မြစ်ပြင်ကျယ်မှာမျောပါ စေ…

တစ်နွယ်ငင်လျက် ရင်သက်လာခို
နေညိုဆည်းဆာ ဝင်းဝါဖိတ်ဖိတ်
ညဆိတ်ငြိမ်လွန်းလမွန်းတည့်စဉ်
ရေယဉ်ကြောမှာ ပွင့်လွှာခြွေချ
မြေကျအရိုး မြတ်နိုးကိုယ်တွင်
ရင်ခွင်လှစ်ဟ ဒုက္ခနွံနစ်
နွေသစ်မိုးနှောင်း အိုဟောင်းကံဖယ်
နေကွယ်တောင်စွန်း နစ်မွန်းပျက်ကြေ­ွ
သက်သေခန္ဓာ ရုပ်လွှာဝိဉာဉ်
နောင်ကြဉ်အိုဆွေး ဝဋ်ကြွေးဒဏ်ရာ
ထိတ်ပြာဝင်သက် ငိုခက်မျက်ဝန်း
လရွှန်းမြဆို ကြယ်အိုတေးချော့
မှိန်ဖျော့အရိပ် ရင်ဆိပ်နွမ်းနယ်
လေကွယ်ရာသင်း ဆောင်းနှင်းမြူမှုန်
မြေတုန်ခြိမ့်သဲ ပေါက်ကွဲလွင့်စင­်
တိမ်နှင်ရာပြေး ကြိုင်မွှေးနံ့ထံ­ု
ရဂုံမြိုင်ဆီ ဝေသီမြင့်ခေါင်
နောက်တောင်ဘက်ယွန်း လက်ရွှန်းနေစွယ်
ခိုတွယ်လာနိုး တိမ်ခိုးစွေရွာ
ရောင်ဖြာမလင်း ညသင်းကွဲဒဏ်
သက်ပန်ယူကြုံး နှလုံးရင်စည်း
ဆိုးညည်းလွမ်းမော မိုးသောသောညံ
မြည်သံဟိန်းလျက်ညဥ့်နက်ငရဲ
ရင်ထဲဆူဝေ သိစေသခင်
ခြွေချင်မှာတမ်း လျှပ်ပန်းခြယ်သ
သွေးစတွယ်လူး ပေဖူးလွှာတင်
မြစ်ပြင်ကျယ်မှာမျောပါ စေ…။ ။

တောက ကိုရင်
၁၃.၀၉.၂၀၁၂

About တောက ကိုရင်

တောက ကိုရင် has written 40 post in this Website..