ဘယ်လမ်း ရွေးကြမလဲ….

johnnydeerDecember 25, 20121min653

နန်းခင်ဇေယျာ ရေကူးဝတ်စုံနဲ့ပြိုင်ပွဲဝင်တဲ့ပုံကိုတွေ့တော့ ဖေ့စ်ဘုတ်မှာ ရှယ်မိပါတယ်…အမျိုးသမီးတစ်ယောက်က ကောမန့်ဘာလာရေးသလဲဆိုတော့ … နန်းခင်ဇေယျာ ပြိုင်တာက တစ်ခါထဲပါ…ဒီလိုပုံတွေ မရှယ်ပါနဲ့တဲ့…မြန်မာအမျိုးသမီးတွေ စိတ်ဓာတ်ပျက်ပြားစေနိုင်ပါတယ်တဲ့ဗျား…ကြည့်..ဘယ်လောက်စိတ်တိုဖို့ကောင်းလဲ..လေသံကလဲ ဆရာမကြီးလေသံနဲ့…အဲ့ဒါနဲ့ ပြန်ရန်တွေ့ပေးလိုက်တယ်…ခင်ဗျား..အင်တာနက်မသုံးဖူးဘူးလားလို့…ကျွန်တော်တို့ရှယ်တယ်ဆိုတာက ကိုယ့်မြန်မာအမျိုးသမီးတစ်ယောက် နိုင်ငံတကာစင်မြင့်မှာ ဝင့်ဝင့်ကြွားကြွားယှဉ်ပြိုင်နေတာကို ဂုဏ်ယူလို့ရယ်…အဝေဖန်ခံရမယ်..အကဲ့ရဲ့ခံရမယ်ဆိုတာ သိရက်နဲ့ တိုင်းပြည်အတွက်… မြန်မာဆိုတာအတွက် …သွားပြီးယှဉ်ပြိုင်ရဲတဲ့ အမျိုးသမီးငယ်တစ်ယောက်ရဲ့ ရဲစွမ်းသတ္တိကို ဂုဏ်ပြုချင်တာရယ် အတွက်ကြောင့် ရှယ်ရတာ…တဏှာရူးချင်ရင် နှာဗူးထချင်ရင် အင်တာနက်ထဲ ကြိုက်တဲ့နေရာ ကြိုက်တဲ့ဆိုက်ဒ် ကြိုက်သလိုကြည့်လို့ရတယ်လို့…ရေးကူးဝတ်စုံ ဘီကီနီဝတ်တာလောက်နဲ့ ယောက်ကျားတစ်ယောက် မုဒိန်းမှုမဖြစ်နိုင်သလို..အမျိုးသမီးတစ်ယောက်လဲ အတုယူမှားပြီး ပျက်စီးမသွားနိုင်ဘူးလို့…အတွေးကိုနက်နက်တွေး…အမြင်ကို ကျယ်ကျယ်ထား…မြို့မငြိမ်းသီချင်းထဲကလို ခေတ်မီမီက မ္ဘာကြည့်ကြည့်မြင်တတ်စမ်းပါ..လို့ ကောင်းကောင်းရန်တွေ့လွှတ်လိုက်တယ်…ခဏနေတော့ အဲ့ဒီကောမန့်သူ့ဘာသာသူဖြုတ်ချသွားတယ်…အခုလဲ လာပြန်ပြီ…လွှတ်တော်မှာ စန္ဒာမင်းတင်မယ့် ပြည့်တန်ဆာဥပဒေကို ကောင်းကောင်းဝေဖန်နေကြပြန်ပြီ…ဒီပြည့်တန်ဆာ ဥပဒေနဲ့..လောင်းကစားဥပဒေ ဒီနှစ်ခုကမလုပ်မနေ လုပ်ကိုလုပ်ရမယ့်ဟာတွေ…ကဲ..စဉ်းစားကြည့်..