နာလျက်မျက်ရည် ဝေရစေ…

ရင်မှာနစ်မွန်း သွန်းသည့်ရုပ်လွှာ
ညှာရင့်ရွက်အို ညိုညနေခင်း
သင်းပျံ့ကြူမွှေးတွေးတသသ
လရိပ်မှိန်ဖျော့ပေါ့ပါးလွတ်လပ်
ကပ်လျက်ခွာနိုး စိုးစိတ်ရင်မှာ
လာခိုတွယ်မိ ငြိသည့်ဆူးခတ်
ပြတ်လပ်အားအင် ကြင်သူမရှိ
ပိဝန်လေးလံ ကံနှယ်မိုးမှောင­်
သောင်ထက်လွန့်လူး ကူးခတ်ရေပြင်
ထင်ရာအရိပ် ဆိပ်တက်မှလွမ်း
ကျွမ်းမြရင်ဖို ငိုချင်လျက်သား
မှားသည့်ဝန်တာ သာစေကြောင်းနှင်­့
သင့်ရာနှလုံး နုံးချိဖေးကူ
မြူတစ်မှုန်လား ခါးသည်းအဆိပ်
အိပ်ပျက်သန်းခေါင် ယောင်ရမ်းလန့်နိုး
ခိုးခြွေလျက်လည်း ဝဲတက်ဆဲလေ
ဝေနိုင်လွန်းခက်မျက်ရည်စွေမှ
မြသွေးသက်လှယ် ရယ်လှောင်ပြုံးရွှင်
ပင်ကိုယ်စိတ်ဝမ်း ခမ်းနားဖွင့်ဟ
ကြွရွမြူးပျော်……..။

တော်သင့်ရာနေ နွေဘဝလူ
ပူလောင်သက်လုံး နုံးချိလို့သာ
နာလျက်မျက်ရည် ဝေရစေ…။ ။

တောက ကိုရင်
၁၃.၀၉.၂၀၁၂

About တောက ကိုရင်

တောက ကိုရင် has written 40 post in this Website..