ သည်းခံနိုင်စွမ်းအားနဲ့ မေတ္တာတရားကို ချီးကျူးမိပါတယ်..
    မေတ္တာဆိုတာ ရောင်ပြန်ဟပ်တယ်…ဆိုရင်…ကူညီပေးလိုက်တဲ့သူတွေရဲ့ တုံပြန့်တဲ့ မေတ္တာနဲ့
    ကျေးဇူးတရားတွေကိုတော့ ရမှာပါ….တီကေ..ကံကောင်းပါစေ…

    • aye.kk

      December 25, 2012 at 6:35 pm

      Hnin Hnin
      ပထမဆုံးဖတ်ရှု။မျှဝေခံစား။အားပေးခဲ့မှုအတွက်
      အတိုင်းထက်အလွန်ပင်ကျေးဇူးတင်ဝမ်းသာမိရပါတယ် ။
      ပေးတဲ့ဆုနဲ ့…………….ပြည့်ပါစေကွယ်။။

  • ကိုရင်စည်သူ

    December 25, 2012 at 5:00 pm

    အဲ့ဒါတွေကြောက်လို့ အိမ်ထောင်တောင် မပြုဘဲ လူပျိုဂျီးပဲ
    လုပ်မလားလို့ စဉ်းစားနေတာလေ။
    လူမသေရင်ငွေမရှာပါဘူး
    လူသေလို့ မနေပဲ ရုန်းကန်ကြိုးစားမှ ဘဝပါနော့.. ဂျစ်အန်တီ.. 🙂

    • aye.kk

      December 25, 2012 at 6:49 pm

      ကိုရင်စည်သူ
      လူပျိုဂျီးတော့မလုပ်ပါနဲ ့ကွယ်။
      လူမသေရင်တော့ငွေရှာနေရဦးမှာပါဘဲ။
      ဘဝဆိုတာရှင်သန်နေသရွေ ့တော့ ရုန်းကန်ကြိုးစားရမှာ။ အမှန်ပါဘဲ ။
      မလျှော့သောဇွဲ၊မလျှော့သောလုံ ့လတွေနဲ ့အရင်းခံ
      ပြီး။လှေခါးထစ်သဖွယ်ကြိုးစားတက်လှမ်းပြီး။ဘဝကိုအောင်မြင်ဖြတ်သန်းကျော်လွှားနိုင်ပါစေ။။

    • P chogyi

      December 26, 2012 at 9:31 am

      လူပျိုကြီးလုပ်ရင်လဲ
      ဖက်ခေါင်းအုံးနဲ့ ငှက်ပျောတုံးဘိုးတော့ ရှာရမှာပါ။

  • ငွေကြေးလိုအပ်နေမှု အပေါ်မှာ ။ ကိုယ့်မျက်စိရှေ့မှောက်၌ တွေ ့မြင်နေရသဖြင့် ။ ကျမအနေဖြင့် မနေသာ နိုင်ခဲ့ပါ ။ မိမိကိုယ်ပိုင်ငွေကြေးရှိသမျှတို ့အား ။ ခြံမြေဝယ်ယူမည့် ကိစ္စအား မပြုလုပ်တော့ဘဲ ။ အိပ်သွန်ဖာမှောက် ။ ရှိသမျှ ငွေအင်အားဖြင့် ကူညီဆောင်ရွက် ပေးခဲ့လိုက်ပါတယ် ။………………………..

    အင်မတန်မှန်ကန်မွန်မြတ်သော ဆုံးဖြတ်ချက်ပါ အမရေ

    • aye.kk

      December 25, 2012 at 6:55 pm

      ကိုပေါက်
      အားပေးစကားတစ်ခွန်းက။
      ရင်ထဲမှာရေကြည်တစ်ပေါက်လို။
      အေးမြမှုတွေခံစားရလို ့အတိုင်းမသိဝမ်းသာမိရပါတယ်။။