အခုကော ဒီပြည့်တန်ဆာကမရှိဖူးလား…ဖမ်းလို့ကော ပျောက်သွားလား…ဘယ်လိုနှိမ်နင်းနှိမ်နင်း…ရကောရခဲ့ဖူးလား…ကူးစက်ရောဂါတွေ စည်းလွတ်ဘောင်လွတ်ပြန့်ပွားတာရယ်…မကင်းရာမကင်းကြောင်း ဝန်ထမ်းတွေ အကျင့်စာရိတ္တ ပျက်ပြားတာသာ အဖတ်တင်တယ်…အဲ့တော့ တလမ်းပဲရှိတယ်…ဥပဒေထုတ်…သေသေချာချာစီစစ်..ရောဂါတွေ စစ်ဆေး…သေချာ အခွန်ဆောင်ခိုင်း…ဒါပဲ ရှိတော့တယ်…လောင်းကစားလဲ ထို့အတူပဲ…အခုလဲ ပေါ်တင်ကော…ခိုးလုပ်တာကော…လိုင်းကြေးပေးလုပ်တာကော..စုံနေအောင်လုပ်နေတာပဲ…ဝါသနာပါတဲ့သူတွေကလဲ ဘယ်လောက်ဖမ်းဖမ်း လုပ်နေတာပဲ…အစိုးရကိုယ်တိုင်တောင် ထီဆိုတာကြီးဖွင့်ပြီး အမြတ်ကြီးစားနေသေးတာပဲ…အခုလဲ လိုင်းကြေးယူ..မသိချင်ယောင်ဆောင်…တခါတလေ အဖမ်းပြ…သံသရာလည်ပြီး ကိုယ့်ပေါင်ကို လှန်လိမ်နေတာပဲ…အဲ့ဒီလို ဖြစ်မယ့် အတူတူတော့ နိုင်ငံလည်း အခွန်ရအောင် စည်းကမ်းစံနစ်တကျလဲ ဖြစ်သွားအောင် ဝန်ထမ်းတွေလဲအကျင့်စာရိတ္တ မပျက်ပြားရလေအောင် သေသေချာချာ ဥပဒေ ပြဌာန်းသင့်တယ်…စာရေးဆရာတစ်ယောက် ရေးထားတဲ့ ကိုယ့်သမီးလေး အရွယ်ရောက်လာရင် လိင်ကိစ္စဗဟုသုတတွေ ဘာမှမသိအောင် ချုပ်ချယ်ထားပြီး မလိုလားအပ်တဲ့ ကိုယ်ဝန်တွေရ…သတ်သေ..ကူးစက်ရောဂါပိုးတွေရ…အသေဆိုးနဲ့သေ…အဲ့ဒီလမ်းကို ရွေးမလား…မိဘနဲ့ သားသမီး ပွင့်ပွင့်လင်းလင်းပြောပြ..ဆုံးမ…ဗဟုသုတတွေပြောပြ…မလိုလားအပ်တဲ့ကိုယ်ဝန်တွေမရအောင်..ကူးစက်ရောဂါတွေ မရလေအောင် သေသေချာချာ ရှင်းပြတဲ့ လမ်း ဒီနှစ်ခု ဘယ်ဟာရွေးမလဲ ဆိုရင် ကျွန်တော်တော့ ဒုတိယလမ်းပဲ ရဲရဲရွေးရမှာပဲ…အချစ်ဆိုတာတွေ..တဏှာရာဂဆိုတာတွေ…လိင်ဆက်ဆံတဲ့ဟာတွေဘယ်သူကမလုပ်ပဲ ရှောင်နိုင်ခဲ့ကြလို့တုန်း…တားဆီးလို့လဲ ဘယ်မှာရခဲ့ဖူးလို့လဲ…မရှောင်နိုင်မဲ့အတူတူ…မဖြစ်မနေလျှောက်ရမယ့်အတူတူတော့ ကျွန်တော်တု့ိ ဘယ်လမ်းကို ရွေးလျှောက်ကြမလဲ…ကဲ…မိတ်ဆွေတို့ကော…???

