ဒေါက်..ဒေါက်..ဒေါက်.. ဆရာသွပ် ဆရာသွပ် ထပါအုံးဗျ၊ ကျနော် ဦးခိုင်ပါ။ ကရင်စည်သွပ် ကမန်းကတန်း အိပ်ယာမှ လူးလဲထလိုက်ရသည်။ အလို ဘယ့်နှယ်ဖြစ်ရသတုံး မနက်အစောကြီး မိုးတောင် ကောင်းကောင်း မလင်းသေးဘူး။ သဂျီးနှင့် သဂျီးဂဒေါ်တို့အား အိမ်တံခါးဝတွင် တွေ့လိုက်ရသည်။ ဆိုပါအုံး ဘာကိတ်….. ဒီလိုပါ ဆရာသွပ် ကျနော့်အိမ်ဦးခန်း ကြောင်ကြီးတကောင်ရောက်နေလို့၊ မောင်းချလို့လည်း မရဘူး၊ သူ့အိမ် သူ့ယာမှတ်နေတဲ့အတိုင်းပဲ၊ အဲဒါ ဘယ်လို အတိတ်နမိတ် ရှိသလဲ သိချင်လို့ပါ။ ကြောင်ကြီးမှ အကြီးကြီးပဲ ဆရာ၊ ကျနော်အနားကပ်ရင် မာန်ဖီတယ်၊ သွားကိုင်ရင် လက်သဲနဲ့ကုတ်တယ်။ သမီးလေးခိုင် တယောက်ပဲ အနားကပ်လို့ရတယ်။ သူ့နဲ့ကြတော့ တည့်လိုက်တာ.. သမီးလေး ကံဇာတာ တက်နေပြီထင်တယ်..။

သဂျီးဦးခိုင် သမီးဇောဖြင့် မစားရဝခမန်း မျှော်လင့်ချက်တကြီး မေးလေသည်။ နေပါအုံး ဦးခိုင် အရင်တုံးက အတိတ်တဘောင် ဗေဒင်နက္ခတ် မယုံဘူး ပြောသလားလို့။ ဆရာဂျီးရယ် ဒီလိုရှိပါတယ်၊ ကျနော် မေးခဲ့ဖူးတဲ့ ဗေဒင်အကြွေး ပြန်ဆပ်ရမှာစိုးလို့ ကြိုကာထားတဲ့ သဘောပါ။ တကယ်တော့ ဗေဒင်သာမက ရှေးနောက်ဘဝ ငရဲနတ်ပြည် ယုံပါတယ်။ အကုသိုလ် သိပ်ကြီးမှန်း ကိုယ့်ကိုယ်ကို သိနေတော့ သုဂတိဘုံ မလားမဲ့အတူတူ မစားရတဲ့အမဲ သဲနဲ့ပက်၊ မမှီတဲ့ စပျစ်သီးခိုင် ချဉ်မိပါတယ်။ ဗွေမယူပါနဲ့ခင်ဗျာ။

ကရင်စည်သွပ် အတိတ်နမိတ်ဖတ်ရန် အာရုံသွင်းလိုက်သည်။ ညက ဘီယာအသောက်များ၍ ရိုးတိုးရိပ်တိပ် ပုံရိပ်များသာ မြင်နေရသည်။ သေချာကြည့်လိုက်မှ အလို… ညကတွေ့ခဲ့သော ကာရာအိုကေစင်မြင့်ထက်မှ အလန်းလေးများအား စိတ်စွဲမြင်နေခြင်းဖြစ်၏။ အဟမ်း… အဲဒီကြောင်က ကြောင်ထီးကြီး ….ငါးကြော်လည်း သိပ်ကြိုက်တယ်။ ဟုတ်ပါတယ် ဆရာ၊ ဒက်ထိပါပဲ။ ဒါဆိုသေချာပြီ ဦးခိုင်တို့လင်မယားအတွက် အားကိုးရတဲ့ သားရတနာ ထွန်းကားမည့် နမိတ်ပဲ၊ ဝမ်းသာပေတော့။ သဂျီးဂဒေါ် ခေါင်းငုံ့၍ ရှက်ပြုံး ပြုံးနေသလောက် ဦးခိုင် မှာမူ သွားကြီးဖြီးကာနေသည်။ မိန်းမရေ.. မစားရက် မသောက်ရက် ငါ ဝယ်သောက်ခဲ့တဲ့ ဗီယာဂရာဆေးဖိုး ကြေပြီကွ…။

May I bring good fortune to Princess Kai !!!!

May I bring good fortune to Little Princess Kai !!!!

ပိုသေချာစေချင်ရင် အဲဒီကြောင်ကြီးကို ရွှေချပြီး အိမ်ဦးခန်းမှာ စင်တင်ပူဇော်ထား…  မနက်စာ၊ ညစာကိုလည်း ကိုယ့်အထဲက ဦးဦးဖျားဖျားကျွေး။ ညအိပ်ရင်လည်း ခြေဆုပ်လက်နယ်ပြု၊ ကြောင်သန်းတုပ်ပြီးမှ အိပ်ကြရမယ်။ အရေးအကြီးဆုံးက သမီးတော်လေးနဲ့ အတူတူ ဆော့ကစား ပလေ့စေ။ အဲဒီအတိုင်း မပျက်မကွက် လုပ်လို့ ထူးမလာရင် ပြောချင်တိုင်းပြော။

လူဆိုသည်မှာ မျှော်လင့်ချက်ဖြင့် အသက်ရှင်သည်မို့ အိုမင်းမစွမ်း ကြီးတောင့်ကြီးမား ဖြစ်မှ ငယ်မူငယ်သွေး ပြန်ချင်သော ဦးခိုင် ဆန္ဒပြည့်မည်လော၊ သို့တည်းမဟုတ် ဘာလောညာလော… ရွာသားများ နားစွင့်နေရန် မှတပါး အခြားမရှိချေပြီ….။ :harr:

ဦးကြောင်ကြီး

About ဦးကြောင်ကြီး

အောင်ကြူး has written 646 post in this Website..

ပန်းတပွင့် လှမ်းအစွင့် နမ်းအလင့်မှာ........... ဟတ်ချိုး ဟတ်ချိုး