  • koaung

    December 25, 2012 at 6:42 pm

    ဂျပန်မှာတုံးက သူငယ်ချင်းတယောက် သူ့အဖေကမြန်မာပြည်မှာ ဆရာဝန်ကြီး အလုဎ်တူတူလုဎ်ရင်း လဲလဲကျတတ်လို့ စစ်ကြည့်တာဦးနှောက်အမှေးရောင် ရောဂါတဲ့ အလုဎ်ထဲမှာကျနော်ကစီနီရာကျလို့ အစစကူညီခဲ့ဘူးတယ် ဆေးဘိုးဝါးခက ကမ်ပနီကအာမခံ ကပေးလို့တော်သေးတယ် နောက်တော့အမေရိကကိုရောက်သွားတယ်ကြားရတယ် နိုင်ငံခြားမှာသူငယ်ချင်းတွေက ကျနော်ကိုကူညီခဲ့သလို ကျနော်လည်းလက်လှမ်းမှီသလို တတ်နိုင်တာကူညီခဲ့တယ်
    ဒါ့ကြောင့်လားမသိ ပြည်ပထွက်လာကထဲက ခုထိအစစအဆင်ပြေတယ် ခက်ခဲတယ်ဆိုတာမ’ရှိခဲ့သလိုဘဲ မအေးလည်းဒီလိုခံစားရမယ်လို့ထင်မိတယ် စေတနာမှန်ရင် အကျိုးပေးသန်ပါတယ်ဗျာ

  • mobile (mandalay)

    December 25, 2012 at 7:04 pm

    ခေါင်းစဉ်လေးကမိုက်တယ်ဗျို့
    အချိန်တိုင်း နေရာတိုင်းမှာ ရေမရှိပေမယ့်
    အချိန်တိုင်း နေရာတိုင်းမှာ ငွေရှိတယ် မိုဘိုင်းရဲ့ဆောင်ပုဒ်ပါ

  • aye.kk

    December 25, 2012 at 7:11 pm

    ုုုKoaung
    ဖတ်ရှုအားပေးတာ။ကျေးဇူးပါ။
    ကိုအောင်ရဲ ့စိတ်စေတနာနဲ ့အမြင်လေးကို၊လေးစားချစ်ခင်မိပါတယ်။
    အကြောင်းကောင်းတော့။အကျိုးတရား-ရလာဘ်ကောင်းတယ်ဆိုသလိုပါဘဲ။
    စေတနာကောင်းရင်-ကံကောင်းမှုတွေပိုင်ဆိုင်ခံစားရတာကအမှန်ပါဘဲ။။

  • aye.kk

    December 25, 2012 at 7:25 pm

    မိုဘိုင်းရေ
    ကျေးဇူးပါ။
    မိုဘိုင်းရဲ ့ဆောင်ပုဒ်။
    မိုဘိုင်းရဲ ့အမြင်ကသင့်ပါတယ်လို ့ပြောလိုက်ပါရစေ။။

  • အန်တီအေးရဲ့ကူညီမှုကိုလေးစားပါတယ်။
    ကျွန်မဆိုရင် ဘယ်လောက်ပဲကူညီချင်တယ်ပြောပြော ကျွန်မသားသမီးနောင်ရေးနဲ့ကျွန်မတို့မိသားစုအတွက် ကုတ်ကပ်ထားမိဦးမှာပါ။
    လူတွေအပေါ်စေတနာထားကူညီချင်ပေမယ့် အိတ်သွန်ဖာမှောက်တော့မကူညီနိုင်တာဝန်ခံပါတယ်ရှင်။
    အန်တီအေးရဲ့အိတ်သွန်ဖာမှောက်အလှူကို သာဓုခေါ်ပါရစေရှင်။

    • aye.kk

      December 25, 2012 at 9:14 pm

      နန်းတော်ရာသူရေ…
      ညီမလေးအမြင်ကသင့်မြတ်လှပါတယ်။
      အန်တီပင်ကိုယ်စိတ်ရင်းကပြင်မရပါ။သနားတတ်တာလွန်ကဲနေမှုပါ။

  • ဦးကြောင်ကြီး

    December 25, 2012 at 8:37 pm

    ငွေမရှား
    ထွေပြား
    ဝေစား
    ခြေများ
    ဖြေထား
    ရွှေကျား
    လေအား
    မြေနား..။