3 comments

  • padonmar

    December 26, 2012 at 1:09 am

    ဒီပြည့်တန်ဆာ ဥပဒေနဲ့..လောင်းကစားဥပဒေ ဒီနှစ်ခုကမလုပ်မနေ လုပ်ကိုလုပ်ရမယ့်ဟာတွေ…

    ထောက်ခံပါတယ်။
    ဥပဒေ စနစ်တကျရေးဆွဲပြီး သီးသန့်ဧရိယာ သတ်မှတ်ခွင့်ပြုရမယ့် ကိစ္စတွေပါ။
    ဒီကိစ္စတွေ မရှိချင်ယောင်ဟန်ဆောင်ပြီး ဖုံးဖိထားရင် လိုင်းကြေးပေးပြီး လူနေရပ်ကွက်ထဲ လုပ်နေကြတော့ ထင်ယောင်ထင်မှားဖြစ်နိုင်တာရယ်။နီးစပ်မှုရှိလို့ လူငယ်တွေ ပျက်စီးနိုင်တာရယ် တွေကြောင့် ပိုဆိုးတဲ့ အခြေအနေတွေဖြစ်နေပါတယ်။

  • Foreign Resident

    December 26, 2012 at 6:58 am

    ” ဒီပြည့်တန်ဆာ ဥပဒေနဲ့..လောင်းကစားဥပဒေ ဒီနှစ်ခုကမလုပ်မနေ လုပ်ကိုလုပ်ရမယ့်ဟာတွေ ”

    ထောက်ခံပါတယ်။
    ပြည့်တန်ဆာ နှင့် လောင်းကစား ကိစ္စက တရားဝင် ခွင့်ပြုသင့်နေပါပြီ ။
    ဟိုတစ်ခါ အဘ ပြောခဲ့တဲ့ အင်ဒိုနီးရှား မွတ်ဆလင် နိုင်ငံမှာလိုပေါ့ ။

    ၁ ။ နေရာ သပ်သပ်ပေး ၊ ဝင်းထရံ အကြီးကြီး သပ်သပ် ကာပေးပြီး လုပ်ပေးသင့်တယ် ။
    ၂ ။ ၁၈ နှစ်အောက် ပေးကို မဝင်နှင့် ။ လုံခြုံရေး တင်းတင်း ကျပ်ကျပ် ထား ။
    ( ဥပဒေ တစ်ခုခု ချိုးဖေါက်ရင် ဒီဝင်းထဲ နောက် တစ်နှစ်အတွင်း ပေးမဝင်နှင့် )
    ၃ ။ ဆေးကိုလည်း ၃ လ တစ်ခါ မ စစ်မနေရ ဥပဒေနှင့်စစ် ။ ဆေးကျရင် လိုင်စင်ရုတ် ။
    ( Condom ကို မသုံး မနေရ သတ်မှတ်လိုက် )
    ၄ ။ နိုက် ကလပ်တွေနှင့်လဲ တတ်နိုင်ရင် ရောမထားနှင့် ၊ ရန်ဖြစ်လိမ့်မယ် ။
    ( ဩဇီ မှာ လောင်းကစား ရုံမှာ ၊ နိုက် ကလပ် မထားဘူး ၊ နိုက် ကလပ်က ကလေးတွေ လာတာများတယ် )

    ဒါဆို ၊ မိန်းမကောင်းတွေလဲ ယုံထင် ကြောင်ထင် အဖြစ် မခံရတော့ဘူး ။
    ရောဂါ ရဖို့လဲ တော်တော် နဲသွားမယ် ။
    နိုင်ငံ အတွက်လည်း အခွန် တော်တော် ရသွားမယ် ။

    • P chogyi

      December 26, 2012 at 9:24 am

      Foreign ပြောတဲ့ စည်းကမ်းချက်တွေကောင်းပါတယ်။
      Foreign ကို ဝန်ကြီးခန့်သင့်ပါတယ်။
      ဒါမှမဟုတ်လည်း DG လောက်ပေါ့။

Leave a Reply