  • aye.kk

    December 25, 2012 at 9:18 pm

    ကြောင်ကြီး
    လူဟူက
    ငါအတ္တ
    စေတနာ
    ကံတူမှ
    ဘဝလှ။။

  • padonmar

    December 25, 2012 at 9:32 pm

    aye.kk ရေ
    လူတစ်ချို့ဆို ပိုလျှံတာတွေကိုတောင် ပေးလှူစွန့်ကြဲဖို့ လက်တွန့်ကြပါတယ်။
    ဘယ်သူမဆို ကိုယ့်ချွေးနည်းစာကို ပိုပြီးနှမြောတွန့်တိုတတ်ကြပါတယ်။
    ဒီလို မပေးချင်တဲ့ မစ္ဆရိယ ကို တွန်းလှန်ပြီး လူ့အသက်ကယ်ဖို့ ပေးခဲ့တယ်ဆိုတာ အလွန်ကို မွန်မြတ်တာဖြစ်လို့ သာဓုခေါ်ပါတယ်။

    • aye.kk

      December 25, 2012 at 10:21 pm

      ဒေါက်တာပဒုမ္မာ
      ကျေးဇူးတင်၊ဝမ်းသာမိရပါတယ်။
      ဒေါက်တာအမြင်အယူအဆနှစ်သက်မိလို ့best comment ရွေးလိုက်ပါရစေ။။

  • uncle gyi

    December 25, 2012 at 9:59 pm

    မဖြစ်မနေဖြစ်လာတော့လည်းဘာတတ်နိုင်မတုန်း
    ရှောင်နိုင်တဲ့အရာဆိုရှောင်ပြီးကိုယ့်တိုးတက်မှုကိုတော့ဦးစားပေးရပါမယ်
    ကိုယ်ကြီးပွားလာမှကြုံလာရင်အခုထက်ပိုကူနိုင်မယ်မဟုတ်လားကွယ်

  • aye.kk

    December 25, 2012 at 10:27 pm

    uncle gyi
    ကျေးဇူးတင်ဝမ်းသာမိပါတယ် ။
    အန်ကယ်ကြီးရဲ ့အမြင်အယူအဆကသင့်မြတ်လှပါတယ်။

  • Foreign Resident

    December 26, 2012 at 4:46 am

    အင်း တော်တော် ခက်ခဲတဲ့ ဆုံးဖြတ်ချက်ပဲ ။

    လင် မယား ၊ သား သမီး ၊ မိဘ မဟုတ်ရင် ၊
    သွေးက နည်းနည်း ဝေးသွား သလားလို့ ။

    ကိုယ် မလုပ်နိုင်လောက်ပေမယ့် ၊
    လုပ်နိုင် စွန့်နိုင် ခဲ့သူတွေကို သာဓု ခေါ်ပါတယ် ။

  • aye.kk

    December 26, 2012 at 8:40 am

    ်Foreign Resident
    သာဓုခေါ်တာကျေးဇူးပါ။
    ခက်ခဲတဲ့ဆုံးဖြတ်ချက်ဆိုတာမှန်ပါတယ်အဘဖောရေ။
    ခင်ပွန်းသည်က(၂၀၁၀)ဖေတုံးက၊ကားအက်ဆီးဒင့်ဖြစ်ပါတယ်။
    ကျမနေထိုင်တဲ့တာချီလိတ်ဆေးရုံကဆရာဝန်ကလူနာအခြေအနေမကောင်းလို ့
    လက်လျှော့လိုက်ပြီပြောတဲ့အချိန်က၊ကျမအတွက်ကမ္ဘာမြေကြီးအိုးထိန်းစက်လည်သွားသလိုပါဘဲ။
    အနီးဆုံးဖြစ်တဲ့ထိုင်းနိုင်ငံကနိုင်ငံခြားသားတွေကိုကုသခွင့်ရှိတဲ့စီပူလင်းဆေးရုံပို ့လိုက်ရပါတယ် ။
    ဆေးရုံမှာအတွင်းလူနာအဖြစ်ကုသတာရက်ပေါင်း(၃၀)ကြာပါတယ်။
    ဆီးအိတ်ကွဲ။အစာအိမ်ပေါက်။ အစာအိမ်နဲ ့ဆက်သွယ်တဲ့သွေးကြောပြွန်တစ်ချောင်းပြတ်ပါတယ်။
    ဘယ်ဘက်ဒူးဂေါင်းအောက်ကျိုးပါတယ်။
    ဖြစ်ချင်တော့ယာဉ်ကြီး(ကား)မှားတာမဟုတ်ပါဘူး။
    အမျိုးသားကဘေးကဖြတ်တက်လာတဲ့ဆိုင်ကယ်ကိုရှောင်ရင်း။မောင်းလာတဲ့အတည့်ကားကိုချိပ်မိတာပါ။
    မောင်းတာအရှိန်ပြင်းတော့။အမျိုးသားရဲ ့အမှားဖြစ်သွားပါတယ်။ကားသမားကလည်း။သူမမှားပါဘူး။
    ဆေးရုံပို ့ပေးပါတယ်။အတွင်းဒဏ်ရာချည်းမို ့အပြင်သွေးထွက်မှုမတွေ ့ရပါဘူး။ လတ်တလောအခြေအနေအရဆေးရုံကတာဝန်ကျဆရာဝန်ကလာကြည့်ပြီးဘာမှမဖြစ်ဘူးပြောပါတယ် ။
    ကားသမားကလည်းသူ ့အလွန်မဟုတ်လို ့စိတ်ချပြီးပြန်သွားပါတယ်။
    မနက်မိုးလင်းတော့ဆေးရုံကဆင်ဘို ့အလုပ်မှာ။ခင်ပွန်းဖြစ်သူစကားမေးမရတဲ့မအပြင်
    သွေးကရင်ခေါင်းထဲအထိပြည့်လျှံနေပါပြီ။ဆရာဝန်ကြီးလာစမ်းသပ်တော့လူနာကိုမရတော့ဘူး
    အခေါင်းပြင်ဘို ့ပြောပါတယ် ။
    အဲဒါနဲ ့ထိုင်းနိုင်ငံကပုဂ္ဂလိဆေးရုံ၊နိုင်ငံခြာသားတွေကုသခွင့်ရှိတဲ့ဆေးရုံ(စီပူလင်း)ပို ့လိုက်ရပါတယ်။
    ခင်ပွန်းဖြစ်သူအသက်တစ်ချောင်းပြန်ရနိုင်ဘို ့၊စုထားသမျှချွေးနဲစာတွေကို၊နိုင်ငံခြားသုံးထိုင်းဘတ်ငွေနဲ ့
    လဲပြီးကုသခဲ့ရပါတယ်။
    ဒါဟာကျမဘဝပေးကံကြမ္မာဘဲပြောရမှာပါ။ခင်ပွန်းဖြစ်သူအသက်ကယ်တင်နိုင်ခဲ့ပါတယ်။
    ယောက္မမကစည်းစနစ်အလွန်ကြီးပါတယ်။မြေးအတွက်။ကျမမွေးတဲ့ရင်နှစ်သီးခြာဖြစ်တဲ့သားတွေကို
    အရမ်းချစ်ပြီးဂရုစိုက်ပါတယ်။သူ ့မှာရောဂါဝေဒနာသွက်ခြာပါဒစွဲကပ်တော့ ။မနည်းကုသရပါတယ်။
    ကျမအနေနဲ ့စဉ်းစားမိတာ။ယောက္ခမကမိဘဖြစ်ပါတယ် ။အင်မတန်တန်ဘိုးရှိပါတယ်။
    ကျမကိုယ်ပိုင်ငွေနဲ ့နှစ်ရှည်ဆေးဘိုးအာဟာရတာဝန်ယူပေးခဲ့ပါတယ်။သူနေရသလောက်ကာလပတ်လုံး။
    ကျမသားတွေကိုလိမ္မာရေးခြားရှိအောင်ပဲ့ကိုင်နိုင်တာ။ဘယ်အရာနဲ ့မှလဲလို ့မရတာ။ကျမသိမြင်မိလို ့ကျန်တဲ့
    မောင်နှမတွေအပေါ်သူတို ့တာဝန်ယူချင်စိတ်ရှိတာ။မရှိတာဟာ။ကျမအတွက်အကြောင်းမဟုတ်ခဲ့ပါဘူး။
    ကျမကုသိုလ်ပြုရတာ။ကျမစေတနာမှန်ကန်ရင်။ကျမကိုယ်တိုင်ပြန်ခံစားရမယ်ဆိုတာနားလည်မိပါတယ်။
    ဒါဟာအမှန်တရားပါ။ကျမအဖေဆုံးမတဲ့စကားတစ်ခွန်းရှိပါတယ် ။ပညာရွှေအိုးလူမခိုးဆိုတာပါ။ ကျမသားတွေကို။ယောက္ခမကအသိပညာအလိမ္မာတရားတွေ။နှလုံးလှအောင်သူတို ့ကိုဆောင်ရွက်ပေးနိုင်ခဲ့တာ။
    ဘယ်အရာနဲ ့မှလဲလို ့မရပါဘူး။သားတွေအသိအလိမ္မာကရွှေအိုးနဲ ့တူတူပါဘဲ။
    ဒါဟာကျမပြန်ရတဲ့ဆုလာဘ်တစ်ပါးပါဘဲ။။
    ခင်ပွန်းဖြစ်သူညီမဆိုတာ။မိဘကိုအလွန်ရိုသေကိုင်းရှိုင်းပြီးခြေဆုပ်လက်နှယ်မပြတ်ပြုစုတဲ့သ္မီးဖြစ်ပါတယ်။
    ကျမအနေနဲ ့လိမ္မာရေးခြားရှိတဲ့မိဘကိုလုပ်ကျွေးပြုစုတဲ့သားသ္မီးကို ကျမအသက်ကယ်ခွင့်ခဲ့ရတာကို
    စိတ်ထဲကျေနပ်ဝမ်းသာမိပါတယ် ။
    ပိုက်ဆံနဲံ ့အင်မတန်တန်ဘိုးကြီးမားတဲ့လူ ့အသက်သုံးချောင်းကိုကယ်ခွင့်ခဲ့ရတာ။
    ကျမရဲ ့ကံကြမ္မာကုသိုလ်အကျိုးပေးလို ့သာဆိုချင်မိပါတယ်။။။

  • ခိုင်ဇာ

    December 26, 2012 at 9:38 am

    တီအေး စာကို ဖတ်ရင်း…… တွေးရင်း…..စဉ်းစားရင်း…..ပင်
    တီအေးလို လုပ်ရပ်မျိုး… သည်းခံနိုင်မှုမျိုး လုပ်နိုင်မယ်လို့ ကိုယ့်ကိုယ်ကို,
    မထင်င်င်င်……….. :harr:

    • aye.kk

      December 26, 2012 at 2:33 pm

      ခိုင်ဇာရေ
      ဘဝဆိုတာဒီပါဘဲ။
      ကိုယ်ဖြစ်ချင်သလိုမဖြစ်ရ။
      သူဖြစ်ချင်သလိုကိုယ်ကလိုက်ဖြစ်နေရတာပါ။။

  • ခင်ခ

    December 26, 2012 at 2:09 pm

    မအေးရေ မိမိစိတ်ရင်းနဲ့ ကူညီခဲ့တဲ့ အကျိုးကို မိမိတစ်နေ့ပြန်ခံစား စံစားရမှာပါ။
    ကောင်းမွန်သော လုပ်ရပ်လေးအတွက်လည်း သာဓုခေါ်ကာ ပီတိဖြစ်မိပါတယ်။

  • aye.kk

    December 26, 2012 at 2:57 pm

    ခင်ခ
    ကျေးဇူးပါ။
    ခံစားနားလည်ပေးတာဝမ်းသာမိပါတယ်။။

  • မောင်ပေ

    December 26, 2012 at 9:58 pm

    ဒေါ်လေးကေရေ
    မှန်လိုက်တဲ့ စကားပါပဲလို ့ ထောက်ခံအားပေးသွားပါတယ်

  • aye.kk

    December 27, 2012 at 9:18 am

    မောင်ပေ
    အားပေးတာ။ဝမ်းသာမိရပါတယ်ကွယ်။။

Leave a Reply